NLD အစိုးရက စစ်တပ်ရဲ့အောက်မှာပဲ ငြိမ်းချမ်းရေးကို ဖော်ဆောင် ရမယ်ဆိုရင်တော့ တစ်တိုင်းပြည်လုံး စစ်ပြန်ဖြစ်မယ်


 (3 -4 -2016)


တိုးတက်သော ဗုဒ္ဓဘာသာလူမျိုးများ ကရင်လက်နက်ကိုင်အဖွဲ့ DKBA ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးကြီးစောဆန်းအောင်နှင့် တွေ့ဆုံခြင်း
*************************************************

ဦးသိန်းစိန်အစိုးရက TNLA, MNDAA, AA, WNO, LDU, ANC တို့ကို NCA မှာ ပါဝင်ခွင့်မပြုထားသေးဘူး။ လာမယ့်အ စိုးရသစ်ကရော ဒီအဖွဲ့တွေကို ပါဝင်ခွင့်ပြုမယ် လို့ မြင်ပါသလား။
ဘယ်လိုပဲဖြစ်ဖြစ်လေ ပြည်တွင်းငြိမ်း ချမ်းရေးကို အစစ်အမှန်လုပ်မယ်ဆိုရင် ဟို လက်နက်ကိုင်အဖွဲ့တွေ သေးသေးဖြစ်ဖြစ် ကြီးကြီးဖြစ်ဖြစ် တစ်ပြိုင် တည်း ခေါ်တွေ့ပြီး တော့ ပြောဖို့တော့ လိုတယ်လေ။ ဘယ်လိုပဲ ဖြစ်ဖြစ် တစ်တိုင်းပြည်လုံး ငြိမ်းချမ်းရေးဖော် ဆောင်လို့ရှိရင် တစ်တိုင်းပြည်လုံး မှာရှိတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေကို ဘယ်လို ပြောမလဲ တစ်ပြိုင် တည်း ခေါ်တွေ့ပြီးတော့ ဆွေးနွေးဖို့တော့ လိုအပ်တယ်။
ဟိုလူပါရမယ်၊ ဟိုလူပါလို့ မရဘူး။ အဲ လို သွားပြောမယ်ဆိုလို့ရှိရင်တော့ ဒါ စစ်မှန် တဲ့ ငြိမ်းချမ်းရေးမဖြစ်လာဘူး။ တချို့ပြည် နယ်မှာ ငြိမ်းချမ်းမယ်၊ တချို့ပြည်နယ်မှာ သေ နတ်ပေါက်မယ်။ အဲလိုဆိုရင် တစ်တိုင်းပြည် လုံး ငြိမ်းချမ်းရေးခေါင်းစဉ်နဲ့ မကိုက်ညီတော့ ဘူး။ ငါတို့ ကရင်တောင်မှ အခုတ လောပဲ၊ ပြီးခဲ့တဲ့လတောင်မှာ သေနတ်ပေါက်သေး တယ်။ တပ်မဟာ(၅)မှာ အရင်ကလည်း ငါ တို့ ကော့ကရိတ်မှာဆိုရင် ငါတို့အုပ်စုနဲ့ ပေါက် နေသေး တယ်။ ဒါကိုပြန်ကြည့်မယ်ဆိုရင် ဒါ လည်း သဘောတူညီတဲ့အတိုင်း အ ကောင် အထည် မဖော်နိုင်တာလည်း ပါတာပေါ့နော်။ ရိုးရိုးရှင်းရှင်း မလုပ် တာဖြစ်တဲ့အတွက်လည်း ဒီသေနတ်တွေပေါက်တာလည်း ပါမှာပေါ့ နော်။ ရိုးရိုးရှင်းရှင်းလုပ်မယ်ဆိုရင် ဒီသေနတ် တွေ ပေါက်စရာမရှိဘူးလေ။
