Cox Bazar ဒုက္ခသည် မဟာမင်းကြီးရုံး UNHCR ရုံးအဖွဲ့မှုး John McKissick သည် ကုလသမဂ္ဂဝန်ထမ်းတစ်ဦး၏ လုပ်ငန်းသိက္ခာနှင့် မညီညွှတ်သော စွပ်စွဲပြောကြားချက်များနှင့် စပ်လျဉ်း၍ မြန်မာအစိုးရ ကန့်ကွက်





Cox Bazar ဒုက္ခသည် မဟာမင်းကြီးရုံး UNHCR ရုံးအဖွဲ့မှုး John McKissick သည် ကုလသမဂ္ဂဝန်ထမ်းတစ်ဦး၏ လုပ်ငန်းသိက္ခာနှင့် မညီညွှတ်သော စွပ်စွဲပြောကြားချက်များနှင့် စပ်လျဉ်း၍ မြန်မာအစိုးရ ကန့်ကွက်

နေပြည်တော်၊ နိုဝင်ဘာ ၂၆

Cox Bazar ဒုက္ခသည် မဟာမင်းကြီးရုံး UNHCR ရုံးအဖွဲ့မှုး John McKissick သည် ကုလသမဂ္ဂဝန်ထမ်းတစ်ဦး၏ ကိုယ်ကျင့်သိက္ခာနှင့် မညီညွှတ်သော စွပ်စွဲပြောကြားချက်များနှင့် စပ်လျဉ်း၍ ဂျီနီဗာမြို့၊ မြန်မာအမြဲတမ်းကိုယ်စားလှယ်က ကန့်ကွက်ခဲ့ကြောင်း သိရသည်။

ဘီဘီစီသတင်းဌာန၏ နိုဝင်ဘာလ ၂၄ ရက်နေ့ သတင်းတွင် ဖော်ပြပါရှိခဲ့သော ဘင်္ဂလားဒေ့ရှ် နိုင်ငံ ၊ Cox Baazaar အ‌ခြေစိုက် UNHCR ရုံးမှ အမှုထမ်း ဖြစ်သူ John McKissick မှ ကုလသမဂ္ဂဝန်ထမ်းတစ်ဦး၏ ကိုယ်ကျင့်သိက္ခာနှင့် မညီညွှတ်သော၊ UNHCR ၏ လုပ်ငန်းများအပေါ် ထားရှိသည့် ယုံကြည်ချက်နှင့် ပူးပေါင်းဆောင်ရွက်မှုကို ထိခိုက် ပျက်ပြားစေနိုင်သော၊ အခြေအမြစ် မရှိသည့် တစ်ဘက်သတ် စွပ်စွဲ ပြောကြားချက်များနှင့်စပ်လျဉ်း၍ ဂျီနီဗာမြို့ မြန်မာအမြဲတမ်း ကိုယ်စားလှယ် ဦးထင်လင်းက UNHCR ဌာနချုပ်မှ Assistant High Commissioner (Protection) Mr. Volker Turk အား သွားရောက် တွေ့ဆုံ၍ မြန်မာနိုင်ငံ၏ သဘောထားကို ပြောကြားခဲ့သည်။

ယင်းသို့ တွေ့ဆုံရာတွင် မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးထင်လင်းက မြန်မာနိုင်ငံအရေးကိစ္စနှင့် ပတ်သက်၍ ပထမအချက်မှာ BBC မှ ထုတ်ပြန်ခဲ့သည့် Mr. John McKissick ၏ ပြောကြားချက်ကို ၎င်းအနေဖြင့် အမှန်တကယ် ပြောကြားခဲ့ခြင်း ရှိ/မရှိ စိစစ်ပေးရန် နှင့် ဒုတိယအချက်မှာ ၎င်းအနေဖြင့် ပြောကြားခဲ့ခြင်း မရှိက ယင်းသို့ပြောကြားခဲ့ခြင်း မရှိကြောင်း သတင်းထုတ်ပြန်ပေးရန် တောင်းဆိုခဲ့သည်။

