ရခိုင်ပြည် တော်လှန်ရေး (၃)ဖွဲ့ နဲ့ လက်ရှိ အွင်လိုင်းတိုက်ပွဲ




(8-3-2016)
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP/ALA)၊ (ကချင်အခြေစိုက်) ရက္ခိုင်တပ်မတော်(ULA/AA)၊ (ကရင်အခြေစိုက်) ရခိုင်ပြည်တပ်မတော်(ANC/AA) ဟူ၍ ရခိုင်ပြည်ကိုယ်စားပြု ရခိုင်တော်လှန်ရေး တပ်မတော် (၃)ခု ရှိသည်။
လက်ရှိ ရခိုင်တော်လှန်ရေး တပ်မတော် (၃)ခု ကို နာမည်အမျိုးမျိုး တပ် ဖွဲ့စည်း တည်ထောင်ထားကြသော်လည်း ရခိုင်ပြည်တော်လှန်ရေးကို နှစ်သက်တမ်း ကြာမြင့်ဆုံးနဲ့ ရခိုင်ပြည်တော်လှန်ရေးကို ဦးဆောင်လာခဲ့သည်မှာ ရခိုင်ပြည်လွတ်မြောက်ရေး ပါတီ(ALP/ALA) ဖြစ်ပြီး လက်ရှိ နိုင်ငံရေးဖြစ်စဉ်နှင့် အပစ်အခက် ရပ်စဲထားသော ရခိုင်တော်လှန်ရေး အဖွဲ့လည်းဖြစ်သည်။
ရခိုင်ပြည် လွတ်မြောက်ရေးပါတီ(ALP/ALA) ကို ဥက္ကဌကြီး ဦးခိုင်ရဲခိုင် ဦးဆောင်သည်။ (ကချင်အခြေစိုက်) ရက္ခိုင်တပ်မတော် (ULA/AA) ကို ဗိုလ်ချုပ်ကြီး ဦးထွန်းမြတ်နိုင် ဦးဆောင်သည်။ (ကရင်အခြေစိုက်) ရခိုင်ပြည်တပ်မတော်(ANC/AA)ကို ဗိုလ်ချုပ်ကြီး ဦးမင်းဇံဝေ(ခ) ဦးမိုးဟိန်း က ဦးဆောင်သည်။
ရခိုင်ပြည် လွတ်မြောက်ရေးပါတီ(ALP/ALA)နဲ့ ရခိုင်ပြည်တပ်မတော်(ANC/AA)တို့ ပေါင်းစည်းရေးဆိုင်ရာ သဘောတူ ထုတ်ပြန်ချက် (၆၊ ၂၊ ၁/ ၂၀၁၆) နေ့တွင် သဘောထား ထုတ်ပြန်ကြေငြာချက် တစ်စောင် ထွက်ပေါ်လာခဲ့သည်။
ထိုကြေငြာချက်တွင်
1. ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)နှင့် ရခိုင်ပြည်တပ်မတော် (AA) တို့ အနေဖြင့် အမျိုးသားတော်လှန်ရေးကာလတွင် နိုင်ငံရေးဦးဆောင်ပါတီတခုတည်း၊ တပ်မတော်တရပ် တည်းသာ ရှိသင့်သည်ဟု လေးနက်စွာခံယူသည်။
2. အကြောင်းအမျိုးမျိုးကြောင့် သီးခြားရပ်တည်နေကြသော အမျိုးသားတော်လှန်ရေးပါတီနှင့် တပ်မတော် များအား တဖွဲ့တပါတီအဖြစ် စုစည်းနိုင်လျှင် ရခိုင်အမျိုးသား စည်းလုံးညီညွတ်ရေး ပိုမိုခိုင်မာလာမည် ဟုလည်း ယုံကြည်သည်။
3. သို့ဖြစ်ပါ၍ တဖွဲ့၏ အမျိုးသားရေးခံယူချက်နှင့် ကြိုးပမ်းစွန့်လွှတ် အနစ်နာခံမှုများကို တဖွဲ့က ပြန်လည် အသိအမှတ်ပြုလျှက် တခုတည်းသောပါတီနှင့် တပ်မတော်အဖြစ် ပေါင်းစည်းနိုင်ရန် ကိုယ်စွမ်းဥာဏ်စ ရှိသရွေ့ ကြိုးပမ်းသွားကြမည်ဖြစ်ကြောင်း ရခိုင်ပြည်သူလူထုနှင့် မဟာမိတ်များအား သိစေအပ်ပါ သည်။