တစ်တိုင်းပြည်လုံး ဖြူစင်ရိုးသားစွာနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မယ်ဆိုရင် ငါတို့ရဲ့ မြန်မာနိုင်ငံထဲမှာရှိနေတဲ့ လက်နက်ကိုင်ထား တဲ့သူတွေနဲ့ အထူး သဖြင့် လူမျိုးစုတွေနဲ့ လက် နက်ကိုင်ထားတဲ့သူတွေနဲ့ အားလုံး တွေ့ဖို့လို တယ်လို့ ပြောချင်ပါတယ်။ ဒါက ကျွန်တော့် အမြင်ပေါ့။ အဲဒါမှ လည်း ငါတို့ စစ်မှန်တဲ့ငြိမ်း ချမ်းရေးကိုရရှိမယ်။ တစ်တိုင်းပြည်လုံး ငြိမ်း ချမ်း ရေးရ မယ်ပေါ့နော်။
အခုဆိုရင် ပြန်ကြည့်ပေါ့။ ဥပမာ AA တို့ဆိုရင် လက်မခံဘူး။ မတွေ့ဘူး။ မဆွေး နွေးဘူးဆိုရင် အခုဆိုရင် ရခိုင်ပြည်မှာ သေ နတ်တွေဖောက်ပြီး အခုဆိုရင် နှစ်ဖက်သော စစ်သည်တွေ ရာနဲ့ချီပြီးသေပြီ။ တော်လှန် ရေးသမားရဲ့ဘဝက နေရာဟောင်းမှာ ရပ် တည်လို့မရရင် နေရာသစ် ရှာဖွေပြီးတော့ သူ ရပ်တည်တယ်။ အေး တော်လှန်ရေး ရိုးရိုးရှင်းရှင်း လုပ် တဲ့သူ တွေမှာ သူဟာ ပေးဆပ်ချင်စိတ်ရှိတယ်။ သူဟာ ရယူ ပိုင်ဆိုင်လိုချင် စိတ် မရှိဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ဖိနှိပ်မှုရှိရင်တော့ တော်လှန်ချင်စိတ်ရှိတယ်။ ဒါကြောင့် တန်းတူညီမျှ အခွင့်အရေးဆိုတာ တောင်းဆိုနေတယ်။
သာတူညီမျှ တစ်ပြိုင် တည်းပေါ့လေ။ ဖက်ဒရယ်ဆိုလို့ တောင်းဆို တာ ဖြစ် တယ်။ နောက် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် တောင်းဆိုနေတာ။ ဘယ်လိုပြောမလဲ နှစ်ဦး နှစ်ဖက်ပေါ့ဗျာ တွေ့ဆုံတဲ့အခါ ရိုးရိုးရှင်းရှင်း ပြောဆိုဖို့ လိုတယ် ပေါ့နော်။
လာမယ့်အစိုးရသစ်အနေနဲ့ အခု NCA မှာ လက်မှတ်မရေးထိုးရသေးဘဲ ကျန်ရှိ နေသေး တဲ့အဖွဲ့တွေကို ပါဝင်လာနိုင်အောင် ဆောင် ရွက်နိုင် လိမ့်မယ်လို့ ဗိုလ်မှူးကြီးအနေနဲ့ ယုံ ကြည်ပါသလား။
ယုံကြည် တယ်။ ငါတစ်ယောက်တည်း ယုံကြည်တာမဟုတ်ဘူး၊ ပြည်သူတွေ ကလည်း အများကြီးမျှော်လင့်တယ်။ လက်ရှိ ဗမာပြည် လွတ်လပ်ရေးရပြီး နောက်ပိုင်းမှာ ပြည်သူရွေး ချယ်တဲ့ အရပ်သားအစိုးရဆိုလို့ ဒီတစ်ခါပဲ ရှိဖူးတယ်ဆိုလို့ ပြည်သူ့အသံတွေ ကြားနေ ရတယ်။