ထို့အပြင် တတိယအချကအနေဖြင့် ၎င်းက ပြောကြားခဲ့သည်ဆိုပါက ပါဝင်သည့်အချက်များသည် မှန်ကန်မှု မရှိ သောကြောင့် ကန့်ကွက်ပါကြောင်း၊ ဆက်လက်၍ ပြောကြားလိုသည်မှာ ဤသို့ ပြောကြားချက်များသည် ကုလသမဂ္ဂဝန်ထမ်းများ လိုက်နာရမည့် Code of Conduct နှင့် မညီညွတ် ပါကြောင်း၊ ယင်းသို့ ပြောကြားခြင်းသည် UNHCR ၏ ဂုဏ်သိက္ခာကို ထိခိုက်စေကြောင်း၊ ၎င်း၏ ပြောကြားချက်သည် မြန်မာနိုင်ငံနှင့် အစိုးရ၏ ဂုဏ်သိက္ခာကို ထိခိုက်စေကြောင်း၊ မြန်မာနိုင်ငံအား ထိခိုက် စေခဲ့ပြီးဖြစ်ရာ ၎င်း၏ ပြောကြားချက်နှင့် ပတ်သက်၍ စိစစ်ပြီးပြန်လည်ဖြေရှင်းပေးရန် မေတ္တာရပ်ခံကြောင်း၊ စာရေးသား ကန့်ကွက်ရန် လိုပါက စာပေးပို့သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

UNHCR မှ Assistant High Commissioner Mr. Volker Turk မှ ၎င်းမှာ ပြည်ပခရီး သွားရောက်ခဲ့ပြီး Mr. John McKissick ၏ ပြောကြားချက်ကို ယမန်နေ့ကမှ သိရှိ၍ ၎င်းအနေဖြင့် လည်းကောင်း၊ UNHCR အနေဖြင့်လည်းကောင်း အံ့သြမိပါကြောင်း၊ ယင်းပြောကြားချက်သည် Mr. John McKissick ၏ Individual capacity ဖြင့် ပြောကြားခြင်း ဖြစ်ကြောင်း၊ UNHCR ၏ ရပ်တည်ချက်ကို ကိုယ်စား မပြုပါကြောင်း၊ အမြဲတမ်းကိုယ်စားလှယ် မေတ္တာရပ်ခံထားသည့် အတိုင်း UNHCR အနေဖြင့် ဤကိစ္စကို မည်သို့ ဆက်လက်ဆောင်ရွက်နိုင်မည် ကို ပြန်လည် စိစစ်၍ ပြန်ကြားပေးမည်ဖြစ်ပါကြောင်း၊ မြန်မာ အစိုးရ၊ မြန်မာပြည်သူလူထုနှင့် UNHCR တို့အကြား ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက် ဆောင်ရွက်လိုပါ ကြောင်း၊ မည်သည့် အကူအညီမျိုးကိုမဆို ဆက်လက် ပေးအပ်သွားမည်ဖြစ်ကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

UNHCR သည် ကုလသမဂ္ဂအဖွဲ့အစည်းတစ်ရပ် ဖြစ်၍ ကုလသမဂ္ဂဝန်ထမ်း တစ်ဦးအနေဖြင့် ရှိသင့်ရှိအပ် သည့် ကိုယ်ကျင့်သိက္ခာ၊ လိုက်နာရသည့် စည်းမျဉ်းစည်းကမ်းများ ပြည့်ဝရန် လိုအပ်ပြီး သတင်းမီဒီယာများ တွင် ကုလသမဂ္ဂ အဖွဲ့အစည်း အမည်နာမကို အသုံးပြု၍ မဟုတ်မမှန် သတင်းများ ဖြန့်ချိခြင်းသည် လက်ခံနိုင်ဖွယ်ရာ မရှိသည့် လုပ်ဆောင် ချက် ဖြစ်သဖြင့် UNHCR အနေဖြင့် Mr. John McKissick ၏ ကိုယ်ကျင့် သိက္ခာပျက်ပြားသော ယခုလုပ်ဆောင်ချက်အပေါ် စိစစ် ဖြေရှင်းခြင်း ပြုရ မည် ဖြစ်သည်။

(နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ)

The Ladies News


EmoticonEmoticon

Comments system

Flag Counter