ရခိုင်ပြည်အနာဂတ်အရေး လက်တွေ့ကျကျစဉ်းစားကြပါလေ


အဝေးရောက်ရခိုင်ဖြစ်စေ၊ ပြည်တွင်းက ဒေသခံရခိုင်ဖြစ်စေ..အားလုံးရဲ့ ရင်ထဲမှာရှိနေကြတဲ့ တူညီတဲ့ဆန္ဒကတော့..
၁) ရခိုင်ပြည်နယ် ထဲမှာ တရားမဝင် ခိုးဝင်ဘင်္ဂလီများ ကင်စင်ရေး
၂) ရခိုင်ပြည်နယ်နှင့် ရခိုင်လူမျိုးများ ဘဝ ဖွံ့ဖြိုးတိုးတက်ရေးပဲဖြစ်ပါတယ်..
ဒီနှစ်ချက်ထဲက ဘယ်ဟာကို ဦးစားပေးလုပ်စေချင်သလဲလို့ မေးလာခဲ့ရင် လက်ရှိမှာ ရခိုင်လူမျိုးအများစုက နံပါတ်တစ်အချက်ဖြစ်တဲ့ ခိုးဝင်ဘင်္ဂလီများ ကင်းရှင်းရေးကိုပဲ ရွေးကြမှာပါ..
ရခိုင်လူမျိုးတွေရဲ့ စိတ်ထဲမှာ ခိုးဝင်ဘင်္ဂလီတွေ မရှိတော့ရင်..
ဖွံ့ ဖြိုးမှုမရှိသေးရင်တောင် ပဋိပက္ခတွေမရှိတော့လို့ ဒေသခံတွေ ဘဝကို အေးချမ်းစွာနေနိုင်ကြလိမ့်မယ်လို့ တွေးထင်နေကြပါတယ်.
ခိုးဝင်ဘင်္ဂလီတွေ ရခိုင်ပြည်နယ်မှာ လုံးဝမရှိတော့အောင် ဘယ်သူကလုပ်ပေးနိုင်မလဲလို့ မေးလာခဲ့ရင်တော့ ဘယ်သူမှဖြေနိုင်ကြမှာ မဟုတ်ပါဘူး..အားကိုးစရာလူမှမရှိတာ..
(က) ကြံ့ဖွံ့ အစိုးရ
လက်ရှိအစိုးရက နောက်ထပ်တစ်ကြိမ်အနိုင်ရပီး အစိုးရထပ်ဖြစ်လာခဲ့ရင်ရော လုပ်ပေးနိုင်ပါ့မလားတွေးကြည့်တော့..
ဘယ်လိုမှ လုပ်မပေးနိုင်ပါဘူး..
ရိုဟင်ဂျာဆိုတာ မရှိပါဘူးတို့၊လက်ခံမယ့်သူရှိရင် တတိယနိုင်ငံကို ပို့ပေးမယ်တို့သာ အသံကောင်းဟစ်နေတာ..ခုထိ တယောက်မှလဲ မပို့ရသေးဘူး..ခိုးဝင်တွေကလဲ အမိုးအကာအောက်မှာ
ခလေးတပြွတ်ပြွတ်မွေးပီး မျိုးပွားလို့ကောင်းတုန်း..
ပင်လယ်ပြင်ဖက်ကနေ ဆက်လက်ခိုးဝင်နေတုန်း..
ပြောနေရင်းနဲ့လျော့မသွားဘဲ များလာနေတယ်..

သမ္မတကြီး နိုင်ငံခြားခရီးစဉ်လေးသွားလိုက်၊အလှူငွေလေး လက်ခံလာလိုက်၊ အပြန်အလှန်အနေနဲ့..
ခိုးဝင်တွေကို လက်ခံပေးလိုက်၊မှတ်ပုံတင်လေးထုတ်ပေးလိုက်နဲ့
တဖြည်းဖြည်းနဲ့ အချိန်ကာလတခုအတွင်းမှာ ခိုးဝင်ကနေ တရားဝင်နိုင်ငံသား ဖြစ်သွားကြပါလိမ့်မယ်..
