မျှော်လင့်ချက်ကြီးကြီးထားလို့မရတဲ့၂ဝ၁၆ မြန်မာ့စီးပွားရေး



ဟိန်းဇော်

လာမည့် ဧပြီတွင် အစိုးရသစ် က စတင် တာဝန်ယူတော့ မည်ဖြစ်သည်။ ပြည်သူလူထုက တစ်ခဲနက် လိုလိုလားလား ရွေးချယ်ထားသော NLD အစိုးရအနေဖြင့် အစိုးရသက်တမ်းငါးနှစ်တာ ကာလအတွင်း နောက်ကျကျန်ရစ်နေသော မြန်မာ့စီးပွားရေးကို အပြောင်းအလဲ လုပ်ပေး နိုင်လိမ့်မည်ဟု ပညာရှင်များအပါအဝင် အ များစုက အကောင်းမြင်ကြသည်။ ကာလတို အနေဖြင့် အစိုးရသစ် ပထမဆုံးဖြတ်သန်းရ မည့် ၂ဝ၁၆ တစ်နှစ်တည်းကို မျှော်မှန်းကြည့် လျှင်ရော မြန်မာ့စီးပွားရေး အခြေအနေက မည်သို့ရှိမည်နည်း။

ယခုလ ၇ရက်ကထုတ်ပြန်သည့် ကမ္ဘာ့ ဘဏ်၏ “Global Economic Prospects” အစီရင်ခံစာ၌ ၂ဝ၁၆တွင် မြန်မာနိုင်ငံ၏စီး ပွားရေးတိုးတက်မှုနှုန်းသည် ၇ ဒသမ ၈ ရာ ခိုင်နှုန်းရှိနိုင်ကြောင်းခန့်မှန်းထားသည်။ မြန် မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် ၂ဝ၁၅တွင် ၆ ဒသမ ၅ ရာခိုင်နှုန်းရှိသည့်အ တွက် ၂ဝ၁၆ သည် ၂ဝ၁၅ထက် ၁ဒသမ ၃ ရာခိုင်နှုန်းပိုများမည်ဟု ခန့်မှန်းထားခြင်းဖြစ် သည်။

ကမ္ဘာ့ဘဏ်က ၂ဝ၁၅-၂ဝ၁၆ အတွက် ၉ ဒသမ ၃ ရာခိုင်နှုန်း ခန့်မှန်းခဲ့သော်လည်း ၂ဝ၁၅တွင် ရေကြီးမှုအန္တရာယ်ကြောင့် စိုက် ပျိုးရေးကဏ္ဍတွင် ထိခိုက်မှုရှိခဲ့ခြင်းနှင့် ရင်းနှီး မြှုပ်နှံမည့်လုပ်ငန်းရှင်များက ရွေးကောက်ပွဲ ကို စောင့်ကြည့်နေကြခြင်းကြောင့် စီးပွားရေး တိုးတက်နှုန်းမှာ မျှော်မှန်းချက်အောက် လျော့ ကျခဲ့ရသည်ဟုဆိုထားသည်။

ရွေးကောက်ပွဲ၊ ကမ္ဘာ့ဘဏ်၏ ခန့်မှန်းချက် တွင် မြန်မာသည် အိမ်နီးချင်းတရုတ်အပါအ ဝင် တခြားအာဆီယံနိုင်ငံများ၏ စီးပွားရေး တိုးနှုန်းထက် ပိုသည်ကိုလည်း တွေ့ရသည်။ အစိုးရအဖွဲ့အနေဖြင့်လည်း စီးပွားရေးတိုးတက် မှုနှုန်းကို ၇ ဒသမ ၈ ရာခိုင်နှုန်းမျှော်မှန်းထား ကြောင်း ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် အမျိုး သားစီမံကိန်းဥပဒေကြမ်းတွင် ပါရှိသည်။

