Ms Yang Hee Lee (ယန်ဟီးလီ) ရခိုင်ပြဿနာကို ဘယ်လိုကိုင်တွယ် ဖြေရှင်းမှာလဲ ?




လွတ်လပ်တဲ့ လူ့အခွင့်အရေးကျွမ်းကျင်သူ ပညာရှင်တစ်ယောက်အနေနဲ့ နိုင်ငံတကာ လူ့အခွင့်အရေး စံနှုန်းနဲ့ လမ်းညွှန်ချက်တွေကိုပဲ လိုက်နာ နိုင်မယ့်အကြောင်းတွေကို အမြဲတမ်း ပြောဆိုလေ့ရှိတဲ့ Ms Yang Hee Lee (ယန်ဟီးလီ) ဟာ မနက်ဖန်ဆိုရင် ရခိုင်ပြည်ကို သွားဖို့အတွက် မြန်မာနိုင်ငံကို ရောက်ရှိနေပါပြီ။
မြန်မာနိုင်ငံက လူမျိုးရေး၊ ဘာသာရေး အကြမ်းဖက်မှုတွေ ဖြစ်အောင် လှုံ့ဆော်မှုတွေသူတွေကို အရေးယူဖို့နဲ့ အမုန်းစကား ပြောမှုတွေ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှုတွေကို ခွဲခြားဖို့ လိုတယ်ဆိုပြီးပြောဆိုမှုတွေလည်း ရှိပါတယ်။ လူနည်းစုတစ်စုဟာ သူတို့ရဲ့ ကိုးကွယ်ရာ ဘာသာ၊ ပြောတဲ့စကား၊ မွေးဖွားရာဇာတိနဲ့ အမျိုးအနွယ်ဆိုင်ရာကိုလိုက်ပြီး သူတို့ဘာသာ ဘယ်လိုနာမည်နဲ့ မှည့်ခေါ်သလဲဆိုတဲ့အပေါ် ချိုးဖောက်လို့မရဘူးဆိုတာ နိုင်ငံတာ လူ့အခွင့်အရေးရဲ့ အခြေခံဖြစ်တယ်လို့ Ms Yang Hee Lee (ယန်ဟီးလီ) ရှင်းရှင်းလင်းလင်း ပြောဆိုထားတာတွေလည်း ရှိပါတယ်။
ဒါပေမယ့် Ms Yang Hee Lee (ယန်ဟီးလီ) အနေနဲ့ မြန်မာနိုင်ငံရဲ့ အစိုးရ ချမှတ်ထားတဲ့ ဥပဒေကို သေချာလိုက်နာဖို့ လိုသလို နှစ်ဖက်လူမျိုးကြားထဲ တစ်ဖက်လူမျိုးကို ဇောင်းပေးပြီး ပြောဆိုမှုတွေကို မပြောဆိုမိဖို့လည်း လိုအပ်ပါတယ်။

မြန်မာနိုင်ငံရဲ့ အစိုးတရပ်အနေနဲ့လည်း  ရခိုင်ပြည်နယ်အရေး ဖြေရှင်းဆောင်ရွက်ဖို့ ဖွံဖြိုးမှုကို အခြေခံတဲ့ ရေတိုရေရှည် နည်းလမ်းတွေကို NLD အစိုးရသစ်အနေနဲ့ ကျင့်သုံးသွားမှာဖြစ်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးက ဂျီနီဗာမှာကျင်းပနေတဲ့ (၃၂) ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ညီလာခံမှာပြောဆိုခဲ့ပါတယ်။ အဲဒီ အစည်းအဝေးမှာလည်း မြန်မာအစိုးရက သူတို့ သဘောထားကို ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ရခိုင်ပြည်မှာ ရှိနေတဲ့ ဘင်္ဂလီကုလားတွေကို ရိုဟင်ဂျာ မခေါ်ဖို့ရယ် သူတို့ကို လက်ရှိအစိုးရအနေနဲ့ မွတ်ဆလင် တွေ ခေါ်ဆိုသွားမည်ဟုလည်း ပြောဆိုခဲ့ပါပြီ။ 

သို့သော် လူ့အခွင့်အရေးကျွမ်းကျင်သူ ပညာရှင်တစ်ယောက်အနေနဲ့ကော အဲဒီလို သုံးနှုန်းခေါ်ဆို နိုင်ပါ့မလား၊ လူမျိုးနှစ်ခုကြားမှာ သင့်မြတ်အောင် ဆောင်ရွက် ပေးမယ်ဆိုရင်  Ms Yang Hee Lee (ယန်ဟီးလီ) အနေနဲ့ မြန်မာနိုင်ငံရဲ့ အစိုးရ ချမှတ်ထားတဲ့ ဥပဒေတွေ၊ နိုင်ငံတကာ စံချိန် စံညွှန်းတွေကို လိုက်နာဖို့ လိုသလို မြန်မာနိုင်ငံရေး လူမှုရေး စီးပွားရေး ပညာရေးတွေမှာလည်း ၀င်မစွပ်ဖတ်ဖို့ လိုပါတယ်။
လက်ရှိဖြစ်ပေါ်မှုတွေနဲ့ ပြောင်းလဲလာမယ့် အခြေအနေတွေဟာ မြန်မာနိုင်ငံ အစိုးရသစ် အနေနဲ့လိုအပ်သလို၊ မြန်မာနိုင်ငံ ကို ရောက်ရှိနေတဲ့ လူ့အခွင့်အရေးကျွမ်းကျင်သူ ပညာရှင်တစ်ယောက် Ms Yang Hee Lee (ယန်ဟီးလီ) အနေနဲ့လည်း လက်ရှိဖြစ်ပေါ်လာမယ့် အခြေအနေတွေကို သုံးသပ်ဖို့ လိုအပ်မယ်လို့ ထင်ပါတယ်။