(ခ) အတိုက်အခံ
လူ့အခွင့်အရေးကို အလွန်အလေးထားပီး နိုင်ငံတကာက ဆုတံဆိပ်ပေါင်းများစွာကို လက်ခံရယူထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့ nld ပါတီ အနိုင်ရမယ်ဆိုရင်လဲ ခိုးဝင်ရောက်ရှိနေသူတွေကိစ္စကို မဖြေရှင်းပေးနိုင်ပါဘူး..ဘာဆုတံဆိပ်မှမရဘဲ ဘယ်သူ့မျက်နာမှ ကြည့်စရာမလိုတဲ့ လက်ရှိအစိုးရတောင်
နိုင်ငံတကာ ဖိအားကိုအကြောင်းပြပီး ခိုးဝင်တွေကို မတို့ရဲ မထိရဲ ဖြစ်နေတာဆိုတော့ nld အနိုင်ရခဲ့ရင်လဲ ခိုးဝင်တွေဟာ အချိန်တခုအတွင်းမှာ နိုင်ငံသားတွေဖြစ်သွားကြပါလိမ့်မယ်..
သို့သော် nld က အနိုင်ရခဲ့ရင် ခိုးဝင်တွေကိုပေးမယ့် မှတ်ပုံတင်ဟာ တနိုင်ငံလုံးလွတ်လပ်စွာ သွားလာခွင့်ရကြပါလိမ့်မယ်..
လက်ရှိအစိုးရလို မှတ်ပုံတင်ပေးပီး ရခိုင်ပြည်ထဲမှာဘဲ ပိတ်လှောင်ထားမှာတော့ မဟုတ်ဘူး..ဒါကတော့ သေချာတယ်..
(ဂ) စစ်အစိုးရ
အကယ်၍ စစ်အာဏာသိမ်းလို့ စစ်အစိုးရ ပြန်တက်လာရင်လဲ ဒီကိစ္စကို မဖြေရှင်းပေးနိုင်ပါဘူး..
စစ်အာဏာရှင်တွေ နှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့စဉ်မှာပဲ ခိုးဝင်တွေ အဆမတန်များပြားလာတာက သက်သေပါပဲ..
လာဘ်ပေးလာဘ်ယူ မှုတွေ ပိုများလာပီး ထပ်မံဝင်ရောက်လာဖို့ပဲရှိတယ်..လျော့ပါးသွားစရာတော့မရှိပါဘူး..
ရခိုင်တွေရဲ့ဘဝကို ကိုယ်ချင်းစာပါတယ်လို့ ပြောကြတဲ့ ပြည်မကလူတွေကလဲ ခိုးဝင်တွေကို သူတို့ဆီမှာ ခွဲဝေနေရာချထားဖို့ ကျတော့ လက်ခံကြမှာမဟုတ်ပါဘူး..ဒါက သူလိုကိုယ်လိုပါပဲ.. ရခိုင်မှာမထားချင်သလို သူတို့ဆီမှာလဲ ထားချင်ကြမှာမဟုတ်ဘူး..
ပါးစပ်နဲ့ ကိုယ်ချင်းစာရတာလွယ်ပါတယ်..လက်တွေ့ကိုယ်ချင်း အနာခံဖို့ကသာခက်တာပါ..
ရှင်းရှင်းပြောရရင်တော့ ခိုးဝင် ဘင်္ဂလီကိစ္စဟာ တာဝန်ယူဖြေရှင်းပေးနိုင်သူမရှိလို့ ရခိုင်လူမျိုးတခုတည်းကပဲ ခေါင်းခံပီး တာဝန်ယူဖြေရှင်းကြရတော့မှာပါ..
လက်ရှိရောက်နှင့်ပီးသား ခိုးဝင်တွေဟာ အခုချိန်မှာ
ဘယ်လိုနည်းနဲ့မှ လျော့ပါးသွားမှာမဟုတ်ဘူးလို့သာ မှတ်ယူထားလိုက်ကြပါတော့...
ဒါဆို ခိုးဝင်တွေရဲ့ဒဏ်ကို ကျနော်တို့ ရခိုင်တွေ ဒီလိုပဲ သားစဉ်မြေးဆက် ခံသွားကြရတော့မှာလား.. မခံနိုင်ပါဘူး
ကျနော်တို့ အဖရခိုင်ပြည်ကြီးကို ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ ကာကွယ်စောင့်ရှောက် ထိန်းသိမ်းကြရပါမယ်..
ဗဟိုအစိုးရက တာဝန်မယူနိုင်ရင် ပြည်နယ်အစိုးရနဲ့ ဒေသခံတွေပူးပေါင်းပီး တာဝန်ယူဖြေရှင်းကြရတော့မှာပါ..
ပထမဆုံးအနေနဲ့ ခိုးဝင်တွေ ဒီထက်ပိုများမလာအောင်
ထိန်းချုပ်ရပါလိမ့်မယ် ..
