အတိတ် ၊ အနာဂတ်ကြားက မြန်မာ့ တပ်မတော်နဲ့ ဒေါ်အောင်ဆန်းစုကြည်



ထွန်းအောင်ကျော်(၇၄ မျိုးဆက်)

၂ဝ၁၅ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွက် ပြုပြင်စရာများသည် တန်းစီနေပြီး ပြည်သူများ မျှော်လင့်ထားသလို လုပ်နိုင်မလုပ်နိုင် ဆိုသည်မှာ ခေါင်းဆောင်များ၏ အရည်အ ချင်း ပြည့်ဝမှု၊ အမြင်ကျယ်မှုနှင့်အတူ ပြည်သူ တို့က ယင်းပြုပြင်ပြောင်းလဲရေးတွင် လိုက်ပါ ဆောင်ရွက်လာအောင် စည်းရုံးလှုံဆော်မှုသည် လည်း အထူးလိုအပ်ပေသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် စစ် အာဏာရှင်အဆက်ဆက် စုပုံထားပစ်ခဲ့သော အမှိုက်ပုံကြီးကို ရှင်းရတော့မည်ဖြစ်သည်။ ထို အမှိုက်ပုံကြီးသည် နှစ်ပေါင်းများစွာ အတ္တ ကြီးစွာ အာဏာအလွဲသုံးစားပြုမှုများကြောင့် စုပုံလာသည့် အမှိုက်များဖြစ်သဖြင့် နေ့ချင်း ညချင်း၊ နှစ်ချင်း၊ အစိုးရသက်တမ်းတစ်ခုအ တွင်း ရှင်းလင်းနိုင်ရန်မှာမူ မဖြစ်နိုင်ချေ။

၂ဝ၁၅ရွေးကောက်ပွဲတွင် အများထင် ထားသလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပွတ်ကာသီခါ အနိုင်မရဘဲ တောင်ပြိုကမ်းပြို နိုင်သွားသည့်အခါ ပြည်သူအများ ဝမ်းသာ ပျော်ရွှင်ခဲ့ကြသည်။ ထိုပျော်ရွှင်မှုများထဲတွင် မပါဝင်သည့်သူများမှာ အာဏာရပြည်ခိုင်ဖြိုး ပါတီဝင်များနှင့် လူမျိုးစုတိုင်းရင်းသားပါတီ များ ဖြစ်ကြသည်။

ပြည်ခိုင်ဖြိုးပါတီက သူတို့ရှုံးမည်ကို သိ သော်လည်း အပြတ်အသတ်မရှုံးနိုင်ဟု ထင် ထားခဲ့ကြသလို တိုင်းရင်းသားလူမျိုးစုပါတီ များကလည်း သူတို့လူမျိုးစုများက သူတို့ကို အားပေးလိမ့်မည်ဟု ယုံကြည်ထားခဲ့ကြသည်။ သို့ရာတွင် သူတို့ထင်ထားသလို ပြည်သူများ၏ ထောက်ခံအားပေးမှုကို မရရှိခဲ့ကြချေ။

ထိုသို့ ပြည်သူထောက်ခံမှု မရသည်မှာ လည်း အကြောင်းတရားများစွာ ရှိနေခဲ့သည်။ ပြည်ခိုင်ဖြိုးပါတီကို ပြည်သူတို့မထောက်ခံသည် မှာ ထိုပါတီနောက်တွင် စစ်တပ်ရှိသည်ဟု ကလေးကအစ သိနေကြပြီး နှစ်ပေါင်းများစွာ စစ်ဖိနပ်အောက်တွင် ရုန်းကန်နေရသည့်ဘဝ၊ သေနတ်မိုး၍ အနိုင်ကျင့်ခံနေရသည့်ဘဝမှ ပြင်းပြစွာ လွတ်မြောက်လိုစိတ်ကြောင့် ပြည် ခိုင်ဖြိုးပါတီသည် မဲမရခဲ့ခြင်းဖြစ်သည်။ ပြည် ခိုင်ဖြိုးပါတီဝင်များ တစ်ဖက်သတ် အခွင့်ထူး ခံရနေမှုများကလည်း ပြည်သူလူထုကို ပိုမို၍ နာကြည်းစေခြင်းသည်လည်း အကြောင်းတ ရားတစ်ခုပင် ဖြစ်သည်။

