ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)နှင့် ရခိုင်ပြည်တပ်မတော် (AA) တို့၏ ပေါင်းစည်းရေးဆိုင်ရာ သဘောထား ထုတ်ပြန်ကြေငြာချက်

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)နှင့် ရခိုင်ပြည်တပ်မတော် (AA) တို့၏ ပေါင်းစည်းရေးဆိုင်ရာ သဘောထား ထုတ်ပြန်ကြေငြာချက်
နေ့စွဲ - ၆၊ ၂၊ ၁၆ ကြေငြာချက်အမှတ် - ၁/ ၂၀၁၆
၁။ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)နှင့် ရခိုင်ပြည်တပ်မတော် (AA) တို့ အနေဖြင့် အမျိုးသားတော်လှန် ရေးကာလတွင် နိုင်ငံရေးဦးဆောင်ပါတီတခုတည်း၊ တပ်မတော်တရပ်တည်းသာ ရှိသင့်သည်ဟု လေးနက်စွာ ခံယူသည်။
၂။ အကြောင်းအမျိုးမျိုးကြောင့် သီးခြားရပ်တည်နေကြသော အမျိုးသားတော်လှန်ရေးပါတီနှင့် တပ်မတော် များအား တဖွဲ့တပါတီအဖြစ် စုစည်းနိုင်လျှင် ရခိုင်အမျိုးသား စည်းလုံးညီညွတ်ရေး ပိုမိုခိုင်မာလာမည်ဟုလည်း ယုံကြည်သည်။
၃။ သို့ဖြစ်ပါ၍ တဖွဲ့၏ အမျိုးသားရေးခံယူချက်နှင့် ကြိုးပမ်းစွန့်လွှတ် အနစ်နာခံမှုများကို တဖွဲ့က ပြန်လည် အသိအမှတ်ပြုလျှက် တခုတည်းသောပါတီနှင့် တပ်မတော်အဖြစ် ပေါင်းစည်းနိုင်ရန် ကိုယ်စွမ်းဥာဏ်စရှိသရွေ့ ကြိုးပမ်းသွားကြမည်ဖြစ်ကြောင်း ရခိုင်ပြည်သူလူထုနှင့် မဟာမိတ်များအား သိစေအပ်ပါသည်။

ALP-AA ပေါင်းစည်းမှု ညှိနှိုင်းရေး ကော်မတီ
ဆက်သွယ်ရန် -
ခိုင်အောင်ဇံဖြူ၊ အတွင်းရေးမှူး အဖွဲ့ဝင်၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (Arakan Liberation Pary)
ဖုန်း - (+၆၆) ၆၂ - ၁၂၃ - ၂၇၄၄
ဗိုလ်မှူးကြီး မင်းထွန်း၊ စစ်ဦးစီးချုပ်၊ ရခိုင်ပြည်တပ်မတော် (Arakan Army)
ဖုန်း - (+၆၆) ၈၈ - ၁၄၇ - ၅၈၇၉
အီးမေးလ် - alp.aa.nci@gmail.com


EmoticonEmoticon

Comments system

Flag Counter