မဟတ္တမ ဂန္ဒီ၊ နယ်လ်ဆင် မင်ဒဲလား (သို့မဟုတ်) ရခိုင့်ဝါရင့် နိုင်ငံရေးခေါင်းဆောင်ကြီး အမျိုးသား လွှတ်တော် ဦးအေးသာအောင်



(18 - 3 - 2016)

မြန်မာနိုင်ငံရဲ့ ရွှေရည်စိမ် ပြည်ထောင်စု စိတ်ဓာတ်၊ ဒီမိုကရေစီ နှင့် ဖယ်ဒရယ် ကူးပြောင်းပေးဖို့ ဆယ်စုနှစ်များစွာ တိုင်အောင် တိုက်ပွဲ ၀င်ခဲ့ကြပြီး နိုင်ငံရေးကို တက်တက်ကြွကြွ နဲ့ လုပ်ဆောင်ခဲ့တဲ့ ခေါင်းဆောင်ကောင်းတွေကို ယခင်အုပ်ချုပ်ခဲ့တဲ့ စစ်အစိုးရတွေ လက်ထက်က အမျိုးမျိုး ပုဒ်မတွေ တက် ဖမ်းဆီးထောင်ချ ခဲ့ကြတယ်။ အဲဒီ အထဲမှာ တိုင်းရင်းသားတွေ တော်တော်များများ ဖမ်းဆီးခံခဲ့ရပြီး၊ အသက်ပေါင်း များစွာလည်း ပေးဆပ်ခဲ့ရပါတယ်။ ဒါပေမယ့် ဒီမိုကရေစီ ရေးနှင့် ဖယ်ဒရယ်   ပြည်ထောင်စု  ပေါ်ထွန်းရေးအတွက် ကြိုးစားပြီး၊ တန်းတူရေး၊ လွတ်လပ်ရေးနှင့် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ကို အသိအမှတ်ပြုပြီး လူမျိုးစု ပြဿနာကို ဖြေရှင်းကာ အမျိုးသား ညီညွတ်ရေးကို တည်ဆောက်ရာတွင် ကိုယ်တိုင် အာဏာရခဲ့တဲ့ ကမ္ဘာ့ သမိုင်းထဲ  က  ခေါင်းဆောင် နှစ်ယောက် နှင့် အတူ ရခိုင့်နိုင်ငံရေး ၀ါရင့် ခေါင်းဆောင်ကြီး အကြောင်း တစေ့ တစောင်း ဆိုပြီးဖော်ပြပေးလိုက်ပါတယ်။
၁။ (အိန္ဒိယ နိုင်ငံရဲ့ လွတ်လပ်ရေး ဖခင်ကြီး - မဟတ္တမ ဂန္ဒီ )
အိန္ဒိယ နိုင်ငံရဲ့ နိုင်ငံ့ ခေါင်းဆောင်လို့ ကမ္ဘာမှာ ထင်ပေါ်ကျော်ကြားခဲ့တဲ့ ဂန္ဒီ ဟာ ဗြိတိသျှလက်အောက်က အိန္ဒိယနိုင်ငံ လွတ်လပ်ရေးရဖို့၊ ဆင်းရဲ နွမ်းပါတဲ့ ပြည်သူတွေ အခွင့်အရေးအတွက် တိုက်ပွဲဝင်ရာမှာ စွမ်းရည် အင်မတန် ထက်မြက်သူ တစ်ဦးဖြစ်ပါတယ်။ ဂန္ဒီဟာ ဗြိတိသျှတွေ ဖမ်းဆီး တာ အကြိမ်ကြိမ်ခံရပြီး၊ သူမလွတ်မြောက်ခင်မှာ သူဇနီးဖြစ်သူဟာ အကျဉ်းထောင်ထဲမှာ သေဆုံးခဲ့ရတယ်။