ဆိုပြီး ထုတ်ပြန်ကြေငြာချက်တွင် ပါရှိပါသည်။ ရခိုင်အမျိုးသား အကျိုးစီးပွား၊ စည်းလုံး ညီညွတ်ရေး၊ လက်ရှိ ရခိုင်နိုင်ငံရေးကို ဦးစားပေးဆောင်ရွက်လိုလျှင် ရခိုင်ပြည်မှာ ရခိုင်တော်လှန်ရေး တပ်မတော် (၁)ခု သာ ရှိသင့်သည် ဟု စာရေးသူကလည်း ယူဆမိပါသည်။
နောက်တစ်ဖက်မှာလည်း ရခိုင်ပြည်သူ၊ ပြည်သားများမှာလည်း စာရေးသူနှင့် ထပ်တူဖြစ်ပါလိမ့်မည်။ ရခိုင်ပြည်တော်လှန်ရေးကို လုပ်ဆောင်နေကြသော ရခိုင်တော်လှန်ရေး အဖွဲ့အစည်းများမှာ အဘယ်ကြောင်း တပေါင်းတည်း၊ ပေါင်းစည်းရေးကို ဦးမတည်နိုင်ကြပါသနည်းဟု ပြည်သူတွေအမြင်မှာ မေးခွန်းထုတ်စရာတွေလည်း ဖြစ်လာသည်။
ဤသို့ဆိုလျှင် ရခိုင်ပြည်တော်လှန်ရေး အသိုင်းအ၀ိုင်းများကလည်း တဖန် ပြည်သူတွေကို မေးခွန်းထုတ်နိုင်ကြောင်း ထုတ်ပြန်ပါလိမ့်မည်။ ရခိုင်အမျိုးသားကောင်စီ(ANC) အထွေထွေအတွင်းရေးမှူးလည်း ဖြစ် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC) အထွေထွေ အတွင်းရေးမှူး(၁) ဦးထွန်းဇော်က (၂၂ - ၈ - ၂၀၁၅) စနေနေ့ BBC မြန်မာပိုင်း အင်တာဗျူး တစ်ခုမှာ သူရဲ့သဘောထားကို ပြောထားတာတွေ ရှိပါတယ်။ ရခိုင်တော်လှန်ရေး (၃)ဖွဲ့အနေနဲ့ အလွတ်သဘော ခေါင်းချင်းရိုက် ဆွေးနွေးထားတာ တွေလည်းရှိပါတယ်။ ပေါင်းစည်းရေးအတွက် နည်းလမ်းတွေလည်း ရှာနေတယ်လို့လည်း ဦးထွန်းဇော် ပြောထားတာရှိပါတယ်။
ဦးထွန်းဇော်ပြောပြီးတဲ့ အချိန်မှာပဲ အင်တာဗျူးကို ကျွန်တော် စားရေးသူနှင့် ပြည်သူများမှာ အလွန်တစ်ရာ ၀မ်းသာမိပါတယ်။
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP/ALA) နဲ့ (ကရင်အခြေစိုက်) ရခိုင်ပြည် တပ်မတော်(ANC/AA) ပေါင်းစည်းရေးအတွက် ထုတ်ပြန်ကြေငြာချက် တစ်စောင် ထွက်လာခဲ့သည်မှာလည်း အလွန်တစ်ရာ ၀မ်းသာ မိပါတယ်။ အဲဒီကြေငြာချက်တွေအပြီး ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC) မှာ အရေးပေါ် အစည်းအဝေး လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေ တိုးချဲ့ရေး အစည်းအဝေးတစ်ခု ကျင်းပခဲ့ပါတယ်။ အစည်းအဝေးမှာ လက်က်ကိုင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေပါဝင်လာတာကိုလည်း တွေ့ရပါတယ်။
