Showing posts with label နိုင်ငံတကာ သတင်း. Show all posts
Showing posts with label နိုင်ငံတကာ သတင်း. Show all posts

အဆုံးထိကြည့်ဦးထောင်ဘိုအဝိုင်းအနီး လက်ရှိအခြေအနေ

 


အဆုံးထိကြည့်ဦးထောင်ဘိုအဝိုင်းအနီး လက်ရှိအခြေအနေ

အောက်မှာ Youtube Link ကို နှိပ်ပါ Link >>>> https://www.youtube.com/watch?v=Hi6dnAtoIow

မန္တလေးမြို့ က မြတောင် အထွေထွေသပိတ်စစ်ကြောင်း

 


မန္တလေးမြို့ က မြတောင် အထွေထွေသပိတ်စစ်ကြောင်း

အောက်မှာ Youtube Link ကို နှိပ်ပါ

Link >>>> https://www.youtube.com/watch?v=GLc7ufWSg-E




အာဏာသိမ်းမှုကို ဆန့်ကျင်သော မုံရွာ ဆန္ဒပြပွဲမြင်ကွင်းမျာ

 


အာဏာသိမ်းမှုကို ဆန့်ကျင်သော မုံရွာ ဆန္ဒပြပွဲမြင်ကွင်းများ

မုံရွာ၊ဖေဖော်ဝါရီ-၂၂ အာဏာသိမ်းမှုကိုဆန့်ကျင်သော မုံရွာလူထု၏ ဆန္ဒပြမှုမြင်ကွင်းများ

အောက်မှာ Youtube Link ကို နှိပ်ပါ

အာဏာသိမ်းမှုကို ဆန့်ကျင်သော မုံရွာ ဆန္ဒပြပွဲမြင်ကွင်းများ

 


▪️အာဏာသိမ်းမှုကို ဆန့်ကျင်သော မုံရွာ ဆန္ဒပြပွဲမြင်ကွင်းများ

မုံရွာ၊ဖေဖော်ဝါရီ-၂၂ အာဏာသိမ်းမှုကိုဆန့်ကျင်သော မုံရွာလူထု၏ ဆန္ဒပြမှုမြင်ကွင်းများ


https://www.youtube.com/watch?v=1Vju2b3d8DI

ကိုယ်တိုင်သိရှိသွားမှု (ဇဏ်ခီရဲ့ ပထမဆုံး စာအုပ်)


 ဇက်ခီ-ကိုယ်တိုင်သိရှိသွားမှု

#ဇဏ်ခီလို့ ပြောလိုက်ရင် သရုပ်ဆောင်ကောင်းသူ
သီချင်းဆိုရာမှာတော်သူ ရုပ်ရှင်နဲ့ဂီတမှာ ထူးချွန်သူ
ဇနီးနှင့်မိသားစု ချစ်မြတ်နိုးသူအဖြစ် ပြေးမြင်ကြရပါတယ်...
ဒါတွေအပြင် ဇဏ်ခီမှာ ထူးခြားတဲ့ အရည်အချင်း
တစ်ခုလည်း ရှိပါသေးတယ်။
အဲဒါ စာရေးကောင်းခြင်းပဲ ဖြစ်ပါတယ်.....


အတွေးအေးအေးလေးနဲ့အတူ သူအယူအဆ ယုံကြည်
ရာကို အစွန်းတဖက် မရောက်စေဘဲ နည်းလမ်းတကျ
မျှတမှန်ကန်တဲ့ အယူအဆ။ တခြားသူတွေ တွေးတော
ဆင်ခြင် လက်ခံနိုင်အောင် ထက်မြက်တဲ့ အတွေးအခေါ်၊
ထူးခြားတဲ့ ရေးဟန်လေးတွေ ရှိသူပါ။ စာစုလေးတွေက
တိုချင် တိုမယ်။ ဒါပေမဲ့ ဆက်တွေးစရာက တသီကြီး
ကျန်နေခဲ့စေပါတယ်......
ဒါဟာ ဇဏ်ခီရဲ့ များစွာသော အရည်အချင်းတွေထဲက
တစ်ခုပါပဲ။ I Love Buddha Page နဲ့ Facebookပေါ်မှာ
အလျင်းသင့်သလို ရေးသားမျှဝေခဲ့တဲ့ အက်ဆေး ၁၉ပုဒ်ကို
ဆရာနေမျိုးဆေးရဲ့ သရုပ်ဖော်ပုံလေးတွေနဲ့အတူ
#ကိုယ်တိုင်သိရှိသွားမှု ဆိုပြီ စုစည်းထားတဲ့ စာအုပ်ပါ...
စာအုပ်အနေနဲ့ ၁.၉.၂၀၁၉ မှာ ထွက်ရှိမှာဖြစ်ပြီး
ဦးဦးဖျားဖျား နိုးနိုးကြားကြားမှာယူထားကြဖို့ သတင်း
စာလွှာ ပါးပါရစေ....


 CREDIT :


ဆန်းလွင် - အဲလ်ဘတ်အိုင်းစတိုင်း

 

သိပ္ပံပညာရှင် အိုင်းစတိုင်း

ဆန်းလွင် - အိုင်းစတိုင်း 
 
 

အဲလ်ဘတ် အိုင်းစတိုင်း ရဲ့ အဆိုအမိန့်အချို့

Anger dwells only in the bosom of fools.

ဒေါသဟာ ရူးမိုက်သူတွေရဲ့ ရင်ခွင်မှာပဲ နေထိုင်တယ်။

Two things are infinite: the universe and human stupidity; and I'm not sure about the universe.
အကန့်အသတ်မဲ့တာ နှစ်ခုရှိတယ် စကြ၀ဠာ နဲ့ လူသားရဲ့ မိုက်မဲမှု။ စကြ၀ဠာအကြောင်းတော့ ဂဃနဏ မသိဘူး။
 
 

A question that sometimes drives me hazy: am I or are the others crazy?
“ငါကပဲ ကြောင်သလား သူများတွေကပဲ ကြောင်သလား”ဆိုတဲ့ မေးခွန်းဟာ တစ်ခါတစ်ခါ ငါ့ကိုေ၀၀ါးစေတယ်။

A man should look for what is, and not for what he thinks should be.
လူဟာ အရှိတရားကို ရှာဖွေသင့်တယ်။ သူ မျှော်တွေးထားတာကို မရှာဖွေသင့်ဘူး။

Weakness of attitude becomes weakness of character.
ခံယူချက် ပျော့ညံ့မှုကနေ ကိုယ်ကျင့်တရား လျော့ရဲမှု ဖြစ်လာတယ်။

You have to learn the rules of the game. And then you have to play better than anyone else.
ကစားနည်းတွေ လေ့လာရမယ်။ ပြီးတော့ တစ်ခြားသူတွေ အားလုံးထက်သာအောင် ကစားရမယ်။

Intellectual growth should commence at birth and cease only at death.
အသိဥာဏ် ဖွံ့ဖြိုးမှုဟာ မွေးမွေးချင်း စတင်ပြီး သေမှပဲ ဆုံးသင့်တယ်။

Any man who reads too much and uses his own brain too little falls into lazy habits of thinking.
စာတွေ အများကြီးဖတ်ပြီး ဦးနှောက်နည်းနည်းပဲ သုံးတဲ့သူဟာ ပျင်းပျင်းရှိတိုင်း လျှောက်တွေးနေတတ်တယ်။

Education is what remains after one has forgotten what one has learned in school.
ကျောင်းမှာ သင်ခဲ့တာတွေ မေ့သွားတဲ့နောက် ကျန်ခဲ့တာဟာ သင်ယူရရှိလိုက်တဲ့ ပညာပဲ။

Information is not knowledge.
သတင်းအချက်အလက်ဟာ ဗဟုသုတ မဟုတ်ဘူး။

If you can't explain it simply, you don't understand it well enough.
ရိုးရိုးလေး ရှင်းမပြနိုင်ဘူးဆိုရင် ကိုယ်ကိုယ်တိုင်က တကယ်နားမလည်လို့ပဲ။

A person who never made a mistake never tried anything new.
တစ်ခါမှ မမှားဖူးတဲ့သူဟာ ဘာအသစ်တစ်ခုကိုမှ စမ်းမကြည့်ဖူးတဲ့သူ။
Try not to become a man of success, but rather try to become a man of value.
အောင်မြင်သူတစ်ယောက်ဖြစ်ဖို့ မကြိုးစားပါနဲ့။ တန်ဖိုးရှိသူတစ်ယောက်ဖြစ်အောင် ကြိုးစားပါ။

I never think of the future - it comes soon enough.
အချိန်မီ ဆိုက်ရောက်လာမယ့် အနာဂတ်အကြောင်း မစဉ်းစားဘူး။

A table, a chair, a bowl of fruit and a violin; what else does a man need to be happy?
စားပွဲတစ်လုံး၊ ကုလားထိုင်တစ်လုံး၊ သစ်သီးတစ်ပန်းကန် နဲ့ တစ်ယောတစ်လက်။ လူတစ်ယောက် ပျော်ရွှင်ဖို့ တစ်ခြားဘာတွေ လိုသေးလဲ။

ကိုးကား

  1. သန်းမင်းထွဋ်(မင်္ဂလာမောင်မယ် ၂၀၀၆-ခု ဒီဇင်္ဘာလ)
  2. အင်တာနက်ပေါ်မှ အချက်အလက်များ 
CREDIT :
  1. BOOK Download 
  2.  BOOK Download











 ဆန်းလွင် - ကမ္ဘာ့တွေးခေါ်ရှင်ကြီးများ

ဆင်းရဲသောဖေဖေ ချမ်းသာသောဖေဖေ

 

ဆင်းရဲသောဖေဖေ ချမ်းသာသောဖေဖေ

  • ချမ်းသာသောသူများသည် ဇိမ်ခံပစ္စည်းကို နောက်ဆုံးကျမှသာဝယ်ယူသည်။
ချို့တဲ့သောသူများနှင့် လူလတတန်းစားများကတော့ ဇိမ်ခံပစ္စည်းကို အရင်ဆုံး
ဝယ်ယူတတ်ကြသည်။



  • ငွေကြေးအတွက် အလုပ်လုပ်ခြင်းနှင့် ငွေကြေးက သင့်အတွက် အလုပ်လုပ်ခြင်း ကွားခြားလှပါတယ်။
  • သင်သည် ချမ်းသာသူတစ်ဦးဖြစ်လာရန် ၀င်ငွေများလှသော အလုပ်အကိုင်မျိုးကို ရှာဖွေလုပ်ကိုင်နေရန် မလိုပေ။ သင့်အတွက် အမှန်တစ်ကယ်လိုအပ်နေသည်မှာ ငွေကြေးဆိုင်ပညာရေးဖြစ်သည်

credit : 

 ဒေါင်းယူနိုင်သည်။

ဦးကိုနီ လုပ်ကြံခံရမှုနှင့် ပတ်သက်၍ နိုင်ငံတကာအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ၏ ထုတ်ဖော်ချက်များ

 

 

ဦးကိုနီ လုပ်ကြံခံရမှုနှင့် ပတ်သက်၍ နိုင်ငံတကာအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ၏ ထုတ်ဖော်ချက်များ

 

 ဒေါက်တာ နန္ဒာလှမြင့်  (USDP - ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ)

