ရာဇဝင်သမိုင်းတွင်ရေ မဟာနွယ်ရို့ ရခိုင်ကျင်

ရခိုင်ဘုရင်များလက်ထက်ရခိုင်ရီတပ်မတော်များတွင်စစ်ချီထွက်သောခါသန်မာထွားကျိုင်းသူကျင်သန်ကြီးများက လောင်းကို လှော်ခတ်ရရေ
ကျင်သမိုင်း
ကျင်သမိုင်းကြောင်းနန့် ပတ်သက်လို့ တောင်ကျောင်းဆရာတော်၏ ရခိုင်ရာဇဝင်သစ်ကျမ်းအပါအဝင်  ရခိုင်ရာဇဝင်ကျမ်းတချို့၏ အလိုအရ လက်ပန်းသည်ရို့ လက်ပန်းသတ်ကြသည်ကို ၀ါသုဒေဝ၊ ဗလဒေဝခေတ် (ဘီစီ ၆၀၀ ကျော်လောက်က) ရှိဦးစွာ ဒွါရာတီခေတ်ကပင်ဟိကြောင်း ဖော်ပြထားသည်။
ဝါသုဒေဝ၊ ဗလဒေဝရို့ မင်းညီနောင်တကျိပ်သည် ဦးရီးတော်ကံသမင်းကြီး ထောင်ချောက်ဆင်ကျင်းပသည့် လက်ပန်းသတ်ပွဲတိမှာ စာရုယလက်ပန်းသည် မုဠိအလက်ပန်းသည်ရို့နှင့်
လုံးသတ်အနိုင်ရပြီးနောက်ပြည်သိမ်းပုံများကို ရွီးဖွဲ့ထားသည်။ ဦးရာဇ်တောင်ဘုရားသမိုင်းလင်္ကာ ကျင်လက်ပန်းနှင့်၊ မြီဝန်းရုပ်သီး ရှုမငြီးအောင်ဟူ၍ ရွီးဖွဲ့ထားသည့်အတွက် ကျင်ကိုလက်ပန်းလုံးပွဲဟုလည်းခေါ်သည်။
ရှိခေတ်ရခိုင်ဘုရင်များလက်ထက်ရခိုင်ရီတပ်မတော်များတွင်စစ်ချီထွက်သောခါသန်မာထွားကျိုင်းသူကျင်သန်ကြီးများက လှီကိုလှော်ခတ်ရသည်။ဟူ၍ရွီးထားသည်။၎င်းလှီလှော်သံကိုအကြောင်းပြုလျှက်ပြိုင်လောင်းသံကျပ်များစပ်ဆိုခသည်။ကိုးစိတ်ကိုးလံ၊ ကိုးပင်းကန်၊ ကျင်သန်တိရာတက်ပျာစီးလို့၊ မဟာလောင်းကြီးထွက်လို့လာ” “ကိုးဆယ့်ကိုးလံ၊ ကိုးပင်းကန်၊ ကျင်သန်တပြီး၊  စည်တတီးစသည်ဖြင့်ဖြစ်သည် ကျင်ပညာသည်တုတ်၊ဓါး၊လက်နက်များကို မကိုင်ဆောင်ဘဲ တစ်ဘက် ရ
သူကို မိမိလက်၊ ခြေဖြင့် တိုက် ခိုက် အနိုင် ယူသော နည်း ပညာ ဖြစ်၏  ကျင်ပွဲတော်ကို အခြားသောပွဲများနှင့် တွဲဘက်၍ ကျင်းပကြသည်။ လက်ထပ် မင်္ဂလာပွဲ၊ ဘုရားပွဲတော်၊ ညောင်ရေသွန်းပွဲ၊ လှေပြိုင်ပွဲ၊ရှင်ပြုရဟန်းခံပွဲ၊လွတ်လပ်ရေး ပွဲတော်၊ ပြည်နယ်နေ့ပွဲတော်၊ ဘုန်းတော်ကြီးပျံ ဈာပနပွဲတော်နှင့် ရိုးရာအားကစားဖိတ်ခေါ်ပွဲ များတွင်  တခမ်းတနား စည်ကား သိုက်မြိုက် စွာ ကျင်းပလေ့ရှိကြ၏။ ကျင်ပွဲမပါလျှင်  မပြီးပါ၊ ပွဲ မှန် လျှင် ကျင်ပွဲ ပါရမြဲဖြစ်သည်။ ကျင် ဆိုသည်မှာ ကျားနှင့် ယင် ဆိုသော စကားနှစ်လုံး ပေါင်းစပ်ရာမှ ကျင်ဟူ၍ ဖြစ်လာသည်။ ကျင်အားကစားတွင် ယှဉ်ပြိုင်သူ အမျိုးသား နှစ်ဦးပါရှိပြီး တစ်ဦးက အဖမ်း တစ်ဦးက အခံဖြစ် သည်။ အဖမ်းသမားသည် ကျားကဲ့သို့ လျင်မြန်ဖြတ်လတ်ပြီး၊ အခံသမားသည် ယင်ကောင်ကဲ့သို့ လျင်မြန်သည်ဟု တင်စားရာမှ ကျားနှင့်ယင် ကစားနည်း ဖြစ်တည်ကာ နောက်ပိုင်းတွင် ကျင်ကစားနည်း ဖြစ်လာသည်။ ရခိုင်ဒေသ အခေါ်အဝေါ်အားဖြင့် ကျင်ကိုင်သည် ဟု သုံးနှုံးသည်။
ရခိုင့်အမျိုးသားရေး နိုင်နိုင်
http://www.arakanlaywaddy.com/


EmoticonEmoticon

Comments system

Flag Counter