တိုင်းရင်းသားလူမျိုးစုပါတီများတွင် လက် နက်ကိုင် အဖွဲ့အစည်းများသည် မိမိပြည်သူ လွတ်မြောက်ရေး တန်းတူညီမျှမှုကို တစ်ဖက် မှြေ<ွကးကြော်နေကြသော်လည်း တကယ့်လက် တွေ့တွင်မူ မိမိပြည်သူများကို သေနတ်မိုးခြိမ်း ခြောက်ပြီး မိမိတို့နှင့် ရင်ဆိုင်တိုက်နေပါသည် ဆိုသော တပ်မတော်နည်းတူ ဖိနှိပ်အုပ်ချုပ်သူ များ ဖြစ်လာခဲ့ကြသည်။ တပ်နှင့် အပစ်ရပ် သည့်အခါ အခွင့်အရေးရလာသည်ကို သာ ယာလာပြီး မိမိပြည်သူများကို တပ်ထောက်ခံ သော ပြည်ခိုင်ဖြိုးပါတီကိုသာ အားပေးရမည် ဟု ခြိမ်းခြောက်သည့် ဖောက်ပြန်သော လက် နက်ကိုင်အဖွဲ့အစည်းများ ရှိလာပြီး ထိုလုပ် ရပ်ကြောင့် ပြည်သူတို့အား အတိုက်အခံနိုင်ငံ ရေးပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကို ပုံအောမဲပေးစေသည့် ပြောင်းပြန်သက် ရောက်မှုကို ဖြစ်စေခဲ့သည်။

ထို့ပြင် တိုင်းရင်းသားနိုင်ငံရေးပါတီများ သည်လည်း အမျိုးသားရေးတာဝန်ဖြစ်သည့် ညီညွတ်ရေးကိုမတည်ဆောက်နိုင်ဘဲ သူတစ် လူ ငါတစ်မင်း ဖြစ်နေခဲ့ကြ၊ မာနထောင်နေ ကြသဖြင့် တစ်ခုတည်းသော လူမျိုးစုပါတီဖြစ် မလာဘဲ အကွဲကွဲအပြဲပြဲဖြင့် နောက်ဆုံးတွင် မိမိပြည်သူများ၏ စိတ်ပျက်မှုကိုသာ ရရှိလာ ခဲ့ပြီး ပြည်သူတို့၏ ယုံကြည်အားကိုးလိုမှုကို ကင်းမဲ့စေခဲ့သည်။ မြန်မာနိုင်ငံ မတိုးတက် မဖွံ့ ဖြိုးရသည်မှာလည်း ပြည်တွင်းရှိ တပ်မတော် အပါအဝင် လက်နက်ကိုင်အဖွဲ့အစည်းများ၏ ပြည်သူအပေါ် ဗိုလ်ကျစိုးမိုးနေမှုနှင့် ပြည်တွင်း စစ်ကြီးကို ဖန်တီးနေကြ၍ဖြစ်သည်။တပ်မတော်ခေါင်းဆောင်များသည်လည်း သူတို့၏တပ်မတော် အရေးပါမှု မရှိမဖြစ်လို အပ်ကြောင်း ပြသရန် ပြည်တွင်းစစ်ကိုဖန်တီး နေသလို၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းများသည်လည်း လူမျိုးရေးမုန်းတီးမှုကို အခြေခံသည့် မဟာဗမာဝါဒကို သွတ်သွင်း၍ မိမိပြည်သူကို ဗမာလူမျိုးများနှင့် သွေးခွဲစည်း ရုံးပြီး အင်အား တည်ဆောက်ခဲ့ကြသည်။ အကျိုးဆက်မှာ စစ်ဝါဒ ခေါင်းထောင်လာမှု နှင့် ပြည်တွင်းစစ် မငြှိမ်းသတ်နိုင်ဘဲ စစ်အာ ဏာရှင်ဝါဒ ကြီးစိုးလာပြီး မြို့ပြတိုးတက်ဖွံ့ဖြိုး ရေးကို မတည်ဆောက်နိုင်ဘဲ သမင်မွေးရင်း ကျားစားရင်း ဆိုသကဲ့သို့ မြို့ရွာများဖွံ့ဖြိုးစည် ပင်လာလိုက် တိုက်ပွဲများဖြစ်၍ မီးလောင်ပျက် စီးလိုက်နှင့် ဂျာအေး သူ့အမေရိုက် ဆိုသလို ဖြစ်နေခဲ့သည်။ အမှန်စဉ်စစ် တပ်မတော်အပါ အဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း များသည် မြန်မာနိုင်ငံအတွက် ဝန်ထုပ်ဝန်ပိုး ကြီးဖြစ်နေပြီး တိုင်းပြည် တိုးတက်ဖွံ့ဖြိုးရေး အတွက် ကြီးမားသည့် အဟန့်အတားများဖြစ် လာခဲ့သည်ဆိုက မမှားချေ။

