မြေပြင်တပ်များ ဆီးရီးယားကို စေလွှတ်ပါက ကမ္ဘာစစ်ဖြစ်မည်ဟု ရုရှားပြော

7dd0a28c635b452486a09dd2fd5c64d0_18
အမေရိကန်နဲ့ ဒေသတွင်း မဟာမိတ် မြေပြင်တပ်တွေ ဆီးရီးယားကို စေလွှတ်ပါက ကမ္ဘာစစ်ဖြစ်မယ်လို့ ရုရှား ၀န်ကြီးချုပ် ဒီမစ်ထရီ မီဒဲဒစ်ဖ်က ပြောပါတယ်။
မြေပြင်တိုက်ပွဲတွေက အားလုံးကို တိုက်ပွဲထဲပါလာအောင် လုပ်ဆောင်နိုင်တယ်လို့ မီဒဲဒစ်ဖ်က ဂျာမနီသတင်းစာတစောင်ကို သူက ဖေဖော်ဝါရီ ၁၁ ရက်က ပြောကြားခဲ့ပါတယ်။
ဆော်ဒီအာရေဗီးယားနိုင်ငံက မြေပြင် တပ်တွေ စေလွှတ်ဖို့ အဆိုပြုချက်အပေါ် ရုရှား ၀န်ကြီးချုပ်က တုံ့ပြန်လိုက်တာ ဖြစ်ပြီး အမေရိကန်နဲ့ အာရပ်တွေက အမြဲတမ်းစစ်ပွဲကို လိုချင်သလား ဆိုတဲ့အပေါ် စဉ်းစားရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဝန်ကြီးချုပ်ရဲ့ စကားဟာ အမေရိကန်နဲ့ ဒေသတွင်း မဟာမိတ်တွေကို သတိပေးလိုက်တာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဒါအပြင် ဆီးရီးယားမှာ အနောက်နိုင်ငံတွေက ရုရှားနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းမရှိတဲ့ အပေါ်ကိုလည်း မီဒဲစ်ဒစ်ဖ်က ဝေဖန်လိုက်ပါတယ်။
ဆော်ဒီအနေနဲ့ အစ္စလာမ္မစ်နိုင်ငံ (အိုင်အက်စ်)တွေကို တိုက်ခိုက်ဖို့ ဆီးရီးယားမှာ မြေပြင်တပ်ဖွဲ့တွေကို တိုးချဲ့ဖို့ လုပ်ဆောင်နေတာကို အမေရိကန် ကာကွယ်ရေး ၀န်ကြီး အက်ရှ်တန်ကာတာက ကြိုဆိုလိုက်ပါတယ်။
ကာကွယ်ရေးဝန်ကြီး ၂၀ ကျော်တက်ရောက်တဲ့ နေတိုးကာကွယ်ရေး ၀န်ကြီးအစည်းအဝေးမှာ အာရပ်စော်ဘွားများ ပြည်ထောင်စုက မြေပြင်တပ်တွေ စေလွှတ်ဖို့ သဘောတူညီခဲ့ပါတယ်။
ဆီးရီးယားနိုင်ငံမှာ အစိုးရနဲ့သူပုန်အကြား တိုက်ပွဲတွေ အပြင် အနောက်နိုင်ငံတွေက အိုင်အက်စ်အဖွဲ့တွေကို ဝေဟင်ကနေ ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ လုပ်ဆောင်နေပါတယ်။


EmoticonEmoticon

Comments system

Flag Counter