၁။ ထပ်မဝင်နိုင်အောင် နယ်စပ်ကို လုံခြုံအောင်စောင့်ရှောက်ရပါမယ်..လိုအပ်ရင် ပစ်မိန့် ထုတ်ပြန်ပေးရမယ်..
၂။ ရှိနှင့်ပီးသားတွေရဲ့ မွေးဖွားနှုန်းကိုဒေသန္တရ ဥပဒေ ပြဋ္ဌာန်းပီး ကန့်သတ်ရမယ်။
၃။ စက်ရုံအလုပ်ရုံတွေ တည်ဆောက်ပီး ဒေသခံတွေအတွက် အလုပ်အကိုင်တွေ ဖန်တီးပေးရပါလိမ့်မယ်..ဒါမှ အလုပ်မရှိလို့ ဝမ်းရေးအတွက် ဒေသကို စွန့်ခွာသွားသူတွေဟာ ဒေသကို ပြန်ဝင်လာကြမှာဖြစ်တဲ့အတွက် ခိုးဝင်တွေကို လူဦးရေအရ အသာစီးပြန်ယူပီး ဒေသတည်ငြိမ်ရေးကို ဖြစ်စေမှာပါ..ဒေသတည်ငြိမ်မှ ဖွံ့ဖြိုးရေးကို အရှိန်အဟုန်မြှင့်ပီးလုပ်ပေးနိုင်မယ်..
ဒါက အကြမ်းဖျင်းလောက်ပါ.. လုပ်စရာတွေ ဒီထက်မက များစွာရှိပါသေးတယ်..
သို့သော်..
အထက်ပါအချက်တွေကို ပြည်နယ်အစိုးရဖက်က အပြည့်အဝလုပ်ဆောင်ပေးဖို့အတွက် ဗဟိုအစိုးရဆီက တိုင်းရင်းသားတွေတောင်းဆိုနေတဲ့ power sharing, resources sharing စသဖြင့် ဖက်ဒရယ်မူရရှိဖို့လိုအပ်ပါတယ်..
ရခိုင်လူမျိုးအများစု လက်ရှိမှာ မှတ်ယူထားတာက ရခိုင်ပါတီကို မဲပေးလိုက်ရင် တာဝန်ကျေပီ..ဘယ်သူ သမ္မတ ဖြစ်ဖြစ် ရခိုင်တွေနဲ့ မဆိုင်ဘူး ဆိုပီးဖြစ်နေတယ်..
ရခိုင်လူမျိုးက ရခိုင်ပါတီတခုတည်းကိုပဲ မဲပေးသင့်တာ မှန်ပါတယ်.
ဘယ်သူ သမ္မတ ဖြစ်ဖြစ် မဆိုင်ဘူးလို့တော့ မမှတ်ယူသင့်ပါဘူး..
ရခိုင်ပြည်မှာ ရခိုင်လူမျိုးတွေ မဲပေးလိုက်လို့ ရခိုင်ပါတီအနိုင်ရပီး ရခိုင်လူမျိုးတွေချည်းပဲ ပြည်နယ်အစိုးရဖြစ်လာပီဘဲဆိုပါစို့..
အခုလိုပဲ ဗဟိုက အရာအားလုံးချုပ်ကိုင်ထားတဲ့ အစိုးရမျိုးရှိနေရင်တော့ ပြည်နယ်အစိုးရက ဘာမှလုပ်မရဘဲ ပဋိပက္ခ တွေ၊ ဆင်းရဲမွဲတေပီး နိမ့်ကျမှုတွေနဲ့ အနှိမ်ခံ ဘဝမှာပဲ ရခိုင်လူမျိုးတွေ သားစဉ်မြေးဆက် သံသရာလည်နေပါလိမ့်မယ်.. ဦးလှမောင်တင် ဘာမှလုပ်မသွားနိုင်ခဲ့တာက သာဓက ပါပဲ..
မြန်မာ့နိုင်ငံရေးမှာ လက်ရှိအခြေအနေနဲ့ အင်အားအရ ရခိုင်လူမျိုး ဗဟိုအစိုးမဖြစ်နိုင်သေးပါဘူး..
ဗဟိုအစိုးရ ဖြစ်လာမယ့်သူဟာ ရခိုင်တွေအတွက်ကတော့ မိရင်းဖရင်းလို အားကိုးရမယ့်သူ မဟုတ်ပါဘူး..
ဘယ်သူပဲ အစိုးရဖြစ်ဖြစ် မိထွေးပထွေးလိုပဲ ဆက်ဆံကြပါလိမ့်မယ်...