လွတ်လပ်ရေး မရခင်ခေတ်က တပ်မ တော်သို့ ဝင်ရောက်သူများသည် မိမိနိုင်ငံလွတ် လပ်ရေးကို အသက်ပေးရယူမည်ဆိုသည့် ရည် ရွယ်ချက်ဖြင့် ဝင်ရောက်အမှုထမ်းသည့် မျိုး ချစ်လူငယ်လူရွယ်များ ဖြစ်ကြသည်။ စစ်အာ ဏာရှင်ခေတ်တွင်မူ စစ်တပ်သို့ ဝင်ရောက်သူ များသည် တိုင်းပြည်ချစ်စိတ်ထက် စစ်ဗိုလ်ဖြစ် လျှင် အာဏာရှိပြီး ဥပဒေအထက်မှ နေနိုင် သည်ကို အားကျခြင်း၊ လူထုကို ဗိုလ်ကျနိုင်ခွင့် ရှိခြင်းနှင့် စီးပွားရေးအရ အထူးအခွင့်အရေး ရနိုင်ခြင်းတို့ကို မက်မော၍ ဝင်ရောက်လာကြ သူများက အများစုဖြစ်ကြသည်။ စစ်တပ်လူ တန်းစားသည် ပြည်သူလူထုတိုးတက်ရေးထက် မိမိကောင်းစားရေးအတွက် ပြည်သူလူထုကို ကျွန်ပြုရန် ဝန်မလေးသူများ ဖြစ်လာကြသည်။ ယနေ့ အင်တာနက်ပေါ်တွင် ပျံ့လွင့်နေသည့် ဟိုပုန်းတပ်မတော် နည်းပညာသိပ္ပံအကြီးတန်း အပတ်စဉ် ၁၂က အငယ်တန်း အပတ်စဉ်၁၃ ကို လာရောက်နှိပ်စက်ညှဉ်းပန်းနေသည့် ဗီဒီ ယိုသည် အော့နှလုံးနာစရာကောင်းပြီး ယနေ့ ခေတ် တပ်မတော်ကျောင်းတစ်ခု၏ စည်းလွတ် ကမ်းလွတ် နိုင့်ထက်စီးနင်းမှုများကို မျက်ဝါး ထင်ထင် မြင်တွေ့ရသည်။ ကိုယ့်အချင်းချင်းကို ပင် အနိုင်ကျင့်ဗိုလ်ကျချင်သော စစ်ဗိုလ်များ သည် ပြည်သူတို့အပေါ် မည်ကဲ့သို့သဘောထား မည်မှာ တွေးကြည့်၍တောင် မဝံ့နိုင်ဖြစ်သည်။