ဒီဖြစ်စဉ်ကို သုံးသပ်လို့ရှိရင် နံပတ် ၁ ပြောချင်တာက ဆရာဦးကိုနီ ဒီလိုလုပ်ကြံခံရတာက ကျွန်တော်တို့နိုင်ငံသားတစ်ယောက် ပညာရှင်တစ်ယောက် ဆုံးပါးသွားတဲ့အတွက်တော့တကယ်ကို ဆုံးရှုံးမှုတစ်ခုပေါ့။ တကယ့်ကို စိတ်မကောင်းစရာဖြစ်တယ် ။ သူတို့မိသားစုကိုယ်စား ခံစားရတယ်ပေါ့ တစ်ချက်ပေါ့။ နောက်တစ်ချက်ကြတော့ ဒီလိုဖြစ်စဉ်ဖြစ်တာကိုက တရားဥပဒေ စိုးမိုးရေးနဲ့ လုံခြုံရေးမှာ အားနည်းချက်ရှိတယ်ဆိုတာကိုက ပြောစရာမလိုလောက်အောင်သိသာသွားပြီလေ။ အရင်ကနဲ့စာရင် ဒီလိုဖြစ်စဉ်မျိုးမဖြစ်တာ ကျွန်တော်တို့ဆီမှာ နှစ်ပေါင်းများစွာရှိနေပြီပဲ။ ဒီလိုမျိုးဖြစ်စဉ်ဟာ ရန်ကုန်မြို့လို လူစည်ကားတဲ့အရပ်၊ တကယ့်နိုင်ငံတကာလေဆိပ်မှာ ဒီလိုဖြစ်တယ်ဆိုတာက တရားဥပဒေစိုးမိုးရေးနဲ့လုံခြုံရေးကို ခြိမ်းခြောက်လာတယ်။ စိုးရိမ်ပူပန်စရာကောင်းလာတဲ့ အနေအထားတွေဖြစ်တယ်။ ဖြစ်စဉ်အရဆိုရင်တော့ ဒီထက်ပိုပြီးတော့ လိုအပ်ချက်တွေရှိလို့ ဒီဖြစ်စဉ်တွေဖြစ်တာပေါ့ဗျ။ ဖြစ်လာတဲ့အပေါ်မှာတော့ ဒါကိုအကောင်းဆုံးလက်ရှိအစိုးရအနေနဲ့ ဒါဘယ်သူ့ကိုမှ အပြစ်ပြောနေလို့မရဘူးလေ။ ဒီချိန်မှာ ကျွန်တော်တို့ အဖွဲ့အစည်းအားလုံးဟာ ကိုယ့်တိုင်းပြည်လုံခြုံရေး၊ ကိုယ့်နိုင်ငံသားတွေရဲ့လုံခြုံရေးအတွက်ကို အဖွဲ့အစည်းအားလုံး ပူးပေါင်းပါဝင်ပြီးတော့မှ  သဘောထားကြီးကြီးတွေနဲ့ ကျွန်တော်တို့အဖြေတွေရှာပြီးတော့ စုပေါင်းညီညွှတ်အားတွေနဲ့ပဲလုပ်သွားရမယ်။ ဒါ အစိုးရမှာတာဝန်ရှိတယ် မှန်သော်လည်းပဲ အဖွဲ့အစည်းအားလုံးမှာ တာဝန်ရှိတယ်။ နိုင်ငံသားတိုင်းမှာလည်း တာဝန်ရှိပါတယ်။ ကျွန်တော်ကတော့ အဲ့လိုမြင်တယ် အားလုံးပူးပေါင်းလုပ်ကြမှရမယ် ။ ဒီဖြစ်စဉ်ဖြစ်လာတာ တပ်မတော်မှာ အားနည်းလို့၊ ပြည်ထဲရေးကအားနည်းလို့၊ အစိုးရက အားနည်းလို့၊  ရန်ကုန်တိုင်းအစိုးရက အားနည်းလို့၊ ပြည်ထောင်စုအစိုးရက အားနည်းလို့၊ ရဲတွေအားနည်းလို့၊ ဒါတွေပြောနေရင် ကျွန်တော်တို့ပြီးမှာ မဟုတ်ဘူး။ ဒီဖြစ်စဉ်တွေအပေါ်မှာ အဖွဲ့အစည်းအားလုံး၊ လုံခြုံရေးနဲ့ဆိုင်တဲ့ အဖွဲ့အစည်းအားလုံး၊ အရပ်ဖက်အဖွဲ့အစည်းတွေအားလုံး၊ ပြည်သူလူထုတွေအားလုံးဟာ ၀ိုင်းဝန်းပူးပေါင်းဆောင်ရွက်မှပဲ အဖြေရှာရမယ်။ အဖြေရှာပြီး ဒါကိုကာကွယ်ရမယ်။
တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်
ကျွန်တော်အနေနဲ့ကတော့ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးလုပ်ငန်းစဉ်တွေမှာ အားနည်းချက်တွေ အများကြီးရှိလာပြီဆိုတာကို ဒါပြယုဂ်တစ်ခုပဲပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံတကာက ကမ္ဘာလှည့်တွေ ရင်းနှီးမြုပ်နှံမယ့်သူတွေ လာသွားတဲ့ဒေသမှာဖြစ်တာဟာ အင်မတန်မှ ရုပ်ပျက်ဆင်းပျက်ဖြစ်တယ်။ အဲဒီတော့ ဒါမျိုးမဖြစ်အောင် ထပ်မံမဖြစ်ဖို့အတွက် အထူးဆောင်ရွက်ဖို့နဲ့ အခြားသောနေရာတွေမှာလည်း လုံခြုံရေးကိုတိုးမြှင့်ချထားသင့်တယ်။ ရဲတပ်ဖွဲ့ဝင်အင်အားကို တိုးပါ။ ရဲတွေကို ယာဉ်ယန္တရားတွေ ပြည့်စုံအောင်ထုတ်ပေးပါ။  အဲဒါမှလည်းပဲ တရားဥပဒေစိုးမိုးရေး ပြန်လည်ရရှိတော့မယ် ။ အခုဟာက ပြောမယ်ဆိုရင် တရားဥပဒေစိုးမိုးရေးပြန်လည် ပျက်ပြားသွားတယ်ဆိုတဲ့ သဘောမျိုးဖြစ်နေတယ်။ အင်မတန်မှ စိတ်မကောင်းစရာကောင်းတဲ့ ရင်နာစရာပဲ။ အခုဗျာ သတင်းထောက်က ကိုပါကြီးရယ် ၊ကိုစိုးမိုးထွန်းရယ်။ ပြီးတော့ ကချင်ဆရာမနှစ်ယောက် ၊ နောက်တစ်ခါကျောင်းဆရာ၊ ပြီးတော့ ရှေ့နေ ၊ နောက်တစ်ခေါက်ကျရင်တရားသူကြီးပါမှာတောင်မှ ကျွန်တော်စိုးရိမ်နေတယ်။ အဲဒါပါပဲဗျာ။
ဒေါက်တာအေးမောင် (ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ )
နေရာရယ် ၊ ဘယ်နေရာဆိုတာကြိုသိနေတာရယ် ၊ဘာကြောင့်အဲ့နေရာမျိုးကိုမှ လုပ်ကြံရတာလည်းနော် ။ တခြားနေရာမှာဆိုရင် လုပ်ကြံတဲ့ပုဂ္ဂိုလ် လွှတ်ကောင်းလွှတ်သွားနိုင်တာပေါ့ဗျာ။ သဘောပြောတာနော် ။ လွတ်စေချင်လို့ပြောတာမဟုတ်ပါဘူး။ အဲ့နေရာမျိုးမှာ ဘာလို့လုပ်ကြံရတာလည်း ဆိုတော့ကျွန်တော်တို့သုံးသပ်တာက ကမ္ဘာကို သို့မဟုတ် ကမ္ဘာဆိုတာအမျိုးမျိုးရှိမှာပေါ့။  ခြိမ်းခြောက်မှုမျိုးစုံကို ကျွန်တော်တို့ကြုံနေရတာကို နိုင်ငံတော်အဆင့် ပုဂ္ဂိုလ်တွေကို ဘာဖြစ်တယ်ညာဖြစ်တယ် ။ ဒါမျိုးလေးလည်း စိုးရိမ်စရာတွေလည်း သတင်းကြားတာကိုဗျ။ တလောကတောင် လွှတ်တော်တောင်မှ လုံခြုံမှုဘာဖြစ်တယ် ၊ ညာဖြစ်တယ်ဆိုတာကို ။ ဒါမျိုးကို လွှတ်တော် ၀င်းအတွင်းမှာကိုလုပ်နေကြတာကို  ။ အခုလိုကာလမှာ အကြမ်းဖက်သမားတွေကို အာရုံစူးစိုက်နေတဲ့ကာလမှာ၊ ဘာကြောင့် အဲ့ဒီနိုင်ငံကပြန်လာတဲ့ ခရီးစဉ်မှာမှ ၊ အဲ့လိုလူမြင်ကွင်းမှာ နိုင်ငံတကာ အာရုံစူးစိုက်နိုင်တဲ့အနေအထားမှာ ရည်ရွယ်ချက်ရှိရှိ လုပ်ကြံတာလဲ ဒါကစဉ်းစားရမယ့်တစ်ချက်ပေါ့ ။ အဲ့ဒီအချက်ကို စဉ်းစားရင် ကျွန်တော်တို့ရဲ့ ဂန္ဓီကြီးတောင်မှသူလူတွေရဲ့လုပ်ကြံခြင်းကိုခံရတယ် တခြားလူမဟုတ်ဘူးနော် စဉ်းစားဖို့ နိုင်ငံတကာနဲ့ပက်သက်တဲ့ဟာလေးတွေ ရိုက်ခတ်စေချင်လို့လား။ ပြည်တွင်းမငြိမ်မသက်မှုဖြစ်အောင်များ ရည်ရွယ်တာလား ။ ကျွန်တော်တို့က ယူဆ တွေးကြည့်တာပဲရှိတာပေါ့။ တရားဥပဒေစိုးမိုးမှုအပိုင်းကိုကြည့်ရင် တော်တော်လေးသုံးသပ်ဖို့ ဖြစ်လာတာပေါ့။ သို့သော်လည်းပဲ အခုခရီးစဉ်မှာ ကြည့်ရင် ဦးကိုနီဟာ သာမန်ပုဂ္ဂိုလ်တစ်ဦးပါပဲ။ အစိုးရအဖွဲ့ဝင်ဝန်ကြီးမဟုတ်ဘူး ၊ လွှတ်တော်အမတ်မဟုတ်ဘူး။ လုံခြုံမှုအတိုင်းအတာအရ လုံခြုံမှုစည်းမှာ ၀န်ကြီးဆိုရင်ပိုယူရတာကိုးဗျ။ အမတ်ဆိုရင် လုံခြုံမှုကလျော့သွားတာပေါ့ ။ သာမန်ပုဂ္ဂိုလ်ဆိုရင် တော်တော်လေးကိုလျော့ပါတယ်။ လူထုပေါ့နော် နိုင်ငံသားတစ်ဦးကို သူရဲ့လုံခြုံမှုကိုယူရတဲ့ အဖွဲ့အစည်းတွေ အဲ့လိုယူပေးရတဲ့ ဧရိယာပေါ့နော် ။လေဆိပ်တို့ ရေဆိပ်တို့ ဒါနိုင်ငံတကာ ဒါမျိုးတာဝန်ယူပေးရတဲ့ ဧရိယာပေါ့ဗျာ ။ အဲ့လိုအခင်းအကျင်းမှာဖြစ်တာကိုက လုံခြုံရေးစည်းဟာ ကျိုးပေါက်နေတယ်ဆိုတဲ့ ပြယုဂ်ကိုများပြချင်တာလား ။ ဒါကျွန်တော်တို့ စဉ်းစားစရာလေးကို ပြောတာပါ။ ကျွန်တော်တို့မြင်တာက နိုင်ငံတကာလုံခြုံမှုစည်းပေါ့ဗျ။ အဲဒါလေးတွေ ကျိုးပျက်နေတယ်လို့ ဖော်ညွှန်းချင်လို့လား။ ဒါလေးတွေလည်း စဉ်းစားပါတယ်။ို စဉ်းစားတဲ့သဘောပါပဲ။ ကျန်တာတော့ မရှိပါဘူး။
ကိုဂျင်မီ ( ၈၈ မျိုးဆက်)
လုံခြုံရေးပိုင်းက အများကြီးလုပ်စရာတွေ ကျန်နေသေးတယ်လို့ပဲ မှတ်ချက်ပေးရမှာပဲ။ ဘာကြောင့်လဲဆိုရင် ဒီမှာ CCTV တပ်ဆင်ထားမှုအခြေအနေက အစပေါ့နော် ။ ကျွန်တော်တို့ ပြန်ပြီးတော့ သတိပြုရလိမ့်မယ် ။ ချုပ်ပြောရမယ်ဆိုရင်တော့ လုံခြုံရေးပိုင်းကို သေသေချာချာပြင်ဆင်ရလိမ့်မယ်။ ဒီလိုဖြစ်စဉ်မျိုးကလည်းကျွန်တော်တို့ နှစ်ပေါင်းများစွာမှာ လုပ်ကြံသတ်ဖြတ်မှုဆိုတာ တစ်ခါမှ အဲ့လိုမရှိခဲ့ဘူးလေဗျာ။ ဒါပထမဦးဆုံးအကြိမ် ကျွန်တ်ာတို့ ကြုံရတဲ့ အတွေ့အကြုံပဲ။ ဘာပဲဖြစ်ဖြစ်ဗျာ လုံခြုံရေးနဲ့ပတ်သက်ပြီးတော့ ပိုပြီးတော့ ဂရုစိုက်ဖို့ လိုအပ်နေပြီထင်တယ်။  လုံခြုံရေးပိုင်းမှာ ပြည့်စုံမှုမရှိဘူးဆို ကျွန်တော်တို့ ကြေညာတယ်လေ ။ နောက်ပြီးတော့ CCTV တပ်ဆင်ထားမှုရှိတယ်ဗျ ။ ပလက်ဖောင်းဘေး ဆိုတာက မှန်ခန်းကနေပြီး အပြင်ထွက်လို့ရှိရင် ပလက်ဖောင်းကိုရောက်သွားတာပဲ။ အဲဒီတော့ ဒီဘက်အပြင်တွေမှာ CCTV နဲ့မှတ်တမ်းတင်နိုင်တဲ့အနေအထားတွေ ရှိနေတာပဲ။ ဒါတစ်ပိုင်းပေါ့ နောက်တစ်ခုက လက်နက်ကိုင် သေနတ်ကိုင်လာတယ်ဆိုတဲ့ကိစ္စ၊ ၀င်နိုင်မယ့်ကိစ္စလည်း မဟုတ်ဘူးပေါ့ ။ ဒီအခြေနေမှာတော့၊ နောက်ပြီးတော့ အပြင်ဘက်မှာလည်းဖြစ်နေတာကို ။ အပြင်ဘက်မှာလည်းဖြစ်နေတဲ့အခါကျတော့ ဒီအခြေနေကို လေယာဉ်ကွင်းစ၀င်တည်းကိုက ၊ လက်နက်ကိုင်နဲ့ပတ်သက်ပြီးကိုက လုံခြုံရေးအရ တင်းကျပ်ဖို့လိုနေပြီဆိုတဲ့အထိကို ကျွန်တော်တို့ ထည့်စဉ်းစားဖို့ လိုပါတယ်။ အဲဒီတော့ ခေတ်မှီနည်းပညာတွေကို အသုံးပြုပြီးတော့ ဒီလက်နက်ကိုင်ထားခြင်း ရှိမရှိဆိုတာ သိအောင်လုပ်ရမှာပေါ့နော်။
ဒေါက်တာ ရန်မျိုးသိမ်း နိုင်ငံရေးလေ့လာ သုံးသပ်သူ
ကျွန်တော့်အမြင်ကတော့ ဒီလိုလူမြင်ကွင်းတစ်ခုမှာ သေနတ်အပစ်ခံရတာကိုတော့ ကျွန်တော့ သက်တမ်းတစ်လျောက်မှာတစ်ခါမှ မကြုံဖူးဘူး။ အဲ့တော့ လက်ရှိအခြေအနေမှာ ဒီမိုကရေစီအပြောင်းအလဲကို ဥိးဆောင်နေတဲ့ ပြည်သူ့အစိုးရက ဦးဆောင်နေတဲ့ခေတ်မှာ ဒါဟာ လုံခြုံရေးစည်းကျိုးပေါက်မှုပဲလို့မြင်တယ်။  အဲ့တော့ လုံခြုံရေးကိစ္စနဲ့ပက်သက်လို့ရှိရင် ဒါအားလုံးမှာတာဝန်ရှိတယ်လို့ ဆိုနိုင်ပေမယ့် အဓိကအားဖြင့် တော့ ဒီ ပြည်ထဲရေးဝန်ကြီးဌာနမှာ အဓိကတာဝန်ရှိတယ်လို့ ပြောရမှာပေါ့လေ။ ဒီလိုဖြစ်စဉ်မျိုးဟာ အင်မတန်မှ ၀မ်းနည်းစရာလည်းကောင်းတယ်။ တိုင်းပြည်နဲ့ ပြည်သူလူထုအတွက် အင်မတန်မှ အရှက်ရစရာကိစ္စလည်းဖြစ်တယ်။ အဲ့ဒီအတွက်ကြောင့်မို့လို့ ကျွန်တော့အမြင်အနေနဲ့တော့ ဦးကိုနီရဲ့မိသားစုနဲ့ကိစ္စရပ်နဲ့ပတ်သက်ပြီးတော့လည်း ကျန်ရစ်တဲ့မိသားစုနဲ့ထပ်တူထပ်မျှအင်မတန်မှ ၀မ်းနည်းစရာလည်းကောင်းတယ်။ မြန်မာပြည်အပြောင်းအလဲအတွက်လည်း အင်မတန်မှ နစ်နှာဆုံးရှုံးတယ်ပေါ့လေ။ အမည်းစက်ကြီးတစ်ခုအနေနဲ့ ကျွန်တော်ကတော့မြင်ပါတယ်။
မစုမွန် (ရန်ကုန်မြို့ခံတစ်ဦး)
လုံခြုံမှုတော့ရှိတယ်။ ဒါပေမယ့် ပထမကလိုတော့ ရဲတင်းမှုတော့မရှိတော့ဘူးပေါ့နော်။ အခုဆိုကားမှတ်တိုင်တွေမှာပါ ရဲတွေတွေ့ရတယ်။ ဒါဟာဘာပဲဖြစ်ဖြစ် ပထမနဲ့စာရင် လုံခြုံရေးတင်းကြပ်သွားတယ်လို့ ထင်ပါတယ်။ ခါတိုင်းဆိုရင် ကားမှတ်တိုင်တွေမှာ ရဲတွေမရှိဘူးလေ။ အဲ့ဒါလေးတော့ သတိထားမိတယ်။ ဒါမယ့် နည်းနည်းပါးပါးတော့ ကိုယ်က သတိထားရတာပေါ့နော် ကိုယ်သွားနေလာနေတာလေးတွေကို။ဖြစ်နိုင်မယ် ဆိုရင် ပန်းခြံလိုနေရာမျိုးတွေကလည်း အန္တရာယ်ရှိတဲ့ နေရာတွေပဲလေ။ လူအများသွားလာနေတဲ့အတွက် လုပ်ကြံတဲ့လူတွေ ရှိလားမရှိလား မသိနိုင်ဘူးလေ။ ဒါကြောင့် ဒီလိုနေရာတွေလည်း လုံခြုံရေးထားဖို့ လိုအပ်တယ်လေ။
ကျော်ကျော်နိုင် (ရန်ကုန်မြို့ခံတစ်ဦး)
လုံခြုံမှုအားနည်းလို့ ဖြစ်သွားတာပါ။ ဒီလိုလူကြီးတစ်ယောက် သွားလာမှုတွေမှာ လုံခြုံရေးတော့ လိုအပ်တယ်လေ။ သတိထားဖို့ဆိုတာက နေရာဒေသနဲ့ဆိုင်တာပေါ့နော်။ ကိုယ့်အနေနဲ့လည်း စိတ်လွတ်ဖို့လိုတယ်လေ။
Hon. Charles Santiago (MP, Malaysia)
Chairperson, ASEAN Parliamentarians for Human Rights (APHR)
လေးစားအားကျဖွယ်ကောင်းသည့် ရှေ့နေကောင်းတစ်ဦးဖြစ်သလို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ဥပဒေပိုင်းဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးကိုနီ ယမန်နေ့က လုပ်ကြံသတ်ဖြတ်ခံရသည့် သတင်းကြားကြားချင်း မိမိအနေဖြင့် ကြီးစွာတုန်လှုပ်ဝမ်းနည်းခဲ့မိပါသည်။
ဦးကိုနီ သေဆုံးမှုက မြန်မာနိုင်ငံအတွက်သာမက အာဆီယံနိုင်ငံများအားလုံးအတွက်ပါ ကြီးမားသည့် ဆုံးရှုံးမှုကြီးတစ်ခုလည်း ဖြစ်ပြီး ၎င်းမှာ မြန်မာနိုင်ငံ၏ ဒီမိုကရေစီခရီးကြမ်းတွင် တောက်လျှောက်ပါဝင်ထားခဲ့သူဖြစ်သကဲ့သို့ လူ့အခွင့်အရေး၊ ဖိနှိပ်ကန့်သတ်မှုတို့နှင့်ပတ်သက်၍လည်း အမှန်တရားဘက်က ရပ်တည် ထုတ်ဖော်ပြောဆိုလာခဲ့သူဖြစ်သည်။  ယခု ၎င်းသေဆုံးခဲ့ရသည့်အတွက် ၎င်း၏ မိသားစု၊ ချစ်ခင်ရသည့် ဆွေမျိုးများ၊ မြန်မာပြည်သူပြည်သားအားလုံးနှင့် ထပ်တူဝမ်းနည်းရကြောင်း ဖော်ပြလိုသည်။
ယခု ဦးကိုနီ လုပ်ကြံခံရခြင်းက နိုင်ငံတွင် တည်ငြိမ်မှု မရှိသေးသည့် ပုံကို ထုတ်ဖော်ခဲ့သကဲ့သို့ ယနေ့အချိန်ထိ  အောင်မြင်ထားသော ပြုပြင်ပြောင်းလဲထားမှုများကိုလည်း ခြိမ်းခြောက်နေလျက်ရှိသည်။
အမေရိကန်သံရုံးထုတ်ပြန်မှု
ယမန်နေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် တရားလွှတ်တော်ရှေ့နေ ဦးကိုနီ လုပ်ကြံခံရသည့်သတင်းကြောင့် မိမိတို့ များစွာ တုန်လှုပ်မိပါသည်။ ၎င်း၏ မိသားစုနှင့် မိတ်ဆွေအပေါင်းအသင်းများနှင့် ထပ်တူ ၀မ်းနည်းမိပါကြောင်း ပြောကြားလိုပြီး  ဦးကိုနီမှာ နိုင်ငံနှင့်ပြည်သူပြည်သားတို့အတွက် ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးတို့အတွက် ပါဝင်လုပ်ဆောင်မှုများကြောင့် ပြည်တွင်းပြည်ပတွင်ပါ လူအများ၏ လေးစားအားကျခံရသူလည်း ဖြစ်သည်။
ဆွီဒင်သံရုံး ထုတ်ပြန်မှု
တရားလွှတ်တော် ရှေ့နေ ဦးကိုနီနှင့် အခြား အပြစ်မဲ့သူတစ်ဦး ယမန်နေ့က လုပ်ကြံခံရမှု ဖြစ်စဉ်ကြောင့် မိမိတို့ ဆွီဒင်သံရုံးအနေဖြင့် များစွာတုန်လှုပ်ဝမ်းနည်းမိပါသည်။
၎င်းတို့၏ မိသားစုဝင်များနှင့် ထပ်တူ ၀မ်းနည်းမိပါကြောင်း ပြောကြားလိုပြီး ယခုကဲ့သို့ စာနာစိတ်ကင်းမဲ့သည့် အကြမ်းဖက်မှုအပေါ် ပြင်းထန်စွာ ပြစ်တင်ရှုံ့ချလိုသည်။
ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးနှင့် တရားဥပဒေစိုးမိုးရေး တို့အတွက် ကာကွယ်မြှင့်တင်ပေးရေးပိုင်းတွင် ဦးကိုနီတစ်ယောက် လုပ်ဆောင်သွားခဲ့သည့် တန်ဖိုးများကို မိမိတို့ ဆက်လက်အားပေးထောက်ခံသွားမည်ဖြစ်သည်။
Esther Htusan (အေပီသတင်းထောက်)
" ဦးကိုနီဟာ အမြဲတမ်းပဲ အမှန်တရားပဲ ပြောတဲ့သူပါ၊ ကျွန်မတို့ နိုင်ငံအတွက် ကျောက်ဆောင်တစ်ခုလို အမှန်တရားဘက်က ခိုင်ခိုင်မာမာ ရပ်တည်ပေးခဲ့တဲ့သူပါ" ဟု မြန်မာနိုင်ငံရဲ့ ပထမဆုံး ပူလစ်ဇာဆုရ အေပီသတင်းထောက်  Esther Htusan က လူမှုကွန်ရက်ပို့စ်တစ်ခုတွင် ရေးထားသည်။
Josef Benedict (လက်ထောက်ဒါရိုက်တာ၊ Amnesty International)
" ထင်ရှားကျော်ကြားတဲ့ ရှေ့နေတစ်ဦးဖြစ်တဲ့ ဦးကိုနီ လုပ်ကြံခံရတာက လုပ်ကြံသတ်ဖြတ်မှုရဲ့ ၀ိသေသလက္ခဏာရပ်တွေအားလုံးပါဝင်နေတဲ့ ကြောက်မက်ဖွယ် လုပ်ရပ်တစ်ခုဖြစ်ပါတယ်။  အာဏာပိုင်တွေအနေနဲ့ စေ့စပ်သေချာပြီးလွတ်လပ်တဲ့ဘက်မလိုက်တဲ့ စုံစမ်းဖော်ထုတ်မှု ချက်ချင်းစတင်ဖို့တောင်းဆိုလိုပါတယ်၊ ယင်းကဲ့သို့ အကြမ်းဖက်ဖြစ်စဉ်မျိုးကို အလေးထားဖြေရှင်းရမယ်ဆိုတဲ့ ထုတ်ဖော်မှုမျိုးလုပ်ဆောင်ရမှာလည်း ဖြစ်ပါတယ်
 International Crisis Group
ဦးကိုနီလုပ်ကြံသတ်ဖြတ်ခံရခြင်း၏ နောက်ကွယ်က ရည်ရွယ်ချက်နှင့် ပတ်သက်၍ သိရှိရသေးခြင်းမရှိသော်လည်း ယင်းမှာ အမုန်းတရား အခြေခံသည့် အမှုအခင်းတစ်ခု၏ လက္ခဏာရပ်အားလုံး ရှိနေသည်ဟု မြန်မာနိုင်ငံအရေး အနီးကပ်စောင့်ကြည့်နေသည်ဟု ပြောသည်။




 http://www.mizzimaburmese.com/article/22946



အခိုးယူခံလိုက်ရတဲ့ အီဂျစ်တော်လှန်ရေးရဲ့ တခန်းမရပ် အလွမ်းဇာတ်


 

