ဒေါက်တာ စိုင်းအောင်ထွန်းအား အန္ဒိယ နိုင်ငံ မှ ငြိမ်းချမ်းရေး သံတမန်ဆု ချီးမြင့်



မတ်ခ်ျ ၅ ရက် ၂၀၁၅
 သျှမ်းသံတော်ဆင့်/ ဟွမ်ဟိန်း

အန္ဒိယ နိုင်ငံအခြေစိုက် The world peace movement trust, India မှ မြန်မာ့သမိုင်းပညာရှင် ဒေါက်တာ စိုင်းအောင်ထွန်းအား ငြိမ်းချမ်းရေး သံတမန် ဆုချီးမြင့်သည့် ဂုဏ်ပြုအခမ်းအနားတရပ် အား ရန်ကုန်မြို့ရွှေတိဂုံဘုရားအနီး ရှိ M3 restaurants hall ၌ ယနေ့ မတ်ခ်ျ ၅ ရက်၌ ကျင်းပ သည်ဟု သိရသည်။
ဂုဏ်ပြုအခန်းအနား၌ ဆရာ စိုင်းအောင်ထွန်းက “ ကျနော်ဟာ သာမန်မိသားစု ကနေ မွေးဖွားလာ တယ်။ ကျောင်းသား ဘ၀တုန်းက စော်ဘွားထောက်ပံ့မှုစရိတ်တော် ငွေ ၂၀ ကျပ် ၊ သျှမ်းပြည် အစိုးရ ထောက်ပံ့စရိတ် ငွေ ၆၀ ကျပ် နဲ့ ကျောင်းတက်လာတယ်။ ပုံမှန်ကြိုးစားခဲ့တယ်။ ရွေးစရာ လမ်းတွေ အခွင့်အလှမ်းတွေ များပေမယ့် ကျနော် က ဒီလမ်းပဲ ရွေးလာခဲ့တယ်” - ဟု ပြောသည်။
ယနေ့အခမ်းအနားတွင် ဆရာစိုင်းအောင်ထွန်းနှင့်အတူ ကရင်အမျိုးသား ဆရာဦးထွန်းအောင်ချိန် လည်း ငြိမ်းချမ်းရေးသံသမန်ဆုရရှိခဲ့ပါသည်။
ဆရာစိုင်းအောင်ထွန်း ချီးခြင်းခံရသည့်အခန်းအနားသို့ SSPP/SSA နာယက ဗိုလ်ချုပ်ကြီးဆေထဲင် အပြင် တပည့်တပန်းများ ဖြစ်ကြသည့် လွယ်ဟိန်းကုမ္ပဏီ ပိုင်ရှင် မြန်မာ့စတော့ရှယ်ယာ ဥက္ကဌ ဒေါက်တာစိုင်းဆမ်ထွန်း၊ ငြိမ်းချမ်း ရေးအထောက်အကူပြု ပြည်ထောင်စု အင်စတီကျု ဒါရိုက်တာ ဦးခွန်စိုင်း၊ ဒေါက်တာ စိုင်းဆန်အိုက်၊ ဗိုလ်ချုပ်ကိုင်ဖ ၊ သျှမ်းစာပေ ပညာရှင် ဆရာဟင်းကာယန်း၊ သမိုင်းဆရာ စိုင်းစင့် တို့လည်း တက်ရောက်ကြသည်။
“ကျနော်က ၁၉၆၆ ကနေ ၁၉၆၉ အထိ ဆရာကြီးရဲ့ တပည့်ပေါ့။ စာပေတတ်ဖို့၊ သျှမ်းစာတတ်ဖို့၊ အမျိုးဘာသာ သာသာနာချစ်တတ်ဖို့ ဆရာကြီးကနေဘဲ လမ်းညွှန်သွန်သင်ခဲ့တာ။ ဆရာကြီးကို ဂုဏ်ယူမိပါတယ်” - ဟု အခမ်းအနားတက်ရောက်သည့် တပည့်တဦးဖြစ်သူ ဦးခွန်စိုင်း ကပြောသည်။
သီပေါသား ဆရာစိုင်းအောင်ထွန်းသည် ၁၉၃၂ တွင်မွေးဖွားသည်။ ၁၉၅၇ ခု ရန်ကုန်တက္ကသိုလ် တွင် သမိုင်းဘာသာ ဘီအေဂုဏ်ထူးတန်းအောင်မြင်ပြီး သမိုင်းနည်းပြ အဖြစ် စတင်တာဝန်ထမ်း ဆောင် သည်။ ၁၉၆၀ အမေရိကန် ကော်လိုလာဒို ဒင်မာတက္ကသိုလ် တွင် အမ်အေ ဘွဲ့အပြင် ပြည်တွင်းပြည်ပမှ ဘွဲ့ထူး ဂုဏ်ထူးအများအပြားဆွတ်ခူးရရှိခဲ့သည်။ ရန်ကုန်တက္က သိုလ် မန္တလေးတက္ကသိုလ်၊ တောင်ကြီး ၊ မကွေး၊ မြစ်ကြီးနားတို့တွင် ကထိက တာဝန်ထမ်းဆောင်ပြီး မြစ်ကြီးနားကောလိပ်၊ နိုင်ငံခြားဘာသာသိပ္ပံ၊ ကျောင်းအုပ်ကြီး တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။ နိုင်ငံ တော်ကောင်စီဝင်၊ မြန်မာ့သမိုင်းပညာရှင် ဒုတိယ ဥက္ကဌ စသည့်တာဝန်များလည်း ထမ်းရွက်ခဲ့ဖူးသည်။




https://www.facebook.com/Panglong.burmese/photos/a.341540565938393.78639.263707297055054/980640208695089/?type=3&theater


EmoticonEmoticon

Comments system

Flag Counter