ဒေါက်တာ အေးမောင်၏ မဟာဗျူဟာမြောက် ပါတီသိမ်းတိုက်ပွဲ



(14-3-2016)

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီနှင့် ဖယ်ဒရယ်ပြည်ထောင်စု အကူးအပြောင်းကာလ ပြည်နယ်ပါတီ တစ်ခု ဖြစ်တဲ့ ရခိုင်အမျိုးသားပါတီ(ANP) မှာတော့ ကြေငြာချက်တွေ ကိုယ်စီ ထွက်လာပြီးနောက်ပိုင်း (၁/၂၀၁၆) နှင့် (၂/၂၀၁၆) ကြေငြာချက်ကို ကန့်ကွက်ခဲ့ကြသည့် ခေါင်းဆောင် (၆) ဦးကို ထုတ်ပယ်လိုက်ပါတယ်။ 

အဆိုပါ ခေါင်းဆောင် (၆)ဦးမှာ ဦးမျိုးကျော်၊ ဦးကျော်မြင့်၊ ဦးလှမြင့်၊ ဦးထွန်းရွှေသိန်း၊ ဦးမျိုးဆွေနှင့် ဦးသန်းနိုင်မြင့် တို့ ဖြစ်ကြသည်။ ဒီခေါင်းဆောင် (၆)ဦးမှာ ယခင်က ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD)ပါတီက ဖြစ်ပြီး၊ (၂၀၁၅) ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ကိုယ်စွမ်း၊ ဥာဏ်စွမ်း ရှိသလောက် ကြိုးစားကြသူများလို့ သိရပါတယ်။ ပါတီရဲ့ ချမှတ်ထားတဲ့  စည်းကမ်းစည်းမျဉ်းချက်တွေနှင့် အညီ ရခိုင်အမျိုးသားတိုးတက်ရေးပါတီ(RNDP)နှင့် ၂၀၁၃ ဇွန်လ ၁၇ ရက်နေ့တွင် ရခိုင်လူမျိုးတို့၏ တောင်းဆိုမှုကြောင့် တစ်ပေါင်းတည်း၊ ပါတီတစ်ခုတည်း အဖြစ် ရပ်တည်ပြီး ရခိုင်အမျိုးသားပါတီ(ANP) ကို ထူထောင်နိုင်ခဲ့သည်။

၁။ ရခိုင်အမျိုးသားပါတီ(ANP)သည် (၁/၂၀၁၆) ကြေငြာချက်ဖြင့် ရခိုင်ပြည်နယ် ၀န်ကြီးချုပ်နေရာရရှိရေးနှင့် ပြည်နယ် အစိုးရမဖွဲ့နိုင် ပါက မည်သည့် အစိုးသစ်ကို မဆို အတိုက်ခံပါတီအဖြစ် ရပ်တည်သွားမည်ဟု ကြေငြာချက်တစ်စောင် ထွက်ပေါ်လာပြီး၊ ပါတီကိုယ်စားလှယ် ခေါင်းဆောင် CEC အားလုံးကို အသိမပေးဘဲ ရခိုင်အမျိုးသားတိုးတက်ရေးပါတီ (RNDP) ဒေါက်တာအေးမောင်တို့ အုပ်စုက မိမိတို့ သဘောဖြင့် ထုတ်ပြန်ခဲ့တယ်။ ကြေငြာချက်အပေါ် ရခိုင်ဒီမိုကရေအဖွဲ့ချုပ်(ALD) ပါတီရဲ့ ခေါင်းဆောင် တော်တော်များများက ကန့်ကွက်ခဲ့ပြီး၊ ရခိုင်အမျိုးသားပါတီအတွင်း ရိုက်ခက်မှုတွေဖြစ်ပေါ်လာပါတယ်။

၂။ (၂/၂၀၁၆) ဖြင့် နောက်ထပ် ကြေငြာချက် တစ်စောင် ထုတ်ပြန်ခဲ့သည်။ ကြေငြာချက်တွင် ရခိုင်အမျိုးသားပါတီ(ANP) အနေနှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA)နှင့် မဟာမိတ်အဖြစ်က ရပ်စဲပြီး ညီနောင် တိုင်းရင်းသားများ ဖက်ဒရေးရှင်း (NBF)နှင့် လက်တွဲသွားမယ် ဆိုပြီး ကြေညာချက် ထုတ်ပြန်ခဲ့သည်။ (UNA)ကို ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD)ပါတီမှ မဟာမိတ်တာဝန် ယူထားပြီး၊ (NBF)ကို ရခိုင်အမျိုးသားတိုးတက်ရေးပါတီ(RNDP)မှ မဟာမိတ် တာဝန် ယူထားသည်။ (ALD)ပါတီနှင့် မဟာမိတ်ဖြစ်တဲ့ (UNA)ကို မဟာမိတ်အဖြစ်ရပ်စဲခြင်းနှင့် ပတ်သက်ပြီး၊ ရခိုင်အမျိုးသားပါတီအတွင်း အမြင်မတူမှုတွေ၊ သဘောထား ကွဲလွဲမှုတွေ၊ ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်မှုတွေ ဖြစ်ပေါ်နေမှုကို တွေ့ရပါတယ်။

