ရခိုင်၊ ရှမ်း၊ ကချင်၊ ရန်ကုန် ပြည်နယ်ဝန်ကြီးချုပ် ခန့်အပ်ရေး၊ ဒေါ်စုသမ္မတဖြစ်ရေးနဲ့ သက်ဆိုင်နေပြီလား.....။





(၁၆၊ ၂၊ ၂၀၁၆)
ပြည်နယ်(၃)ခု အနက် ရန်ကုန်တိုင်း အပါအ၀င် (၄)နေရာမှာ ၀န်ကြီးချုပ် မရှိသေးပါဘူး တနည်းအားဖြင့် ၀န်ကြီးချုပ်တွေ ပျောက်နေပါတယ်။ ဆိုလိုချင်တာက ၀န်ကြီးချုပ် နေရာ ချထားမှု မရှိသေးတာဟာ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေးနဲ့ သက်ဆိုင်နေပါသလားလို့ ပြည်သူလူထုတွေ အမြင်မှာ ဝေခွဲ မရ ဖြစ်နေပါတယ်...။
(၂၀၁၆)ရွေးကောက်ပွဲမှာ အနိုင်ရ (NLD) ပါတီရဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ပါက ၅၉(စ) ပုဒ်မကို ပြင်ဆင်နိုင်မှ သမ္မတ ဖြစ်ခွင့်ရမယ်ဆိုတော့ ၅၉(စ)ပုဒ်မ ကို ပြင်ဆင်ဖို့ အတွက် ပြည်သူလူထု လက်ထဲကို မအပ်ပဲ လွှတ်တော်အထဲမှာသာ အဆိုတင်သွင်းပြီး အနိုင်ရမှ သာလျှင် ဒီ ၅၉(စ) ပုဒ်မကို အကောင်အထည် ဖော်လို့ရနိုင်ပါမည်လား...။ တစ်ဖက်မှာလည်း စစ်တပ်ရဲ့ အခန်းကဏ္ဍ ရှိနေပါတယ်။ ဆိုလိုချင်တာက စစ်တပ်သည် အလိုအလျောက် (၂၅)ရာခိုင်နှုန်းကို ကိုင်တွယ်ထားသောကြောင်းဖြစ်သည်။ 

တစ်ဖက်မှာလည်း ပြည်နယ်ဝန်ကြီးချုပ်တွေကို အသီးသီးခန့်အပ်ထားပြီး ဖြစ်သော်လည်း ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ရန်ကုန်တိုင်း အဓိက နယ်မြေတွေ ဖြစ်တဲ့ နေရာ (၄)နေရာမှာ ၀န်ကြီးချုပ်တွေ မခန့်ရသေးပါဘူး...။ ဒီနေရာမှာ ကျွန်တော် ပြည်သူတစ်ယောက်အနေနဲ့ ပြောချင်တာကတော့ ပြည်နယ်ဝန်ကြီးချုပ်တွေ ဒီ(၄)နေရာမှ ခန့်အပ် မဖြစ်နိုင်တာကတော့ စစ်တပ်ရဲ့ အခမ်းကဏ္ဍအများကြီးပါဝင်နေပါတယ်...။ ဒီနေရာတွေမှာ စစ်တပ်က သူတို့၏ အနိုင်ရ ပြည်ခိုင်ဖြိုးပါတီ က ၀န်ကြီးတွေကိုသာ နေရာချထားပေးဖို့ တောင်းဆိုမှုတွေ ပါဝင်နေမယ်လို့ ထင်ပါတယ် ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်မယ်ဆိုရင်၊ ရခိုင်၊ ရှမ်း၊ ကချင်၊ ရန်ကုန် ဒီ (၄) နေရာကို စစ်တပ်က လူတွေ ၀န်ကြီးချုပ် ဖြစ်ရမယ် ဆိုတဲ့ အချက်ပါပဲ။ စစ်တပ်က ဒီနေရာတွေမှာ ၀န်ကြီးချုပ် ဖြစ်မလာခဲ့ရင် ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်နိုင်ဖို့ ၅၉(စ)ပုဒ်မ ကို ပြင်ဆင်ပေးမှာလည်း မဟုတ်ပါဘူး။
ရခိုင်ပြည်နယ်မှာ တိုင်းရင်းသားပါတီဖြစ်တဲ့ ရခိုင်အမျိုးသား ပါတီ က မဲအများဆုံး အနိုင်ရထားပါတယ်၊ ရှမ်းပြည်နယ်မှာလည်း ရှမ်းတိုင်းရင်းသားများပါတီ က မဲအများဆုံး အနိုင်ရထားပါတယ်။