သူ့ရဲ့ လွတ်လပ်ရေးတိုက်ပွဲဟာ နောက်ဆုံးမှာအောင်မြင်ခဲ့ပေမယ့် အိန္ဒိယနိုင်ငံကို တစုတည်း၊ တပေါင်းတည်း ဖြစ်ရေးဆိုတဲ့ သူရဲ့မျှော်လင်းချက်တွေ ဝေးခဲ့ရပါတယ်။ ဟိန္ဒူ နဲ့ မွတ်ဆလင် ဘာသာရေး ကွဲပြားမှုတွေကြောင့် အိန္ဒိယနိုင်ငံနှင့် ပါကစ္စတန် နှစ်နိုင်ငံ ကွဲခဲ့ရပါတယ်။ ဘာသာရေးမတူ ကွဲလွဲမှုတွေကြောင့် အပြန်အလှန် သတ်ပြတ်မှုတွေ ဖြစ်ပေါ်ခဲ့တယ်။ လူ(၁၀)သန်းလောက်ဟာ နေရာအပြောင်းအရွှေ့တွေ  လုပ်ခဲ့ရပါတယ်။ နောက်ပိုင်း အိန္ဒိယ နိုင်ငံမှာ ကျန်ရစ်တဲ့ မွတ်ဆလင်တွေရဲ့ အခွင့်အရေးတွေကို ကာကွယ်ပေးခဲ့တာကြောင့် ဂန္ဒီအပေါ် မကျေနပ်သူတွေ ရှိလာပါတယ်။ အိန္ဒိယနိုင်ငံ လွတ်လပ်ရေး ရပြီး များမကြာမီ ဟိန္ဒူအစွန်း ရောက်တစ်ဦး က လုပ်ကြံ ပစ်ခက် မှုကြောင်း  မဟတ္တမ ဂန္ဒီ သေဆုံးခဲ့ရတယ်။ 
၂။ (တောင်အဖရိကနိုင်ငံ့ ဖခင်ကြီး - နယ်လ်ဆင် မင်ဒဲလား)
တောင်အဖရိက ရဲ့ ပထမဆုံး လူမည်း သမ္မတ နယ်လ်ဆင် မင်ဒဲလားဟာ ငယ်စဉ်ကျောင်းသားဘ၀မှာ ကတည်းက လုံးလ၀ိရိယရှိရှိ  ကြိုးစားသူတစ်ဦး (၁၉၄၀)ခုနှစ်မှာ နိုင်ငံရေး အပြောင်းအလဲ ဖြစ်ဖို့လှုပ်ရှားခဲ့တဲ့   အတွက် တက္ကသိုလ်က အထုတ်ခံလိုက်ရပါတယ်။ လူမျိုးနွယ်စု အလိုက် နိုင်ငံရေး၊ လူမှုရေး၊ အခွင့်အရေးတွေ ကို တခြားစီခွဲခြားထားပြီး လူဖြူတွေသာ မဲပေးနိုင်ခွင့်ရှိတဲ့ တောင်အာဖရိကရဲ့ လူမျိုးရေးခွဲခြားတဲ့ နိုင်ငံရေးစနစ်ကို ဆန့်ကျင်ပြီး မြေအောက်တော်လှန်ရေး ကာလအတွင်းမှာ တောင်အဖရိကအမျိုးသာကွန်ဂရက် ကို