တကယ်လို့သာ အခြေအနေတစ်ခုခု ဖြစ်ပေါ်ခဲ့ပါက Ms Yang Hee Lee (ယန်ဟီးလီ) အနေနဲ့ ဘယ်လို ထင်မြင်ယူဆချက်တွေပေးပြီး တစ်ဖက်စောင်း တစ်ဖက်စီနင်းခဲ့မယ်ဆိုရင် ယန်ဟီးလီ အနေနဲ့ လူမျိုး နှစ်ခုကြားက ပြဿနာကို ဖြေရှင်းပေးရာ မရောက်ပဲ အမုန်းပွား မုန်းတီးမှုတွေ ကို ဖန်တီးခဲ့သူတစ်ယောက်လို့ ကမ္ဘာ့အလယ်မှာ သမိုင်းတွင် ခဲ့မှာ သေချာပါတယ်။ 

မြန်မာနိုင်ငံသည် ကမ္ဘာ့အလယ်မှာ အကြမ်းဖက်မှု အမုန်းစကားဖြန့်ဝေမှုတွေဟာ အရေးပါတဲ့ ကဏ္ဍ တစ်ခုမှာ ပါဝင် နေတာကြောင့် ဒီလို ဖြစ်အောင် ဖန်တီမှုတွေကို အစိုးရက အရေးယူပေးဖို့ လိုပါတယ် ဗုဒ္ဒဘာသာနဲ့ မွတ်စလင် လူမှုအသိုင်း အဝန်း ( ၂) ခုအကြားမှာ ပြန်လည်သင့်မြတ်ရေးကို အမြန် ဆုံးဆောင်ရွက်ဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ်က မြန်မာအစိုးရကို တိုက်တွန်းထားပါတယ်။
တကယ့်လက်တွ့မှာတော့ မြန်မာနိုင်ငံအစိုးရရဲ့ ဥပဒေတွေ၊ နိုင်ငံရေးပေါ်လစီတွေ၊ အစိုးတစ်ခုရဲ့ ယန်းတရားတွေကို လက်ကိုင်အသုံးချနေတာက အနောက်နိုင်ငံတွေ ဖြစ်နေသလို ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ရဲ့ လွတ်လပ်တဲ့ လူ့အခွင့်အရေးကျွမ်းကျင်သူ ပညာရှင်တစ်ယောက်ဖြစ်တဲ့ Ms Yang Hee Lee (ယန်ဟီးလီ) တို့ ပါဝင်မှာ သေချာပါတယ်။

(၂၂) ရက်နေ့ ရခိုင်ပြည် ခရီးစဉ်နဲ့ ပက်သတ်ပြီး လွတ်လပ်တဲ့ လူ့အခွင့်အရေးကျွမ်းကျင်သူ ပညာရှင်တစ်ယောက်အနေနဲ့ နိုင်ငံတကာ လူ့အခွင့်အရေး စံနှုန်းနဲ့ လမ်းညွှန်ချက်တွေကိုပဲ လိုက်နာ နိုင်မယ့်အကြောင်းတွေကို အမြဲတမ်း ပြောဆိုလေ့ရှိတဲ့ Ms Yang Hee Lee (ယန်ဟီးလီ) ဟာ လူမျိုးနှစ်ခုရဲ့ ပြဿနာတွေကို ဘယ်လို ကိုင်တွယ်ဖြေရှင်းသွားမလဲ ဆိုတာ စောင့်ကြည့်လေ့လာဖို့လိုသလို မြန်မာနိုင်ငံ အစိုးရသစ်အနေနဲ့လည်း သဘောထားအမှန်ကို ထုတ်ဖော်ပြသဖို့လည်း လိုအပ်ပါတယ်။ တကယ်လို့သာ ပြဿနာကို ဖြေရှင်ရာ မရောက်ပဲ ပြဿနာ ဖြစ်အောင် ဖန်တီးခဲ့မယ်ဆိုရင် ကမ္ဘာ့လူအခွင့်အရေးကို အမြဲတမ်းပြောလေ့ရှိတဲ့ ပညာရှင် Ms Yang Hee Lee (ယန်ဟီးလီ) အနေနဲ့ ဘယ်တော့မှ သူပြောခဲ့သည့် စကားအတိုင်း ဖြစ်မလာဘူးဆိုတာ သက်သေပြသရာ ရောက်သွားနိုင်ပါကြောင့် သုံးသပ်တင်ပြမိပါတယ်။



ရခိုင်ကြယ်စင်

Comments system

Flag Counter