တော်လှန်နေ့ အလွန်....

2016-03-27

‘‘ရဲဘော်တို့...အကျယ်ချဲ့ပြီး ရှည်ရှည်မပြောချင်ဘူး။ အခုစစ် မြေပြင်ကို ထွက်ရမယ်။ ဆင်းရဲ မယ်။ ငတ်မယ်။ အခက်အခဲတွေ နဲ့ ရင်ဆိုင်ရမယ်။ ဗမာပီပီ ဗမာ့ သွေးကိုပြပါ။ အထက်ဗိုလ်များရဲ့ အမိန့်ကို နာခံကြပါ။ အထက်ဗိုလ်တွေကလည်းသာ တူညီမျှ ရဲဘော်စိတ်ထားပါ။ ရဲဘော်တို့ကို ကတိ ပေးထားတဲ့အတိုင်း ကျုပ်ကိုယ် တိုင်ရဲဘော်တို့နဲ့ အတူချီတက် မယ်။ ဗမာ့ရန်သူကို ချေမှုန်းကြ။ အနီးကပ်ဆုံးရန်သူကို ရှာပြီးတိုက် ကြ။ ဒါပဲ’’
ဗိုလ်ချုပ်အောင်ဆန်းပြော ကြားခဲ့သမျှ မိန့်ခွန်းပေါင်းများစွာ ထဲက အတိုဆုံးနဲ့ အထိရောက်ဆုံး မိန့်ခွန်းလို့ ဆိုရမယ့် ဖက်ဆစ်ဂျပန်ကို တော်လှန်ဖို့ သွယ်ဝိုက်ပြော ကြားလိုက်တဲ့ တပ်ထွက်မိန့်ခွန်း ဖြစ်ပါတယ်။
နယ်ချဲ့အင်္ဂလိပ်က မြန်မာ ကို ၁၈၂၄၊ ၁၈၅၂၊ ၁၈၈၅ ခုနှစ် များမှာ အကြောင်းပြချက်မျိုးစုံသုံး ပြီး ကျူးကျော်စစ်ပွဲသုံးကြိမ်ဆင် နွှဲခဲ့ပါတယ်။ အဲဒီစစ်ပွဲသုံးကြိမ်နဲ့ အတူ မြန်မာတစ်နိုင်ငံလုံးကို သူ့ ကျွန်ဘ၀သွတ်သွင်းခဲ့ပါတယ်။
ကျူးကျော်စစ်သုံးကြိမ်စလုံး မှာ မြန်မာတို့ဟာ နယ်ချဲ့အင်္ဂလိပ် ကို ရရာလက်နက်စွဲကိုင် တော် လှန်ခဲ့ကြပါတယ်။ သို့သော် နယ် ချဲ့အင်္ဂလိပ်ကို မြန်မာ့မြေပေါ်က မောင်းထုတ်နိုင်လောက်အောင် အထိ တော်လှန်မှုများက အထမ မြောက်ခဲ့ကြပါဘူး။
အဲဒီကနေ နှစ်ပေါင်း ၅၆ နှစ် အကြာ ၁၉၄၁ ဒီဇင်ဘာ ၂၆ ရက် မှာ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင် တဲ့ ဗမာ့လွတ်လပ်ရေးတပ်မတော် (ဘီအိုင်အေ)ကို ထိုင်းနိုင်ငံ ဘန် ကောက်မြို့မှာ ဖွဲ့စည်းတည် ထောင်ခဲ့ပြီး ဖက်ဆစ်ဂျပန်တို့ရဲ့ အကူအညီနဲ့ နယ်ချဲ့ကို မြန်မာ့မြေ ပေါ်ကနေ အပြီးတိုင်တွန်းလှန်နိုင် ခဲ့ကြပါတယ်။
နယ်ချဲ့ကိုတွန်းလှန်ပြီးလို့မှ မကြာလိုက်ပါဘူး။ ဖက်ဆစ်ဂျပန် တို့ရဲ့ ကောက်ကျစ်တဲ့အကြံတွေ ကို သိမြင်လာခဲ့ရာကနေ တော် လှန်ဖို့ ထပ်မံကြိုးပမ်းကြရပါ တယ်။ ဖက်ဆစ်ဂျပန်ကို တော် လှန်ဖို့အတွက် ဗမာ့တပ်မတော်၊ ပြည်သူ့အရေးတော်ပုံပါတီ (ဆို ရှယ်လစ်ပါတီ)နဲ့ ကွန်မြူနစ်ပါတီ တို့ ပူးပေါင်းပြီး ၁၉၄၄ သြဂုတ်လ မှာ ဖတပလ (ဖက်ဆစ်တိုက်ဖျက် ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ ချုပ်)ကို ရန်ကုန်မှာ လျှို့ဝှက်ဖွဲ့ စည်းလိုက်ပါတယ်။
