ကိုဖီအာနန် ရခိုင်ပြည်နယ်ကိုသွားမည်





ကိုဖီအာနန် ရခိုင်ပြည်နယ်ကိုသွားမည်

ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးဆိုင်ရာကော်မရှင် ဥက္ကဌ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ Kofi Anan (ကိုဖီအာနန်) ဟာ လာမယ့် နိုဝင်ဘာ ၂၉ ရက်နေ့မှာ မြန်မာနိုင်ငံကို လာရောက်မှာဖြစ်ပြီး ရခိုင်ပြည်နယ်စစ်တွေမြို့နဲ့ တစ်ခြားမြို့တွေကို သွားရောက်မှာဖြစ်ပါတယ်။
မြန်မာပြည်မှာ ၅ ရက်နီးပါး နေထိုင်ဦးမှာဖြစ်ပြီး သွားသင့်တဲ့နေရာတွေကို သွားရောက်ဖို့ စီစဉ်ထား တယ်လို့ အကြံပေးကော်မရှင်အဖွဲ့ဝင် ဦးအေးလွင်က ပြောပါတယ်။

"သူလာရင် ခရီးတွေထွက်ဖို့ရှိတယ် စစ်တွေက ပါတာပေါ့ ဒီပြင့် သွားသင့်သွားထိုက်တဲ့ နေရာတွေကိုလည်း သွားမယ် ၄၊ ၅ ရက်လောက်တော့နေမယ် နိုင်ငံတော်အစိုးရကို ဘာလုပ် သင့်တယ်ဆိုတဲ့အကြံကောင်းတွေ ပေးဖို့ပါ အဲ့ဒီအတွက် အလုပ်တွေဆက်လုပ်နေပါတယ်"

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၆ ရက်နေ့က မစ္စတာ ကိုဖီအာနန်မပါဝင်ပဲ ကော်မရှင်အဖွဲ့ဝင် ၇ ဦးဟာ ရခိုင်ပြည်နယ် စစ်တွေမြို့ သဲချောင်း၊ အုန်းတောကြီး၊ ရေချမ်းပြင် စတဲ့ ကျေးရွာတွေကိုသွားရောက်ပြီး ဒေသခံတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲဒီကော်မရှင်အဖွဲ့ဝင်တွေဟာ အကြမ်းဖက်မှုတွေဖြစ်ပွားခဲ့တဲ့ မောင်တောမြို့နယ်က ကျေးရွာတွေကို သွားရောက်ဖို့ စီစဉ်ခဲ့ပေမယ့် လုံခြုံရေးအခြေအနေအရ သွားရောက်နိုင်ခဲ့ခြင်းမရှိပါဘူး။

မစ္စတာကိုဖီအာနန်ရဲ့ ခရီးစဉ်ဟာ ပဋိပက္ခတွေဖြစ်ပွားနေတဲ့ မောင်တောမြို့နယ်အတွင်းက ကျေးရွာတွေကို သွားရောက်လေ့လာမလားဆိုတာတော့ မသိရသေးပါဘူး။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ကိုဖီအာနန် ဥက္ကဌ အဖြစ် တာဝန်ယူထားတဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို ပြည်ပပညာရှင် ၃ ဦးနဲ့ ပြည်တွင်းက လူပုဂ္ဂိုလ် ၆ ဦး အပါအဝင် စုစုပေါင်း ၉ ဦးနဲ့ သြဂုတ်လ ၂၄ ရက်နေ့က ဖွဲ့စည်းခဲ့တာပါ။

ကော်မရှင်ဟာ ရခိုင်ပြည်နယ်ဆိုင်ရာ လေ့လာတွေ့ရှိချက်တွေနဲ့ အကြံပြုချက်တွေကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကနေတဆင့် အစိုးရထံ ၁ နှစ်အတွင်း တင်ပြရမှာဖြစ်ပါတယ်။

Photo: Aung Thain Kha/ RFA
( ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးဆိုင်ရာကော်မရှင် ဥက္ကဌ မစ္စတာ ကိုဖီအာနန်ကို စက်တင်ဘာလ ၉ ရက်နေ့က ရန်ကုန်မြို့မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ တွေ့ရစဉ် )


https://www.facebook.com/rfaburmese/photos/a.10150522560153128.405723.39218993127/10155002836513128/?type=3&theater





EmoticonEmoticon

Comments system

Flag Counter