တိုင်းရင်းသားညီအစ်ကိုတွေရဲ့အသံ တွေ ကြားနေရတယ်။ ဒါပေမဲ့ အဲဒီလို တော့ မျှော်လင့်တယ်ပေါ့။ ဘယ်လိုပြောမလဲ အပြည့် အဝယုံကြည်တယ်လို့ ပြောမယ်ဆိုရင်လည်း မရဘူးလေ။ ဒါက သူ့ရဲ့ လုပ်ရည်ကိုင်ရည် သက်သေ ဘယ်လောက် အပြည့်ပြနိုင်မလဲ။
ရွေးကောက်ပွဲကာလမှာလို သူတို့ စည်း ရုံးရေးဆင်းတာ ရှိတယ်။ အမျိုးသား ပြန် လည်သင့်မြတ်ရေးကို ဦးစားပေးမယ်ဆိုတဲ့ အချက်က ကောင်းသော အချက်ပဲ။ နောက်ပြီး တော့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက် မယ်ဆို တဲ့ အချက်အဲဒီနှစ်ချက်ကို တကယ် တမ်း ဖော်ဆောင်ပေးမယ် လုပ်မယ် ဆိုလို့ရှိ ရင် အခုတက်တဲ့အစိုးရသစ်သည် ရှေ့သွား နောက်လိုက် ညီတယ်လို့ ပြောလို့ရတာပေါ့ နော်။ ဘယ်လိုပြောမလဲ ရှေ့သွားနောက်လိုက် ညီတယ် ဆိုတာက သူမဲဆွယ်စည်းရုံးရေးဆင်းတဲ့ကာလမှာ အမျိုး သားပြန် လည်သင့် မြတ် ရေးကို ဦးစားပေး မယ်။ နောက် ဖက်ဒရယ်ကို တည်ဆောက် မယ် ပြောတယ်။ အဲဒီနှစ်ချက်နဲ့ အကောင်အထည် ဖော်လို့ရှိရင် ရှေ့သွား နောက် လိုက် စကား ညီတယ်လို့ ပြောလို့ရတယ်ပေါ့။ ပြောပြီးတော့ ၂ဝဝ၈ ဖွဲ့စည်းပုံ အောက်မှာ လုပ်လို့မရသေး ဘူး။ ပိတ်သိပ်နေမယ်ဆိုရင်တော့ သူရိက္ခာ နဲ့သူ သူစရိတ်နဲ့သူ တစ်မျိုးပြန်သွားမှာပေါ့နော်။ ဘာပဲဖြစ်ဖြစ်ပေါ့ အခုအစိုးရ သစ်တက်တာ ကို ငါတို့ပြည်သူတွေ အများကြီးမျှော်လင့်တယ်။
အခုဆိုရင် လက်မှတ်မရေးထိုးရသေးတဲ့အဖွဲ့ တွေကို မတရားသင်းကနေ ပယ်ဖျက်မပေး ထားသေးဘူးပေါ့။ လက်မှတ်ထိုးထားတဲ့အဖွဲ့ တွေကိုတော့ မတရားသင်းကနေ ပယ်ဖျက်ပေး ထားတယ်။ အဲဒီ မတရားသင်း ပယ်ဖျက် မပေးထားတဲ့ကိစ္စက ငြိမ်းချမ်းရေးဆွေးနွေးတဲ့ အပေါ်မှာ ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်မယ်လို့ ဗိုလ်မှူးကြီးအနေနဲ့ မြင်ပါ သလဲ။
