ရခိုင်အမျိုးသားပါတီ (ANP) နာယကကြီး ဦးမောင်ညို ဘ၀တပါးသို့ ကူးပြောင်းသွားခြင်းအပေါ် ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့်လူငယ်များအစည်းအရုံး (ရ၊ က၊ လ၊ စ) ၏ ၀မ်းနည်းကြေကွဲခြင်း သဝဏ်လွှာ





ရခိုင်အမျိုးသားပါတီ (ANP) နာယကကြီး ဦးမောင်ညို ဘ၀တပါးသို့ ကူးပြောင်းသွားခြင်းအပေါ်
ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့်လူငယ်များအစည်းအရုံး (ရ၊ က၊ လ၊ စ) ၏ ၀မ်းနည်းကြေကွဲခြင်း သဝဏ်လွှာ

သဝဏ်လွှာအမှတ် - ၁/၂၀၁၇။
ဇန်နဝါရီလ (၁၁) ရက်၊ ၂၀၁၇။

ရခိုင်အမျိုးသားပါတီ (ANP) ၏ နာယကကြီး ဦးမောင်ညိုသည် (၂၀၁၇) ခုနှစ် ဇန်နဝါရီလ (၉) ရက်နေ့ ညနေ (၁၀) နာရီတွင် ကွယ်လွန်သွားကြောင်း ကြားသိရပါသဖြင့် မိမိတို့ ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့်လူငယ်များအစည်း အရုံး (ရ၊ က၊ လ၊ စ) အနေဖြင့် ရခိုင်အမျိုးသားပါတီဝင်များ၊ ကျန်ရစ်သူမိသားစုများနှင့် ထပ်တူ ဝမ်းနည်း ကြေကွဲရပါသည်။

နာယကကြီး ဦးမောင်ညိုသည် ရခိုင်ပြည်၏ ယဉ်ကျေးမှုအမွေအနှစ်များအား ဖော်ထုတ် ကာကွယ်ခြင်းအဖြစ် ရန်ကုန် မြို့ ကန်တော်မင်္ဂလာပန်းခြံအား ဦးဥတ္တမပန်းခြံအဖြစ် ဖော်ထုတ်တောင်းဆိုခြင်း၊ ရခိုင်စည်တော်အား ရခိုင်ပြည်အ ဝှန်းတန်ဖိုးထား အသုံးပြုလာရန် နှိုးဆော်ခဲ့ခြင်း၊
(၂၀၁၀) ရွေးကောက်ပွဲတွင် စစ်တွေမဲဆန္ဒနယ်မှ ပြည်သူ့ လွှတ် တော်အမတ်

တာဝန်ဖြင့် ပြည်သူများ၏အခွင့်အရေးအား ကာကွယ်မြှင့်တင်ခြင်းနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းများအဖြစ် စစ်တွေမြို့ ပွိုင့်အပန်းဖြေစခန်းအား အခကြေးငွေကောက်ခံမှုကို ကန့်ကွက်တောင်းဆိုခဲ့ခြင်း၊ ဆတ်ရိုးကျ ချောင်းကူး တံတားတည်ဆောက်ရန် တောင်းဆိုကြိုးစားခဲ့ခြင်းနှင့် အနောက်ဖရုံကာ (မြေငူ) ကျွန်းပတ်လမ်း ပေါ်ပေါက်ရန် အရေးဆိုခဲ့ခြင်း စသည့် ရခိုင်ပြည်သူလူထုတို့၏ ရပိုင်ခွင့်များကို ရရှိလာအောင် စွမ်းစွမ်းတမံ ကြိုးပမ်းခဲ့ပါသည်။

ထိုကဲ့သို့ ဘဝတလျှောက် ရခိုင်ပြည်နှင့် ရခိုင်ပြည်သူများ၏ အကျိုးစီးပွားအပေါ် တစိုက်မတ်မတ် ဆောင်ရွက်လာခဲ့ သော နာယကကြီး ဦးမောင်ညို ကွယ်လွန်ခြင်းအပေါ် မိမိတို့ ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့်လူငယ်များ အစည်းအရုံး (ရ၊ က၊ လ၊ စ) မှ အထူး နှမြောတသ ဝမ်းနည်းကြေကွဲရပါသည်။

နာယကကြီး ဦးမောင်ညို ကောင်းရာသုဂတိ လားပါစေ။
ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့်လူငယ်များအစည်းအရုံး (ရ၊ က၊ လ၊ စ)



ဗဟိုဌာနချုပ်
ထိုင်း- မြန်မာ နယ်စပ်



EmoticonEmoticon

Comments system

Flag Counter