ရာဇဝင်သမိုင်းတွင်ရေ မဟာနွယ်ရို့ ရခိုင်ကျင်

ရခိုင်ဘုရင်များလက်ထက်ရခိုင်ရီတပ်မတော်များတွင်စစ်ချီထွက်သောခါသန်မာထွားကျိုင်းသူကျင်သန်ကြီးများက လောင်းကို လှော်ခတ်ရရေ
ကျင်သမိုင်း
ကျင်သမိုင်းကြောင်းနန့် ပတ်သက်လို့ တောင်ကျောင်းဆရာတော်၏ ရခိုင်ရာဇဝင်သစ်ကျမ်းအပါအဝင်  ရခိုင်ရာဇဝင်ကျမ်းတချို့၏ အလိုအရ လက်ပန်းသည်ရို့ လက်ပန်းသတ်ကြသည်ကို ၀ါသုဒေဝ၊ ဗလဒေဝခေတ် (ဘီစီ ၆၀၀ ကျော်လောက်က) ရှိဦးစွာ ဒွါရာတီခေတ်ကပင်ဟိကြောင်း ဖော်ပြထားသည်။
ဝါသုဒေဝ၊ ဗလဒေဝရို့ မင်းညီနောင်တကျိပ်သည် ဦးရီးတော်ကံသမင်းကြီး ထောင်ချောက်ဆင်ကျင်းပသည့် လက်ပန်းသတ်ပွဲတိမှာ စာရုယလက်ပန်းသည် မုဠိအလက်ပန်းသည်ရို့နှင့်
လုံးသတ်အနိုင်ရပြီးနောက်ပြည်သိမ်းပုံများကို ရွီးဖွဲ့ထားသည်။ ဦးရာဇ်တောင်ဘုရားသမိုင်းလင်္ကာ ကျင်လက်ပန်းနှင့်၊ မြီဝန်းရုပ်သီး ရှုမငြီးအောင်ဟူ၍ ရွီးဖွဲ့ထားသည့်အတွက် ကျင်ကိုလက်ပန်းလုံးပွဲဟုလည်းခေါ်သည်။
ရှိခေတ်ရခိုင်ဘုရင်များလက်ထက်ရခိုင်ရီတပ်မတော်များတွင်စစ်ချီထွက်သောခါသန်မာထွားကျိုင်းသူကျင်သန်ကြီးများက လှီကိုလှော်ခတ်ရသည်။ဟူ၍ရွီးထားသည်။၎င်းလှီလှော်သံကိုအကြောင်းပြုလျှက်ပြိုင်လောင်းသံကျပ်များစပ်ဆိုခသည်။ကိုးစိတ်ကိုးလံ၊ ကိုးပင်းကန်၊ ကျင်သန်တိရာတက်ပျာစီးလို့၊ မဟာလောင်းကြီးထွက်လို့လာ” “ကိုးဆယ့်ကိုးလံ၊ ကိုးပင်းကန်၊ ကျင်သန်တပြီး၊  စည်တတီးစသည်ဖြင့်ဖြစ်သည်
ရခိုင်တူရိယာနှင့် ဂီတ

ရခိုင်တူရိယာနှင့် ဂီတ

ရခိုင်တူရိယာနှင့် ဂီတတို့သည် မည်သည့်အချိန် မည်သည့်ကာလကပင် ပေါ်ပေါက်လာသနည်း။ အကျွန်၏ ယနေ့အထိ ဆန်းစစ်ဝေဖန်ကာ စုဆောင်းရဟိသမျှသော စာဟောင်းပေဟောင်း၊ ရခိုင်သက်ကြီး မိဘတို့ထံမှ စာပေဗဟုသုတ အားလုံးအနက်မှ အနည်းငယ်ဖော်ပြပါအံ့။ မည်သည့်အတွက်ကြောင့် အနည်းငယ် ဖော်ပြရ သနည်းဟူမူကား အလွန်ရှည်လျားမည် စိုးသောကြောင့်တည်း။ ယင်းအတွက်ကြောင့် ရခိုင်တို့၏ မူလဂီတမှာ ရှေးလွန်လေပြီးသော ဘုရားအဆူဆူတို့၏ ပွင့်တော်မူရာ မဇ္စျိမ ဒေသအရပ်နှင့် ကမ္ဘာဦးသူတို့၏ မင်းအဆက်ဆက်တို့မှ
ဆင်းသက်လာသည်။ ရခိုင်ပြည်တွင် တိုင်းကြီး ဆယ့်ခြောက်တိုင်း၊ ပြည်ကြီးဆယ့်ခြောက်ပြည် အပါအ၀င်ဖြစ်သော ရမ္မပူရပြည်၊ ရမ္မ၀တီမြို့၊ သမုတ္တိဒေ၀ မင်းဆက်မှစ၍ ဖြစ်ထွန်းလာခဲ့သည်။ ထိုမှတဆင့် မဟာဝိရ မင်းဆက်တို့၏ ပျော်စံရာ ဝေသာလီမြို့တော်ကြီး ၌ စန္ဒြားမင်းဆက်တို့သည် စိုးစံခဲ့ကြ၏။

ရခိုင်ရိုးရာ ဗုဒ္ဓပူဇနိယ ဆီမီးခွက်အကနှင့် ပက်သက်၍ ကြေငြာချက် ထုတ်ပြန်ခြင်း




ရခိုင်ရိုးရာ ဗုဒ္ဓပူဇနိယ ဆီမီးခွက်အကသည် ထေရ၀ါဒ ဗုဒ္ဓဘာသာ၏ ဘာသာရေး ဓလေ့ထုံးတမ်း နှင့် အညီ ဘုရားရတနာ၊တရားရတနာ၊သံဃာရတနာ တည်းဟူသော ရတနာမြတ်သုံးပါးကို ဦးခိုက်ပူဇော်ရန် စီကုံးသီဖွဲ့၍ ပူဇော်ကပြရန် ရခိုင်လူမျိုးတို့ တီထွင်ခဲ့သော ကကွက်ကဟန်များသာဖြစ်ပေသည်။ ထိုအပြင် ဤအကသည် ရခိုင်လူမျိုးတို့၏ ရိုးရာယဉ်ကျေးမှုဆိုင်ရာ ကကွက်ကဟန်တစ်ခုလည်းဖြစ်ပါသည်။

ဤအကဖြင့် 1966- ခုနှစ် ပြည်ထောင်စုနေ့ အခမ်းအနား၊ တိုင်းရင်းသားပဒေသာကပွဲတွင် ရခိုင်ရိုးရာယဉ်ကျေးမှုအဖွဲ့မှ ရခိုင်ပြည်နယ် ကိုယ်စား တင်ဆက်ကပြခဲ့သော သမိုင်းဝင် ရခိုင့်မူပိုင် အကတစ်ခုလည်းဖြစ်ပါသည်။

Comments system

Flag Counter