အမှန်တော့ ဒီမတရားသင်းဆိုတဲ့ အသုံးအနှုန်းက တစ်ဖက်သတ်စွပ်စွဲ ပြော ဆို သုံးစွဲခြင်းပဲလေ။ မတရားသင်းဆိုတာကို ပြ ကြည့်မယ်ဆိုရင် သူတို့က တရားတယ်။ ဒီ လက်နက်ကိုင် အဖွဲ့တွေက မတရားဘူး ဆိုတာကို စွပ်စွဲပြော ဆိုတာဖြစ်တယ်။ မတရား သင်း သုံးနှုန်းနေရင်ကပဲ အမှန်တော့ တိုင်းရင်း သား လက်နက်ကိုင်တွေ နား ခါးတယ်။ ဒါ ငါကြားသိရသလောက် ပေါ့လေ။ တို့လည်းမမီဘူး။ တို့လည်း နွား ကျောင်းပြီး ဖြတ်သန်းလာခဲ့တယ်။ နွား ကျောင်း ပြီး ဖြတ်သန်းတယ်။ နောက် ယူ နီဖောင်းဝတ်ပြီး ဖြတ်သန်း လာခဲ့ တယ် ပေါ့။
မတရားသင်းဆိုတာ အမှန်မှာ တကယ် တမ်း သူတို့ကို မတရားလို့ သူများ ထပြီး တော် လှန်ပြီး သူပုန်လုပ်တာပဲ။ အခုမှ မတရားသင်း က ဟိုဟာဖြစ် တယ်ဆိုရင် တကယ်တမ်းပြန် ကြည့်မယ်ဆိုရင် မတရားတာ သူတို့ဖြစ်နေ တယ်။ ဥပမာ လက်မှတ်ထိုးပြီးသားသူတောင် မှ မတရားသင်းက ပယ်ဖျက် လိုက်တယ်ဆို တာကို လက်ခံရတာတောင်မှ ဘယ်လိုပြော မလဲ ပြည်သူ့ အသံ တွေ ထွက်လာတာရှိတယ်။
မတရားသင်းကနေပယ်ဖျက်တယ်ဆိုရင် ဒါ ဆိုလို့ရှိရင် သူတို့ မတရားသင်း တွေလုပ်လာ တာကို သူတို့လက်ခံတယ်ဆိုတာကို ဝန်ခံရာ ရောက်တယ် လို့ပေါ့။ ဒါကို ဘေးမှာ အသံ ပေါင်းစုံ ထွက်လာတာပေါ့။ ဘာပဲဖြစ်ဖြစ် သူ တို့လုပ်ရင် သူတို့မှန်တယ်ပဲပြောတယ်။ ငါတို့ လုပ်ရင် ငါတို့မှန်တယ်ပဲ ပြောတယ်။ တရား တာ မတရားတာသည် မျက်မှောက်ကာလ မင်းတို့ဖြတ် သန်း လာကြည့်ပေါ့။ လက်နက်မဲ့ ပြည်သူတွေ ဘယ်လောက်အထိ ဖမ်းခံခဲ့ရလဲ။ နောက်နိုင်ငံရေးအကျဉ်းသားတွေကို ပုဒ်မ အမျိုးမျိုးတပ် ပြီးတော့ ဥပဒေလက်တစ်လုံး ခြားလုပ် ဥပဒေကို ပြောင်းပြန်လှန်ပြီးတော့ ထောင်ထဲကိုထည့်ထားတယ်။ တကယ်တမ်း မတရားသင်းက ဒီလက်ရှိ အာဏာ ရှင်တွေ ပဲလို့ ကျွန်တော် ပြောချင်ပါတယ်။
ဦးသိန်းစိန်အစိုးရလက်ထက်မှာ ဖမ်းဆီးခံထား ရတဲ့ ကျောင်းသား ခေါင်းဆောင်တွေနဲ့ နိုင်ငံ ရေးအကျဉ်းသားတွေကို အစိုးရသစ်လက်ထက် ကျရင် ပြန်လွှတ်ပေးဖို့ မျှော်လင့်နေကြတယ်။ အဲဒီအပေါ်မှာ ဗိုလ်မှူးကြီး အနေနဲ့ ဘယ်လို မြင်ပါသလဲ။
