နိုင်ငံရေးခဲပေါက်မှုများ




နိုင်ငံရေးခဲပေါက်မှုများ





ဗညားလှိုင်ဦး November 26, 2016

(၁)
တစ်ချိန်က ဧရာဝတီမြစ်ဝ ကျွန်းပေါ်ဒေသမှ ရန်ကုန်သို့ လာ မည်ဆိုလျှင် ရေလမ်းခရီးကိုသာ အားကိုးရလေ့ရှိသည်။ ဧရာဝတီ မြောက်ပိုင်းဒေသမှ ဆိုလျှင်လည်း ဧရာဝတီမြစ်ကို ဇက်ဖြင့်ဖြတ်ကူး ကာ သာရဝေါရွာက ရထားစီးမှ ရန်ကုန်ကို ရောက်ကြ၏။
သာရဝေါ-ရန်ကုန်ရထား သည် ကြည့်မြင်တိုင်ဘူတာမှ နံနက် ၆ နာရီထွက်ပြီး သာရဝေါ သို့ နေ့လယ် ၁၁ နာရီခန့် ဆိုက် ရောက်သည်။ သာရဝေါတွင် စက်ခေါင်းပြန်လှည့်ကာ နေ့လယ် ၂ နာရီ၌ ရန်ကုန်သို့ ပြန်လည်ခုတ် မောင်းသည်မှာ နိစ္စဓူဝခရီးစဉ်ဖြစ် သည်။ သာရဝေါ ရထား ရန်ကုန် ၀င်လျှင် မိုးချုပ်စပြုပြီဖြစ်၏။အင်း စိန်၊ သမိုင်းရောက်လျှင် ခရီးသည် တွေက ကိုယ့်အသိစိတ်ဓာတ်နှင့် ကိုယ် ရထားပြတင်းပေါက်တံခါး တွေချကြသည်။ သတိမမူမိသူ များကိုလည်း ခရီးသည်ချင်းလက် တို့ကာ တံခါးပိတ်ဖို့ သတိပေးရ သည်။