အခိုးယူခံလိုက်ရတဲ့ အီဂျစ်တော်လှန်ရေးရဲ့ တခန်းမရပ် အလွမ်းဇာတ်

 ၂၀၁၀ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့က မြေထဲပင်လယ် ကမ်းရိုးတန်းနိုင်ငံတခုဖြစ်တဲ့ တူနီးရှားနိုင်ငံမှာ လက်တွန်းလှည်းနဲ့ ဟင်းသီးဟင်းရွက် ရောင်းချ အသက်မွေးနေထိုင်တဲ့ ဘွဲ့ရ လူငယ်လေးတယောက်ဖြစ်တဲ့ မိုဟာမက်ဘွာဇီဇီဟာ သူ ရိုးရိုးသားသား အသက်မွေးဝမ်းကျောင်း လုပ်နေတာကို အာဏာပြ အနိုင်ကျင့်စော်ကားခဲ့တဲ့ အမျိုးသမီး ပုလိပ်တပ်ဖွဲ့ဝင်တယောက်ရဲ့ ဖိနှိပ်မှုကို မခံမရပ်နိုင်ဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် မီးရှို့သတ်သေ ကန့်ကွက်ဆန္ဒပြလိုက်တာမှာ သူ့လိုပဲ မခံမရပ်နိုင်ဖြစ်နေကြတဲ့ တူနီးရှား ပြည်သူလူထုကြီးရဲ့ ဒေါသကို နှိုးဆွလိုက်သလိုဖြစ်သွားပြီး လူထုဒီမိုကရေစီ အရေးတော်ပုံကြီးတရပ် ပေါ်ပေါက်ခဲ့တာကို စာဖတ်သူတွေ သတိရကြဦးမှာပါ။ အခြေအနေက လူထုရဲ့အင်အားကို တားဆီးမရ မထိန်းနိုင်ဖြစ်လာတဲ့အချိန် ဇန်နဝါရီ ၁၄ ရက်နေ့မှာ သမ္မတ ဘင်အလီ နိုင်ငံခြားကို ထွက်ပြေးသွားခဲ့တဲ့အတွက် ပြည်သူလူထုတွေ အောင်ပွဲရသွားခဲ့ပါတယ်။ ဒါပေမယ့် ဒီ ၂၈ ရက်တာ လူထုဒီမိုကရေစီ အရေးတော်ပုံကြီးမှာ ပြည်သူလူထု ၂၀၀ ကျော် ပစ်သတ်ခံလိုက်ရတာကိုလည်း အမှတ်ရကြဦးမှာပါ။
လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးတွေထက် ဘာသာရေးအရ ကွပ်ညှပ်မှုတွေနဲ့ အာဏာရှင်တွေရဲ့ ဖိနှိပ်မှုတွေကို နှစ်ပေါင်းများစွာ စိုးမိုးအုပ်ချုပ်ခံနေထိုင်ခဲ့ကြရတဲ့ အရှေ့အလယ်ပိုင်းဒေသ နိုင်ငံတွေမှာ ဒီလို လူထုဒီမိုကရေစီ အုံကြွတော်လှန်မှုက အောင်ပွဲရသွားတဲ့အတွက် အုပ်စိုးသူ အာဏာရှင်အစိုးရတွေအဖို့ အင်အားကြီးမားတဲ့ လှိုင်းလုံးကြီးတခု ရိုက်ခတ်ခံလိုက်ရသလို ဖြစ်သွားတယ်လို့ ပြောရမှာပါပဲ။ အံ့သြထိတ်လန့်သွားခဲ့ကြတာ အမှန်ပါပဲ။
၁ လလောက်အချိန်အတွင်းဖြစ်တဲ့ ၂၀၁၁ ခု ဇန်နဝါရီလ ၂၅ ရက်နေ့မှာတော့ အာဏာရှင် မူဘာရက် အုပ်ချုပ်နေတဲ့ အီဂျစ်နိုင်ငံမှာလည်း တူနီးရှားနိုင်ငံလိုပဲ အဖိနှိပ်ခံ ပြည်သူလူထုရဲ့ ဒီမိုကရေစီ အရေးတော်ပုံ လှုပ်ရှားမှုကြီးတခု မြို့တော်ကိုင်ရိုနဲ့ နိုင်ငံတဝန်းမှာ ဖြစ်ပေါ်လာခဲ့ပြီး ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာတော့ သမ္မတ မူဘာရက် ရာထူးကဆင်းပေးဖို့ သဘောတူလိုက်တဲ့အတွက် ဒီမိုကရေစီရေးလှုပ်ရှားမှုကြီး ပဏာမအနေနဲ့ အောင်ပွဲရသွားခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ဒီမိုကရေစီ အရေးတော်ပုံအတွင်း သြဇာကြီးမားခဲ့တဲ့ မူဆလင်ညီအစ်ကိုများအဖွဲ့၊ အီဂျစ်စစ်တပ်နဲ့ တခြားနိုင်ငံရေးသမားတွေ၊ တက်ကြွလှုပ်ရှားသူတွေအကြား ရွေးကောက်ပွဲအတွက် အငြင်းအခုံပြုကြအပြီး မူဆလင်ညီအစ်ကိုများအဖွဲ့က သူ့ရဲ့ ရွေးကောက်ပွဲကိုယ်စားလှယ်လောင်းအဖြစ် လွတ်လပ်မှုနဲ့ တရားမျှတမှုပါတီ ခေါင်းဆောင်ဖြစ်တဲ့ မိုဟာမက်မော်စီကို ဇွန်လ ၁၈ ရက်နေ့မှာ တရာဝင်ကြေညာခဲ့ပြီး ရွေးကောက်ပွဲမှာလည်း အနိုင်ရရှိခဲ့ပါတယ်။ ရွေးကောက်ပွဲရလဒ်အရ မိုဟာမက်မော်စီဟာ အီဂျစ်နိုင်ငံရဲ့ ပထမဆုံး လူထုရွေးချယ်တင်မြှောက်ခံရတဲ့ အီဂျစ်နိုင်ငံရဲ့ ပဉ္စမမြောက် သမ္မတအဖြစ် ဇွန်လ ၃၀ ရက်နေ့မှာ သမ္မတတာဝန်ကို စတင်ထမ်းဆောင်ခွင့်ရခဲ့ပါတယ်။
သူ ရွေးကောက်ပွဲမှာ အနိုင်ရရှိတဲ့နေ့မှာ အီဂျစ်ပြည်သူလူထုတွေဟာ တာရီးယားရင်ပြင်မှာ တခဲနက် စုဝေးကြပြီး သူ့ကို နိုင်ငံရဲ့ ပထမဆုံးသော ဒီမိုကရေစီနည်းနဲ့ ရွေးချယ်တင်မြှောက်ခံရတဲ့ သမ္မတအဖြစ် သောင်းသောင်းဖျဖျ ကြိုဆိုထောက်ခံကြတာကို ခံခဲ့ရပါတယ်။
ဒါပေမယ့် အစပိုင်းမှာ မိုဟာမက်မော်စီ အာဏာရလာတာကို ခြိမ်းခြောက်လာတဲ့ အကြမ်းဖက်ဝါဒကို နိဂုံးချုပ်ပစ်ဖို့ တခုတည်းသောနည်းလမ်းပဲလို့ ပြောဆိုခဲ့တဲ့ အီဂျစ်စစ်တပ်ဗိုလ်ချုပ်ကြီး အယ်လ်စီစီက ၂၀၁၃ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့မှာ အာဏာသိမ်းယူခဲ့ပါတယ်။ သူက သမ္မတ မော်စီနဲ့ မူဆလင်ညီအစ်ကိုများအဖွဲ့ကို အပြစ်အမျိုးမျိုးတင်ပြီး ဖမ်းဆီးထိန်းသိမ်း တရားစွဲဆိုခဲ့ပြီး သမ္မတ မော်စီကို ရုံးတင် တရားစွဲခဲ့ပါတယ်။ သူ့ကို တရားရုံးက သေဒဏ် အပြစ်ပေးခဲ့ပေမယ့် ပလပ်တရားရုံးက သူ့သေဒဏ်ကို ပယ်ဖျက်ပြီး ထောင်ဒဏ်တသက် ချမှတ်ပေးလိုက်ပါတယ်။
အခုတော့ အာဏာသိမ်းစစ်တပ်ခေါင်းဆောင်နဲ့ ခုလက်ရှိသမ္မတ ဗိုလ်ချုပ်ကြီးဟူစိန် ခါလီလ်အယ်လ်စီစီကတော့ ခဏပိုင်း ဒီမိုကရေစီ အခွင့်အရေး ဟပေးတာကို လက်ခံခွင့်ပြုခဲ့ပေမယ့် သူတို့စစ်အုပ်စုရဲ့ အုပ်ချုပ်မှုအာဏာကို ထိန်းချုပ်ချင်နေတဲ့အတွက် အရင်က မကြုံဘူးတဲ့ လူ့အခွင့်အရေးနဲ့ လွတ်လပ်ခွင့် ချိုးဖောက်မှုတွေကို အီဂျစ်နိုင်ငံမှာ စဉ်ဆက်ကျူးလွန်ခဲ့တယ်လို့ နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့တွေက ပြောကြားခဲ့ပါတယ်။ အဲဒီလို စစ်အာဏာရှင်အုပ်ချုပ်ရေးအရ လုပ်ဆောင်ခဲ့တာတွေရဲ့ ရလဒ်ကတော့ စစ်တပ်လုံခြုံရေး လွှမ်းမိုးမှုအောက်မှာ နိုင်ငံတော်ရဲ့ ယန္တရားမှာ အာဏာမျှဝေမှု အားလုံး ဆုံးရှုံးသွားသလို ပြည်သူတွေရဲ့ ထောက်ခံမှုကို အားနည်းသွားစေတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။
ဒါပေမယ့် အဲဒီအခြေအနေတွေကို ရပ်တန့်သွားရအောင် အာဏာသိမ်းအစိုးရကတော့ အတိအလင်း ဖိနှိပ်မှုတွေနဲ့ ဒီမိုကရေစီနည်းလမ်းမကျတဲ့ ဥပဒေပြုခိုင်းတာတွေ၊ တရားစီရင်ရေးမှာ ဝင်ရောက်ကြိုးကိုင်တာတွေကို အသုံးပြုနေတာ တွေ့ရပါတယ်။
၂၀၁၃ ခုနှစ် စစ်တပ်အာဏာသိမ်းပြီး မကြာခင်မှာပဲ အစိုးရက ကျူးလွန်တဲ့ အကြမ်းဖက်မှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ စတင်ဖြစ်ပျက်လာခဲ့ပြီး အီဂျစ် လူ့အဖွဲ့အစည်းတခုလုံးကို ကိုင်လှုပ်လိုက်သလို တုန်ခါသွားစေခဲ့ပါတယ်။ ဒါပေမယ့် အာဏာသိမ်း စစ်ဗိုလ်ချုပ်တွေကတော့ သူတို့ဟာသူတို့ ခုလိုအုပ်ချုပ်နေရတာဟာ ပြည်သူလူထုတွင်း ပဋိပက္ခတွေနဲ့ ရန်လိုတိုက်ခိုက်မှုတွေကြောင့် တိုင်းပြည်ပြိုကွဲပျက်စီးသွားမှာကို ကယ်တင်ဖို့လို့ အကြောင်းပြပြီး ပြည်သူလူထုရဲ့ ဒီမိုကရေစီ အခွင့်အရေး၊ လူ့အခွင့်အရေးတွေကို တိတိလင်းလင်း ချိုးဖောက်နေဆဲဆိုတာ တွေ့ရပါတယ်။ အဲဒီလို ဖိစီးမှုတွေဟာ အုပ်စိုးသူစစ်အာဏာရှင်တွေက ပြည်သူလူထုကြားမှာ ဖြစ်ပေါ်နေတဲ့ အကြောက်တရားတချို့ကို လျှော့ချပေးနိုင်ခဲ့သလို အရပ်ဘက် လူ့အဖွဲ့အစည်းရဲ့ သဘောမတူ ကန့်ကွက်မှုတချို့ကိုလည်း ပျတ်ဝပ်သွားစေနိုင်ပြီး လူ့အခွင့်အရေး ချိုးဖောက်မှု နည်းလမ်းတွေအရ နိုင်ငံရေးအရ အပြိုင်အဆိုင်လုပ်မှုတွေကိုလည်း ဖယ်ရှင်းပစ်လိုက်သလို ဖြစ်သွားခဲ့တာ တွေ့ရပါတယ်။
ဒါကြောင့် ဖိနှိပ်မှုဟာ ၂၀၁၃ ခုနှစ်ကစပြီး အီဂျစ်နိုင်ငံ အာဏာသိမ်းအစိုးရရဲ့ အဓိက တည်ဆောက်မှုတခု ဖြစ်လာခဲ့တယ်လို့ ပြောရမှာပါပဲ။
ဒါပေမယ့် အဲဒါတခုတည်းကို အာဏာရှင်အသစ်က သုံးစွဲခဲ့၊ သုံးစွဲနေတာတော့ မဟုတ်ပါဘူး။ လူ့အခွင့်အရေး အဖွဲ့အစည်းပေါင်းစုံရဲ့ ထုတ်ပြန်ချက်အရ ၂၀၁၃ ခုနှစ်နဲ့ ၂၀၁၇ ခုနှစ်အတွင်းမှာ အကျဉ်းကျခံနေရသူ ဦးရေဟာ ခန့်မှန်းခြေအားဖြင့် ၆၀၀၀၀ လောက်ရှိသွားပြီလို့ ဆိုပါတယ်။ အဲဒီလို မတရားဖမ်းဆီးခံရသူတွေကို ချုပ်နှောင်ထားနိုင်ဖို့ အီဂျစ်နိုင်ငံမှာ နောက်ထပ် အကျဉ်းထောင် ၁၀ ခုကို စတင်ပြီး တည်ဆောက်နေတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ အင်အားသုံး အပျောက်ရှင်းမှုတွေကလည်း ဒေသတွင်းနဲ့ နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့အစည်းတွေ လေ့လာချက်အရ ပျောက်ဆုံးသွားသူနှုန်းဟာ ပျမ်းမျှ တနေ့ကို ၄ ယောက်မှာ ၃ ယောက်အထိ ရှိနေပြီလို့ သိရပါတယ်။ မူဆလင်ညီအစ်ကိုများအဖွဲ့ကို ထောက်ခံသူတွေရဲ့ စည်းရုံးမှုနဲ့ လုပ်ကိုင်ဆောင်ရွက်နေတဲ့ အသံတိတ်ဆန္ဒပြပွဲတွေကိုလည်း ၂၀၁၃ ခုနှစ် သြဂုတ်လ ၁၄ ရက်နေ့မှာ ဖြိုခွဲပစ်လိုက်တာ တွေ့ရပါတယ်။
ဒေသတွင်း လူ့အခွင့်အရေးအဖွဲ့တွေရဲ့ အစီရင်ခံ တင်ပြမှုတွေအရ ၂၀၁၆ ခုနှစ် နှစ်ဝက်ထဲမှာတင် ဥပဒေမဲ့သတ်ဖြတ်မှု ၇၅၄ မှု ဖြစ်ခဲ့ပြီး ၂၀၁၅ ခုနှစ်က ဖြစ်ခဲ့တဲ့ ဥပဒေမဲ့သတ်ဖြတ်မှု ၃၂၆ မှုထက် ပိုပြီးမြင့်တက်လာတာကို တွေ့ရပါတယ်။ ၂၀၁၆ ခုနှစ် သြဂုတ်လမှာ ထုတ်ပြန်ခဲ့တဲ့ အီဂျစ် အခွင့်အရေးနဲ့ လွတ်လပ်မှု ပူးတွဲဆောင်ရွက်မှု အစီရင်ခံစာအရ ၂၀၁၅ ခုနှစ်နဲ့ ၂၀၁၆ ခုနှစ်အတွင်း အစိုးရထိန်းသိမ်းရေးစခန်းတွေနဲ့ အကျဉ်းထောင်တွေမှာ ကိုယ်ထိလက်ရောက် နှိပ်စက်မှုနဲ့ တမင်ဆေးကုသပေးမှုကို လျစ်လျူရှုမှုပေါင်း ၁၃၄၄ မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ကြောက်ခမန်းလိလိ လူ့အခွင့်အရေးချိုးဖောက်မှုတွေလို့ ပြောရမှာပါပဲ။
အာဏာရှင်အစိုးရရဲ့ အဓိကရည်ရွယ်ချက်ကတော့ လွတ်လပ်စွာဖော်ထုတ်ခွင့်နဲ့ သင်းပင်းဖွဲ့စည်းခွင့်တွေကို အပြီးတိုင် ဖျက်သိမ်းရှင်းလင်းပစ်ရေးပဲ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ အီဂျစ်ရဲ့ အာဏာရှင်စနစ်သစ် စတင်ခဲ့ပြီး နှစ်ပိုင်းအတွင်းမှာပဲ အစိုးရရဲ့ အတိုက်အခံ နိုင်ငံရေးပါတီတွေနဲ့ လွတ်လပ်တဲ့ လူမှုအဖွဲ့အစည်းတွေအပေါ် ဖိစီးနှိပ်ကွပ်မှုတွေကြောင့် နိုင်ငံသားတွေဟာ တစတစ နည်းပါးလာတဲ့ လူထုပိုင်နေရာတွေကနေ အုပ်စုလိုက် ရှောင်ဖယ်လာကြတာကိုလည်း မြင်သာထင်ရှား တွေ့နေရပါတယ်။
ဒါပေမယ့် အီဂျစ်နိုင်ငံရဲ့ အခွင့်ထူးခံ အာဏာရှင်အုပ်စိုးသူတွေက သူတို့ကတိပြုခဲ့တဲ့ ဒီမိုကရေစီ အခွင့်အလမ်းတွေကို ဖွင့်ပေးပါ့မယ်ဆိုတဲ့ ကတိစကားတွေကို ဆောင်ရွက်ပေးဖို့ ပျက်ကွက်ခဲ့ပြီး နိုင်ငံနဲ့ လူ့အဖွဲ့အစည်းကို ထိန်းချုပ်အုပ်ချုပ်ဖို့ ကြိုးစားလာတာကို အီဂျစ်ပြည်သူတွေ ခံစားနေရတယ်လို့ ပြောရမှာပါပဲ။
အီဂျစ်ပြည်သူတွေဟာ အာရပ်လှိုင်းကိုစီးပြီး လူထုဒီမိုကရေစီ အရေးတော်ပုံကြီးကို အောင်ပွဲရအောင် တိုက်ပွဲဝင်နိုင်ခဲ့ကြတယ်။ ဒီမိုကရေစီနည်းလမ်းတကျ ရွေးချယ်တင်မြှောက်ခံရတဲ့ သမ္မတ ရှိပြီးမှ စစ်အာဏာရှင်ရဲ့ အာဏာသိမ်းမှုကို ခံခဲ့ရတယ်။ ပြီးမှ အောင်ပွဲရလဒ်ကို စစ်တပ်က ခိုးယူခံခဲ့ရတယ်လို့ ဆိုရမှာပါ။
ကျနော်တို့နိုင်ငံကတော့ ၁၉၈၈ ခုနှစ် လူထုဒီမိုကရေစီ အရေးတော်ပုံကြီး မအောင်မြင်ခဲ့ဘူး။ စစ်အာဏာရှင်တွေက ချေမှုန်းပစ်တာခံခဲ့ရ။ လိမ်ညာပြီး ဒီမိုကရေစီ ရွေးကောက်ပွဲလုပ်ပေးတာ ခံခဲ့ရ။ တရားသဖြင့် အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အစိုးရဖွဲ့ခွင့်မပေးဘဲ စစ်အုပ်စုက အာဏာကို ဆက်ကိုင်စွဲထားတာကို ခံခဲ့ရ၊ နိုင်ငံတကာမှာ လူတောတိုးဖို့ အခက်တွေ့၊ စီးပွားရေး အရေးယူဒဏ်ခတ်မှုတွေကြောင့် မလှုပ်နိုင်တော့မှ ကလိမ်ကညစ်နည်းနဲ့ ရွေးကောက်ပွဲလုပ်၊ လုပ်ပွဲကြီးနဲ့ စစ်အာဏာရှင် ဗိုလ်ချုပ်ကိုပဲ သမ္မတခန့် အုပ်ချုပ်တာခံခဲ့ရ၊ ခု ၂၀၁၅ ရွေးကောက်ပွဲမှာ အမျိုးသားင်္ဒီမိုကရေစီအဖွဲ့ချုပ် အပြတ်အသတ်အနိုင်ရခဲ့၊ အစိုးရဖွဲ့ခွင့်ရခဲ့ပေမယ့် ၂၀၀၈ ခြေဥအရ စစ်တပ်လက်ထဲမှာပဲ အာဏာဆက်ရှိနေအောင် လုပ်ထားတာကို ခံနေခဲ့ရပြန်တယ်။
ခုချိန်ထိ အီဂျစ်စစ်အာဏာရှင်တွေ ကောက်ကျစ်စဉ်းလဲတာနဲ့ မြန်မာစစ်အာဏာရှင်တွေ ကောက်ကျစ်စဉ်းလဲတာက ပိန်မသာလိမ်မသာလို့ ပြောရင်ရပေမယ့် မြန်မာစစ်အာဏာရှင်တွေကတော့ ၂ ကြိမ် ၂ ခါ တော်လှန်ရေးရလဒ်ကို ခိုးယူသွားနိုင်ခဲ့တယ်လို့ ပြောရင် လွန်မယ်မထင်ပါဘူး။
သူခိုး ဓားရိုးကမ်းသူတွေကလည်း ရှိခဲ့ပေတာကိုး ။                 ။