 ဆိုတော့ ဒီတိုင်းရင်းသားပါတီတွေက မိမိ၏ပြည်နယ်တွေမှာ မဲအများဆုံး အနိုင်ရထားပြီးတော့ ပြည်နယ်ဝန်ကြီးချုပ် ဖြစ်မလာနိုင်ဘူးဆိုရင် တိုင်းရင်းသားပါတီတွေနဲ့ (NLD) ပါတီကြား ပြဿနာတွေ ဖြစ်ပေါ်လာမှာသေချာပါတယ်။ ရခိုင်အမျိုးသားပါတီ ကတော့ ရခိုင်ပြည်နယ်မှာ ၀န်ကြီးချုပ် နေရာချထားရေး တောင်းဆိုမှုတွေ ရှိနေပါတယ် ရခိုင်အမျိုးသားပါတီ က ဖြစ်မလာဘူးဆိုရင် အတိုက်ခံပါတီအနေနဲ့ ရပ်တည်သွားမယ်လို့လည်း အတိအလင်း မီဒီယာတွေရှေ့မှာ ထုတ်ပြန်ကြေငြာထားတာတွေလည်း ရှိပါတယ်။ တစ်ခြားသော ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်တွေမှာ ပြည်နယ်၏ကိုယ်စားပြုတဲ့ပါတီက ပြည်နယ်ဝန်ကြီးချုပ်တွေ ဖြစ်မလာခဲ့ဘူးဆိုရင် အနိုင်ရ ပြည်နယ်ပါတီတွေက တောင်းဆိုမှု ဖြစ်လာမှာ သေချာပါတယ်။

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးဟာ အဓိကနေရာ(၄)ခု ဖြစ်တဲ့ ရခိုင်၊ ရှမ်း၊ ကချင်နဲ့ ရန်ကုန်တိုင်းဒေသ တွေမှာ ၀န်ကြီးချုပ် နေရာချထားရေးနဲ့ သက်ဆိုင်နေပြီးလားဆိုတဲ့ ပြည်သူတွေ အမြင်မှာ သံသယတွေဖြစ်လာနေပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ စစ်တပ်က လူတွေကို ဒီနေရာတွေမှာ ၀န်ကြီးချုပ်တွေကို ချထားပေးချင်လို့ပဲ။ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ဖို့အရေး ဒီနေရာ(၄)ခု ကို စစ်တပ်အား ထိုးအပ်မှာကို ပြည်သူတွေအနေနဲ့ စိုးရိမ်မှုတွေ ရှိနေပါတယ်။ တစ်ချို့အမြင် စစ်တပ်က ၀န်ကြီးတွေ အုပ်ချုပ်လာမယ်ဆိုရင် မဲအများအနိုင်ရ(NLD)ပါတီ နဲ့ စစ်တပ်, နားလည်မှုနဲ့ ပါးရိုက်တာ ပြည်သူလူထုတွေအပေါ် မျက်လှည့်ပြသလို အချင်းချင်း နေရာယူမှုတွေ ဖြစ်လာမယ်ဆိုတဲ့ သတင်းတွေက ထွက်ပေါ်လာမှာ သေချာနေပါတယ်....။ (NLD)ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကတော့ ဒုတိယအကြိမ် လွှတ်တော်မှာ တက်ရောက်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ပြောကြားလိုက်ပါတယ်။ 

 လွှတ်တော်ဆိုတာ ကိုယ်စားလှယ်တစ်ဦးအတွက် အသုံးချဖို့စင်မြင့် မဟုတ်သလို၊ ရာထူးနေရာရဖို့ လှေကားထစ် လည်းမဟုတ်။ နိုင်ငံနဲ့ပြည်သူ့အကျိုးကိုသာ ထမ်းဆောင်ရမယ့်နေရာဖြစ်တယ်လို့
 ဒေါ်အောင်ဆန်းစုကြည် က ပြောကြားထားပါတယ်။ ၄င်းအပြင် လူမျိုးစွဲ၊ ၀ါဒစွဲ၊ ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲ မထားဖို့ အရင်လွှတ်တော်ဟောင်းက ချမှတ်ခဲ့တဲ့ အစဉ်အလာကောင်းတွေ ကို ထိန်းသိမ်းကြဖို့လည်း တိုက်တွန်းထားပါတယ်။ ဒီအချက်တွေကို ကြည့်မယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်ကို နေရာပေးမှာ မဟုတ်ဘူးဆိုတာ သေချာနေပါတယ်။ ရခိုင်၊ ရှမ်း၊ ကချင်၊ ရန်ကုန်တိုင်းဒေသတွေမှာ စစ်တပ်ကို နေရာပေးလိုက်မယ်ဆိုရင် စစ်တပ်နဲ့ တိုင်းရင်းသားတွေ ရှေ့အနာဂါတ်အတွက် ကြိုမမြင်နိုင်တဲ့ ပြဿနာတွေ ဖြစ်လာနိုင်သလို တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ လည်း ဖြေရှင်းမရတဲ့ ပုစ္ဆာ ဖြစ်လာဖို့ အနေအထား ရှိတယ်ဆိုတာကို (NLD)ပါတီ ခေါင်းဆောင် ဒေါ်အောင်းစုကြည်အနေနဲ့ ၀န်ကြီးချုပ်နေရာချထားမှုကို သတိထားပြီး ဆောင်ရွက်သင့်ပါကြောင်း။

ရခိုင်ကြယ်စင်


EmoticonEmoticon

Comments system

Flag Counter