မြန်မာတိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ဝင် တရုတ်နိုင်ငံသား တစ်ဦးအား ယူနန်ရဲတပ်ဖွဲ့ထိန်းသိမ်း




မြန်မာတိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ဝင် တရုတ်နိုင်ငံသား တစ်ဦးအား ယူနန်ရဲတပ်ဖွဲ့ထိန်းသိမ်း


ကိုးကန့်တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွင် ပါဝင်ခဲ့သည့် တရုတ်နိုင်ငံသား တစ်ဦးအား ၎င်းတရုတ်နိုင်ငံသို့ ပြန်လာစဉ် ယူနန်ရဲတပ်ဖွဲ့က ထိန်းသိမ်းလိုက်ကြောင်း တရုတ်နိုင်ငံ သတင်းဌာနတစ်ခုဖြစ်သည့် South China Morning Post ဖော်ပြချက်အရ သိရသည်။


ဝူဘိုဆိုသူသည် မြန်မာလက်နက်ကိုင် တပ်ဖွဲ့ဖြစ်သည့် MNDAA မှထွက်လာခဲ့သည်။ ၎င်းအား သေနတ်နှင့် ကျည်ကပ်များ သယ်ဆောင်လာပြီး တရုတ်နယ်စပ် လင်ချန်း စီရင်စုတွင် ထိန်းသိမ်းခံရခြင်းဖြစ်သည်။ ၎င်းအား လင်းကန် ရဲတပ်ဖွဲ့က ဖမ်းဆီးထားကြောင်း ရှန်ဟိုင်းအခြေအစိုက် Thepaper.cn က အင်္ဂါနေ့တွင် ဖော်ပြခဲ့သည်။


အဆိုပါကိစ္စသည် မြောက်ပိုင်းဒေသများတွင် မြန်မာအစိုးရနှင့် လက်နက်ကိုင် တပ်ဖွဲ့အကြားဖြစ်ပွားသည့် ပဋိပက္ခများတွင် တရုတ်နိုင်ငံသားအချို့ ပါဝင်ခြင်းရှိကြောင်းကို ဖော်ပြထားကြောင်း South China Morning Post တွင် ဖော်ပြထားသည်။


ကိုးကန့်လက်နက်ကိုင် တပ်ဖွဲ့သည် နိုဝင်ဘာလအတွင်း တရုတ်-မြန်မာ နယ်စပ်တွင် ဖြစ်ပွားသည့် တိုက်ပွဲတွင် ပါဝင်ခဲ့ခြင်းများ ရှိသည်။ ကုလသမဂ္ဂ ထုတ်ပြန်ချက်အရ အဆိုပါ ပဋိပက္ခကြောင့် ဒုက္ခသည် ၁၅,၀၀၀ ဦး နေရပ်စွန့်ခွာကာ တရုတ်နယ်စပ်မှ တစ်ဆင့် တရုတ်နိုင်ငံသို့ ၀င်ရောက် ထွက်ပြေးခဲ့ခြင်းများ ရှိခဲ့သည်။


စိုင်းဟန်


The Ladies News



 https://www.facebook.com/News.TheLadies/photos/a.179109772264000.1073741828.178829095625401/687175774790728/?type=3




EmoticonEmoticon

Comments system

Flag Counter