ဗိုလ်ချုပ်နေဝင်းလက်ထက်တွင် တိုင်း ပြည်ကို အမှောင်ချ၍ တံခါးပိတ်ဝါဒကျင့်သုံး ပြီး ကျောက်မျက်ရတနာများကို တစ်ဦးတည်း ထုတ်ရောင်းခဲ့သည်။ သူ့လက်ထက်တွင် နိုင်ငံ ခြားသို့ ထွက်ခွင့်ရသူသည် ကံထူးသူဖြစ်သည်။ ပြည်တွင်းလုပ်ငန်းရှင်များ၊ နိုင်ငံခြားဘဏ်များ၊ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများ အားလုံး ကို အရင်းရှင်တံဆိပ်ကပ်၍ ပြည်သူပိုင်သိမ်း ပြီး တိုင်းပြည်တွင်းရှိ ပြည်တွင်းလိုအပ်ချက်ကို ဖြည့်ဆည်းပေးနေသော စားကုန်ထုတ်ကုန် လုပ်ငန်းများ၊ စက်မှုလက်မှုလုပ်ငန်းများ၊ ကူး သန်းရောင်းဝယ်ရေးလုပ်ငန်းများ၊ ဘဏ်လုပ် ငန်းများကို ရပ်ဆိုင်းပစ်ခြင်းဖြင့် တိုင်းပြည်တွင် စက်ရုံအလုပ်ရုံများ ပိတ်သွားခဲ့ပြီး အလုပ်အ ကိုင် အခွင့်အလမ်းများ ရှားပါးသွားခဲ့သည်။ ထို့ကြောင့် လက်ဖက်ရည်ဆိုင်များတွင် အလုပ် လက်မဲ့များဖြင့် စည်ကားသည့် ယဉ်ကျေးမှု ထွန်းကားလာခဲ့သည်ဆိုက မမှားချေ။

ဗိုလ်ချုပ်နေဝင်းလက်ထက်တွင် ပြည် တွင်းငြိမ်းချမ်းရေးကို ဟန်ပြသာ လုပ်ခဲ့သဖြင့် ပြည်တွင်းစစ်ကို အဆုံးမသတ်နိုင်ခဲ့ချေ။ တိုင်း ရင်းသားများ တောင်းဆိုသည့် တန်းတူညီမျှ ရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ဖက်ဒရယ်စနစ်တို့ ကို စစ်တပ်မှ အလေးထား မစဉ်းစားဘဲ လက် နက်ချရေးကိုသာ တင်းတင်းမာမာ အထက်စီး မှနေ၍ တောင်းဆိုခဲ့ခြင်းကြောင့် ဆွေးနွေးပွဲ များ ပျက်ပြားခဲ့ရသည်။

ဗိုလ်ချုပ်သန်းရွှေလက်ထက်တွင် ပွင့် လင်းလာသော အင်တာနက်ခေတ် ရေစီး ကြောင်းကို မတွန်းလှန်နိုင်သဖြင့် တံခါးတစ် ချပ်လှပ်စနစ်ဖြင့် မြန်မာပြည်သူတို့ကို ကမ္ဘာနှင့် မိတ်ဆက်ပေးလိုက်ရသည်။ တံခါးကို လုံးဝ ဖွင့်ပေးလိုက်ခြင်းထက် တံခါးကို တစ်ခြမ်းဟ ပေးလိုက်သည့်အတွက် ထိုဟထားသည့်တံခါး ချပ်မှ ယင်းတို့၏ သားသမီးများ၊ ဆွေမျိုးသား ချင်းများ၊ ယင်းတို့နှင့်နီးစပ်သူများက ထွက်ခွင့် လုပ်ကိုင်ခွင့်များ ရသွားကြပြီး ¤င်းတို့သည် နေ့ချင်းညချင်း သန်ြး<ွကယ်သူဌေးကြီးများ ဖြစ် လာကြပြီး မိမိတို့ဆရာသမားများ၏ အထူး အခွင့်အရေးပေးမှုအောက်တွင် ခရိုနီများအဖြစ် ထင်ပေါ်ကျော်ကြားလာခဲ့၊ အရောင်ပြောင်း လာခဲ့ကြပြီး ပြည်တွင်းသဘာဝသံယံဇာတများ ကို အောက်ဈေးနှင့်တူးဖော်ရောင်းချခွင့်၊ ကျွန်း သစ်များ၊ သစ်မာတောများကို စည်းမဲ့ကမ်းမဲ့ ခုတ်ယူရောင်းချခွင့်များကို ရရှိခဲ့ကြသဖြင့် တောပြုန်းတောင်ပြုန်းဖြင့် သားရိုင်းတိရစ္ဆာန် များ မျိုးတုံးသွားခြင်း၊ တောတောင်များကိုမှီခို နေရသည့် ပြည်သူများ အတိဒုက္ခကြီးစွာ ကျ ရောက်ခဲ့ရသည်။