(RFA) ရဲ့ သတင်း တစ်ပုဒ်အရ ရခိုင်(၂)ဖွဲ့ဖြစ်တဲ့ ရက္ခိုင်တပ်မတော်(ULA/AA)နဲ့ ရခိုင်ပြည်တပ်မတော်(ANC/AA)ကို တစ်ဖွဲ့တည်း နိုင်ငံရေးပါတီ တစ်ခုတည်းအဖြစ် ပေါင်းစည်းရေးကော်မတီအဖွဲ့တွေ ဖွဲ့ထားတယ်လို့ (UNFC) လူကြီးတွေက ပြောထားတာတွေ တွေ့ရပါတယ်။ ရက္ခိုင့်တပ်မတော်(ULA/AA) အနေနဲ့ လည်း (UNFC) မှာ ပါဝင်ခွင့် လျှောက်ထားတာတွေကိုလည်း တွေ့ရပါတယ်။ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC) လူကြီးတွေက ရခိုင်(၂)ဖွဲ့မှာ ရခိုင်အမျိုးသားကောင်စီ(ANC) ပါဝင်နေပြီ၊အစိုးကလည်း နိုင်ငံရေးအရ ကမ်းလှမ်းထားတာတွေ ရှိပါတယ် ဆိုပြီး ရခိုင်အမျိုးသားကောင်စီ (ANC) ရှိတဲ့အတွက် စဉ်းစားမယ်လို့ ပြောပါတယ်။ ကျွန်တော်နားလည်သလောက် (UNFC)မှာ တိုင်းရင်းသား လူမျိုးတစ်မျိုးစီထဲက လူမျိုးတစ်မျိုးကို အခြေခံသော အဖွဲ့တစ်ဖွဲ့သာ ရှိရမယ်၊ လက်ခံနိုင်တယ်လို့ နားလည်ထားပါတယ်။
ဘယ်တိုင်းရင်းသားပဲ ဖြစ်ဖြစ် (၂)ဖွဲ့လက်မခံဘူး။ (၁)ဖွဲ့ပဲ လက်ခံတယ် တိုင်းရင်းသားလူမျိုးတစ်မျိုးမှာ ဘယ်နှစ်ဖွဲ့ရှိရှိ (၁)သာ ပါဝင်ခွင့်ရတယ် ကျန်တဲ့အဖွဲ့တွေ ပါဝင်ခွင့် မရဘူး။
ဒီလိုဆိုရင် စဉ်းစားစရာတွေ အများကြီးဖြစ်လာပါတယ် ရခိုင်(၃)ဖွဲ့မှာ ရခိုင်အမျိုးသားကောင်စီ(ANC/AA)က ပါဝင်ထားပြီ၊ ကျန်တဲ့အဖွဲ့တွေ ပါဝင်ခွင့် မရဘူးဆိုတာ အဖြေက ရှင်းရှင်းလေးပါ။ ဒါကို အွင်လိုင်းထက်မှာ တိုက်ခိုက်စရာလည်း မလိုသလို စကားတွေလည်း အများကြီးပြောနေစရာမလိုဘူးလို့ စာရေးသူက ထင်ပါတယ်။
နောက်တစ်ခုက ဗိုလ်ချုပ်ကြီး ဦးထွန်းမြတ်နိုင် တပ်မှူးတွေကို မေးခွန်းပြောလိုက်တာကို ဖတ်လိုက်ရပါတယ် အမျိုးသားရေး အကျိုးစီးပွား၊ ရခိုင်တစ်မျိုးသားလုံး ညီညွတ်ရေးကို လုပ်ဆောင်နေပါတယ်လို့ ပြောပါတယ်။ နောက်တစ်ခုက ရခိုင်အမျိုးသားတွေမှာလည်း အမျိုးသားရေးကို အကျိုးစီးပွားရေးကို လုပ်နေတယ်လို့ ပြောပြီး အတုယောင်အဖွဲ့တွေလည်းရှိနေတယ်လို့ပြောပါတယ်။ ငွေကောက်ခံတာတို့၊ လာဘ်ပေးလာဘ်ယူ လုပ်တာတို့ကို ဆိုလိုတာပဲ ဖြစ်မှာပါ။ စာရေးသူ မြင်တာက ဗိုလ်ချုပ်ကြီးဦးထွန်းမြတ်နိုင် ဒီအဖွဲ့တွေကို ပေါ်တင် ပြောလို့ ရပါတယ် ဘာဖြစ်လို့လည်းဆိုတော့ ရက္ခိုင့်တပ်မတော်(ULA/AA)ရဲ့ နောက်ကွယ်မှာ ရခိုင်ပြည်သူတွေ ရှိနေတဲ့ အတွက်ကြောင်းပါ။