ဖက်ဆစ်ဂျပန်ကို တော်လှန် ဖို့ ကနဦးသတ်မှတ်ထားခဲ့တဲ့ ရက် က ၁၉၄၅ ဧပြီလ ၄ ရက်ဖြစ်ပေ မယ့် ဖြစ်ပေါ်လာတဲ့ အခြေအနေ ပေါ် မူတည်ကာ ဗိုလ်မှူးဗထူးခေါင်း ဆောင်တဲ့ အထက်မြန်မာပြည် ဗမာ့တပ်မတော်က ဗိုလ်ချုပ် အောင်ဆန်းထံ အခြေအနေကို အစီရင်ခံပြီး မတ်လ ၈ ရက်မှာ ဂျပန်ကို စစ်ကြေညာပြီးစတင် တော်လှန်ခဲ့ပါတယ်။
အဲဒီလို ဖက်ဆစ်ဂျပန်ကို အတိအလင်းစစ်ကြေညာတော် လှန်ခဲ့တဲ့နေ့အလွန် ကိုးရက် မြောက်နေ့ဖြစ်တဲ့ မတ်လ ၁၇ ရက်မှာတော့ ဗိုလ်ချုပ်အောင်ဆန်းဟာ ရန်ကုန်မြို့   ရွှေတိဂုံဘုရားအ နောက်မြောက်ဘက်ရှိ တော်လှန် ရေးပန်းခြံနေရာမှာ အထက်မှာ ဖော်ပြခဲ့တဲ့ တပ်ထွက်မိန့်ခွန်းကို ပြောကြားခဲ့ပါတယ်။
၁၉၄၅ မတ်လ ၂၇ ရက်ဟာ ဖက်ဆစ်ဂျပန်ကို မြန်မာ့မြေပေါ် ကနေ အပြီးတိုင်မောင်းထုတ်တွန်း လှန်နိုင်ဖို့ စတင်တော်လှန်ခဲ့တဲ့ သမိုင်းဝင်နေ့ရက် ဖြစ်ပါတယ်။ ဖက်ဆစ်ဂျပန်ကို တစ်နိုင်ငံလုံးအ တိုင်းအတာနဲ့ စုပေါင်းတော်လှန် ခဲ့တဲ့နေ့ဖြစ်တာကြောင့် တော်လှန်ရေးနေ့အဖြစ် သမိုင်းမှတ်တမ်း တင်ခဲ့ကြပါတယ်။ အခုဆိုရင် ၇၁ နှစ်တိုင်တိုင်ရှိခဲ့ပါပြီ။
အဲဒီသမိုင်းဝင်တော်လှန်ရေးနေ့အလွန် နောက်ပိုင်းနှစ်ကာလ များမှာလည်း မြန်မာ့မြေပေါ်မှာ ပြည်သူလူထုရဲ့ တော်လှန်မှုနေ့ ရက်တွေဟာ ဆက်လက်တည်ရှိ ခဲ့ပါတယ်။ အဲဒီနေ့တွေကတော့ ရဟန်း ရှင်လူ၊ ပြည်သူအပေါင်း က အာဏာရှင်စနစ်ကို တွန်းလှန် ခဲ့ကြတဲ့ နေ့ရက်များပဲ ဖြစ်ပါ တယ်။
အဲဒီထဲက ၁၉၆၂ ဇူလိုင် ၇ ရက်မှာ ပေါ်ပေါက်ခဲ့တဲ့ သမိုင်းဝင်ဆဲဗင်းဂျူလိုင်၊ ၁၉၈၈ သြဂုတ် ၈ ရက်မှာ ပေါ်ပေါက်ခဲ့တဲ့ ရှစ်လေး လုံးအရေးတော်ပုံ၊ ၂၀၀၇ စက်တင်ဘာ ၂၇ ရက်မှာ ပေါ်ပေါက်ခဲ့တဲ့ ရွှေဝါရောင်တော်လှန်ရေးနေ့တွေဟာ ပြည်သူလူထုက အာဏာရှင်ကို တော်လှန်ခဲ့ကြရင်း ပေါ်ပေါက်လာခဲ့တဲ့ ထင်ရှားတဲ့ နေ့ရက်များပဲ ဖြစ်ပါတယ်။