ပြည်တွင်းပြည်ပ စီးပွားရေးလုပ်ငန်းရှင် များ၏ ပိုင်ဆိုင်မှုများကို အရင်းရှင်များဟု ဝါဒ မှိုင်းတိုက်သိမ်းယူခဲ့ကြသော စစ်ဗိုလ်ချုပ်များ ၏ သားသမီးများနှင့် နောက်လိုက်များသည် ဗိုလ်ချုပ်သန်းရွှေလက်ထက်တွင် မြေအမြောက် အမြား ပိုင်ဆိုင်သည့်သူများ၊ ကုမ္ပဏီပိုင်ရှင် ကြီးများ၊ စက်မှုလက်မှုစက်ရုံပိုင်ရှင်ကြီးများ ဖြစ်လာကြပြီး ချမ်းသြာ<ွကယ်ဝသည့် အရင်း ရှင်လက်သစ်များ ဖြစ်လာခဲ့ကြသည်။ ပြည်သူ များထံမှ မတရား ပြည်သူပိုင်သိမ်းထားလိုက် သည့် တိုက်တာအဆောက်အအုံများ၊ မြေများ ကို မူလပိုင်ရှင်များကိုပြန်မပေးဘဲ မိမိတို့အမွေ ရသည့် ပစ္စည်းများကဲ့သို့ အဆင့်ဆင့် မတော် လောဘနှင့် ခွဲဝေယူကြပြီး မတရားလုပ်ပိုင်ခွင့် များကို တရားဝင် ရရှိခံစားနိုင်ခဲ့ကြသည်။

ထို့အပြင် တိုင်းနှင့်ပြည်နယ်အနှံ့အပြား တွင် စစ်တပ်မှ လိုချင်သလောက် မြေများကို စစ်တပ်ပိုင်ဟူ၍ ဗိုလ်ကျသိမ်းယူခြင်း၊ လယ် သမားများထံမှ ဘိုးစဉ်ဘောင်ဆက်လုပ်ကိုင် လျက်ရှိသည့်မြေယာများကို စစ်တပ်မှ မတရား သိမ်းယူပြီး ယင်းလယ်သမားများအား သီးစား ချငှားစားစနစ်ဖြင့် လုပ်ကိုင်စေသဖြင့် လယ် ပိုင်ရှင်များဘဝမှ သူရင်းငှားများဘဝသို့ နေ့ ချင်းညချင်း ရောက်ရှိသွားတော့သည်။

ယနေ့ စပ်ကူးမတ်ကူးကာလတွင်လည်း နိုင်ငံပိုင်မြေများကိုြဦ နှစ်ရှည်ငှားရမ်း စနစ်ဖြင့် လက်သင့်ရာခရိုနီများနှင့် ငွေရှင်ကြေး ရှင်များကို ရဲရဲတင်းတင်းပေးကမ်းလျက်ရှိသည်။ သာဓကအားဖြင့် ဆီဒိုးနားဟိုတယ် မျက်နှာ ချင်းဆိုင်ရှိ အင်းလျားကန်စပ်တွင် ထုထည် ကြီးမားသော တိုက်တာအဆောက်အအုံကြီး ကို သတင်းမီဒီယာများမှ ဝေဖန်နေလင့်ကစား နေ့မီးညမီးဖြင့် တက်သုတ်ရိုက် ဆောက်လုပ် နေသည်ကို တွေ့မြင်နိုင်သည်။