ထိုစဉ်က သမိုင်း၊ အုတ် ကျင်း၊ လှည်းတန်းရထားလမ်း နံ ဘေးမှာ ကျူးကျော်အိမ်တွေက အပြည့်အသိပ် နေရာယူထားကြ သည်။ ရထားလမ်းကို ကျောခိုင်း ဆောက်ထားကြ၍ ရထားပေါ်မှ ကြည့်လျှင် အိမ်သာတွေ၊ မီးဖို ချောင်တွေကို မြင်နေရသည်။ ထို အရာကလည်း တဒင်္ဂဖြတ်သွားရ ၍ ကိစ္စမရှိ။ ကိစ္စရှိသည်က ပြုသူ အတွက်လည်း အကျိုးမရှိ ပြုလုပ် ခံရသူ အတွက်လည်း အကျိုး ယုတ်စေသည့် ရထားကို ခဲဖြင့် ပေါက်ခြင်းဖြစ်သည်။ ကျူးကျော် အိမ်များကို ဖြတ်စဉ်တွင် မိုးချုပ်စ ပြုသဖြင့် ဘယ်က ပေါက်လိုက် မှန်းမသိသော ခဲများကြောင့် ရ ထားစီးခရီးသည်အချို့ ထိပ် ပေါက် ခေါင်းကွဲဖြစ်ကြရသည်။ အချို့မျက်စိမှန်သဖြင့် မျက်စိ ကွယ်ရသူတွေကလည်း မနည်း။
စစ်အစိုးရတက်လာပြီး သိပ် မကြာ သတင်းစာများတွင် ရထား ခဲပေါက်သူများကို ထိထိရောက် ရောက်အရေးယူမည်ဖြစ်ကြောင်း ကြေညာချက်ပါလာသည်။ စစ် အုပ်ချုပ်ရေးဖြစ်၍ ဥပဒေတွေ ဘာတွေမလို။ ရထားခဲပေါက်သူ များကို ဖမ်းဆီးပြီး ထောင်ဒဏ် ခုနစ်နှစ်ချမှတ်လိုက်၏။ လူသတ် မှုနီးနီးပြစ်ဒဏ်ကို ရထားခဲပေါက် သူများအား အပြစ်ပေးလိုက်သော အခါ ရထားခဲပေါက်သူများ ရှင်း ရှင်းပြောရလျှင် လက်ကမြင်း ကြောထသူများ လျော့လာသည်။ ယခုဆို ရထားခဲပေါက်ခံရသည့် သတင်းကို ဘယ်သတင်းစာ စာ မျက်နှာပေါ်မှာမှ မတွေ့ရတော့။
(၂)
နှစ်ဆယ်ရာစု ပထမနှစ် ငါးဆယ် မြန်မာ့နိုင်ငံရေးလောက ၌ ထင်ရှားခဲ့သော ဒေါက်တာဘ မော်ဆိုသည့် ပုဂ္ဂိုလ်က စကား တစ်ခွန်းပြောခဲ့ဖူးသည်။ ‘‘နိုင်ငံ ရေးသမားဆိုတာ ခဲပေါက်ခံရတာ ပါပဲ။ အရင်တုန်းကလည်း ခဲ ပေါက်ခံခဲ့ရဖူးပေါင်းများပါပြီ။ ဒါ ပေမဲ့ အန်ကယ်ဂရုမစိုက်ပါဘူး။ အခုပေါက်တဲ့ခဲကတော့ တော် တော်ကိုညစ်ပတ်တာပဲ’’ဟူ၍ ဖြစ်၏။
ဆိုလိုသည်က နိုင်ငံရေးတွင် အတိုက်အခံဆိုသည်မှာ ရှိစမြဲ ဖြစ်ပြီး သာမန်တိုက်ခိုက်မှုကို နိုင်ငံရေးသမားတိုင်း ခံနိုင်သော် လည်း ညစ်ပတ်သော တိုက်ခိုက်မှု ကို အခံရခက်ကြောင်း ညည်း တွားသောအသံဖြစ်သည်။
အကြောင်းရင်းက ဖက်ဆစ် တော်လှန်ရေးကို မူလက ၁၉၄၅ ခုနှစ် ဧပြီ ၂ ရက်နေ့တွင် စတင် ဆင်နွှဲရန်ဖြစ်သော်လည်း ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် စ တင်လိုက်ရခြင်းမှာ ဒေါက်တာ ဘမော်၏ သစ္စာဖောက်မှုကြောင့် ဟု ဗိုလ်မှူးကြီး ခင်ညိုက ၁၉၇၁ သြဂုတ် ၁၅ ရက်နေ့ထုတ် အိုး ဝေဂျာနယ်တွင် ရေးသားခဲ့ခြင်းအ ပေါ် မခံမရပ်နိုင်ဖြစ်ကာ ထွက် ပေါ်လာသော စကားသံဖြစ်၏။ ဂျပန်ခေတ် ရွှေရည်စိမ်လွတ်လပ် ရေး ပေးထားချိန်တွင် ဒေါက်တာ ဘမော်မှာ အစိုးရအဖွဲ့၏အဓိပတိ ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်း မှာ မြန်မာ့တပ်မတော်၏ အကြီး အကဲဖြစ်၏။ ဗိုလ်ချုပ်အောင် ဆန်းတို့ ဖက်ဆစ်ဂျပန်ကို တော် လှန်မည့်အကြောင်း ဒေါက်တာ ဘမော်က အကဲခတ်ထားပြီး ဖြစ် သော်လည်း သူကိုယ်တိုင် ဂျပန် ကို မနှစ်သက်သဖြင့် မသိချင် ယောင်ဆောင်နေရုံမက ရန်ကုန် ရဲထောက်လှမ်းရေး၏ အစီရင်ခံစာကိုပင် မီးရှို့ဖျက်ဆီးပစ်ခဲ့သူဖြစ်သည်။
ယခုလို ပြည်သူတစ်ရပ်လုံး ပါဝင်ခဲ့သည့် ဖက်ဆစ်တော်လှန် ရေးတွင် သစ္စဖောက်တစ်ယောက် အနေဖြင့် စွပ်စွဲခံရခြင်းကို မခံမ ရပ်နိုင်သဖြင့် ယခင်က ဘယ်လို ပဲသူ့ကို ဝေဖန်ဝေဖန် ဂရုမစိုက်ခဲ့ ပဲ ယခုတော့ သူ့ကို ညစ်ပတ်သည် ဟု ညည်းတွားလိုက်ခြင်းဖြစ်၏။