နယ်လ်ဆင် မင်ဒဲလား က ဦးဆောင်ခဲ့ပါတယ်။ (၁၉၅၆)ခုနှစ်မှာ နိုင်ငံတော်ကို  သစ္စာဖောက်မှုနဲ့ စွဲချက်တင် အဖမ်းခံပြီး၊ (၅)နှစ်ကြာ အမှုကို ကြားနာစစ်ဆေးခဲ့ပြီးနောက် သူ့ကို တရားသေ လွှတ်ပေးလိုက်ပါတယ်။ (၁၉၆၄)ခုနှစ်မှာ အဖျက်လုပ်ငန်း လုပ်ဆောင်တယ် ဆိုပြီး၊ စွပ်စွဲကာ ထောင်တစ်သက် တကျွန်း ချမှတ်ခံခဲ့ရပါတယ်။ တောင်အာဖရိကရဲ့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ရော်ဘင်ကျွန်းမှာ (၁၈)နှစ် အပါအ၀င် အကျဉ်းထောင်ထဲမှာ ၂၇ နှစ်ကြာ နေထိုင်ခဲ့ရပါတယ်။ (၁၉၉၀)ခုနှစ်မှာ တော့ နယ်လ်ဆင် မင်ဒဲလားဟာ ထောင်ကလွတ်မြောက်ခဲ့ပြီး နိုဘယ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ပေးအပ် ခံရပြီး (၁၉၉၄) ခုနှစ် မှာ တောင်အဖရိက ရဲ့ ပထမဆုံး လူမည်း သမ္မတ ဖြစ်လာခဲ့ပါတယ်။အမျိုးသား ပြန်လည် သင့်မြတ်ရေးကို ထောက်ခံအားပေးခဲ့တဲ့ အတွက် နိုင်ငံတကာရဲ့ လေးစားမှုကို ရရှိခဲ့ပါတယ်။  (၁၉၉၉)ခုနှစ်မှာတော့ နယ်လ်ဆင် မင်ဒဲလား ဟာ သမ္မတ ရာထူးက ဆင်းပေးခဲ့ပြီး နိုင်ငံရေးမှ အနားယူကာ(၂၀၁၃) ခုနှစ်မှာ (၉၅)နှစ် အရွယ်တွင် ကွယ်လွန်ခဲ့ပါတယ်။
၃။ ဦးအေးသာအောင် ( ရခိုင့်ဂုဏ်ကို ပုံဖော်ခဲ့သူ - ရခိုင်ဝါရင့် နိုင်ငံရေး ခေါင်းဆောင်ကြီး)
မြန်မာနိုင်ငံကို ဆယ်စုနှစ်များစွာတိုင်အောင် စစ်အာဏာ၊ စစ်အစိုးရ၊ စစ်အမိန့်နှင့် အုပ်ချုပ်ခဲ့သည်။ ထိုစဉ် မြန်မာနိုင်ငံရှိ လူမျိုးတိုင်း၊ တိုင်းရင်းသားတိုင်း စစ်အစိုးရကို ဆန္ဒပြမှုတွေ၊ အစိုးရရဲ့ လုပ်ရက်တွေကို ဆန့်ကျင် မှုတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။