ရွေးကောက်ပွဲရလဒ်၊ လက်ရှိနိုင်ငံရေးအခြေ အနေများအရ နိုင်ငံရေးအခြေအနေက အ ကောင်းဘက်တွင်ရှိသဖြင့် စီးပွားရေးအလား အလာက အပေါင်းလက္ခဏာဆောင်နေသည် မှန်သော်လည်း စိန်ခေါ်မှုများကလည်း များ စွာ ရှိနေသည်။ ကမ္ဘာ့ဘဏ်၏ ခန့်မှန်းချက် သည်လည်း ယမန်နှစ် ၆ ဒသမ ၅ ရာခိုင်နှုန်း ထက် မြင့်သည်ဆိုသည့်တိုင်၂ဝ၁၄- ၂ဝ၁၅ ဘဏ္ဍာနှစ် စီးပွားရေးတိုးတက်မှုနှုန်း ၈ ဒသမ ၅ရာခိုင်နှုန်းထက်တော့ လျော့နည်းနေသည်။

တိုင်းပြည်၏ အဓိက စီးပွားရေးဖြစ် သည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ အနေဖြင့် ယမန်နှစ်ရေကြီးမှု၏နောက်ဆက် တွဲ ပြဿနာများကို ဆက်လက်ခံစားနေရဆဲ ဖြစ်သည်။ ရေကြီးမှုကြောင့် ထိခိုက်ပျက်စီးခဲ့ သည့် လယ်ယာဧကငါးသိန်းကျော်တွင် ပြန် လည် စိုက်ပျိုး၍ရသည့် လယ်ယာမြေများရှိ သလို ပြန်လည်စိုက်ပျိုး၍မရသည့် စိုက်ပျိုးမြေ များလည်း ရှိနေသေးသည်။

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် အ ထွေထွေအတွင်းရေးမှူး ဦးရဲမင်းအောင်က ''ရေကြီးနစ်မြုပ်မှုဖြစ်ပြီး နောက်ပိုင်းမှာ ရွေး ကောက်ပွဲတို့၊ နိုင်ငံရေးအပြောင်းအလဲတို့ကို လူတွေက စိတ်ဝင်စားသလို အစိုးရနဲ့ ကျန်တဲ့ အဖွဲ့အစည်းအသီးသီးကလည်း နိုင်ငံရေးဖြစ် စဉ်အပေါ်မှာပဲ အာရုံစိုက်တဲ့အခါ ဒီလယ်ယာ ကဏ္ဍမှာပဲ ပြန်လည်ထူထောင်ရေး လုပ်ငန်း တွေကို ပိုပြီးလုပ်ဖို့လိုအပ်နေသေးတယ်''ဟု ပြောသည်။ ¤င်းကပင် စိုက်ပျိုးရေးလုပ်ငန်း ကတော့ ၂ဝ၁၆ ခုနှစ်မှာ ဘာမှပြောင်းလဲမှာ မဟုတ်ဘူး။ သေချာတယ်။ ၂ဝ၁၇ ခုနှစ်မှာ သိသိသာသာ ပြောင်းလဲဖို့အတွက်ကို ၂ဝ၁၆ ခုနှစ်မှာ တော်တော်လုပ်ရမယ်''ဟုမှတ်ချက် ပြုသည်။

ထို့အတူ-ရေကြီးမှုကြောင့် ပျက်စီးသွား သည့် ဧကသောင်းချီရှိသည့် ငါးမွေးမြူရေးကန် တွေပျက်စီးမှုကလည်း နာလန်ထူဖို့ နှစ်နှင့်ချီ အချိန်ယူရဦးမည်ဖြစ်သည်။

