အမျိုးသားလွှတ်တော်ဒုဥက္ကဋ္ဌ ဦးအေးသာအောင်အားဂုဏ်ပြုကြိုဆိုပွဲပြုလုပ်

ကျောက်ဖြူ၊ ဖေဖော်ဝါရီ ၂၃
  ကျော်ဝင်း
ရခိုင်အမျိုးသားပါတီမှ ဗဟိုအလုပ်မှုဆောင် ကော်မတီဝင် ဦးအေးသာအောင် အား အမျိုးသား လွှတ်တော် ဒုဥက္ကဋ္ဌ ခန့်အပ်ခံရ၍ ၀မ်းမြောက် ဂုဏ်ပြုကြိုဆို ပွဲတစ်ခုကို ကျောက်ဖြူမြို့နယ် ကျွဲသီပြင်ကျေးရွာ တွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
၎င်းအခမ်းအနားကို ကျောက်ဖြူမြို့နယ်၊ ကလန့်တဲကျေးရွာအုပ်စု၊ ကျွဲသီပြင်ကျေးရွာတွင် ဖေဖော်ဝါရီလ(၂၃)ရက်နေ့ နံနက် ၉ နာရီခန့်က ပြုလုပ်ခဲ့သည်။
ဦးအေးသာအောင်အားဂုဏ်ပြုကြိုဆိုပွဲအခမ်းအနားတွင် ဂုဏ်ပြု ဆိုင်းဘုတ်စိုက်ထူခဲ့ကြသည့် အပြင် ဦးအေးသာအောင်၏ အမျိုးသား ရေးနှင့်ပတ်သက်ပြီး အနစ်နာခံခဲ့ပုံ တို့ကိုလည်း ဆွေးနွေး ခဲ့ကြသည်ဟု ပွဲစီစဉ်ကျင်းပသူတစ်ဦးးဖြစ်သူ ဦးလှစံ ကပြောသည်။
“ ခေတ်အဆက်ဆက်ကပင် ဖက်ဒရယ်အရေး၊ ဒီမိုကရေစီအရေး တို့ကို တောင်းဆိုလာတဲ့သူဖြစ်တယ်။ အမျိုးသားလွှတ်တော် ဒုဥက္ကဋ္ဌ ခန့်အပ်ခံရတဲ့အတွက်ကြောင့် ၀မ်းသာပီတိဖြစ်ပြီးတော့ ဂုဏ်ပြု ကြိုဆိုကြတာ ဖြစ်ပါတယ်” ဟု ဦးလှစံ ကပြောသည်။
၎င်းအခမ်းအနားတွင် တက်ရောက်လာသူများကို ထမင်းကျွေးမွေးခြင်း၊ လဘ္ဘရည်တိုက်ကျွေးခြင်း၊ စုပေါင်းဓာတ်ပုံ ရိုက်ကူခြင်းတို့ပြုလုပ်ခဲ့ကြောင်း သိရသည်။
အမျိုးသားလွှတ်တော်ဒုဥက္ကဌ ဦးအေးသာအောင်အား ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနား ပြုလုပ် ခဲ့သော်လည်း အခမ်းအနားသို့ ဦးအေးသာအောင် ကိုယ်တိုင်တက်ရောက်နိုင်ခဲ့ခြင်း မရှိကြောင်း သိရသည်။
ယင်းအခမ်းအနားသို့ လူပေါင်းတစ်ရာကျော်ခန့်တက်ရောက်ခဲ့ကြပြီး အလားတူအခမ်းအနားမျိုးကို ဖေဖော်ဝါရီလ(၂၅)ရက်နေ့တွင်လည်း ကလန့်တဲကျေးရွာတွင် ထပ်မံပြုလုပ်သွားမည်ဟုသိရသည်။



 Arakan State


EmoticonEmoticon

Comments system

Flag Counter