အဓိက က ကိုယ်လိုချင်တာကို ဘယ်သူက ပိုပေးနိုင်မလဲ ဆိုတာ ထည့်သွင်းစဉ်းစားကြပါ..
ဘယ်သူပေးမှယူမယ် ဆိုပီး တလွဲမာန မထားသင့်ပါဘူး..ဘယ်သူပေးပေး ကိုယ်လိုချင်တာရဖို့ပဲ..ရခိုင်တွေရဲ့ အနာဂတ်အတွက် အခုချိန်မှာ စစ်မှန်တဲ့ ဖက်ဒရယ်မူကို ဘယ်သူပေးပေးယူရမှာပဲ..
နိုင်ငံရေး ဆိုတာ လိမ္မာပါးနပ်မှုရှိဖို့လိုပါတယ်.. ခံစားချက်တွေကို မျိုသိပ်ထားသင့်ရင် ထားရမယ်..ချမပြသင့်ဘူး..
သစ်မရခင်စပ်ကြား ဝါးညှပ်သင့်ရင် ညှပ်ရမယ်...
တဲစုတ်ပေါ်ကနေ ဗိုက်ဟောင်းလောင်းနဲ့ အပြောချိုချိုတွေကို သာယာပီး လက်ခုပ်တီးအားပေးနေမယ့်အစား လက်တွေ့ကျကျ သုံးသပ်သင့်ပါပီ..
အပေးသက်သက်နေလာတဲ့ ဘဝကနေ အပေးအယူရှိတဲ့ ဘဝကို ရွေးချယ်ဖို့ ဝန်မလေးကြပါနဲ့..
လက်ရှိမျိုးဆက်ရဲ့ ရွေးချယ်မှုဟာ သားစဉ်မြေးဆက် ပါမယ့် အကျိုးဆက်ပဲ..ကျနော်တို့ စိတ်ခံစားမှုကို ဦးစားပေးလို့ အခုမှားခဲ့မိရင် သားစဉ်မြေးဆက် ခံရလိမ့်မယ်..
ရခိုင်လူမျိုးတိုင်း ရခိုင်ပါတီတခုတည်းကို မဲပေးကြဖို့လိုသလို ရန်သူများအောင် အမြင်ကပ်ခံရအောင်လဲ မလုပ်မိကြဖို့လိုပါတယ်..
ကျနော်တို့ နိုင်ငံရေးကို နိုင်ငံရေးလိုပဲမြင်ကြပါ..
မကြိုက်ရင် မထောက်ခံရုံပဲလေ..နှောင့်ယှက်နေစရာမလိုပါဘူး..
ပုဂ္ဂိုလ်ရေးတွေ မပါမိကြပါစေနဲ့..
မိမိရဲ့ ပုဂ္ဂလိက စိတ်ခံစားမှုတခုကြောင့် ရခိုင်လူမျိုးရဲ့ မျိုးရိုးဂုဏ်တခုလုံးကို ထိခိုက်သွားနိုင်တာမျိုးကို ရှောင်ပေးကြပါ..
ပါးစပ်က ၁၀၀ လောက်ပေးနေပြီး လက်တွေ့မှာ တစ်ကျပ်တောင်မပေးချင်သူထက်စာရင်..
ပါးစပ်က ၄၀ ပေးမယ်ပြောပြီး လက်တွေ့မှာ ၃၀ လောက်ပေးမယ့်သူမျိုးရှိလာခဲ့ရင်တောင် ရခိုင်လူမျိုး ပြည်နယ်အစိုးရအနေနဲ့ လုပ်ဆောင်မှုတွေ အသက်ဝင်လာနိုင်ပီး ရခိုင်ပြည်ကြီးနဲ့ ရခိုင်လူမျိုးများ ဘဝ လက်ရှိအခြေအနေကနေ ရုန်းထွက်လာနိုင်ပါလိမ့်မယ်..
( ကိုယ်ပိုင်အမြင်သက်သက်ပါ..လူတိုင်းလွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါတယ်.. ဒီထက်ပိုမိုပြည့်စုံအောင်ရေးချင်ပေမယ့် စာရှည်သွားမှာစိုးလို့ အတိုချုံးလေးပဲ လေးလိုက်ပါတယ်လိုအပ်ချက်တွေ ဟာကွက်တွေ ရှိပါလိမ့်မယ်..နားလည်ပေးကြပါ )


EmoticonEmoticon

Comments system

Flag Counter