တစ်ဖက်တွင်လည်း အစိုးရသစ်လက် ထက် မူဝါဒအပြောင်းအလဲဖြစ်လာပြီး ပို့ကုန် ဝင်ငွေများစွာရှာပေးနေသည့် ဂက်စ်နှင့် ကျောက် စိမ်းထုတ်လုပ်တင်ပို့မှုများကို လျှော့ချသည့် အခြေအနေဖြစ်လာနိုင်ကြောင်း သုံးသပ်မှုများ လည်း ရှိသည်။ လက်ရှိအချိန်၌ ပြည်တွင်း ဂက်စ်လိုအပ်ချက်က မြင့်နေသလို ကျောက်စိမ်း တူးဖော်ရေးလုပ်ငန်းများမှာလည်း အငြင်းပွား ဖွယ်ရာအခြေအနေများ ဖြစ်ပေါ်နေသည်။ ယင်းအခြေအနေအရပ်ရပ်ကြောင့်ပင် ယခုနှစ် တွင် တိုင်းပြည်ပို့ကုန်ဝင်ငွေက အခြေအနေသိပ် မကောင်းနိုင်ဟု ခန့်မှန်းရသည်။

အစိုးရအကူးအပြောင်းကာလတွင် နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှု(FDI)ကလည်း သိပ်အား ကိုးတကြီး မျှော်လင့်၍မရ။ အကဲခတ်အချို့ နှင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်အဖွဲ့ ဝင်အချို့က ရွေးကောက်ပွဲရလဒ်၊ လက်ရှိ နိုင်ငံ ရေးဝန်းကျင်အရ ၂ဝ၁၆တွင် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု အလုံးအရင်းဝင်လာမည်ဟု တဖွဖွ ပြောနေသည့်တိုင် ပြည်ပလုပ်ငန်းအများစု အနေဖြင့် အစိုးရသစ်၏ စီးပွားရေးမူဝါဒများ ကို စောင့်ကြည့်ကြဦးမှာ သေချာသည်။ တစ် ဖက်တွင်လည်း စီးပွားရေးလုပ်ငန်းများအတွက် အခက်အခဲများ ဖြစ်နေသေးသည့် အခြေခံ အဆောက်အအုံပိုင်း အားနည်းချက်၊ ကျွမ်း ကျင်လုပ်သားရှားပါးမှု စသည်တို့က ယခင် အခြေအနေနှင့် ထူးထူးခြားခြား ဖြစ်လာသေး သည်မဟုတ်ပေ။
တစ်ဖန် FDI က စီးပွားရေးဖွံ့ဖြိုးတိုးတက် မှုတွင် ဘယ်လောက်ရာခိုင်နှုန်းပါသလဲ၊ FDI ကို ဘယ်လောက်အားကိုးသင့်သလဲ ဆိုသည် ကလည်း မေးစရာရှိသည်။ အရှေ့တောင်အာရှ လေ့လာမှုအင်စတီကျု၏ ဧည့်အကြီးတန်း အဖွဲ့ဝင် စီးပွားရေးသုတေသီ ဒေါက်တာတင် မောင်မောင်သန်းကတော့ ''ကျွန်တော်သိသ လောက်တော့ သိပ်မပါသေးဘူး။ ဘာလို့လဲဆို တော့ သူတို့ရဲ့အကောင်အထည်ဖော်မှုက တစ် ချိန်ကျမှတော်လာကြမယ်''ဟုသုံးသပ်သည်။

သတိပြုစရာနောက်တစ်ချက်က အဓိက ရင်းနှီးမြှုပ်နှံသူနှင့် ကုန်သွယ်ဖက်ဖြစ်သည့် တရုတ်၏ စီးပွားရေးက ကျရိပ်ပြနေသည်။ ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာတွင် ၂ဝ၁၅ခုနှစ် တွင် ၆ ဒသမ ၉ ရာခိုင်နှုန်းရှိခဲ့သည့်တရုတ်၏စီးပွားရေးတိုးနှုန်းကို ၂ဝ၁၆တွင် ၆ ဒသမ၇ ရာခိုင်နှုန်းဖြစ်လာမည်ဟူ၍ သုည ဒသမ ၂ ရာခိုင်နှုန်းလျှော့ပြီး ခန့်မှန်းထားသည်။ အစီ ရင်ခံစာတွင် ဒေသတွင်း စီးပွားရေးအင်အား ကြီးနိုင်ငံများသည် တရုတ်နှင့်ဂျပန်တို့၏ စီး ပွားရေးကျဆင်းမှုပြဿနာက မြန်မာအပါအ ဝင် ဒေသတွင်းနိုင်ငံများအပေါ် ရိုက်ခတ်မှု အနည်းငယ်ရှိမည်ဟုလည်း ဖော်ပြထားသည်။