 http://burmese.dvb.no/archives/186784


ဘူးသီးတောင်နဲ့ စစ်တွေကို မစ္စယန်ဟီးလီ သွားရောက်




ဘူးသီးတောင်နဲ့ စစ်တွေကို မစ္စယန်ဟီးလီ သွားရောက်

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေမှာ ပြီးခဲ့တဲ့အောက်တိုဘာလက တပ်မတော်သားနဲ့ ရဲတပ် ဖွဲ့ဝင်တွေကို အကြမ်းဖက်သတ်ဖြတ်ခဲ့တာတွေဟာ လက်ခံနိုင်စရာမရှိတဲ့ ဆိုးဝါးတဲ့လုပ်ရပ်ဖြစ်တယ်လို့ ကောက် ချက်ချကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်ရေး ကိုယ်စားလှယ် မစ္စယန်ဟီးလီ က ပြောခဲ့တယ် လို့ ရွှေစေတီကျောင်း ဆရာတော် အရှင်အရိယဝံသ က မိန့်ပါတယ်။

ဒီနေ့ စစ်တွေမြို့ ရွှေစေတီကျောင်းတိုက်မှာ မစ္စယန်ဟီးလီက လာရောက် တွေ့ဆုံရာမှာ ပြောကြားခဲ့တာဖြစ်တယ်လို့ ဆရာတော် အရှင်အရိယဝံသ က မိန့်ပါတယ်။

"မောင်တောနဲ့ ဘူးသီးတောင်ဖြစ်စဉ်မှာ ဘင်္ဂါလီတွေဘက်က အကြမ်းဖက်တာတို့၊ တပ်မတော်တို့ ရဲဝန်ထမ်း တို့ကို လည်လှီးသတ်ဖြတ်တာတို့ကို တွေ့ခဲ့ရတာဟာ လက်ခံနိုင်စရာအကြောင်းမရှိဘူး။ ဒါကို တော်တော် ဆိုးဝါးတဲ့လုပ်ရပ်ဆိုတာကို စိတ်ပျက်စရာကောင်းတယ်ဆိုတာကို သူကမှတ်ချက်ချတယ်လေ"

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်ရေးကိုယ်စားလှယ် မစ္စယန်ဟီးလီဟာ ဘူးသီးတောင်မြို့နယ်ကနေ ဒီနေ့ စစ်တွေမြို့ကို လာရောက်ခဲ့တာဖြစ်ပြီး စစ်တွေအကျဉ်းထောင်ကိုလည်း သွားရောက်လေ့လာခဲ့ပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ်အနေနဲ့ ရခိုင်ပြည်နယ်ခရီးစဉ်အတွင်း လွတ်လွတ်လပ်လပ် သွားလာခွင့် ရခဲ့ကြောင်းနဲ့ သူ့အနေနဲ့ ရခိုင်ပြည်နယ်အတွင်းမှာ နှစ်ဖက်လူ့အခွင့်အရေးရရှိဖို့အတွက် ဆောင်ရွက်နေတယ်ဆိုတာ ကို ယုံကြည်ပေးဖို့ ရွှေစေတီကျောင်းဆရာတော်ထံ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

မစ္စယန်ဟီးလီဟာ အခုလ ၁၃ ရက်နေ့ကနေ ဒီနေ့အထိ ၄ ရက်ကြာ ရခိုင်ပြည်နယ်ကို သွားရောက် လေ့လာခဲ့ တာဖြစ်ပြီး စစ်တွေမြို့မှာ အစိုးရအဖွဲ့ တာဝန်ရှိသူတွေကို တွေ့ဆုံခဲ့သလို အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့တဲ့ ရသေ့တောင်၊ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်က ဒေသခံတွေ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့လည်း တွေ့ဆုံခဲ့တာ ဖြစ် ပါတယ်။


http://www.rfa.org/…/yangheelee-butheetaung-trip-0116201706…


အပစ်မရပ်အဖွဲ့နှင့် အစိုးရငြိမ်းချမ်းရေးကော်မရှင်တို့ ချင်းမိုင်တွင် ဆွေးနွေး




အပစ်မရပ်အဖွဲ့နှင့် အစိုးရငြိမ်းချမ်းရေးကော်မရှင်တို့ ချင်းမိုင်တွင် ဆွေးနွေး

မြန်မာအစိုးရ ငြိမ်းချမ်းရေးကော်မရှင် ကိုယ်စားလှယ်အဖွဲ့နဲ့ အပစ်ရပ်လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားအဖွဲ့တွေရဲ့ နိုင်ငံရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ (ဒီပီအန်) တို့ ဒီကနေ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ အလွတ်သဘော တွေ့ဆုံဆွေးနွေးဖို့ ရှိပါတယ်။

လာမယ့် ပြည်ထောင်စုငြိမ်းချမ်းရေး ၂၁ ရာစု ပင်လုံညီလာခံ ဒုတိယအကြိမ် အစည်းအဝေး အတွက် ကြိုတင်ညှိနှိုင်းဆွေးနွေးဖို့ နှစ်ဖက်ကိုယ်စားလှယ်တွေ တရက်တာ အလွတ်သဘော တွေ့ဆုံမှာ ဖြစ်ပြီး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့် ရေးကော်မတီ (JMC) ကိစ္စလည်းဆွေးနွေးဖို့ရှိတယ်လို့ တာဝန်ရှိသူတွေဆီက သိရပါတယ်။

မြန်မာအစိုးရဘက်က ငြိမ်းချမ်းရေးကော်မရှင် အကြံပေး ဦးအောင်ကြည် အပါအဝင် ဦးလှမောင်ရွှေ၊ ဒေါက်တာမင်းဇော်ဦး၊ ဦးကျော်လင်းဦးတို့ ကိုယ်စားပြုဆွေးနွေးကြမှာဖြစ်ပြီး ဒီပီအန် ကိုယ်စားလှယ်အဖွဲ့ကတော့ ခူးဦးရယ်၊ ဗိုလ်ချုပ်ဂွန်မော်၊ နိုင်ဟံသာတို့ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တို့ တက်ရောက်ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

နှစ်ဖက်တွေ့ဆုံမှုက အလွတ်သဘော တွေ့ဆုံမှုဆိုပေမယ့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပြန်လည်စတင်နိုင်ဖို့နဲ့ တကယ်ဆွေးနွေးတဲ့ပွဲတွေမှာလည်း အဆင်ပြေချောမွေ့စေဖို့ ရည်ရွယ်ချက်နဲ့ အခုလို အလွတ်သဘောတွေ့ဆုံမှုကို ကျင်းပပြုလုပ်ရတာဖြစ်တယ်လို့ သက်ဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့တွေဆီကစုံစမ်းသိရပါတယ်။

ညီညွတ်သော တိုင်းရင်းသား လူမျိုးများဖက် ဒရယ် ကောင်စီ (ယူအန်အက်ဖ်စီ)ရဲ့ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ (ဒီပီအန်)နဲ့ ဒေါက်တာတင်မျိုးဝင်း ဦးဆောင်တဲ့ ငြိမ်းချမ်းရေး ကော်မရှင် အဖွဲ့တို့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၁ ရက်က ရန်ကုန်မှာ နောက် ဆုံးတွေ့ဆုံခဲ့ပါတယ်။



http://burmese.dvb.no/archives/183828



Yanghee Lee ရခိုင်မှာ ဒေသခံတွေနဲ့တွေ့ဆုံ




Yanghee Lee ရခိုင်မှာ ဒေသခံတွေနဲ့တွေ့ဆုံ

ရခိုင်ပြည်နယ်ကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms.Yanghee Lee ဟာ ဒီကနေ့မှာ ဘူးသီးတောင်နဲ့ မောင်တောမြို့တို့ကို သွားလေ့လာခဲ့ပြီး ရခိုင်နဲ့ မူစလင် နှစ်ဖက် အသိုင်းအ၀ိုင်းနဲ့ တွေ့ဆုံခဲ့ပါတယ်။ ကုလအထူးကိုယ်စားလှယ် ရခိုင်ပြည်နယ် ခရီးစဉ်ကို အစိုးရက တာဝန်ယူဆောင်ရွက်ပေမယ့်လို့ ဒေသခံ ရွာသားတွေနဲ့ တွေ့ဆုံတဲ့အခါမှာတော့ လုံခြုံရေးတွေ လိုက်ပါမလာဖို့အတွက် Ms.Yanghee Lee က တောင်းဆိုခဲ့တဲ့အကြောင်း ရခိုင်ပြည်နယ် အစိုးရ ပြောရေးဆိုခွင့်ရသူက ဗွီအိုအေကို ပြောပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုထက်အောင်က တင်ပြပေးမှာပါ။

မြန်မာနိုင်ငံကို ၁၂ ရက်ကြာ ခရီးစဉ်အဖြစ် ရောက်ရှိနေတဲ့ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms.Yanghee Lee ဟာ မနေ့က ရခိုင်ပြည်နယ် အစိုးရအဖွဲ့နဲ့ စစ်တွေမြို့မှာ တွေ့ဆုံခဲ့ပြီး ဒီကနေ့မှာ ရခိုင်ပြည် မြောက်ပိုင်းကို သွားရောက်လေ့လာခဲ့ပါတယ်။ အောက်တိုဘာလ အစောပိုင်းက ဖြစ်ပျက်ခဲ့တဲ့ ပဋိပက္ခတွေကြောင့် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ်ဆိုပြီး စွပ်စွဲပြောဆိုနေကြတဲ့ မောင်တောနဲ့ ဘူးသီးတောင် ဒေသတို့ကို ဒီကနေ့မှာ သွားရောက်ခဲ့ပြီး နှစ်ဖက်အသိုင်းအ၀ိုင်းနဲ့ တွေ့ဆုံခဲ့တယ်လို့ ကုလသမဂ္ဂ မြန်မာနိုင်ငံရုံးခွဲရဲ့ ပြန်ကြားရေး တာဝန်ခံ ဦးအေးဝင်းက ပြောပါတယ်။

“ဒီနေ့က ခြင်္ကာလီရွာရယ်၊ နောက်အဲဒီက ကိုးတံကောက်ရွာရယ်၊ အဲဒီ ခြင်္ကာလီရွာ၊ အဲဒီရွာတွေကိုရော.. နောက် အဲဒီက IDP camp ရော၊ ဘူးသီးတောင်မှာရောပေါ့၊ မောင်တောမှာ ညအိပ်မယ်။ မောင်တောကနေဆက်ပြီးတော့ ဘူးသီးတောင်ကိုသွားမယ့်ခဏထမင်းစားပြီးတော့ ဘူးသီးတောင်သွားတယ်။

ဘူးသီးတောင်ကနေ ဒီနေ့မောင်တောကို ပြန်နေတယ်အခု။ ”
Ms.Yanghee Lee ဟာ သူ့ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်မစခင်မှာ လူ့အခွင့်အရေး ချိုးဖောက်ခံရတယ်လို့ ယူဆရတဲ့နေရာတွေကို သွားရောက်လေ့လာဖို့ စီစဉ်ခဲ့ပေမယ့်လို့ ကချင်ပြည်နယ်ဘက်က လိုင်ဇာနဲ့ ဖားကန့်ဒေသတို့ကို အစိုးရက သွားခွင့် မပြုခဲ့ပါဘူး။ ဒါ့အပြင် အလုပ်အကျဉ်းစခန်းတွေထဲမှာ ဆိုးဝါးတဲ့ အခြေအနေမှာ ရှိနေပြီး အကျဉ်းသားတွေကို အခုထက်ထိ ခြေကျင်းခတ် အလုပ်စေခိုင်းတယ်လို့ ပြောဆိုမှုတွေ ရှိနေတဲ့ မွန်ပြည်နယ်က ဇင်းကျိုက် ကျောက်ထုတ် အကျဉ်းစခန်းကို သွားရောက်လေ့လာခဲ့ပေမယ့်လို့ Ms.Yanghee Lee လာရောက်တဲ့နေ့မှာ ကျောက်ထုတ်စခန်းမှာ အလုပ်သမားတွေကို အလုပ်ခိုင်းစေခြင်း မပြုခဲ့ပါဘူး။ လက်ရှိအချိန်မှာတော့ ကုလအထူးကိုယ်စားလှယ်ဟာ ရခိုင်ပြည်နယ် စစ်တွေ၊ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်တို့ကို လေ့လာဖို့အတွက် ရောက်ရှိနေတာပါ။ ဒီခရီးစဉ်အတွင်း Ms.Yanghee Lee ရဲ့ လုံခြုံရေးကို အစိုးရက တာဝန်ယူထားပြီး ရခိုင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ၀န်ကြီးက ဦးဆောင်ကာ တာဝန်ယူဆောင်ရွက်နေတယ်လို့ ရခိုင်ပြည်နယ်စိုးရ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးမင်းအောင်က ပြောပါတယ်။

“ပြည်နယ်အစိုးရကနေပြီးတော့ အဆင်ပြေပြေဖြစ်ဖို့အတွက် ကျနော်တို့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှုးကြီးနေလင်းကိုသူနဲ့အတူတူသွားဖို့.. ဟို.. လိုက်ပါပြီးတော့ သူ့ရဲ့ လိုအပ်ချက်တွေပေါ်မှာ လိုက်ပါဆောင်ရွက်ပေးနေတယ်လေ ။ပြည်နယ်အစိုးရအဖွဲ့ရဲ့ဝန်ကြီးတယောက်ကလေ”
အောက်တိုဘာလ ၉ ရက်နေ့က နယ်ခြားစောင့်တပ်တွေကို အကြမ်းဖက်သမားတွေ ၀င်ရောက်တိုက်ခိုက်ခဲ့ရာကနေ အစပြုခဲ့တဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်း ပဋိပက္ခတွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ်ဆိုပြီး နိုင်ငံတကာ အသိုင်းအ၀ိုင်းက တစ်လျှောက်လုံး ဝေဖန်ခဲ့ကြတဲ့ မောင်တောနဲ့ ဘူးသီးတောင်ဒေသတွေကို ကုလအထူးကိုယ်စားလှယ် Ms.Yanghee Lee ကိုယ်တိုင် သွားရောက်လေ့လာနေတာဖြစ်ပါတယ်။

သူ့အနေနဲ့ အစိုးရရဲံ လုံခြုံရေးတွေနဲ့ အဲဒီ့ဒေသတွေကို သွားရောက်ရမှာဖြစ်တာကြောင့် နှစ်ဖက်အသိုင်းအ၀ိုင်းနဲ့ တွေ့ဆုံတဲ့အခါမှာ လွတ်လွတ်လပ်လပ် ဆွေးနွေးပြောဆိုမှုတွေ ရှီနိုင်ပါ့မလားဆိုတဲ့ စိုးရိမ်မှုတွေ ရှိပေမယ့်လို့ Ms.Yanghee Lee ကတော့ သူရဲ့ ဒီတစ်ခေါက် ခရီးစဉ် ပြီးဆုံးအောင်အထိ စောင့်ကြည့်ဖို့ လိုပါတယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့လို့ မနေ့က ရခိုင်ပြည်နယ် အစိုးရနဲ့ တွေ့ဆုံစဉ်မှာတော့သူ့အနေနဲ့ ဒေသခံ ရွာသားတွေနဲ့ ပြောဆိုမေးမြန်းတဲ့အခါမှာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ လိုက်ပါမလာဖို့ တောင်းဆိုခဲ့တယ်လို့ ဦးမင်းအောင်က ပြောပါတယ်။

“ ရွာတွေမှာ သူသွားတဲ့ရွာ၊ သူရောက်တဲ့ရွာမှာ သူနဲ့ နီးနီးကပ်ကပ်မနေဖို့ပေါ့၊ တပ်မတော် ဒါမှမဟုတ် ရဲတပ်ဖွဲ့ဝင်တွေ သူမေးမြန်းစုံစမ်းတဲ့နေရာမှာ လာပြီးတော့ နီးနီးကပ်ကပ်မနေဖို့၊ ဝေးဝေးမှာနေပြီးတော့ သူ့ဘာသာ လွပ်လွပ်လပ်လပ် မေးမြန်းမယ်၊ မေးချင်တဲ့လူကို မေးမယ်၊ မမေးချင်တဲ့လူကို မမေးဘူး။ လုံခြုံရေးအပိုင်းကနေပြီးတော့ လိုက်ပါဖို့မလိုဘူးဆိုတာလေးကို သူက အသိပေးထားတာပေါ့နော်။ အဲတာမျိုးလေးတွေပြောတာပါ။ မနေ့က။”