ငါတို့လည်းကြားပါတယ်။ လူရိုသေပုဂ္ဂိုလ် တွေရဲ့ အသံတွေပေါ့လေ။ အစိုးရသစ်၊ သမ္မတ သစ် တက်တိုင်းတက်တိုင်း လွတ်ငြိမ်းချမ်း သာခွင့် ပေးရတယ်တဲ့။ အကျဉ်းသားတွေ လွှတ်ပေးတာရှိတယ်ပေါ့လေ။
ဆိုလိုချင်တာ က သမ္မတတက်တိုင်း ဒီအကျဉ်းသားတွေ လွှတ်ပေးတာရှိ ခဲ့ရဲ့သားနဲ့ အခု သမ္မတအသစ် မှာပေါ့လေ ခုနက ဖမ်းဆီးခံထားရတဲ့ကျောင်း သားတွေဖြစ်ဖြစ် အကျဉ်းသားတွေရောပဲဖြစ် ဖြစ်ပေါ့ မလွှတ်ပေးနိုင်ဘူး ဆိုလို့ရှိရင် တစ်ဦး တစ်ယောက်မှ မလွှတ်ဘူး။ အဲလိုပဲငြိမ်နေလို့ ရှိရင် အော်တိုမစ်တစ် ကျောင်းသားနဲ့ပြော မယ်ဆိုရင် အောင်စာရင်းအမှတ်က အဲဒီမှာ လျော့နည်းသွားမယ်။ လူထုရဲ့ ထောက်ခံမှု လျော့ကျသွားမယ်လို့ အဲလိုပဲမြင်တယ်။
အခုဆိုရင် ပြည်ထောင်စုလွှတ်တော်မှာ ပြည် ထောင်စုဝန်ကြီးတွေအဖြစ် တာဝန်ထမ်းဆောင် မယ့် ပုဂ္ဂိုလ်တွေရဲ့စာရင်းကို တင်ပြထားတာ ကို ဗိုလ်မှူးကြီးအနေနဲ့လည်း သိပြီးပြီလို့ထင် ပါတယ်။ အဲဒီ ပြည်ထောင်စု ဝန်ကြီးတွေက တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် ဘယ်လောက် အတိုင်းအတာ အထိ လုပ်ဆောင်နိုင်မယ်လို့ ဗိုလ်မှူးကြီးအနေနဲ့ မြင်ပါသလဲ။
လာမယ့်ဝန်ကြီးတွေက ဘယ်လောက် အထိ ဖွံ့ဖြိုးအောင်လုပ်နိုင်မယ်ဆိုတာ ဒါက တော့ အြ<ွကင်းမဲ့ယုံကြည်တယ်။ အရင်ကလို တစ်ချက်လွှတ်အမိန့် ရွေးချယ်တာမဟုတ်ဘူး။ လွှတ်တော်မှာ စနစ်ကျကျ ရွေးချယ်တယ်။ နောက် ရွေးချယ်တဲ့နေရာမှာလည်း ဆင်ကန်း တောတိုးပုံစံမဟုတ်ဘဲနဲ့ အတွေ့ အကြုံ ရင့် ကျက်တဲ့ပုဂ္ဂိုလ်တွေ၊ ပညာတတ်တဲ့လူတွေကို ရွေးချယ်တဲ့ အတွက်ကြောင့် လုပ်နိုင်မယ်လို့ ထင်တယ်။ ဒီဝန်ကြီးတွေကပဲ အရင်ဝန်ကြီး တွေလုပ်ခဲ့တာကို မကြိုက်လို့ သူတို့လည်း ပါ တီတစ်ခု တည်ထောင်ခဲ့တယ်။ သူတို့ ကောင်း အောင်လုပ်ဖို့ သူတို့ ပါတီတစ်ခုတည်ထောင် ခဲ့ပြီးတော့ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ဝန်ကြီးတွေ ဖြစ်တယ်။