(၃)

ဒေါက်တာဘမော်ပြောသ လိုပင် နိုင်ငံရေးတွင် ခဲပေါက်ခံရမှု က လွတ်လပ်ရေးမရမီကပင်မ ဟုတ်။ ပါလီမန်အစိုးရခေတ်က လည်း ၀န်ကြီးသခင်တင် မီးခွက် မှုတ်သည့်အကြောင်းက သတင်း စာတိုက်တွေ ဖျက်ဆီးခံရသည်အ ထိ ဖြစ်ခဲ့သည်။ လူမျိုးရေး အဓိက ရုဏ်း၊ ဘာသာရေး အဓိကရုဏ်း များ ဖြစ်ပွားအောင် လှုံ့ဆော်သည့် နိုင်ငံရေးခဲပေါက်မှုများမှာလည်း သမိုင်းတွင် အကြိမ်ကြိမ် ရှိခဲ့ သည်။ အာဏာရ အစိုးရ၊ အာ ဏာရပါတီများအဖို့မူ ခဲဒဏ်ကို ကြံ့ကြံ့ခံဖို့ရာသာရှိသည်။

ဤနေရာတွင် အာဏာရပါ တီနှင့် အစိုးရကို မထိရမတို့ရဘူး လားဟု ဝေဖန်စရာရှိနိုင်သည်။ ထိရုံ၊ တို့ရုံကမ ခဲဖြင့်ပါပေါက်လို့ ရပါသေးသည်။ သို့သော် သာရ ဝေါရထားခဲပေါက်ခံရသကဲ့သို့ အကျိုးမရှိသည့်အမှု၊ အမှောင်ထဲကလှမ်းပေါက်သည့် ညစ်ပတ်မှုမျိုးကိုတော့လက်ခံကြမည် မဟုတ်ပါ။
ယခုရက်အတွင်း မြန်မာ့ နိုင်ငံရေးတွင် ရထားခဲပေါက်မှု များ မကြာခဏ ကြားနေရသည်။ ရခိုင်ပြည်နယ် မောင်တောအရေး က မအေးသေးခင် ရှမ်းပြည်နယ် မြောက်ပိုင်းမှာ တိုက်ပွဲသံတွေ ကြားလာရသည်။ ရန်ကုန်တွင် လည်း ဗုံးကွဲမှုက ရက်စိပ်လာ သည်။

ဒဏ်ရာရ၊ သေဆုံးမှုမရှိ၍ တော်သေးသည်ဆိုရမည်။ ထိုသို့ တရားဥပဒေစိုးမိုးရေးထိပါးလာ သည်နှင့်အမျှ အင်္ဂလိပ်အခက် ဗမာ့အချက်ဆိုသကဲ့သို့ အင်န် အယ်လ်ဒီ အခက် ဘယ်သူ့အချက် မှန်းတော့ မသိ။ မနက်ဖြန် သန် ဘက်ခါပဲ အာဏာပြန်သိမ်းတော့ မလို အသံတွေ ထွက်လာပြန် သည်။
အင်န်အယ်လ်ဒီ အစိုးရ လက်ထက်မှာ ဘာမှပြောင်းလဲ တာမရှိ။ ဆုတ်ယုတ်တာတွေသာ ရှိလာသည်ဟု ဆိုလာကြသည်။

