ရခိုင်တွေ မြင်အောင် ကြည့်ပါ။ မြင်တတ်မှ လွတ်မြောက်မယ်။






ရခိုင်တွေ မြင်အောင် ကြည့်ပါ။ မြင်တတ်မှ လွတ်မြောက်မယ်။

မဘသ အုပ်စုတွေရဲ့ လှုပ်ရှားမှုတွေက နိုင်ငံအတွက် အပျက် လက္ခဏဆောင်လာတာ တွေ့နေရတယ်။
ဘုန်းကြီးဟာ ဘုန်းကြီးအလုပ် မလုပ်တော့ဘူး။ ပြည်သူအချင်းချင်း သတ်ကြ ဖြတ်ကြဖို့ တွန်းအား ပေးနေသလို ဖြစ်နေတယ်။
ဦးသိန်းစိန် အစိုးရကလည်း ရွေးကောက်ပွဲ မဲဆွယ်ပွဲနဲ့ ချိန်ကိုက်ဖြစ်အောင်၊ မျိုးစောင့်ဥပဒေကို ပြဌာန်းပေးခဲ့တယ်။


မျိုးစောင့် ဥပဒေအောင်ပွဲ ထောက်ခံပွဲကို စစ်တပ်ကားတွေနဲ့ ချိန်ကိုက်လုပ်ဆောင်နေတယ်။

ဒါကို ကြည့်ရင် မျိုးစောင့်ဥပဒေ၊ မဘသနောက်မှာ State-Sponsored ရှိနေတယ် သေချာတယ်။
ဒီနေရာမှာ တခု ပြောချင်တာက ရခိုင့်နိုင်ငံရေး၊ အထူးသဖြင့် ရခိုင်အမျိုးသားပါတီ ကြားထဲမှာ တချို့လူတွေ မဘသ အုပ်စု၊ အထူးသဖြင့် ၀ီရသူနဲ့ အလွမ်းသင့်နေတယ်။

ဒါဟာ မကောင်းဘူး။ ရှော့ရှိနိုင်တယ်။ လူပုဂ္ဂိုလ်နာမည်တွေကို မပြောပေမယ့် အများကတော့ သိကြာမယ် ထင်တယ်။

မဘသ အုပ်စုနဲ့ နီးစပ်တဲ့ ရခိုင်ခေါင်းဆောင် ဆိုသူအများစုဟာ ရခိုင်စီးပွားရေး သမားတွေနဲ့ နွယ်နေတယ်။
အမျိုးချစ်ဟန်ဆောင်ပြီး ဘာသာရေး မှိုင်းတိုက်တာတွေကို တွေ့ရတယ်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ထောက်ခံတာ၊ မထောက်ခံတာက ကိုယ်ပိုင် လွတ်လပ်ခွင့်။ ဒါပေမယ့် မဘသ ရဲ့ သွားရာလမ်းက အာဏာရှင်တွေကို ပံ့ပိုးတဲ့ လမ်းကြောင်း။ ကြံ့ခိုင်ရေးကို တိုက်ရိုက်၊ သွယ်ဝိုက်၍ တမျိုး ထောက်ခံရေး ဖြစ်တယ်။

အဆိုးဆုံးက ရခိုင်ပြည်သူတွေ ထပ်မှိုင်းတိုက် ခံနေရတာ။ တချို့ ရခိုင်တွေလည်း မဘသ ကို အနည်းအများ သဘောပေါက်လာကြပြီ။ ရှောင်တဲ့လူတွေလည်း ရှိတယ်။

မူဆလင် ဆန့်ကျင်ကာကွယ်ရေး ခေါင်းစဉ်အောက်မှာ ခိုးကိုးရာမဲ့ ရခိုင်ပြည်သူတွေ မဘသ ကို သဘောကျခဲ့ကြတယ်။ ဒါပေမယ့် နောက်ပိုင်း မဘသ ခြေလှမ်းတွေဟာ အာဏာရှင် တည်မြဲရေးဆိုတာ သဘောပေါက်လာ ကြပြီ။

သတိရှိဖို့တော့ လိုတယ်။ အာဏာနဲ့ စီးပွားရေးဟာ အမြဲ ဆက်စပ်နေတယ်။
ရန်ကုန်ရောက် ရခိုင်ခေါင်းဆောင် ဆိုတဲ့သူတွေမှာ သာမန် ရခိုင်ပြည်သူတွေ မမြင်နိုင်တဲ့ စီးပွားရေး လုပ်ကွက်တွေ ရှိတယ်။ အာဏာရှိသူတွေနဲ့ ပေါင်းပြီးတော့ မျိုးချစ်ပြတဲ့ လက္ခဏာတွေ ရှိတယ်။
ဒါကို မြင်တတ်ဖို့လိုတယ်။

ကြံ့ဖွံဦးဆောင်တဲ့ အစိုးရဟာ ယခင် စစ်အစိုးရ အဆက်ပဲ။ ရခိုင်ပြည်က ကုလားကိစ္စကို မရှင်းနိုင်တာ သေချာတယ်။ မရှင်းဘဲ ထားတယ်ဆိုရင် ပိုရှင်းတယ်။ ကုလားကိစ္စကို ရှင်းဖို့ ဦးသိန်းစိန် ပညာရှင် တယောက်ကိုလည်း ထုတ် မသုံးခဲ့ဘူး။

သမ္မတလုပ်တဲ့ ဦးသိန်းစိန် ကိုယ်တိုင် စကားလမ်းကြောင်းတွေ အမျိုးမျိုး ပြောင်းတယ်။ ကုလသမဂ္ဂကို ဒီဘင်္ဂါလီတွေ ဒီနိုင်ငံက မဟုတ်ဘူး၊ ခိုးဝင်လာသူတွေလို့ ပြောတယ်။ တတိယနိုင်ငံ ပို့မယ်လို့လဲ ပြောတယ်။ နောက်တခါ VOA က အင်တာဗျူးမှာ သူတို့တွေကို စစ်ဆေးပြီးသွားပြီ၊ အများစုက ကျွန်တော်တို့ နိုင်ငံသားတွေလို့ ပြေတယ်၊ ဒီနိုင်ငံမှာ ရှိပြီးသားဘဲလို့ ဆိုတယ်။ နောက်မှ ၀င်လာသူတွေ အတော်နည်းတယ်လို့ ပြောတယ်။ စကားပြောတာ အကုန်လုံးကွဲသွားတာတွေပဲ။
ဒါကြောင့်.......ဒါတွေအားလုံးကို လေ့လာသုံးသပ်စေချင်ပါတယ်။


အားလုံးကို လေးစားလျက်
မြတ်လင်းကျော်




EmoticonEmoticon

Comments system

Flag Counter