Ms. Yanghee Lee ဟာ မြန်မာနိုင်ငံကို လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သတ်လို့ လာရောက်လေ့လာတာ ဒါဟာ ငါး ကြိမ်မြောက်ခရီးစဉ်လည်း ဖြစ်ပါတယ်။ ဒီလ ၁၈ ရက်နေ့မှာတော့ ကုလအထူးကိုယ်စားလှယ်ဟာ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံဖို့ ရှိပါတယ်။ ဒါ့အပြင် ဇန်န၀ါရီလ ၂၀ ရက်နေ့မှာ သူ့ရဲ့ မြန်မာပြည် ခရီးစဉ်အတွင်း တွေ့ရှိချက်တွေကို ရန်ကုန်မြို့မှာ သတင်းစာရှင်းလင်းပွဲ တစ်ရပ် ပြုလုပ်သွားဖို့ ရှိပါတယ်ခင်ဗျာ။



http://burmese.voanews.com/a/3676225.html


ယန်ဟီးလီ ကို တွေ့ဖို့ ANP ငြင်းဆန်




ယန်ဟီးလီ ကို တွေ့ဖို့ ANP ငြင်းဆန်

 ရခိုင်ပြည်နယ်မှာ မဲအများဆုံး အနိုင်ရထားတဲ့ ANP ရခိုင်အမျိုးသားပါတီက ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms.Yanghee Lee နဲ့ တွေ့ဆုံရေးကို လက်မခံပဲ ငြင်းပယ်လိုက် ပါတယ်။ မြန်မာနိုင်ငံကို ၁၂ ရက်ခရီး လာရောက်နေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စ Yanghee Lee ဟာ သောကြာနေ့မှာ ရခိုင်ပြည်နယ် ကို ရောက် သွားပြီ ဖြစ်ပြီး ပြည်နယ်မြောက်ပိုင်း က အကြမ်းဖက် အတိုက်ခိုက် ခံခဲ့ရတဲ့ နေရာတွေကို စနေနေ့ မသွားခင်မှာ ANP ရခိုင်အမျိုးသားပါတီ နဲ့ တွေ့ဆုံဖို့ မျှော်လင့်ထားတာ ဖြစ်ပါတယ်။

အခုလို မစ္စ Yanghee Lee ဘက်က တွေ့ဆုံဖို့ ပြောကြားခဲ့ပေမယ့် သူတို့ပါတီအနေနဲ့ တွေ့ဆုံဖို့ အစီစဉ် မရှိဘူးလို့ ANP ပါတီ ဒုဥက္ကဌ ဦးခိုင်ပြည်စိုးက AFP သတင်းဌာနကို ပြောပါတယ်။
အောက်တိုဘာ ၉ ရက်က မောင်တောဒေသမှာ အကြမ်းဖက်အတိုက်ခိုက် ခံခဲ့ရတဲ့အတွက် စစ်တပ်က နယ်မြေရှင်းလင်းရာမှာ ဆိုးဝါးတဲ့ လူ့အခွင့်ရေး ချိုးဖေါက်မှုတွေ ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲမှုတွေနဲ့ အတူ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို ရိုဟင်ဂျာ ၆ သောင်းခွဲလောက် ထွက်ပြေးခဲ့ တယ်လို့ ဘင်္ဂလားဒေ့ရှ် အခြေစိုက် ကုလသမဂ္ဂက ပြောဆိုခဲ့တဲ့ နောက်ပိုင်း အဲဒီဒေသကို မစ္စ Yanghee Lee သွားရောက် ကြည့်ရှုမှာ ဖြစ်ပါတယ်။

သူ့ရဲ့ မြန်မာနိုင်ငံ ခရီးစဉ် မတိုင်ခင်မှာတော့ ရခိုင်ဒေသ အကြမ်းဖက်မှုဟာ ဒီမိုကရေစီ လမ်းကြောင်းပေါ် လျှောက်လမ်းနေတဲ့ မြန်မာ အစိုးရ သစ်အတွက် အခက်အခဲဖြစ်စေမှာမို့ စိုးရိမ်ကြောင်း ပြောဆိုခဲ့တာပါ။ ဒါပေမယ့် အဲဒီဒေသကို သတင်းမီဒီယာတွေကို သွားခွင့်မပြုခဲ့တဲ့ အချိန် တုန်းကတော့ မစ္စ Yanghee Lee က ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး နိုင်ငံတကာ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဖို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

မူစလင်အများစု နေထိုင်တဲ့ ဒေသတွင်းက မလေးရှားနိုင်ငံဟာ လာမယ့် သီတင်းပါတ်ထဲမှာပဲ အစ္စလန် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC ရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေ အစည်းဝေးကို သူ့နိုင်ငံမှာ ခေါ်ယူပြီး ရိုဟင်ဂျာတွေ အရေးကို ဆွေးနွေးဖို့ ရှိပါတယ်။

ဘင်္ဂလားဒေ့ရှ် အစိုးရက သူ့နိုင်ငံဘက် ထွက်ပြေးလာသူတွေကို ပြန်ခေါ်ယူဖို့ အခု ဘင်္ဂလားဒေ့ရှ်မှာ ရောက်နေတဲ့ မြန်မာကိုယ်စားလှယ် အဖွဲ့ကို တောင်းဆိုခဲ့တာပါ။ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနကတော့ အခုလို ထွက်ပြေးလာသူတွေနဲ့ ပါတ်သက်ပြီး နိုင်ငံသား ဟုတ်မဟုတ် စီစစ်မှုတွေ လုပ်ပြီး ဟုတ်မှန်ရင် ပြန်ပို့ရေး ဆွေးနွေးဖို့ ၂ နိုင်ငံ သဘောတူညီမှု ရပြီလို့ ပြောကြားခဲ့ပါတယ်။



http://burmese.voanews.com/a/rakhine-mps-refus…/3675720.html


ဒီမိုကရေစီ အစိုးရလက်ထက် ငြိမ်းချမ်းရေးကိစ္စ ဆောင်ရွက်ရာမှာ အဆင့်တွေ သိပ်များနေဟု ဗိုလ်ချုပ်ဂွမ်မော်ပြော





ဒီမိုကရေစီ အစိုးရလက်ထက် ငြိမ်းချမ်းရေးကိစ္စ ဆောင်ရွက်ရာမှာ အဆင့်တွေ သိပ်များနေဟု ဗိုလ်ချုပ်ဂွမ်မော်ပြော

ချင်းမိုင်၊ ဇန်နဝါရီ ၁၄ ။ ။ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) နှင့် တပ်မတော်တို့အကြား ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ ဖြစ်ပွားနေသော်လည်း ကေအိုင်အိုအပါအဝင် တစ်နိုင်ငံလုံးအပစ်ရပ်လက်မှတ်မထိုးရသေးသည့် လက်နက်ကိုင်အဖွဲ့များက ပြည်တွင်းငြိမ်းချမ်းရေးအတွက် အပစ်ရပ်လက်မှတ်ထိုးနိုင်ရေး၊ ၂၁ရာစုပင်လုံညီလာခံတွင် ပါဝင်နိုင်ရေးအတွက် အပစ်ရပ်လက်မှတ်မထိုးရသေးသည့် အဖွဲ့များပါဝင်သည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC)မှ ဖွဲ့စည်းထားသော နိုင်ငံရေးဆိုင်းရာ ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ (DPN) နှင့် အစိုးရ၏ ငြိမ်းချမ်းရေးကိုယ်စားလှယ်များ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲအပြီးတွင် KIAမှ ကချင်လွတ်လပ်ရေး ကောင်စီ (KIC) ဒု-ဥက္ကဌ (၂)လည်းဖြစ် DPN အဖွဲ့ဝင်လည်းဖြစ်သူ ဗိုလ်ချုပ်ဂွမ်မော်ကို မဇ္ဈိမက ဆက်သွယ်ကာ တပ်စခန်းများသိမ်းဆည်းခံရမှု အခြေအနေ၊ ယခင်အစိုးရနှင့် လက်ရှိ အစိုးရတို့အကြား ငြိမ်းချမ်းရေး လုပ်ဆောင်ချက်များနှင့် လက်ရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် အမြင်သဘောထားများကို မေးမြန်းထားသည့်အထဲမှ ကောက်နှုတ်တင်ပြလိုက်သည်။

မေး။ ။ လတ်တလော ကချင်ပြည်နယ်ထဲက တိုက်ပွဲ အခြေအနေက ဘယ်လိုရှိနေလဲ။

ဖြေ။ ။ တိုက်ပွဲက ပိုပြီး များပြားလာတယ်။ ပိုပြီး ပြင်းထန်လာတယ်။ ပြီးတော့ တပ်ရင်း ဌာနချုပ်ချုပ်က တပ်ရင်းတွေကို တစ်ခုပြီး တစ်ခု တိုက်ယူနေတဲ့ အနေအထားဖြစ်နေပါတယ်။

မေး။ ။ ဒီနှစ်ထဲမှာ တပ်မတော်ဘက်ကနေ တိုက်ယူခဲ့တဲ့ KIA ရဲ့ တပ်စခန်း ဘယ်နှစ်ခုလောက် ရှိလဲ။ 

ဖြေ။ ။ ကျနော်တို့ အခု တပ်စခန်းဆိုရင်တော့ အားလုံး ၄ ခုလို့ ပြောလို့ရပါတယ်။ ကျန်တဲ့ဟာတွေကတော့ ရှေ့ကာကင်းလို နေရာမျိုးဖြစ်တာပေါ့လေ။ အဲတော့ စခန်းနေရာ ၄ ခုဖြစ်ပါတယ်။

မေး။ ။ တိုက်ပွဲတွေ ပြင်းထန်းလာတဲ့အပေါ်မှာ KIO ဘက်ကနေ အစိုးရနဲ့ တွေ့ဆုံဆွေးနွေးဖို့ တစ်စုံတစ်ရာ တင်ပြခဲ့တာတွေ ရှိလား။

ဖြေ။ ။ ကျနော်တို့ KIO အနေနဲ့တော့ KIO ဆွေးနွေးဖို့ နှစ်ဖက်ဆွေးနွေးဖို့ တင်ပြထားတာ ၆ လလောက်ရှိပြီ။ ဒါပေမဲ့ အစိုးရက ဘာမှ အကြောင်းပြန်ကြားချက် မရှိပါဘူး။ ဒါပေမဲ့ ကျနော်တို့ကတော့ UNFC ကနေပြီးတော့ DPN ရဲ့ ဆွေးနွေးမှုအောက်ကနေ သွားနေပါတယ်။

မေး။ ။ DPN ကနေ ငြိမ်းချမ်းရေးကော်မရှင်နဲ့ ဆွေးနွေးညှိနှိုင်းမှုမှာ ဘယ်လို အချက်တွေက အခက်ခဲဆုံးဖြစ်လဲ။

ဖြေ။ ။ အဓိကတော့ ကျနော်တို့ DPN က အချက် ၉ ချက်ကို တင်ပြထားတ။ တချက်မှ အဆင်မပြေသေးပါဘူး။ အဲဒီကိစ္စကို ဆွေးနွေးနေဆဲ ဖြစ်ပါတယ်။ ဘာဖြစ်လို့ဆိုတာထက် ဒီဆွေးနွေးမှုက တခုမှ သဘောတူညီချက်မရသေးဘူး။

မေး။ ။ မနေ့က ငြိမ်းချမ်းရေးကော်မရှင်နဲ့ ဆွေးနွေးတဲ့ထဲမှာ ဘယ်အတိုင်းအတာထိ ပွင့်ပွင့်လင်းလင်း ဆွေးနွေးနိုင်ခဲ့လဲ။ ဒီဆွေးနွေးမှုက ငြိမ်းချမ်းရေးအတွက် ဘယ်လောက် အထောက်အကူပြုမယ်ထင်သလဲ။

ဖြေ။ ။ မနေ့က ဆွေးနွေးတာက အလွတ်သဘောဆိုတော့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးပါတယ်။ ဒါပေမဲ့ ဒါကို နောင်တကယ် အစည်းအဝေးတွေ ဖြစ်လာရင် ကြိုတင်ပြီးမှ ဆွေးနွေးကြတဲ့ သဘောဆိုတော့ တစုံတရာ ဆုံးဖြတ်ချက်တွေ အစည်းအဝေးတော့ မဟုတ်ပါဘူး။ ဆွေးနွေးမှုတိုင်းက ငြိမ်းချမ်းရေးကို အထောက်အကူပြုဖို့ ဆွေးနွေးကြတာပါပဲ။ အဲဒီဆွေးနွေးမှုမှာရရှိတဲ့ နားလည်မှုနဲ့ ရလဒ်ကို ဘယ်လိုအသုံးချသလဲဆိုတဲ့အပေါ်မှာပဲ မူတည်ပါတယ်။ မနေ့က ဆွေးနွေးချက်တွေကို အစိုးရဘက်ကရော UNFC ဘက်ကရော ဘယ်လောက်ထိ အသုံးချနိုင်မလဲဆိုတာကိုတော့ ကျနော်တို့ တကယ်ပဲ အချိန်ကို စောင့်ကြည့်ပြီးမှပဲသိရမှာပါ။

မေး။ ။ အရင် အစိုးရလက်ထက်က ဦးအောင်မင်း ဦးဆောင်တဲ့ MPC နဲ့ ဆွေးနွေးတာ သုံးနှစ်ကြာခဲ့တယ်။ ငြိမ်းချမ်းရေး ဆွေးနွေးနေရင်း ပစ်ခတ်သံတွေ ဆက်ကြားနေတယ်။ ဆိုတော့ အဲဒီ သုံးနှစ်ကြာ ဆွေးနွေးမှုရလဒ်က ဘာတွေလဲလို့ ပြောလို့ ရမလဲရှင်။

ဖြေ။ ။ သုံးနှစ်တာ ဆွေးနွေးမှု ရလဒ်ကတော့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်ရပ်စဲရေးစာချုပ် မူကြမ်းတစ်ခု ရရှိတယ်။ ဒါပေမဲ့ အဲဒီမူကြမ်းအပေါ်မှာ အားလုံးပါဝင်နိုင်ဖို့ ကြတော့ အစိုးရဘက်က လက်မခံဘူး။ အဲတော့ တဝက်တပြတ်နဲ့ ဒီစာချုပ်ကို လက်မှတ်ရေးထိုးပြီးမှ အားလုံးမပါဝင်ဘဲနဲ့ ရှေ့ဆက်ရမယ့်လမ်းကြောင်းကို သွားနေတာ ရလဒ်က အဲဒီလောက်ပါပဲ။

မေး။ ။ ဦးအောင်မင်းဦးဆောင်တဲ့ MPC မဟုတ်ဘဲ အခု ဦးအောင်ကြည် ဦးဆောင်တဲ့ DPN ကြား ကွာဟချက်တွေက ဘာလဲ။

ဖြေ။ ။ ကွာဟချက်လို့ ပြောတဲ့အခါမှာ အရင် ဦးအောင်မင်းတုန်းကတော့ သူက တိုက်ရိုက် သမ္မတဆီကနေ အမိန့်ခံယူပြီးတော့ သူတိုက်ရိုက်လုပ်လို့ရတယ်။ အခုကကြားမှာ အဆင့်တွေနဲ့ ဆက်လုပ်နေရတယ်။ ပြီးတော့ ဒီမိုကရေစီနည်းအရ လုပ်တဲ့အခါကြတော့ အဆင့်တွေ သိပ်များတယ်။ အဲတော့ အလုပ်တွေက သိပ်မသွင်ကျယ်သလို ဖြစ်နေတယ်။

အဆင့်ဆိုတာက ဒီငြိမ်းချမ်းရေးကော်မရှင် အပါအဝင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဆီကို ရောက်ဖို့အတွက် အဆင့်ဆင့်ကျော်ဖြတ်ရတဲ့အဆင့်တွေ၊ နောက်ပြီးတော့ အစိုးရအပိုင်းကလည်း အစိုးရရဲ့ တာဝန်ဝတ္တရားတွေကို လုပ်နေတဲ့အခါကြတော့ တဖက်က ညီလာခံကိစ္စတွေ လုပ်နေရတဲ့အခါမှာ ဒီ NCA နောက်ဆက်တွဲလုပ်တဲ့အပိုင်းမှာ အချိန်ကြန့်ကြာမှုတွေ ရှိပါတယ်။ အဲဒါ ကွာခြားချက်ဖြစ်ပါတယ်။

မေး။ ။ အရင် ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရနဲ့ အခု ဦးထင်ကျော်နဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရအပေါ် ဘယ်လို မြင်သလဲ။ ဘယ်အစိုးရက ငြိမ်းချမ်းရေးအတွက် ပွင့်ပွင့်လင်းလင်း လုပ်နေတယ်လို့ ပြောချင်လဲ။

ဖြေ။ ။ ဘယ်လိုမြင်သလဲလို့ ပြောရရင် ဒါကတော့ မတူပါဘူး။ အရင်ဦးသိန်းစိန်ကလည်း သူလုပ်နိုင်တဲ့အပိုင်းတွေကို လုပ်တယ်။ အခုအစိုးရကလည်း သူတို့ရဲ့ ဆန္ဒဘက်ကို အကောင်အထည်ဖော်နိုင်ဖို့ ကြိုးစားတယ်။ ဘယ်လိုမြင်သလဲ ဆိုတာထက် အစိုးရအပိုင်း ပိုလုပ်ဖို့ လိုအပ်တဲ့တာဝန်တွေကို သူတို့ရဲ့ ရည်မှန်းချက်တွေ ရောက်အောင် လုပ်နေကြတယ်လို့ပဲ မြင်ပါတယ်။
ငြိမ်းချမ်းရေးလုပ်ငန်းမှာ ပွင့်ပွင့်လင်းလင်းလုပ်နေတဲ့အပိုင်းက ပြောဖို့ ခက်တယ်။ ပွင့်လင်းတယ်ဆိုတာက ပြည်သူလူထုနဲ့ တွေ့ရုံနဲ့ ပွင့်လင်းတယ်လို့ ပြောဖို့ ခက်တယ်။ အစိုးရတိုင်းမှာက လူထုကို မပြောဘဲနဲ့ ကိုယ့်ရဲ့ အစီအစဉ်တွေ လျို့ဝှက်ထားဖို့ လိုအပ်တဲ့ အခြေအနေတွေ အများကြီးရှိပါတယ်။ အဲတော့ ပွင့်လင်းမှုဆိုတာ ဘယ်အစိုးရပဲဖြစ်ဖြစ် အပြည့်အဝပွင့်လင်းဖို့ဆိုတာ မလွယ်ပါဘူး။

မေး။ ။ ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၇ ခုနှစ်ဟာ ငြိမ်းချမ်းရေးနှစ်လို့ ပြောပါတယ်။ လက်တွေ့ဖြစ်လာနိုင်သလား။ ငြိမ်းချမ်းရေးနှစ်လို့ ပြောလို့ရအောင် ဘယ်သူတွေ ဘာလုပ်ဖို့ လိုမလဲ။ ဘာတွေ ပြင်ဆင်ရမလဲ။