၃။ အခုတော့ အားလုံးသဘောပေါက်သွားပါပြီ။
ရခိုင်အမျိုးသားပါတီအတွင်း လက်ရှိဖြစ်နေသော သဘောထားကွဲလွဲမှု ပြဿနာတွေဟာ ဥက္ကဌ နေရာကို ယူထားတဲ့ ဒေါက်တာအေးမောင်ကြောင့် ဖြစ်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူများက ယူဆပါတယ်။ ဒေါက်တာအေးမောင် အနေဖြင့်(၂၀၁၅) ရွေးကောက်ပွဲတွင် မာန်အောင် မဲဆန္ဒနယ်၊ ပြည်နယ်လွှတ်တော်နေရာ ၀င်ရောက် ယှဉ်ပြိုင်ပြီး၊ ပါတီသဘောမပါဘဲ မိမိသဘောဖြင့် စိတ်ကြိုက်ဆုံးဖြတ်ခဲ့တယ်လို့ ပါတီတွင်း ခေါင်းဆောင်တစ်ချို့က ပြောကြားချက်တွေ လည်းရှိပါတယ်။ ရွေးကောက်ပွဲ မဲအနိုင်ရရင် ရခိုင်ပြည်နယ် ၀န်ကြီးချုပ် နေရာကို ပစ်မှတ်ထားတယ်။ ရွေးကောက်ပွဲ မဲအနိုင်မရခဲ့သောကြောင့် ပါတီကို ရိုက်ခက်လာတယ်။ ဦးအေးသာအောင်နှင့်(ALD) ပါတီ အဖွဲ့ဝင်တွေ ကို ရိုက်ခက်လာတယ်။ ပုံစံအမျိုးမျိုး ပြောင်း၊ တိုက်ကွက် အမျိုးမျိုး ပြောင်းလာတယ်။ အမျိုးသားလွှတ်တော် ဒုဥက္ကဌ နေရာကို ယူထားသော ဦးအေးသာအောင် ကို ပစ်မှတ်ထား တိုက်ခိုက်လာတယ်။ ဦးအေးသာအောင်ကို တိုက်ခိုက်ရေး မအောင်မြင်မှုကြောင့် (UNA) နှင့် မဟာမိတ် ရပ်စဲလိုက်ပြီး၊ ပါတီကိုယ်စားလှယ် ခေါင်းဆောင်(၆)ဦး ကို ထုတ်ပယ်လိုက်တယ်။ ဒေါက်တာအေးမောင် အနေနှင့် ရခိုင်ပြည်နယ် အစိုးရ မဖွဲ့စည်းနိုင်ရင် ဘယ်လို တိုက်ကွက်၊ ဘယ်လိုအတိုက်ခံမျိုး ရပ်တည်သွားမှာလည်းဆိုတာ ရခိုင်ပြည်သူ၊ ပြည်သားများ၊ နိုင်ငံရေးလေ့လာသုံးသပ်သူများ၊ ပါတီတွင်း ခေါင်းဆောင်များ စောင့်ကြည့်လေ့လာဖို့ လိုလာမယ်လို့ ထင်ပါတယ်။ 

သေချာတာကတော့ (NLD)ပါတီက ဦးညီပု ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဖြစ်နိုင်ချေရှိသွားပါပြီ၊ ဒေါက်တာအေးမောင်ရဲ့ နိုင်ငံရေး သိပ္ပံနည်းကျ သီအိုရီများ၊ ကျည်ဆံ တစ်တောင့်မှ မသုံးပဲ ပြည်သိမ်း တိုက်ပွဲ၊ ပါလီမန် ကို ထိန်းချုပ်တဲ့ တိုက်ကွက်တွေ၊ (ALD) အုပ်စုကို ထုတ်ပယ်ပြီး မဟာဗျူဟာမြောက် ပါတီသိမ်း တိုက်ပွဲအောင်မြင်မှုရပြီး၊ ဒေါက်တာအေးမောင် အနေနှင့် အမျိုးသားရေးကို စွမ်းစွမ်းတမံ ဆောင်ရွက်ရေး၊ ပြည်နယ်ကိုယ်ပိုင် ပြဌာန်းခွင့် ရရှိရေး၊ ဖယ်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေး၊ ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးနှင့် အမျိုးသားညီညွတ်ရေးကို ဖော်ဆောင်ပေးရေး၊ ရခိုင်ပြည်နယ် လူမျိုးတို့၏ တစ်စုတည်း၊ တစ်ပေါင်းတည်း၊ စည်းစည်းရုံးရုံးလက်တွဲပြီး၊ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုဘ၀ တိုးတက်မြင့်မားအောင် စွမ်းစွမ်းတမံ ဆောင်ရွက်နေမှုတွေကို သဘောပေါက် နားလည်သွားပါပြီဆိုတဲ့ အကြောင်းကို တင်ပြရင်း။





ရခိုင်ကြယ်စင်



EmoticonEmoticon

Comments system

Flag Counter