ယှဉ်ပြိုင်တဲ့အပေါ်မူတည်ပြီးတော့ လူထုထောက်ခံမှုနဲ့ အနိုင်ရခဲ့တယ်။ သူတို့ ခေတ် သူတို့ကာလမှာ ဟိုအတိတ်ကာလက အားနည်းချက်တွေ၊ အကောင်းအဆိုးတွေကို သူတို့ မျက်ဝါးထင်ထင် မြင်ခဲ့ဖူးပြီးသွားပြီ။ တိုင်းပြည်ကြီးက ဘယ်လောက်အထိ မွဲတေ နေလဲ၊ ဘယ်လောက်အထိ ဆင်းရဲနေလဲ၊ အိမ် နီးချင်းနိုင်ငံတွေထက် ဘယ်လောက်အထိ နောက်ကျ ကျန်နေခဲ့လဲဆိုတာ သူတို့လည်း ကောင်းကောင်းနားလည်ပါ တယ်။
သူတို့ခေတ် သူတို့အခါမှာတော့ အရင်ဝန်ကြီးတွေထက် စာရင် ကောင်းလာ လိမ့်မယ်လို့တော့ မျှော်လင့် တယ်ပေါ့။ ရာခိုင်နှုန်း ၁ဝဝ မဟုတ်တောင်မှ အရင်ဝန်ကြီးထက်စာရင်တော့ သာလိမ့်မယ်။
ဘာကြောင့်လဲဆိုရင် ဒီပါတီသည် ကမ္ဘာ့ ခေါင်းဆောင်စာရင်းဝင်ထဲက ဒေါ်အောင်ဆန်း စုကြည် တည်ထောင်ထားတဲ့ ပါတီတစ်ခုဖြစ် တယ်။ ပါတီဥက္ကဋ္ဌအနေနဲ့ ဆောင်ရွက်နေ တယ်။ သူသည် အာဏာရှင်တွေရဲ့ ပါတီစာ ရင်းထဲမှာ သူမပါဘူး။ သူ့ရဲ့ဝန်ကြီးတွေကို သာမန်မျက်နှာ လိုက်ပြီးတော့မှ သာမန်ဦး နှောက်နဲ့တော့ သူ ဝန်ကြီးမတင်မြှောက်ဘူး လို့ ကျွန်တော်တို့အနေနဲ့ အဲဒီလိုပဲမြင်တယ်။
ဘာကြောင့်လဲဆိုရင် ဒီနိုင်ငံထဲမှာ ဘယ် လိုပြုပြင်ပြောင်းလဲရမလဲဆိုတာကို သူ့အနေ နဲ့ မျက်ဝါးထင်ထင်မြင်တွေ့ရတယ်။ ဒါတွေ ကို ဘယ်သူက ဝန်ကြီး နဲ့ ထိုက်တန်လဲ၊ ဘယ် သူတွေက စေတနာရှိလဲ၊ ဘယ်သူတွေက ရိုး သားလဲ ဆိုတာ သူ့အနေနဲ့ ကြည့်ပြီးတော့ ရွေး ပြီး ဝန်ကြီးရာထူးတွေ ပေးမယ် လို့ထင်တယ်။
အစိုးရသစ်လက်ထက်ကျရင် ကချင်ပြည်နယ် က မြစ်ဆုံစီမံကိန်းကို ထပ်မံ ရပ် ဆိုင်းပေးဖို့ ပြည်သူတွေက တောင်းဆိုနေကြတယ်။ အဲဒီ အပေါ်မှာရော ဘယ်လိုမြင်ပါသလဲ။
အဲဒီအချက်ကတော့ ဒါ ပြည်သူတွေရဲ့ အသံကို နားထောင်ဖို့ လိုပါတယ်။ ပြည်သူ့ အသံကို နားမထောင်ဘဲနဲ့ အရင်အစိုးရတုန်း က မြစ်ဆုံရပ်ဆိုင်း ဖို့အတွက် ပြိုင်တူအသံတွေ အော်ပြီးတော့ ရပ်ဆိုင်းခဲ့တယ်။ နောက်ဆုံး သွေးနဲ့ချွေးနဲ့ရင်းပြီးတော့ ရပ်ဆိုင်းခဲ့တယ်။ အခု