ထိုကာလများအလွန် ဒီမိုက ရေစီစနစ်ကို အခြေခံတဲ့ သမ္မတ ဦးသိန်းစိန်အရပ်သားအစိုးရလက်ထက်မှာလည်း ထင်ရှားတဲ့ တော် လှန်မှုတစ်ခုပေါ်ထွက်ခဲ့ပါတယ်။ အဲဒီတော်လှန်မှုကတော့ လွန်ခဲ့ တဲ့ လေးလကျော်ကာလဖြစ်တဲ့ နိုဝင်ဘာ ၈ ရက်မှာ ပေါ်ပေါက်ခဲ့ တာပါ။ သမ္မတဦးသိန်းစိန်အစိုးရ တာဝန်ယူခဲ့တဲ့ ငါးနှစ်တာကာလ အတွင်းက ပြုပြင်ပြောင်းလဲမှုတွေ ကို ကျေနပ်အားရမှုမရှိကြတဲ့ ပြည် သူအများစုက မိမိတို့ရဲ့ ဘယ် ဘက်လက်သန်းများနဲ့ တော်လှန် ခဲ့ကြတာ ဖြစ်ပါတယ်။
၂၀၁၅ နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲနေ့မှာ မဲပေးခွင့်ရှိသူ ပြည်သူလူထုဟာ မိမိတို့ရဲ့ ဆန္ဒတွေကို မိမိတို့ရဲ့ ဘယ်ဘက်လက်သန်းများမှာ မင်စွန်းထင်းစေပြီး ထုတ်ဖော်ခဲ့ပါတယ်။ သမ္မတဦးသိန်းစိန်အစိုးရအဖွဲ့ကို လက်သန်းတွေနဲ့ တော်လှန်ခဲ့ကြတာ ဖြစ်ပါတယ်။
မိမိတို့ကို ကိုယ်စားမပြုတဲ့ လွှတ်တော်အမတ်များကို မဲမပေး ခြင်းအားဖြင့် အစိုးရအဖွဲ့ကိုပါ ပြောင်းလဲစေခဲ့တာ ဖြစ်ပါတယ်။ ဗိုလ်ချုပ်ရဲ့ တပ်ထွက်မိန့်ခွန်းထဲ က စကားအတိုင်းဆိုရင် အနီးဆုံး ရန်သူကို ရှာပြီးတိုက်ခဲ့ကြတာ ဖြစ်ပါတယ်။
သန့်ရှင်းသော အစိုးရ (Clean Government) ၊ ကောင်း မွန်သော အုပ်ချုပ်မှု (Good Governance) ဖြစ်စေရမယ်လို့ ကြွေးကြော်ခဲ့တဲ့ သမ္မတဦးသိန်းစိန်အစိုးရလက်ထက်မှာ အဂတိ တရားလိုက်စားမှု၊ ခြစားမှုတွေကို ထိရောက်စွာ မနှိမ်နင်းနိုင်ခဲ့ခြင်း က ပြည်သူရဲ့ တော်လှန်မှုကို ခံခဲ့ ရတဲ့ အဓိကအကြောင်းတရားပဲ ဖြစ်ပါတယ်။
အခုဆိုရင် နှစ်ပေါင်း ၅၀ ကျော်ဝေးကွာခဲ့ရတဲ့ အရပ်သား စစ်စစ် သမ္မတကို မြန်မာပြည်သူ တွေရရှိပိုင်ဆိုင်ခဲ့ပါပြီ။ မကြာ တော့မယ့်ကာလမှာ အဲဒီအရပ် သားစစ်စစ် သမ္မတဦးဆောင်တဲ့ အစိုးရသစ်ကိုလည်း မြန်မာပြည် သူတို့ ထိတွေ့ဆက်ဆံခွင့်ရရှိ တော့မှာ ဖြစ်ပါတယ်။ အဲဒီအ တွက် အနာဂတ်နေ့ရက်တိုင်းဟာ ပြည်သူလူထုသွေးနဲ့ ချွေးနဲ့ ပင်ပန်းဆင်းရဲမှုတွေနဲ့ ပေးဆပ်ရတဲ့ တော် လှန်ရေးတွေ ဆိတ်သုဉ်းသောနေ့ ရက်များသာဖြစ်ပါစေကြောင်း ဆန္ဒပြုလိုက်ရပါတယ်။
ကိုးကား -
ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းများ။
မြန်မာ့ရက်စဉ်သမိုင်း။
တပ်မတော်သမိုင်း။




 http://www.7daydaily.com/story/61365


EmoticonEmoticon

Comments system

Flag Counter