၂ဝ၁၆ တွင် မြန်မာ့စီးပွားရေးအတွက် မဖြစ်မနေ ထည့်တွက်ရမည့်အချက်က အစိုးရ အလွှဲအပြောင်းဖြစ်သည်။ ယခုနှစ်၏ ပထမ သုံးလေးလလောက်က အစိုးရအလွှဲအပြောင်း အတွက် အလုပ်ရှုပ်နေကြမည်ဖြစ်သလို အစိုးရ သစ်အနေဖြင့်လည်း တာဝန်လွှဲပြောင်းယူပြီးစ တွင် အုပ်ချုပ်ရေးပိုင်းကို ပြင်ဆင်ဖွဲ့စည်းရဦး မည်ဖြစ်သည်။ ထို့နောက် သက်ဆိုင်ရာကော် မတီများဖွဲ့၊ မူဝါဒအသစ်များ ချမှတ်ရမည်ဖြစ် သည်။

NLD ပါတီ၏ ဗဟိုစီးပွားရေးကော်မတီ အဖွဲ့ဝင်တစ်ဦးက စီးပွားရေးမူဝါဒအခိုင်အမာ ရှိပြီးသားဟု ထုတ်ပြောထားသော်လည်း မူ ဝါဒအသေးစိတ်အခြေအနေကို မသိရှိရသေး ပေ။ ရွေးကောက်ပွဲရလဒ်ထွက်ပြီး လေးလ လောက်အတွင်းတွင် အစိုးရသစ်ဖွဲ့ဖို့အတွက် တက်သုတ်ရိုက် ပြင်ဆင်နေရခြင်းဖြစ်ရာ မူ ဝါဒများကို နောက်ထပ်ဘယ်လောက် ပြန်လည် ပြင်ဆင်ရမလဲ ဆိုသည်ကလည်း စဉ်းစားစရာရှိ သည်။ သို့ဆိုရာ၂ဝ၁၆တွင် အစိုးရအနေဖြင့် စီးပွားရေးကို ထဲထဲဝင်ဝင်လုပ်ဖို့ထက် ပြင်ဆင် မှုများလုပ်ခြင်းကိုသာ အဓိကလုပ်နိုင်ဖွယ်ရှိ သည်။ စီးပွားရေးနှင့်ပတ်သက်သည့်ဥပဒေ များ ပြင်ဆင်ပြဋ္ဌာန်းဖို့သည်ပင် ယခုနှစ်ကာလ တိုအတွင်း သိပ်များများစားစား မျှော်လင့်၍ ရမည်မဟုတ်ပေ။

အစိုးရသစ်အနေဖြင့် ဒုတိယနှစ်၂ဝ၁၇ လောက်မှသာ စီးပွားရေးကိုအင်တိုက်အားတိုက်စလုပ်နိုင်မည့် သဘောရှိသည်။ ကမ္ဘာ့ ဘဏ်၏ ခန့်မှန်းချက်တွင်လည်း ၂ဝ၁၇နှင့် ၂ဝ၁၈တို့တွင် မြန်မာ့စီးပွားရေးတိုးတက်မှုနှုန်း ကို ၈ ဒသမ၅ အထိ ဆက်တိုက်ခန့်မှန်းထား သည်။ သို့ဖြစ်ရာ မြန်မာ့စီးပွားရေးသည် အ စိုးရသစ် စတင်တာဝန်ယူသည့် ၂ဝ၁၆တွင် သိပ်သိသာစွာ တိုးတက်ပြောင်းလဲဦးမည်မဟုတ် ဘဲတိုးတက်ပြောင်းလဲဖို့အတွက် အရှိန်ယူသည့် အခြေအနေသာ ဖြစ်နေဦးမည်ဖြစ်ပါသည်။

(Yangon Times Journal, 12-6)


EmoticonEmoticon

Comments system

Flag Counter