ဒီအစိုးရသစ်မှာ အဲဒါကို ပြန်လုပ်မယ် ဆိုရင်တော့ ပြည်သူလူထု နားလည်လက်ခံ တဲ့အထိ သူ ရှင်းပြရမယ်။ ပြည်သူကလက်ခံမှ လုပ်သင့်တယ်။ မြစ်ဆုံကို အရင်ပုံစံ အတိုင်းပဲ လုပ်မယ်ဆိုရင် ဒါက လုံးဝမလုပ်သင့်ဘူး။ အရင်ပုံစံအတိုင်းဆိုရင် လူထု လက်မခံဘူး လေ။ တိုင်းသူပြည်သားတွေ လက်မခံဘူး။
အခုတက်တဲ့အစိုးရလည်း အရင်သဘောတူ ထားတဲ့အတိုင်းပဲ ပေးလုပ် သွား မယ် ဆိုရင်တော့ ဒီပုတ်ထဲကပဲ ဒီပဲပဲဆိုပြီးတော့ အသံတွေ ထွက် လာမယ်။ ဒါတော့ တိုင်းပြည်အတွက်မကောင်း ဘူး၊ နိုင်ငံအတွက် လည်းမကောင်း ပါဘူး။ မြစ် ဆုံနဲ့ပတ်သက်ပြီး နိုင်ငံတကာမှာ ဆိုးကျိုးနဲ့ ကောင်းကျိုးမှာ ဆိုးကျိုးက များတယ်လို့ပဲ ပညာရှင်တွေတွက် ချက်ပြတာ ရှိတယ်။ ကောင်း ကျိုးရှိသလို ဆိုးကျိုးရှိတယ်။ ကောင်းကျိုးနဲ့ ဆိုးကျိုးတွက် လိုက်ရင် ဆိုးကျိုးကပိုများတယ် ဆိုတာ ပညာရှင်တွေရဲ့ တွက်ချက်အရကို ကျွန်တော် တို့ ကြားသိရတယ်လေ။ ဒါကို ပြန် ကြည့်မယ်ဆိုရင် ပြည်သူ့အကျိုး ကို သယ်ပိုး တဲ့ အစိုးရဖြစ်မယ်ဆိုရင် ဒါတွေကို လေးလေး နက်နက် ချပြပြီးမှ လူထုရဲ့ ထောက်ခံမှုကို ရယူသင့်တယ်။ လူထုကထောက်ခံမှ ဒီမြစ်ဆုံ ကိုလုပ်မှ သင့်တော်မယ်။ လူထုကလက်မခံဘဲ နဲ့ အကောင်အထည် ဖော်မယ် ဆိုရင် ဒီအစိုးရ လည်း ဒီပုတ်ထဲကပဲ ဒီပဲပဲဆိုပြီးတော့ စွပ်စွဲ ပြောဆိုတာ ခံရမယ်။ အဲဒီလိုဖြစ်လာမယ် ဆိုရင် အနာဂတ်မှာ ကျွန်တော်တို့တိုင်းပြည် ကြီးက အကောင်းဘက်ကိုရောက်တယ်ဆိုပြီး မှ ပိုပြီးဆိုးသွမ်းသွားနိုင်တယ်။
ဒေါ်အောင်ဆန်းစုကြည် ပြောထားတာရှိတယ်။ NLD အစိုးရဖွဲ့ပြီးရင် တစ်လက် မှ မကျန် အောင် ငြိမ်းချမ်းရေးရအောင်လုပ်ဆောင်သွား မယ်ပေါ့။ တကယ်ပဲ အစိုးရသစ်လက်ထက် မှာ တစ်လက်မှမကျန်အောင် သေနတ်သံ တွေ တိတ်ဆိတ်သွားမယ်လို့ ယုံကြည်ပါသလား။