နိုင်ငံရေး ခဲပေါက်မှုတွေအ ကြောင်း စဉ်းစားရင်း ယခုရက် ပိုင်းအတွင်း ကြည့်မိသည့် 5 Plus တီဗီမှလာသည့် ဘုန်းမီးနေလ မဟာအသောက ဆိုသည့် ရုပ်သံ ဇာတ်လမ်းတွဲကို သွားသတိရမိ သည်။
အသောက မင်းသားမှာ ဘုရင့်သားတော်မှန်းမသိခင်က ဘုရင့်မြင်းဇောင်းတွင် မြင်းထိန်း အဖြစ် အမှုထမ်းရသည်။ တိုင်း ပြည်မငြိမ်မသက်ဖြစ်စေရန် မသ မာသူများ လက်ချက်ကြောင့် မြစ် ရေတွင် အဆိပ်ခတ်မှုဖြစ်ပွားပြီး ပြည်သူများ ရောဂါဘယဖြစ်ကြ သည်။ အသောကမှာ မြင်းထိန်း များကို ဦးဆောင်ပြီး ဘုရင့်ထံ ဘုရင့်သောက်သုံးရေ မျှဝေရန် လျှောက်တင်သည်။ ထို့နောက် လှည်းများဖြင့် ရေစည်များတင် ကာ ရေများကို ပြည်သူများထံ ဝေငှသည်။

ထိုကိစ္စများအပြီး မြင်းဇောင်းသို့ ပြန်အရောက်တွင် မြင်းထိန်းတစ်ဦးက အသောက အား ယခုကိစ္စသည် မိမိတို့လုပ်ရ မည့်အလုပ်မဟုတ်ဘဲ ဘုရင်လုပ်ရ မည့်အလုပ်သာဖြစ်ကြောင်း၊ မိမိ တို့သည် ဘုရင့်ထံ အခွန်ထမ်းနေ သည့် အခွန်ထမ်း ပြည်သူများဖြစ် ကြောင်းတို့ကို ပြောပြရာ အသော ကက တစ်ချက်ပြုံးလိုက်ပြီး သင့် မှာအိမ်ထောင်ရှိသလား၊ ရှိလျှင် သင့်မိသားကို ရှာဖွေကျွေးမွေးရုံ နှင့် တာဝန်ကျေပြီထင်ပါသလား၊ သင့်မိသားစု၏ လုံခြုံမှု၊ သင့်သား သမီးများ၏ ကျန်းမာရေးနှင့်ပညာ ရေး သင့်မှာတာဝန်ရှိသည်မဟုတ် လောဟု မေးခွန်းထုတ်ကာ အုပ် ချုပ်သူနှင့် ပြည်သူပြည်သားတို့၏ ကိုယ်စီတာဝန်များကို ရှင်းပြသွား ခဲ့သည်။

အိမ်ထောင်စုတစ်ခုတွင်သာ အခက်အခဲအကျပ်အတည်းရှိ သည်မဟုတ် အစိုးရတစ်ရပ်တွင် လည်း အကျပ်အတည်းရှိကောင်း ရှိမည်ဖြစ်၏။ ယခုကဲ့သို့ နှစ်ပေါင်း များစွာ အာဏာရှင်လက်ထဲ ကျ ရောက်ခဲ့သော ဆင်းရဲသည့် နိုင်ငံ အတွက်မူ ပြောဖွယ်ရာမရှိ။ ပြည် သူ့အစိုးရအခက်အခဲကို ပြည်သူ များကပါ ပူးပေါင်းကူညီသင့်သည် ဟု ထင်ပါသည်။
ပါဝင်ကူညီမှုမရှိဘဲ အမှောင် ထဲမှ ခဲများဖြင့် တဒိုင်းဒိုင်း ထုနေ မည်ဆိုပါက ဒီမိုကရေစီရထား ကြီးမှာ လိုရာပန်းတိုင်သို့ အမြန် ခုတ်မောင်းနိုင်မည် မဟုတ်ပါ ကြောင်း...။ ။






http://www.7daydaily.com/story/81840


EmoticonEmoticon

Comments system

Flag Counter