ဦးအေးသာအောင်လို့ လူသိများလာပုံ 
 (၁၉၇၀) ကတည်းက ရခိုင်နိုင်ငံရေးနှင့် မြန်မာနိုင်ငံရေး နယ်ပယ်ထဲကို ၀င်ရောက်လာခဲ့ပြီး၊ (၈၈၈၈)လေးလုံး အရေးတော်ပုံကြီးတွင် ရခိုင်အမျိုးသားသမဂ္ဂ ဖွဲ့စည်းကာ ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့ကြသည်မှာ တက်တက်ကြွကြွ ပါဝင်လာခဲ့သည်။ ထိုအရေးတော်ပုံကြီးသည် စစ်အာဏာရှင်တို့က ရက်ရက်စက်စက်ဖြိုခွဲကာ စစ်တပ်မှ အာဏာသိမ်းခြင်းကိုခံခဲ့ရသည်။ စစ်အာဏာရှင်တို့သည် လူထု၏ တောင်းဆိုမှုဖြစ်သော ပါတီစုံတည် ထောင်ရန်အတွက် ခွင့်ပြုပေးခဲ့ရသည်။ ဤသို့ဖြင့် ရခိုင်ပြည်နယ် ရခိုင်ပြည်သူ ပြည်သားများကို ကိုယ်စားပြုသည့် နိုင်ငံရေးပါတီတစ်ရပ်ကို ထူထောင်ရန် ဆွေးနွေး အတည်ပြုခဲ့ကြည်။ ထို့ကြောင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်  ဟူ၍ ပေါ်ထွက်လာသည်။ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် တွင် ဦးအေးသာအောင်သည် ဗဟို ဦးစီးအဖွဲ့ဝင်အဖြစ်ပါဝင်ခဲ့သည်။ ထို့နောက် အတွင်းရေးမှူး နေရာမှ ဥက္ကဌ နေရာအထိ တာဝန်ယူခဲ့ပြီး၊ (၂၀၁၃)ခုနှစ်မှာ ရခိုင်အမျိုးသားအကျိုးစီးပွားအတွက် ရခိုင်အင်အားကြီး ပါတီနှစ်ခုကို ပေါင်းစည်းပြီး ရခိုင်အမျိုးသားပါတီ(ANP) ကို ထူထောင်ခဲ့သည်။ ရခိုင်အမျိုးသားပါတီ(ANP) တွင် ဗဟို အလုပ်အမှုဆောင် ဖြစ်ပြီး၊ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ (UNA)တွင် သမာပတိ အဖွဲ့ဝင် တစ်ဦးလည်း ဖြစ်သည်။ (၂၀၁၅) ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ် အမျိုးသားလွှတ်တော် အမှတ်(၆) မဲဆန္ဒနယ် နေရာမှာ ၀င်ရောက်ယှဉ်ပြိုင်ပြီး၊ မြန်မာနိုင်ငံရဲ့ အမျိုးသားလွှတ်တော် ဒုဥက္ကဌနေရာကို ရရှိခဲ့ပြီးဖြစ်သည်။ ရခိုင်လူမျိုးတို့၏ အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို ထိန်းသိမ်းခဲ့သော ရခိုင့်ဝါရင့် နိုင်ငံရေး ခေါင်းဆောင်ကြီး အမျိုးသား လွှတ်တော် ဦးအေးသာအောင် ဟု ဆိုရပေလိမ့်မည်။ 
၎။ စားရေးသူရဲ့ နိဂုံးစကား
ကမ္ဘာပေါ်ရှိ လူသားတိုင်း လူသားတိုင်းသည် လူ့အခွင့်အရေး၊ ဒီမိုကရေစီအခွင့်အရေး၊ လူမျိုး အလိုက်ဂုဏ်သိက္ခာရှိရှိနှင့် တန်းတူရည်တူ အခွင့်အရေးများရှိသော လူ့အဖွဲ့ အစည်းသစ်ကို လိုလား ဖန်တီးချင်ကြလိမ့်မည် (နေထိုင် ကျင့်သုံးချင်ကြ လိမ့်မည်)။ ထိုအတူ ရခိုင် လူမျိုးတို့သည်လည်း ဖယ်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေး ၊ ဒီမိုကရေစီရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် အမျိုးသားနိုင်ငံထူထောင်ခွင့် လူ့အဖွဲ့ အစည်းသစ်ကို လိုလားတောင့်တ ကြပါသည်။ ဤသည်မှာ လူသားတိုင်း ဆန္ဒဖြစ်ပါသည်။
 ထို့ကြောင်း ရခိုင်လူမျိုးတွေအတွက် သမိုင်းသစ် တစ်ခုကို ဖော်ဆောင်ခဲ့သူမှာ ရခိုင့်ဝါရင့် နိုင်ငံရေး ခေါင်းဆောင်ကြီး ဦးအေးသာအောင်ဖြစ်သည်။ သူသည် ရခိုင်တို့၏ မဟတ္တမ ဂန္ဒီ၊  သူသည် ရခိုင်တို့၏ နယ်လ်ဆင် မင်ဒဲလား (သို့မဟုတ်) ရခိုင့်ဝါရင့် နိုင်ငံရေးခေါင်းဆောင်ကြီး မြန်မာနိုင်ငံရဲ့အမျိုးသားလွှတ်တော် ဒုဥက္ကဌ ဦးအေးသာအောင် ဆိုပြီး ရေးသားဖော်ပြလိုက်ပါတယ်။

စာဖတ်ပရိတ်သတ်များအား ကျေးဇူးတင်ပါကြောင့်။
ရခိုင်ကြယ်စင်




EmoticonEmoticon

Comments system

Flag Counter