ဖြေ။ ။ အခုအချိန်က ပြောဖို့ ခက်ပါတယ်။ အခုတိုက်ပွဲတွေလည်း ဖြစ်နေတယ်။ ပြီးတော့ ဆွေးနွေးပွဲတွေလည်း ရပ်တန့်နေတယ်ဆိုတော့ ၂၀၁၇ ခုနှစ်က အခု ဒီဇန်နဝါရီတောင်မှ မကုန်သေးဘူးဆိုတော့ ငြိမ်းချမ်းရေးနှစ် ဖြစ်သလား။ မဖြစ်ဘူးလားဆိုတော စောင့်ကြည့်ရဦးမှာပါ။ အဓိကတော့ နှစ်ဖက်စလုံးက ဆန္ဒပေါ့လေ။ တကယ်ပဲ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို သွားမယ်ဆိုတဲ့ဆန္ဒ၊ ပြီးတော့ ပြည်သူလူထုကလည်း ပါဝင်နိုင်အောင် လမ်းဖွင့်ပေးဖို့ လိုပါတယ်။ ပြင်ဆင်ထားသင့်တာကတော့ အားလုံးကို တိုင်ပင်ပြီးမှပဲ ရှေ့လုပ်ငန်းစဉ်တွေကို ရေးဆွဲဖို့ လိုပါတယ်။ ကြိုတင် စည်းမျဉ်းစည်းကမ်းတွေနဲ့ မလုပ်ဖို့ရယ်။ ပြီးတော့ ဆွေးနွေးမယ့်လူအားလုံးကို တန်းတူအလေးထားပြီး ဆွေးနွေးဖို့ လိုပါတယ်။ ဒါဟာ ပြင်ဆင်ဖို့ လိုအပ်တဲ့ အရေးကြီးတဲ့ စိတ်ဓါတ်ရေးရာ ဖြစ်ပါတယ်။

မေး။ ။ ငြိမ်းချမ်းရေးရရှိဖို့အတွက် ဘယ်လို ဆက်လက် လုပ်ဆောင်သွားသင့်လဲ။

ဖြေ။ ။ အဓိကတော့ တန်းတူဆွေးနွေးနိုင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲပဲလိုပါတယ်။ အဲဒီဆွေးနွေးပွဲ ဖြစ်လာလို့ ရှိရင်တော့ ငြိမ်းချမ်းရေးကတော့ လွယ်လွယ်ကူကူနဲ့ အောင်မြင်သွားမှာပါ။

မေး။ ။ မကြာမီမှာ ဒုတိယအကြိမ် ၂၁ရာစုပင်လုံညီလာခံ လုပ်တော့မယ်။ ဒီညီလာခံက တကယ် အနှစ်သာရရရှိတဲ့ ညီလာခံမှာ တိုင်းရင်းသားတွေ ပြောရေးဆိုခွင့်နဲ့ ရပိုင်ခွင့်တွေ ဘယ်လောက်ထိ အကောင်အထည်ဖော်ပေးနိုင်မယ့် ညီလာခံလို့ ပြောနိုင်မလဲ။

ဖြေ။ ။ ကျနော်တို့က အစီအစဉ်တွေ ဘာမှ မသိရသေးတော့ ပြောရတာ ခက်ပါတယ်။ အစီအစဉ်တွေ ထွက်လာတယ်။ ဘယ်လိုလုပ်ကြမယ်ဆိုတဲ့ အစိုးရရဲ့ ကြေငြာချက်တွေ ထွက်လာမှ သုံးသပ်လို့ ရမှာပါ။ ညီလာခံမှာ တိုင်းရင်းသားတွေဘက်က ပြောရေးဆိုခွင့်နဲ့ ရပိုင်ခွင့်တွေ ဘယ်လောက်ရှိတယ်ဆိုတာ အစိုးရလက်ထဲမှာပဲ ရှိပါတယ်။

မေး။ ။ NRPC က ငြိမ်းချမ်းရေးအတွက် အလှူခံနေတာတွေ ရှိတယ်။ ဒီ့အပေါ်မှာ ဘာပြောချင်သလဲ။ ဘယ်လို ထင်မြင်ယူဆသလဲ။

ဖြေ။ ။ ကျနော်တို့ကတော့ ဝေဖန်ချက် မလုပ်ချင်ပါဘူး။ ဒါ သူတို့ရဲ့ ရည်မှန်းချက်နဲ့ လုပ်တဲ့အခါမှာ ပါဝင်ဖို့ ဆန္ဒရှိတဲ့ လူတွေလည်း ပါဝင်ကြမှာပါ။ ကျနော်တို့က ဝေဖန်မှု မပေးပါဘူး။

မေး။ ။ NLD အမတ်တွေ ငြိမ်းချမ်းရေးအတွက် သိန်း ၂၀၀၀ လှူတယ်။ ဘယ်နေရာတွေမှာအဓိက သုံးသင့်သလဲ။ ဒီငွေတွေကရော ငြိမ်းချမ်းရေးအတွက် ဘယ်လောက် အထောက်အကူပြုမယ်လို့ ထင်သလဲ။

ဖြေ။ ။ ဒါလည်း ဘာမှ ဝေဖန်စရာမရှိဘူး။ NLD အစိုးရက ဦးဆောင်တယ်ဆိုရင်တော့ သူဆန္ဒရှိတဲ့ နေရာမှာ အသုံးချကြမှာပါ။ ကျနော်တို့ အနေနဲ့ ဒီကိစ္စကို အထူးတလေ ပြောစရာ မရှိပါဘူး။

မေး။ ။ တခြားထပ်ဖြည့် ပြောပြချင်တာ ရှိသေးလားရှင်။

ဖြေ။ ။ မရှိပါဘူးခင်ဗျာ။

http://www.mizzimaburmese.com/article/22341


ပင်လုံ ပြီး ပင်လုံ (သို့မဟုတ်) ပြည်ထောင်စုသဘောတရားမှ လက်တွေ့သို့





ပင်လုံ ပြီး ပင်လုံ (သို့မဟုတ်) ပြည်ထောင်စုသဘောတရားမှ လက်တွေ့သို့

ဆောင်းပါးရှင်(ခွန်ဗွာ) 16/1/2017

၂၀၁၀ ခုနှစ်ရွေးကောက်ပွဲအပြီး ဒေါ်အောင်ဆန်းစုကြည်ပြန်လည်လွတ်မြောက်လာပြီးသည့်နောက် တွင်မြန်မာနိုင်ငံရေးအခင်းများတော်အတန် ပြောင်းလဲလာခဲ့သည်ကို တွေ့ရှိရသည်။ ယင်းကဲ့သို့ပြောင်းလဲလာသော အခင်းအကျင်းများအနက် ဒုတိယပင်လုံညီလာခံခေါ် ၂၁ ရာစု ပင်လုံညီ လာခံတရပ်ကို ခေါ်ယူဖော်ဆောင်နိုင်ရန် ကြိုးပမ်းနေကြခြင်းသည်လည်းတခုအပါအဝင် ဖြစ်ရာ ပြည်တွင်းပြည်ပ စိတ်ဝင်စားမှုအများဆုံးရရှိနေသော ကိစ္စတရပ်ဖြစ်နေပေသည်။

ယင်းကြိုး ပမ်းမှုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်များနှင့်တိုင်ရင်းသားနိုင်ငံရေးခေါင်းဆောင် များက စတင်၍ ဦးဆောင်တင်သွင်းခဲ့ပြီးနောက် အကောင်အထည်ဖော်နိုင်ရေးအတွက် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပုဂ္ဂိုလ်အရ တာဝန်ပေးအပ်ခဲ့ကြပေသည် ။
ယင်းကဲ့သို့ဒုတိယပင်လုံညီလာခံပာူ၍ ခေါ်ယူကျင်းပနိုင်ရကြိုးပမ်းမှုကို လွတ်လပ်ရေးအကြိုခေတ် ၁၂၊ ၂၊ ၁၉၄၇ တွင်အောင်မြင်စွာ ခေါ်ယူကျင်းပနိုင်ခဲ့သော ကမ္ဘာကျော် ပထမ ပင်လုံညီလာခံနှင့် နှိုင်းယှဉ်လေ့လာချက်ကိုဥပဒေရှုဒေါင့်မှ မြန်မာနိုင်ငံရှေ့နေများကောင်စီကဤဆောင်းပါးဖြင့် တင်ပြသွားရန်ရည်ရွယ်ပါသည် ။

ရှေးဦးစွာ ပထမပင်လုံညီလာခံ၏ခိုင်မာမှု၊ ကိုယ်စားပြုမှုအပြင် ညီလာခံ၏ ရလဒ်ဖြစ်သောပင်လုံ စာချုပ်၏တရားဝင်ပြစ်မှုကို အောက်ပါအတိုင်း လေ့လာနိုင်ပါသည် ။

၁။ ဥပဒေရှုဒေါင့်အရ ကိုယ်စားပြုမှုနှင့် တရားဝင်မှု

(က) လုပ်ပိုင်ခွင့် (Mandate)

ပထမပင်လုံညီလာခံတွင် ပါဝင်လက်မှတ်ရေးထိုးကြသော အင်အားစု (stakeholder) များမှာ ယေဘုယျအားဖြင့် နှစ်ဦးနှစ်ဘက်သာရှိသည်ပာု ဆိုနိုင်သည်။ ပထမတစ်ဘက်မှာဗြိတိသျှကိုလိုနီ အစိုးရက သီးခြားဥပဒေများပြဋ္ဌာန်း၍အုပ်ချုပ်ရေးချမှတ်ထားသောချင်းတောင်တန်းဒေသ၊ ကချင်နယ်ခြားတောင်တန်းဒေသအင်အားစုနှင့် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သည့် ရခိုင်၊ ကရင်နှင့် မွန် ခေါင်းဆောင်များပါဝင်သော မြန်မာပြည်မ (Burma Proper) အစိုးရက တဖက်လက် မှတ်ရေးထိုး သဘောတူကြခြင်းပင်ဖြစ်သည်။ ထို့ကြောင့်သဘောတူချက်တွင်ပါဝင်လက်မှတ်ရေုး ထိုးသော ကိုယ်စားလှယ်များတွင် လုပ်ပိုင်ခွင့် (Mandate) အပြည့်အဝရှိကြကြောင်းတွေ့ရရှိရပါသည်။

(ခ) တရားဝင်မှု (Legitimacy)

ပထမပင်လုံညီလာခံအပြီးရရှိသော ပင်လုံစာချုပ်ချုပ်ဆိုခြင်းသည် လူမျိုးရေး၊ အမျိုးသားရေးအရစာချုပ် ချုပ်ခြင်းမပာုတ်ဘဲ နယ်မြေများ၏ပေါင်းစည်းခြင်း (Territorial Integrity) မှာ အစိကဖြစ်သည်။ ပြည်ထောင်စု စတင်ဖွဲ့သည့်မူနှင့်ပြောလျှင် သီးခြားတည်ရှိနေသောနယ်မြေများသည် မိမိတို့၏ လွတ်လပ်သောသဘောဆန္ဒလျောက် လာရောက်ပူးပေါင်း၍ပြည်ထောင်စုတည်ဆောက်ခြင်း (Principle of Coming Together) ပာုဆိုနိုင်သည်။

ဥပမာ အားဖြင့်အမေရီကန်ပြည်ထောင်စုစတင်ဖွဲ့စည်းစဉ်က မူလ (၁၃) ပြည်နယ် လာရောက်ပူးပေါင်းပါဝင်ခြင်းနှင့် ယခုပြည်နယ် (၅၀) ထိ တိုးပွားလာခြင်းတို့မှာ (Coming Together) မူအရဖြစ်သည်။ ထို့ကြောင့်နယ်မြေကိုအခြေခံသော နယ်မြေကိုယ်စားပြုပုဂ္ဂိုလ်များ၏ သဘောတူညီချက်ဖြစ်သောကြောင့်နိုင်ငံရေးအရ တရားဝင်မှု (Political Legitimacy) အပြည့်အဝရှိသည်ပာု ဆိုနိုင်သည်။ ကိုလိုနီနယ်ချဲ့အောက်မှ လွတ်မြောက်စေရန် ကူးပြောင်းရေး ကာလတရပ် (Transition Period) အတွက် လိုအပ်သော အမျိုးသားလုံးဆိုင်ရာသဘောတူညီချက် (National Accord) တခုဖြစ်သည်ပာုလည်းဆိုနိုင်သည်။

၂။ ပင်လုံစာချုပ် သဘောတူညီချက်များကို အကောင်အထည်ဖော်ဆောင်ခြင်း (Implementation of the Panglong Agreement)

(က) ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲခြင်း (Drafting a Constitution)

ပထမပင်လုံညီလာခံ၏ ရလဒ်ဖြစ်သော ပင်လုံစာချုပ်သည် ကိုယ်စားပြုမှုနှင့် တရားဝင်မှု အပြည့်အဝရှိသည်။ သို့သော်ငြားလည်းယင်းစာချုပ်ပါသဘောတူညီချက်များကို ဆက်လက် အကောင်အထည် ဖော်ရာတွင် ချို့ယွင်းအားနည်းချက်များ ရှိလာခဲ့သည်။ လွတ်လပ်ရေးအကြိုကာလ အချိန်တိုအတွင်း ရေးဆွဲပြဋ္ဌာန်း အတည်ပြုခဲ့ရသော ၁၉၄၇ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေသည် ပင်လုံစာချုပ်ပါ သဘောတူညီချက်များကို ရောင်ပြန်ပာပ်ခြင်းမရှိရုံမက ဆန့်ကျင်ကွဲလွဲသော ပြဋ္ဌာန်းချက်များ ပါဝင်လာခဲ့သည်ကိုတွေ့ရှိရသည်။ ယင်းကဲ့သို့ပင်လုံစာချုပ်ချုပ်ဆိုပြီးနောက် လွတ်လပ်ရေးအရ ယူနိုင်ရေးအတွက်ရည်မှန်း၍ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲနေစဉ်ကာလအတွင်းမှာပင် မြန်မာပြည်ကိုယ်စားတာဝန်ခံ၍ လက်မှတ်ရေးထိုးခဲ့သော ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရ၍ ကျဆုံးသွားရခြင်းမှာလည်း ပင်လုံစာချုပ်ပါသဘောတူညီချက်များကို အကောင်အထည်ဖော်ရန် ပျက်ကွက်ရသည့် အကြောင်းရင်းခံတရပ်လည်းဖြစ်ပေသည်။

(ခ) ပြည်ထောင်စုစနစ်သို့ ဦးတည်မှုမရှိခြင်း (Non Approach to Union System)

ပထမ ပင်လုံညီလာခံ၏ ရလဒ်ဖြစ်သော ပင်လုံစာချုပ်သည် မြန်မာနိုင်ငံအား ပြည်ထောင်စုစနစ် (Union System) ဖြင့်ဖွဲ့စည်းတည်ထောင်ရန် အခြေခံအုတ်မြစ်အဖြစ် ရည်မှန်းခဲ့ကြသော်လည်း ခေတ်အဆက်ဆက်သော အုပ်ချုပ်သူခေါင်းဆောင်များ၊ အစိုးရများသည် ပြည်ထောင်စုအမည်ခံ၍ အနှစ်သောရအားဖြင့် တပြည်ထောင်စနစ် (Unitary System) ကိုလက်တွေ့ကျင်သုံးခဲ့ကြကြောင်းအောက်ဖော်ပြပါ သမိုင်းအထောက်အထားအရ သိသာထင်ရှားပါသည် ။

၁၉၄၇ ခုနှစ်၊ စက်တင်ဘာလ (၂၄) ရက်နေ့တွင် တိုင်းပြုပြည်ပြုလွှတ်တော်က အတည်ပြုပြီးနောက် လွတ်လပ်ရေးရသည့်နေ့ ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့မှ စတင်၍ အာဏာသက်ရောက်ခဲ့သော ၁၉၄၇ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင် အောက်ပါအတိုင်း ပြဋ္ဌန်းထားသည် ။

အခန်း(၁)နိုင်ငံဖွဲ့စည်းပုံ

ပုဒ်မ(၁) မြန်မာနိုင်ငံသည် အချုပ်အခြာအာဏာပိုင် သမတနိုင်ငံဖြစ်သည်။ ထိုနိုင်ငံကို “ပြည်ထောင်မြန်မာနိုင်ငံ” ပာုခေါ်ရမည် ။

ယင်းပုဒ်မ(၁)

တွင် ပြည်ထောင်စုမြန်မာနိုင်ငံပာု ဖော်ပြထားခြင်းမှလွဲ၍ နောင်မည်သည့်အခန်းတွင်မှ ပြည်ထောင်စုစနစ်ကို လက်တွေ့အကောင်အထည်ဖော်နိုင်မည့် ပြဋ္ဌာန်းချက်များပါဝင်မှုလုံးဝမရှိတော့သည်ကိုတွေ့ရှိရသည် ။
၁၉၇၄ ခုနှစ် ဇန်နဝါရီလ(၃) ရက်နေ့တွင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကြီးဖြင့် အတည်ပြုပြဋ္ဌန်း လိုက်သော ပြည်ထောင်စုဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်၏ ဖွဲ့စည်းပုံအခြေခံဥပဒေ -

အခန်း(၁)နိုင်ငံတော်

ပုဒ်မ(၁)မြန်မာနိုင်ငံတော်သည် လုပ်သားပြည်သူတို့၏ အချုပ်အခြာအာဏာ ပိုင်လွတ်လပ်သော ဆိုရှယ်လစ်နိုင်ငံဖြစ်သည်။ နိုင်ငံတော်ကို ပြည်ထောင် စုဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်ပာုခေါ်တွင်စေရမည်။

ယင်းပုဒ်မ(၁)တွင် ပြည်ထောင်စုပာူသော ဖော်ပြချက်မှလွဲ၍ ပြည်ထောင်စုစနစ်ကိုဖော်ပြသည့်ပြ ဋ္ဌာန်းချက်များ မတွေ့ရှိရရုံမျှမက ပြည်ထောင်စုစနစ်၏ ဆန့်ကျင်ဘက်ဖြစ်သောတပါတီနိုင်ငံရေး စနစ်ကို ပုဒ်မ(၁၁) တွင်ပြဋ္ဌန်း ထားခြင်းဖြင့်လည်းကောင်း၊ လွှတ်တော်တရပ်စနစ်ကို ပုဒ်မ(၃၂) တွင်ပြဋ္ဌာန်းထားခြင်းဖြင့်လည်းကောင်း တပြည်ထောင်စနစ်သို့သာမကတပါတီစနစ်သို့ ဦးတည်ထားသည်ကို တွေ့ရှိရပေသည် ။

၂၀၀၈ ခုနှစ်၊ မေလ (၂၉) ရက်နေ့တွင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကြီးဖြင့် အတည်ပြုပြဋ္ဌန်းသည် ပာုကြေညာပြီး ပြည်ထောင်စုလွှတ်တော် ခေါ်ယူမည့် ပထမရက်တွင် အာဏာသက်ရောက်စေမည့် ၂၀၀၈ ခုနှစ်၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အောက်ပါအတိုင်းဖော်ပြထားသည်ကို တွေ့ရှိရသည် ။

အခန်း(၁)နိုင်ငံတော် အခြေခံမူများ
နိုင်ငံတော်
ပုဒ်မ(၂)နိုင်ငံတော်ကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဟု ခေါ်တွင်ရမည်။