နောက်ကွယ်မှာ ပြောနေစရာ မလိုသလို၊ နောက်ကွယ်မှာပြောရင် ဘာမှလည်း အသုံးဝင်မှာ မဟုတ်ပါဘူး။ အခုတလော ရခိုင်တော်လှန်ရေး (၂)ဖွဲ့ ပေါင်းစည်းရေးနှင့် ပတ်သက်ပြီး ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ် ကောင်စီ(UNFC)ရဲ့ လူကြီးတွေ ပြောလို့ အပြီးမှာ အွင်လိုင်း ထက်မှာ တိုက်ခိုက်၊ စော်ကားတဲ့ စကားတွေနဲ့ အုပ်စုလိုက်၊ အဖွဲ့လိုက်၊ တိုက်ခိုက်တဲ့ စာတွေရေးတင်နေတာကိုလည်း တွေ့ရပါတယ်။ အဲဒီ တိုက်ခိုက်နေတဲ့ စာတွေကို ဖတ်ရ၊ ကြည့်ရတာလည်း တစ်နေရာတည်းကနေ ခေါင်းဆောင်သူ တစ်ယောက်ယောက်က ညွှန်ကြားထားပြီး အုပ်စုလိုက်၊ အဖွဲ့လိုက် တိုက်ခိုက်နေတာလို့ စာရေးသူ အမြင် သုံးသပ်မိပါတယ်။ စားရေးသူဟာ ဖေဖော်ဝါရီလ (၂၈)ရက်နေ့ သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင်ရင်း စကားတွေပြောကြ၊ ဆိုကြ၊ မထင်မှတ်ပဲ၊ (Post) တစ်ခုကို ဖတ်လိုက်ရပါတယ်။ အဲဒီ သတင်းမှာ လူ(၂၀)ဆယ် ရှိတဲ့ အဖွဲ့ဟာ တပ်စစ်မှူး ရထူးယူ၊ လူ(၁၀၀)ရှိတဲ့အဖွဲ့ဟာ တပ်ခွဲမှူး ရာထူးယူ ဆိုပြီး ရေးထားတာကို တွေ့ရပါတယ်။ Profile ကိုကြည့်လိုက်တဲ့အခါ ရက္ခိုင့်တပ်မတော် ဗိုလ်ချုပ်ကြီး ထွန်းမြတ်နိုင်ပုံနဲ့ ဖြစ်နေပါတယ် စာရေးသူနဲ့ သူငယ်ချင်းတွေက ၀ိုင်းပြီးတော့ ဝေဖန်မှုတွေ စသည် အားဖြင့် ကောက်ချက်ချလိုက်ပါတယ်။ ဒီ(Post)ကို ရေးတဲ့ သူဟာ ရခိုင်တော်လှန်ရေး အသိုင်းအသိုင်းထဲက အုပ်စုလိုက်၊ အဖွဲ့လိုက်၊ ရေးထားတာလို့ ထင်ပါတယ်။ ရှင်းရှင်းလင်းလင်း ပြောရရင် ခေါင်းဆောင်တစ်ယောက်ယောက် ကြိုးကိုင်မှုအောက်မှာ ရှိနေတာလို့ မြင်ပါတယ်။ စာရေးသူနှင့် ရခိုင်ပြည်သူတွေမှာ ဘာမှန်းမသိပဲ အုပ်စုလိုက်၊ အဖွဲ့လိုက် ၀ါဒဖြန့်ချီမှု အောက်က မျှောပါမှုတွေလည်း ရှိနေပါတယ်။ (တနည်းအားဖြင့်) ပြောရရင် ရခိုင်ပြည်သူတွေကို သတင်းအမှောင်ကျ ၀ါဒဖြန့်ချီရေး နောက်ကို လိုက်ပါးသွားစေပါတယ်။
စားရေးသူနှင့် ရခိုင်ပြည်သူတွေ ချစ်တဲ့ ရက္ခိုင်တပ်မတော်ကြီးဖြစ်ဖို့ ဆိုရင် အုပ်စုလိုက်၊ အဖွဲ့လိုက် မဟုတ်သတင်းတွေနဲ့ ၀ါဒမိုင်းတွေ မတိုက်ပါနဲ့လို့ ရက္ခိုင်တပ်မတော် ဗိုလ်ချုပ်ကြီး ဦးထွန်းမြတ်နိုင်အား တားဆီးပေးပါရန် ရိုသေလေးစားစွာဖြင့်။


ကောင်းထက်ခိုင် (ဘူးသီးတောင်)

2 comments

စာရေးသောအခါ သတိထားရန်အတွက် တင်ပြအပ်ပါသည်။ ဆရာလုပ်လို၍မဟုပ်ပါ။ ဗိုလ်မှူးကြီးတပ်ထားလျှင် နာမည်ကို ဦးတပ်စရာမလိုပါ၊ ဥပမာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဦးသန်းရွှေမဟုပ်ပါ၊ ဗိုလ်ချုပ်ကြီး ဦးထွန်းမြတ်နိုင်ဟုမခေါ်ရပါ၊ ဗိုလ်ချုပ်ကြီး ထွန်းမြတ်နိုင်ဟုသာ ခေါ်ဆိုအပ်ပါသည်။


EmoticonEmoticon

Comments system

Flag Counter