သူတို့ ငြိမ်းချမ်းရေးလုပ်တဲ့အပေါ်မှာ သူတို့နဲ့ သူတို့ အပြည့်အဝလုပ်ပိုင် ခွင့်ရမယ် ဆိုရင် တစ်လက်မှမကျန်တဲ့ ငြိမ်းချမ်းရေးရ နိုင်တယ်လို့တော့ ယုံကြည်တယ်။ ဒါပေမဲ့ သူ တို့ ငြိမ်းချမ်းရေးဖော်ဆောင်တဲ့အခါမှာ သူ တို့ အကန့်အသတ်နဲ့ပဲ လုပ်ရမယ်။ သူတို့သ ဘောထားနဲ့သူတို့ လုပ်ပိုင်ခွင့် အပြည့်အဝ မရဘူးဆိုရင် တစ်လက်မှ မဟုတ်ဘူး တစ်နိုင် ငံလုံး သေနတ် သံတွေ ကျယ်ပြန့်သွားမယ်။ အဲဒါ ကျွန်တော်မြင်တာပေါ့လေ။ ကျွန်တော် မြင်တာ လွဲချင်မှလွဲမှာပါ။ လက်ရှိ ဒီအစိုးရ သစ်ရဲ့ သဘောသဘာဝအတိုင်း လုပ်ပိုင်ခွင့် ရမယ်ဆိုလို့ရှိရင် ငြိမ်းချမ်းရေးကရမှာပါ။ စစ် အာဏာရှင်ရဲ့ အောက်မှာ သူအကြိုက်ပဲလုပ် ရမယ်။ စစ်အာဏာရှင်တွေရဲ့အထိန်းအကွပ် အောက်မှာပဲ လုပ်ရမယ်ဆိုရင် ငြိမ်းချမ်းရေး က တစ်လက်မှမရဘဲ တစ်တိုင်း ပြည်လုံး သေနတ်ပေါက်နိုင်တယ်။ ငြိမ်းချမ်းရေးဖော် ဆောင်တဲ့နေရာမှာ ဘယ်လောက်အထိ ဖော် ဆောင်ခွင့်ရမလဲ၊ သူအစိုးရဖြစ်တဲ့အပေါ်မှာ မူတည်ပြီးတော့ သူ သမ္မတဖြစ်တဲ့အပေါ်မှာ မူတည်ပြီးတော့ သမ္မတရဲ့ အရှိန်အဝါနဲ့ အား လုံးကို လွှမ်းခြုံပြီးတော့ လုပ်ပိုင်ခွင့်ရှိမလား၊ ဒါမှမဟုတ် တပ်မတော်ရဲ့အာဏာအောက် မှာပဲ လုပ်သွားရမလား၊ သြဇာရှိတဲ့ တပ်မ တော် ရဲ့ အာဏာအောက်မှာပဲ ထိန်းကျောင်းသွား ပြီးတော့ လုပ်ရမယ်။ အထိန်းအကွပ်အောက် မှာပဲ လုပ်ရမယ်ဆိုရင်တော့ ဘယ်လိုမှမဖြစ် နိုင်ဘူး။ ဒါပေမဲ့ တိုင်းပြုပြည်ပြုအစိုးရသစ်ကို တည်ဆောက်ခဲ့တယ်။
ပြည်သူရွေးချယ်တဲ့ အစိုးရသစ်ဖြစ်ခဲ့တယ်။ ပြည်သူရွေးချယ်တဲ့ အစိုးရကနေ လုပ်ပိုင်ခွင့် အပြည့်အဝမရှိဘူး ဆိုရင်တော့ တစ်တိုင်းပြည်လုံး ငြိမ်းချမ်းရေး ရဖို့ကတော့ မလွယ်ဘူး။ တိုင်းပြုပြည်ပြုဖြစ် ချင်လို့ ပြည်သူက NLD အစိုးရ ကို ရွေးချယ် လိုက်တယ်။ NLD အစိုးရက စစ်တပ်ရဲ့အောက် မှာပဲ ငြိမ်းချမ်း ရေးကို ဖော်ဆောင်ရမယ်ဆို ရင်တော့ တစ်တိုင်းပြည်လုံး စစ်ပြန် ဖြစ်မယ်။ ကျွန်တော်က အဲဒီလိုပဲမြင်တယ်။
ကျေးဇူးတင်ပါတယ်။


(Yangon Times Journal, 12-13)


EmoticonEmoticon

Comments system

Flag Counter