ပုဒ်မ(၈) နိုင်ငံတော်ကို ပြည်ထောင်စုစနစ်ဖြင့် ဖွဲ့စည်းတည်ဆောင်သည် ။

ယခုကဲ့သို့ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြည်ထောင်စုပာူ၍ နိုင်ငံအမည်တွင် ထည့်သွင်း ထားရုံမျှမက သီးခြားပုဒ်မတခုဖြင့် ပြည်ထောင်စုစနစ် (Union System) ကို ကျင့်သုံးသည်ပာု ပြဋ္ဌာန်း ချက်ပါရှိခြင်းမှာ ယင်း ၁၉၄၇ နှင့် ၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေတို့နှင့် ကွာခြားမှုပင်ဖြစ် သည် ။

သို့သော် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အနှစ်သာရအပိုင်း (Substance) ကိုပြန်ကြည့်လျှင် အခြေခံမူများ၌ တပ်မတော်ကနိုင်ငံရေးဦးဆောင်မှုအပိုင်းတွင် တာဝန်ယူခြင်း၊ လွှတ်တော်အသီးသီး၌ ရွေးကောက်ပွဲဝင်ရန်မလိုဘဲ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်နေ ရာ ၂၅ ရာခိုင်နှုန်းရရှိစေခြင်းနှင့် ၂၀၁၀ ရွေးကောက်ပွဲတွင် တပ်မတော်က ကျောထောက်နောက်ခံပြုပေးထားသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွဲ့ဖြိုးရေးပါတီ (USDP) ကရွေးကောက်ပွဲတွင် အနိုင်ရရှိစေရန်စီမံထားခြင်းစသောအချက်များကြောင့် ပြည်ထောင်စုစနစ်တွင် ဆန့်ကျင်ကွဲလွဲနေသည်ကို သုံးသပ်တွေ့ရှိရမည်ဖြစ်သည် ။

ထိုကြောင့်ပထမ ပင်လုံညီလာခံ၏ ရလဒ်ပင်လုံစာချုပ်ပါ သဘောသူညီချက်များကို အကောင်အထည်ဖော်ရန် ပျက်ကွက်ရုံမျှမက ဆန့်ကျင်ဘက်သို့ဦးတည်၍ ပြည်ထောင်စုစနစ် မပာုတ်သော၊ ပြည်ထောင်စုစနစ်နှင့် ဆန့်ကျင်သော၊ တပြည်ထောင်စုစနစ်၊ တပါတီစနစ်နှင့်အာဏာရှင်စနစ်တို့ကိုသာလျင် ဦးတည်အကောင်အထည်ဖော်နေကြောင်း သုံးသပ်ပြလိုက်ရမည် ။

ယခုကဲ့သို့ ပထမပင်လုံညီလာခံ၊ ပင်လုံစာချုပ်နှင့်တကွ လွတ်လပ်ရေးအကြိုကာလ တွင်ရေးဆွဲပြဋ္ဌာန်းခဲ့သော ၁၉၄၇ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခဲဥပဒေနှင့် ၎င်း၏နောက်ဆက်တွဲများ (၂၀၀၈ ဖွဲ့စည်းပုံနှင့် ၂၀၁၀ ရွေးကောက်ပွဲအထိ) ကိုသုံးသပ်တင်ပြပြီးနောက် ယခုဆက်လက်၍ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်ပြီး အကောင်အထည်ဖော်ရန်ကြိုးပမ်းနေသော ဒုတိယပင်လုံညီလာခံ (၀ါ) ၂၁ ရာစုပင်လုံညီလာခံနှင့် ပတ်သက်၍ အလားအလာ မည်သို့ရှိသည်ကို ဥပဒေရှု့ဒေါင့်အမြင်ဖြင့် ဆက်လက်တင်ပြသွားမည်ဖြစ်ပါသည် ။

၁။ ကိုယ်စားပြုမှုနှင့် တရားဝင်မှု

(က) ကိုယ်စားပြုမှု (Mandate)

ယခုကျင်းပရန်ကြိုးပမ်းနေသော ဒုတိယပင်လုံညီလာခံသို့ ပါဝင်တက်ရောက်ကြမည့် လူပုဂ္ဂိုလ်များ၊ အစုအဖွဲ့များနှင့်အင်အားစုများ၏ ကိုယ်စားပြုမှုနေအထားသည် ပထမအကြိမ်ပင်လုံညီလာခံကိုယ် စားလှယ်များလောက် ကိုယ်စားပြုမှု ခိုင်မာမည်မပာုတ်ဘဲ ကိုယ်စားပြုမှုအခိုင်အမာနှင့် တက်ရောက်နိုင်ရန် အခက်အခဲရှိကြလိမ့်မည်ပာု ခန့်မှန်းရသည်။ အချို့ကလူကိုယ်တိုင် ပါဝင်တက်ရောက် ခြင်းမပာုတ်ဘဲခေတ်မီဆက်သွယ်ရေး နည်းပညာများဖြင့် ပါဝင်ဆွေးနွေးကြမည်ပာုလည်းကြား သိနေရသဖြင့်ကိုယ်စားပြုမှုအနေ အထား ပိုမို၍အားပျော့သွားနိုင်သည်ပာုသုံးသပ်ရမည်ဖြစ်သည်။ အထူးသဖြင့်နယ်မြေ (territory) ကိုသော်လည်းကောင်း၊ ယင်းနယ်မြေအ တွင်းရှိပြည်သူလူထုကိုသော်လည်းကောင်း ကိုယ်စားပြု၍ တက်ရောက်နိုင်မည့်ကိုယ်စားလှယ် မည်မျှရှိနိုင်သည်ကိုမှန်းဆရန်မလွယ်ကူပါ ။

(ခ) တရားဝင်ဖြစ်မှု (Legitimacy)

ယင်းကဲ့သို့ကိုယ်စားပြုမှု ပီပီပြင်ပြင်မရှိသော ကိုယ်စားလှယ်အများစု ပါဝင်တက်ရောက်သည့်ညီ လာခံတရပ်၏တရားဝင်ဖြစ်မှုကို လည်းသတိကြီးစွာထား၍ သုံးသပ်ရမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ပထမပင်လုံညီလာခံ၏ ခိုင်မာသော ကိုယ်စားပြု မှုကြောင့်တရားဝင်မှုရှိသော ညီလာခံဖြစ်ခဲ့ပြီးနောက် ရလဒ်အဖြစ် ပင်လုံသဘောတူစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့်ဒုတိယပင်လုံညီလာခံ၏ တရားဝင်မှုအဆင့်အတန်းကို မှီတည်၍ ရလဒ်၏ခိုင်မာမှုကိုလည်း ထည့်သွင်းစဉ်းစားရ မည်ဖြစ်သည် ။

ဒုတိယပင်လုံညီလာခံသည် စိတ်တူကိုယ်တူ (Like-minded) ခေါင်းဆောင်များ စုပေါင်းဆွေးနွေးခြင်းမျှသာဆိုလျှင် သဘောထားစုစည်းမှု (Opinion Pool) အဆင့်ခန့်သာ ရရှိနိုင်မည်ဖြစ်သည်။ အကယ်၍နိုင်ငံရေးရည်မှန်းချက်တရပ်သို့မပာုတ် ရည်မှန်းချက် ပန်းတိုင်တရပ်ထားရှိ၍ ယင်းပန်းတိုင်သို့ရောက်ရှိရေး အဆိုပြုဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် အပြီးသပ်သဘောတူချက်တရပ်ကို အခိုင်အမာရှိနိုင်သည်ပာုဆိုလျှင် ညီလာခံ၏ တရားဝင်မှုပိုမို ခိုင်မာလိမ့်မည်ဖြစ်သည် ။

သို့သော် ယခုအချိန်အထိ ဒုတိယပင်လုံညီလာခံ၏ အဆုံးသတ်ရည်မှန်းချက် (Ultimate goal) ဘာလဲဆိုသည်ကို ရှင်းလင်းစွာ မသိရသေးခြင်းပင်ဖြစ်သည်။ သို့သော်ဒုတိယပင်လုံညီလာခံ၏ ရည်မှန်းချက်သည် ယှဉ်ပြိုင်ပါလီမန်ခေါ်ယူရေး၊ယှဉ်ပြိုင်အာဏာထူ ထောင်ရေးတို့မပာုတ်ကြောင်း ကိုမူ ဒေါ်အောင်ဆန်းစုကြည်၏ ရှင်းလင်းပြောကြားချက်များအရ သိရှိနိုင်ပြီးဖြစ်ပါသည် ။

တချိန်တည်းမှာ ဒုတိယပင်လုံညီလာခံတွင်တပ်မတော်အင်အားစု ပါဝင်နိုင်မှုကို ပိတ်ပင်ထားခြင်းမ ရှိကြောင်း NLD ပြောရေးဆိုခွင့်ရှိသူဦးဉာဏ်ဝင်း၏ ပြောကြားချက်အရ သိရှိရပြီးဖြစ်သည်။ ထို့ကြောင့် ဒုတိယပင်လုံညီလာခံ ခေါ်ယူရခြင်း၏ ရည်ရွယ်ချက်သည် ၁၉၉၄ ခုနှစ်ကတည်းက ကုလသမဂ္ဂအထွေထွေညီလာခံ၏ ဆုံးဖြတ်ချမှတ်ပေးထားသော တပ်မတော်အင်အားစု၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ဒီမိုကရေစီအင်အားစုနှင့် တိုင်းရင်းသား အင်အားစုများပါဝင်သည့် တွေ့ဆုံဆွေးနွေးပွဲ (သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲ) အတွက် လမ်းစရှာရန်ရည်မှန်းထားသလားပာူ ၍လည်းစဉ်းစားစရာဖြစ်သည် ။

အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက်ပာူ၍ ရည်မှန်းချက်ထားသည်ဆိုလျှင် ယေဘုယျကျလွန်းပြီး ညီလာခံ၏ အပြီးသတ် သဘောတူညီချက် ရရှိနိုင်ရေးအတွက် အခက်အခဲတွေ့နိုင်ပေသည် ။

အခြေခံအားဖြင့် ကိုယ်စားပြုမှု မည်သို့ပင်ရှိစေကာမှုဒီမိုကရေစီအားစုမှ ကိုယ်စားလှယ်များနှင့် တိုင်းရင်းသားအင်အားစုမှ ကိုယ်စားလှယ်များအခြေအနေပေးလျှင် အင်တိုက်အားတိုက် ပါဝင်တက် ရောက်ကြလိမ့်မည်ပာု မျှော်လင့်ရပေသည်။ ထိုကဲ့သို့တိုင်ရင်းသားအင်အားစုမှ ကိုယ်စားလှယ်များ ပါဝင်လာမှုကြောင့် စစ်မှန်သော ပြည်ထောင်စုတည်ဆောက်ရေးဟူသော နိုင်ငံရေးမှန်းချက်ကို ညီလာခံ၌တင်သွင်းလာနိုင်သည့် အခြေအနေရှိပေသည်။ ယင်းတင်သွင်းချက်ကို ညီလာခံ၏ ရည်မှန်းချက်အဖြစ် သတ်မှတ်ခဲ့ပါက ညီလာခံရလဒ်သည် စစ်မှန်သည့်ပြည်ထောင်စုတည်ဆောက်ရေး သဘောတူချက်ဖြစ်လာနိုင်သည်။ ယင်းသို့ဖြစ်လာလျင် ပထမပင်လုံညီလာခံ၏ သဘောတူချက်များနှင့် နောက်ဆက်တွဲ အံဝင်ဂွင်ကျဖြစ်မှု (In line) ရှိသည်ပာု ဆိုနိုင်ပေလိမ့်မည် ။

ထို့ကြောင့်ဒုတိယပင်လုံညီလာခံ၏ တရားဝင်ဖြစ်မှုနှင့် ညီလာခံရလဒ်ကို အသိအမှတ်ပြုမှုဆိုသည့် ကိစ္စနှစ်ရပ်တွင် ဖြေရန်ခက်ခဲသော မေးခွန်းနှစ်ရပ်မှာ တပ်မတော်အင်အားစုမှကိုယ်စားလှယ်များ တက်ရောက်မှု ရှိ/မရှိ နှင့် ညီလာခံရလဒ်ကို အသိအမှတ်ပြုမှု ရှိ/မရှိ တို့ဖြစ်သည် ။

၂။ သုံးသပ်ချက်နှင့် အဆိုပြုချက်

(က) သုံးသပ်ချက်

ဒုတိယပင်လုံညီလာခံခေါ်ယူရခြင်းမှာ ပင်လုံစိတ်ဓာတ်များ မှေးမှိန်ပျောက်ကွယ်နေသောကြောင့် ၎င်းပင်လုံစိတ်ဓာတ်ပြန်လည်ထွန်းကားလာစေရန် ရည်ရွယ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်ကို သတိပြုမိပါသည်။

ထို့ကြောင့် ပြည်ထောင်စုတည်ဆောက်ရေးကို ဦးတည်၍ သဘောတူလက်မှတ်ရေးထိုးခဲ့ကြသော ပင်လုံစာချုပ်၏ ရည်မှန်းချက်များကိုဆက်လက်အကောင် အထည်ဖော်ရန် ရည်ရွယ်၍ ဒုတိယပင်လုံညီလာခံ ခေါ်ဆို့ခြင်းဖြစ်သည်ပာုလည်းကောက်ချက်ချ လျင် မှားမည်မထင်ပါ ။
သို့သော်ကွာခြားမှုတခုမှာ ပင်လုံစာချုပ် ချုပ်ဆိုစဉ်က နယ်မြေများ လာရောက်ပူးပေါင်း မှု (Principle of coming together) မှု ဖြစ်ခဲ့သော်လည်း ယခုအနေအထားမှာ ယင်းမူနှင့် မကိုက်ညီ တော့ပါ။

စစ်မှန်သောပြည်ထောင်စုတည်ဆောက်နိုင်မှု မရှိခဲ့သော်လည်း အမျိုးသားတန်းတူညီမျှမှု မရရှိသော်လည်း မြန်မာပြည်သည် လွတ်လပ်၍ အချုပ်အခြာအာဏာပိုင်နိုင်ငံတနိုင်ငံဖြစ်လာခဲ့ပြီး ဖြစ်သည်။ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတခုလည်းဖြစ်လာခဲ့ပြီးဖြစ်သည်။ လက်တွေ့ဘဝတွင်လည်း ကြေနပ်မှုရှိသည် မရှိသည်ကို အပထား၍ ဗမာအပါအဝင်တိုင်းရင်းသားလူမျိုးပေါင်းစုံတို့သည် နှစ်ပေါင်း ၆၀ ကျော်ကြာ အတူတကွနေထိုင်ခဲ့ကြပြီးလည်းဖြစ်သည်။ ထို့ကြောင့် စစ်မှန်သည့် ပြည်ထောင်စုကို ပြန်လည်၍ အကောင်အထည်ဖော် တည်ဆောက်ကြမည်ဆိုလျင် တန်းတူမှုအောက်တွင် အတူတကွနေထိုင်နိုင်ရေး (Principle of holding together) မူအရ လုပ်ဆောင်ရမည်ဖြစ်သည်။

ဤမူအရ စစ်မှန်သောပြည်ထောင်စုကို တည်ဆောက်ကြမည်ဆိုလျင် အချုပ်အခြာအဏာ (Sovereignty Power) ကို ပြည်ထောင်စုနိုင်ငံအဆင့်က ကျင့်သုံး၍ ပြည်ထောင်စုအဖွဲ့ ပြည်နယ်များအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ အပ်နှင်းသော တနည်း ဆိုရသော် ခွဲထွက်ပိုင်ခွင့်မပါသော အမျိုးသားကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေး (The rights of National Self-determination) ကို ကျင့်သုံးစေရမည်ဖြစ်သည် ။

ယင်းကဲ့သို့ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးကို အာမခံနိုင်သည့် ပြည်ထောင်စုသာလျှင် ငြိမ်းချမ်းရေးမှုနှင့် သာယာဝပြောမှုကို ဖော်ဆောင်အောင်မြင်နိုင်မည်ဖြစ်ပေ သည် ။

(ခ) အကြံပြုချက်
ဒုတိယပင်လုံညီလာခံသည် အယူအဆများ စုစည်းခြင်းအဆင့်ထက် သာလွန်ရန်လိုအပ်ပေသည်။ ကိုယ်စားပြုမှုအားကောင်းသော ကိုယ်စားလှယ်အများစုပါဝင်တက်ရောက်နိုင်ရေးကိုကြိုးပမ်းသင့် သည်။ ပထမပင်လုံညီလာခံနှင့် လိုက်လျောညီထွေစေရန် စစ်မှန်သော ပြည်ထောင်စု တည်ဆောက် ရေးကို ညီလာခံရည်မှန်းချက်အဖြစ် သတ်မှတ်ပြဋ္ဌာန်းသင့်သည် ။

တရားမျှတသော ကောင်းမွန်သော အခြေခံဥပဒေဖြင့်သော ဒီမိုကရေစီကို ဖော်ဆောင်အောင်မြင်နိုင် မည်ဖြစ်သကဲ့သို့ စစ်မှန်သော ဒီမိုကရေစီစနစ်ဖြင့်သော စစ်မှန်သော ပြည်ထောင်စုကို ဖော်ဆောင် အောင်မြင်နိုင်မည်ဖြစ်သည် ။
ဤစာတမ်းသည် လောကပါလဥပဒေရေးရာ စာစောင်အမှတ်စဉ် (၃ဂ)၊ ဒီဇင်ဘာလ ၂၀၁၀ ခုနှစ်မှဖြစ်ပါသည်။ခွန်ဗွာ မှာ ဗိုလ်မှူးကြီး ခွန်ဥက္ကာ၏ ကလောင်အမည်ဖြစ်ပါသည် ။


https://www.facebook.com/Panglong.burmese/photos/a.341540565938393.78639.263707297055054/1244303648995409/?type=3&theater


သျှမ်း/မြောက် လူ့အခွင့်အရေးချိုးဖောက်ခံရမှုလာရောက်စစ်ဆေးပေးဖို့ မစ္စယန်ဟီလီအား သျှမ်းလူ့အခွင့်အရေးလှုပ်ရှားမှုမဏ္ဍိုင်တောင်းဆို




သျှမ်း/မြောက် လူ့အခွင့်အရေးချိုးဖောက်ခံရမှုလာရောက်စစ်ဆေးပေးဖို့ မစ္စယန်ဟီလီအား သျှမ်းလူ့အခွင့်အရေးလှုပ်ရှားမှုမဏ္ဍိုင်တောင်းဆို

သျှမ်းသံတော်ဆင့်၊ ဟွမ်ဟိန်း
ဇန်နဝါရီလ ၁၆ ရက် ၂၀၁၇
မြန်မာနိုင်ငံသို့ရောက်ရှိနေသော မစ္စယန်ဟီလီအား သျှမ်းပြည်နယ်ရှိ စစ်မက်ဖြစ်ပွါးရာဒေသတွင် လူ့အခွင့်ရေးချိုးဖောက်ခံနေရဆဲဖြစ်သော ဒေသခံလူထုဘ၀ နှင့် အခြေအနေသိရှိနိုင်အောင်ကွင်း ဆင်း စစ်ဆေးကြည့်ရှုစေလိုကြောင်း သျှမ်းလူ့အခွင့်အရေး လှုပ်ရှားမှုမဏ္ဍိုင်မှ ပြောဆိုလိုက်သည်။

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်တွင် အစိုးရ တပ်မတော်မှ ဂျက်လေယာဉ်ဖြင့် ရပ်ရွာ အ တွင်း ပစ်ခတ်မှုကြောင့် ဒေသခံ ၃ ဦး လက်နက်ကြီးဒဏ်ထိခိုက်သေဆုံးရမှု၊ ၇ ဦးဒဏ်ရာရရှိမှု အ ပေါ် မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘာ့ကုလ လူ့အခွင့်သျှမ်းအရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီလီ အနေဖြင့် လာရောက်စစ်ဆေးကြည့်ရှုပေးဖို့ရန် လူ့အခွင့် အရေးလှုပ်ရှားမှု မဏ္ဍိုင်မှ ကြေငြာ ချက်တစောင် ထုတ်ပြန်တောင်းဆို လိုက်ခြင်းဖြစ်သည်။

“ ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် မစ်ယန်ဟီလီ မြန်မာနိုင်ငံကိုရောက်ရှိနေချိန်မှာ ကျနော်တို့သျှမ်းပြည်နယ်ထဲကစစ်မက်ဖြစ်ပွါးရာဒေသက (လောလောဆယ်တော့ ကျောက်မဲမြို့ နယ်၊ နမ့်ဆန်မြို့နယ်ဘက်က) လူ့အခွင့်အရေးချိုးဖောက်ခံနေရမှုတွေကို ကွင်းဆင်းကြည့်မြင် စေ့ချင်တယ်။ ဒီတခေါက်သူမရဲ့ခရီးစဉ်က သျှမ်းပြည်မပါတာကိုစိတ်မကောင်းဖြစ်ရတယ်။

 မြန် မာနိုင်ငံကို ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ်တွေက ရောက်ရှိခဲ့ပေမယ့် သျှမ်းပြည် နယ်က စစ်မက်ကြောင့်အကျည်းတန်ရုပ်ဆိုးနေမှုဟာ ယနေ့တိုင်ပြောင်းလဲမှုမရှိသေးဘူး ဆက်လက်ရုပ်ဆိုးနေပါသေးတယ်။ ကမ္ဘာ့လူသားအချင်းချင်းဖြစ်နေတဲ့အတွက်ကြောင့် ကျနော် တို့သျှမ်းပြည်သူလူထုကိုလည်း ကမ္ဘာသူကမ္ဘာသားများနည်းတူ အခွင့်အရေး ရရှိစေချင်တယ် ” - ဟု SHRF မှ စိုင်းဟော်ရှဲန် ကပြောသည်။

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် ပန်မမီးကျေးရွာတွင် အစိုးရတပ်မတော်သည် ဒီဇင်ဘာလ ၂၆ ရက်နေ့ မနက် ၈ နာရီက TNLA တပ်ဖွဲ့ရှိရာ ပန်မမီးရွာနှင့်တမိုင်ခန့်အကွာရှိ လွယ်ယိန် တောင် သို့ ဂျက်လေယာဉ်မှ ဗုံးများပစ်ချရာ ပန်မမီးရွာရှိ ဘုန်းကြီးကျောင်းနှင့် လူနေအိမ်ပေါ် ကျသဖြင့် ကျောင်းထိခိုက်ပျက်စီး လူထု ၃ ဦးသေ ၇ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြကြောင်း လူ့အခွင့် အရေးမဏ္ဍိုင်၏ ကြေငြာချက်တွင်ဖော်ပြထားသည်။

“ အကြီးကျယ်ဆုံးလူ့အခွင့်အရေးချိုးဖောက်မှုခံရတဲ့ဖြစ်ရပ်ထဲကတခုဖြစ်တယ်။ လက်နက်ကြီး တွေဟာ ဘုန်းကြီးကျောင်းနဲ့ လူနေအိမ်တွေအပေါ်တည့်တည့်ကျရောက်တယ်။ လူထု ၃ ယောက် နေရာမှာတင်ပွဲချင်းပြီးသေတယ်။

ကိုယ်ဝန် ၈ လ နဲ့ကျန်ရစ်တဲ့ဇနီးဖြစ်သူကလည်း ခြေထောက်တ ဖက်ဖြတ်ရတယ်။ အသက် ၆ နှစ်အရွယ် ကလေးတယောက်ဒဏ်ရာအကြီး အကျယ်ရတယ်။ နိုင်ငံရေးပြဿနာတွေဖြေရှင်းဖို့လုပ်နေတဲ့အချိန်မှာ ဒီဖြစ်ရပ်မျိုးထပ်မဖြစ်အောင် အစိုးရဘက်က နေတပြည်လုံးအပစ်ရပ်ရေးကြေငြာပေးဖို့တိုက်တွန်းချင်တယ်။ ” - ဟု စိုင်းဟော်ရှဲန် က သျှမ်းသံတော်ဆင့်အားပြောသည်။

ပန်မမီးကျေးရွာတွင်အိမ်ခြေ ၁၀၀ ခန့်ရှိပြီး ဒေသခံလူထုလူဦးရေ ၃၀၀ ခန့်ရှိကြောင်းသိရသည်။ ညောင်ပင်လှရွာအခြေစိုက် ခမရ ၅၀၆ တပ် နှင့် ဒေသတွင်းလှုပ်ရှားနေသည့် တအာင်းလက်နက် ကိုင်တပ်တို့ ၂၀၁၆ ခု ဒီဇင်ဘာလ နှောင်းပိုင်းက ပစ်ခတ်တိုက်ခိုက်မှုတဖန် ပြန်လည်ပြင်းထန် လာပြီး ယခုကဲ့သို့ ဂျက်လေယာဉ်
အသုံးပြုရသည့်အခြေအနေအထိဖြစ်ခဲ့ရသည်။

လက်နက်ကြီးကျည်ထိမှန်သေဆုံးသောဒေသခံရွာသား ၃ ဦး၏ ရုပ်အလောင်းအား ထိုနေ့ည ၇ က ပင် ခမရ ၅၀၆ တပ်က ရွာသား ၆ ဦးအား သယ်ဆောင်စေကာ ပန်လန်းရွာသုသာန်သို့မြုပ်နှံခိုင်း လိုက်ကြောင်း၊ ကျည်စ ထိမှန်သော ဘုန်းတော်ကြီး ၃ ပါးနှင့် ရွာသူ ၂ ဦး (တဦးမှာ ကိုယ်ဝန် ၈ လ ရှိ) နှင့် ရွာသား ၁ ဦး ကလေး တဦးတို့အား နမ့်ခုံးပရဟိတအသင်းက လာရောက်သယ်ဆောင် ကာ လားရှိုးဆေးရုံသို့ဆောင်ဆေးကုသရကြောင်း ၊ ကိုယ်ဝန်သည်မှာ ညာခြေထောက်ဖြတ်တောက် ရ သည်အထိဖြစ်ရကြောင်း ကြေငြာချက်တွင်ဖော်ပြထားပါသည်။

ဇန်နဝါရီလ ၁၂ ရက်နေ့ကလည်း နမ့်ဆန်မြို့တွင် အစိုးရ တပ် နှင့် TNLA တပ်တို့ ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွါးရာ လက်နက်ကြီးကျည်ကြောင့် ဟိုချောင်းကျေးရွာနေ ကျောင်းနေအရွယ် အသက် ၇ နှစ်အရွယ် ကလေးသူငယ် တဦးသေဆုံးပြီး ရွာသား ၁၀ ကျော်ဒဏ်ရာရမှု ဖြစ်ပွားခဲ့ပါသေးသည်။

ဓါတ်ပုံ- ကျောက်မဲမြို့ ပန်မမီးကျေးရွာသားများ စစ်ပွဲဒဏ်ခံရပုံတချို့ (Photo: SHRF)


https://www.facebook.com/Panglong.burmese/photos/a.341540565938393.78639.263707297055054/1244325385659902/?type=3&theater


ရခိုင်ပါတီသစ်အပေါ် နိုင်ငံရေးပါတီများ၏ အမြင်သဘောထားများ


 ရခိုင်ပါတီသစ်အပေါ် နိုင်ငံရေးပါတီများ၏ အမြင်သဘောထားများ


စစ်တွေ၊ ဇန်နဝါရီ ၁၀ ရက်။ ။ ၂၀၁၅ ရွေးကောက်ပွဲတုန်းက ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၄၇ နေရာမှာ ၂၃ နေရာအထိ အနိုင်ရရှိခဲ့တဲ့ ရခိုင်အမျိုးသားပါတီ ANP ရဲ့ ထုတ်ပယ်ခံ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တွေဟာ ဇန်နဝါရီ ၉ ရက်နေ့မှာတော့ ရခိုင်ဒီမိုကရေစီအဖွဲ့ချူပ် ALD ကို ပြန်လည်ဖွဲ့စည်းကြောင်းကြေညာခဲ့ပြီး ဖေဖော်ဝါရီလအတွင်းမှာ ပါတီမှတ်ပုံတင်သွားမယ်လို့ သိရပါတယ်။
ပါတီသစ်အပေါ် ရခိုင်ပြည်နယ်ရှိ နိုင်ငံရေးပါတီတွေရဲ့ အမြင်သဘောထားတွေကို စုစည်းဖော်ပြလိုက်ပါတယ်။





 တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည) စစ်တွေခရိုင် ဥက္ကဋ္ဌ ဦးစိန်လှမောင်

“ ကျွန်တော်တို့ပါတီအနေနဲ့ကတော့ လောလောဆယ်မှာ အခြားပါတီတွေနဲ့ ပူးပေါင်းလုပ်ဆောင်တာမျိုးတွေ မရှိဘူး။ ရွေးကောက်ပွဲတော့ ဝင်ပြိုင်ပါတယ်။ အခုအချိန်မှာ ပါတီတွေများများ ပေါ်လာတာကတော့ ကောင်းပါတယ်။ ပါတီသစ်တွေ တည်ထောင်တာလည်း ကောင်းပါတယ်။ တစ်ဦး တစ်ယောက်တည်း အတိုက်အခံမရှိဘဲ လုပ်နေတယ်ဆိုတာက မှားဖို့ လွယ်ပါတယ်။ ဒါကြောင့်မို့လို့ ပါတီတွေ များလာလေ ကောင်းလေပါပဲ။ ဒါပေမယ့် ရခိုင်လူမျိုးတွေအတွက် ဦးဆောင်မဲ့ နိုင်ငံရေးပါတီ တစ်ခုပဲလိုတယ်၊ ကျန်တဲ့ ပါတီတွေကို မလိုဘူးဆိုတာကိုတော့ ကျွန်တော်တို့အနေနဲ့ လက်မခံဘူးဗျ။ ခုနက ပြောသလို အကုန်လုံး ဝိုင်းပြီးလုပ်သလို အပြိုင်အဆိုင်ရှိနေမှ တိုးတက်တာပါ။ ဒါပေမဲ့ ပါတီတစ်ခုတည်းက ခွဲထွက်ပြီး ပါတီသစ်ထောင်တယ် ဆိုတာကတော့ မကောင်းပါဘူး”




 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စစ်တွေမြို့နယ် ဥက္ကဋ္ဌ ဦးစံရွှေကျော်

“ ပါတီသစ်တွေ ပေါ်ပေါက်လာခဲ့တာဟာ ကျွန်တော်တို့အတွက် စိန်ခေါ်မှုတွေ ရှိလာနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ကတော့ ကြိုက်တယ်။ ကောင်းတဲ့လက္ခဏာပဲ။ ဒီမိုကရေစီနိုင်ငံမှာ ငါတို့ ပါတီတစ်ခုတည်း အုပ်ချုပ်ထားမယ်။ လွှတ်တော်လည်း ငါတို့ပါတီကပဲ အုပ်ချုပ်မယ်ဆိုပြီး လုပ်လို့မရဘူး။ ရွေးချယ်တဲ့အပိုင်းတော့ တစ်ပိုင်းပါ။ ကျွန်တော်ကိုယ်တိုင်ကလည်း NLD ဖြစ်နေပေမယ့် မဲပေးတဲ့အခါမှာ ANP ကို ပေးချင်ပေးမှာပါ။ ဒါကိုတော့ ကျွန်တော်တို့အနေနဲ့ ကြိုဆိုပါတယ်”







ရခိုင်အမျိုးသားပါတီ (ANP)မှ ဒုတိယဥက္ကဋ္ဌ ဦးခိုင်ပြည်စိုး

“ ပါတီသစ်ထူထောင်တာနဲ့ ပတ်သက်လို့ ကျွန်တော်တို့ တစ်စုံတစ်ရာ စောဒက မတက်လိုပါဘူး။ ပါလီမန် ဒီမိုကရေစီခေတ်၊ ပါတီစုံဒီမိုကရေစီခေတ်မှာတော့ ပါတီထောင်ကြမှာပဲလေ။ ဒီအပေါ်မှာတော့ကျွန်တော်တို့ ဘာမှပြောစရာမရှိပါဘူး။ ကျွန်တော်တို့ကတော့ ပြည်သူတွေကို ယုံကြည်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ရခိုင်လူမျိုးတွေဆီက ခွဲထွက်တဲ့ပါတီတွေကို ပြိုင်ဘက်လို့ သဘောမထားပါဘူး။ ကျွန်တော်တို့မှာ ပြိုင်ဘက်ကတော့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရယ်ပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ ပြည်နယ်က ထွက်တဲ့ ပါတီတွေကိုတော့ ကျွန်တော်တို့ပါတီအနေနဲ့ ဘယ်လိုမှသဘောမထားပါဘူး။

ကျွန်တော်အမြင်နဲ့ပြောရရင်တော့ လုပ်နိုင်တဲ့သူတွေလုပ်ကြတာ ပိုကောင်းပါတယ်။ ဦးဆောင်နိုင်တဲ့သူတွေ ဦးဆောင်နိုင်တာပိုကောင်းပါတယ်။ အဲလိုပြိုင်ဆိုင်မှုတွေ ပေါ်လာတဲ့အခါမှာ အရည်အချင်းရှိတဲ့ ပုဂ္ဂိုလ်တွေ၊ လူငယ်ပိုင်းတွေ ရခိုင်လူ့အဖွဲ့အစည်းတွေလည်း ဒီထက် နိုင်ငံရေးအမြင်တွေ ရလာလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ပြိုင်ဘက်အနေနဲ့တော့ သဘောမထားဘူး။ နောက်တစ်ခုက ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲအတွက်လည်း ထိခိုက်စရာမရှိပါဘူး။ ဘာလို့လဲဆိုတော့ ကျေးလက်ကနေ ရန်ကုန်အပါအဝင် ဧရာဝတီ၊ ပလက်ဝထိကို ပြည်သူကို အခြေခံထားတာဖြစ်တဲ့ အတွက်ကြောင့်ပါ ”
 
 
 
 
 http://www.mizzimaburmese.com/article/22179
 
 
 

ရခိုင်အမျိုးသားပါတီ (ANP) နာယကကြီး ဦးမောင်ညို ဘ၀တပါးသို့ ကူးပြောင်းသွားခြင်းအပေါ် ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့်လူငယ်များအစည်းအရုံး (ရ၊ က၊ လ၊ စ) ၏ ၀မ်းနည်းကြေကွဲခြင်း သဝဏ်လွှာ





ရခိုင်အမျိုးသားပါတီ (ANP) နာယကကြီး ဦးမောင်ညို ဘ၀တပါးသို့ ကူးပြောင်းသွားခြင်းအပေါ်
ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့်လူငယ်များအစည်းအရုံး (ရ၊ က၊ လ၊ စ) ၏ ၀မ်းနည်းကြေကွဲခြင်း သဝဏ်လွှာ

သဝဏ်လွှာအမှတ် - ၁/၂၀၁၇။
ဇန်နဝါရီလ (၁၁) ရက်၊ ၂၀၁၇။

ရခိုင်အမျိုးသားပါတီ (ANP) ၏ နာယကကြီး ဦးမောင်ညိုသည် (၂၀၁၇) ခုနှစ် ဇန်နဝါရီလ (၉) ရက်နေ့ ညနေ (၁၀) နာရီတွင် ကွယ်လွန်သွားကြောင်း ကြားသိရပါသဖြင့် မိမိတို့ ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့်လူငယ်များအစည်း အရုံး (ရ၊ က၊ လ၊ စ) အနေဖြင့် ရခိုင်အမျိုးသားပါတီဝင်များ၊ ကျန်ရစ်သူမိသားစုများနှင့် ထပ်တူ ဝမ်းနည်း ကြေကွဲရပါသည်။

နာယကကြီး ဦးမောင်ညိုသည် ရခိုင်ပြည်၏ ယဉ်ကျေးမှုအမွေအနှစ်များအား ဖော်ထုတ် ကာကွယ်ခြင်းအဖြစ် ရန်ကုန် မြို့ ကန်တော်မင်္ဂလာပန်းခြံအား ဦးဥတ္တမပန်းခြံအဖြစ် ဖော်ထုတ်တောင်းဆိုခြင်း၊ ရခိုင်စည်တော်အား ရခိုင်ပြည်အ ဝှန်းတန်ဖိုးထား အသုံးပြုလာရန် နှိုးဆော်ခဲ့ခြင်း၊
(၂၀၁၀) ရွေးကောက်ပွဲတွင် စစ်တွေမဲဆန္ဒနယ်မှ ပြည်သူ့ လွှတ် တော်အမတ်

တာဝန်ဖြင့် ပြည်သူများ၏အခွင့်အရေးအား ကာကွယ်မြှင့်တင်ခြင်းနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းများအဖြစ် စစ်တွေမြို့ ပွိုင့်အပန်းဖြေစခန်းအား အခကြေးငွေကောက်ခံမှုကို ကန့်ကွက်တောင်းဆိုခဲ့ခြင်း၊ ဆတ်ရိုးကျ ချောင်းကူး တံတားတည်ဆောက်ရန် တောင်းဆိုကြိုးစားခဲ့ခြင်းနှင့် အနောက်ဖရုံကာ (မြေငူ) ကျွန်းပတ်လမ်း ပေါ်ပေါက်ရန် အရေးဆိုခဲ့ခြင်း စသည့် ရခိုင်ပြည်သူလူထုတို့၏ ရပိုင်ခွင့်များကို ရရှိလာအောင် စွမ်းစွမ်းတမံ ကြိုးပမ်းခဲ့ပါသည်။

ထိုကဲ့သို့ ဘဝတလျှောက် ရခိုင်ပြည်နှင့် ရခိုင်ပြည်သူများ၏ အကျိုးစီးပွားအပေါ် တစိုက်မတ်မတ် ဆောင်ရွက်လာခဲ့ သော နာယကကြီး ဦးမောင်ညို ကွယ်လွန်ခြင်းအပေါ် မိမိတို့ ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့်လူငယ်များ အစည်းအရုံး (ရ၊ က၊ လ၊ စ) မှ အထူး နှမြောတသ ဝမ်းနည်းကြေကွဲရပါသည်။

နာယကကြီး ဦးမောင်ညို ကောင်းရာသုဂတိ လားပါစေ။
ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့်လူငယ်များအစည်းအရုံး (ရ၊ က၊ လ၊ စ)



ဗဟိုဌာနချုပ်
ထိုင်း- မြန်မာ နယ်စပ်


Comments system

Flag Counter