ယနေ့အထိ တရားဥပဒေ ကင်းမဲ့မှု၊ မတရားလုပ်ဆောင်မှုများကို ပြန်လည်တည့် မတ်နိုင်ခြင်း မရှိသေးချေ။ စစ်အစိုးရလက် ထက်တွင် ၃-၄နှစ်ခန့်ကျမည့်အမှုများကို စီမံ ချက်အမည်တပ်၍ ဥပဒေလွတ် အနှစ် ၃ဝခန့် ကျခံရသူများ၊ ပုဒ်မအများအပြားတပ်၍ အနှစ် ၉ဝခန့် သီးခြားကျခံရသူများအတွက် လွတ် လမ်းမရှိချေ။ တရားဥပဒေမဲ့ အာဏာရှိသူ ပါးစပ်မှ ပြောသည့်အတိုင်း တရားသူကြီးက ချမှတ်ပေးရသည့် အစဉ်အလာသည် ယနေ့ အထိ ရှိနေဆဲဖြစ်သည်။

တိုင်းပြည်၏ စီးပွားရေးသည် လူလတ် တန်းစား၊ အသေးစား အလတ်စားလုပ်ငန်း ရှင်များအပေါ်တွင် တည်မှီနေမှု နည်းပါးပြီး အိမ်နီးချင်း တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ စင်ကာပူ နိုင်ငံတို့မှ သွင်းကုန်များကို ပြည်တွင်းစားသုံးမှု အတွက် အများဆုံး အားကိုးနေရဆဲဖြစ်သည်။ ထို့ကြောင့် အသေးစားအလတ်စား လုပ်ငန်း ရှင်များကို ဘဏ်များမှ ငွေကြေးထုတ်ပေးခြင်း နည်းပညာပြပွဲများပြုလုပ်၍ နိုင်ငံတကာမှ နည်း ပညာများကို သိရှိနားလည် အသုံးချတတ် အောင် ကူညီခြင်းများ ပြုလုပ်ပေးဖို့လိုပေသည်။

ထိုသို့ဖြစ်ခဲ့သည့် မြန်မာနိုင်ငံသည် ယခု အခါ ပထမခြေလှမ်းအဖြစ် ပြည်သူလူထုက ရွေးကောက်တင်မြှောက်လိုက်သည့် အစိုးရ တစ်ရပ် မကြာမီ ပေါ်ထွက်လာတော့မည်ဖြစ် သည်။ ထိုအစိုးရကိုဦးဆောင်မည့် သမ္မတနေ ရာကို အနိုင်ရပါတီခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်ကို မပေးနိုင်ရန် လက်ရှိ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေက ကန့်သတ်ထားပြန် သည်။ ဒေါ်စုကလည်း အစိုးရအထက်မှာ သူ ရှိနေမည်ဟုြေ<ွကးကြော်ထားခဲ့သည်။ မည်သို့ ဆိုစေ စစ်အာဏာရှင်များက သူတို့အာဏာ အလွဲသုံးစားပြုသမျှကို မျှားဦးလှည့်မလာစေ ရန် ရှိသမျှအပြစ်များကို နောက်ကြောင်းပြန် မလှည့်ရဟု အကြောက်တရားဖြင့် ၂ဝဝ၈ခြေ ဥတွင် ထည့်သွင်းရေးဆွဲထားသော်လည်း မိမိ တို့ပြည်သူအပေါ် မတော်မတရားပြုခဲ့မှုများ ကို ဝန်ချတောင်းပန်ခြင်းမပြုသမျှ ထိုကိစ္စသည် တစ်နေ့မဟုတ် တစ်နေ့ ပြန်လည်ထွက်ပေါ် လာမည်ဖြစ်သည်။ မိမိတို့ရေးဆွဲထားသည့် အခြေခံဥပဒေက မိမိတို့ လုပ်ချင်တိုင်းလုပ် သမျှကို အကာအကွယ်ပေးလိမ့်မည်ဟု ထင် ထားလျှင် အမှားကြီး မှားလိမ့်မည်ဖြစ်သည်။

ထို့ကြောင့် အခြေခံဥပဒေ ပြင်ဆင်ရေး ဆွဲရေး ပုဒ်မ ၄၃၆ကို တပ်မတော်သား မိုးကျ ရွှေကိုယ် လွှတ်တော်ကိုယ်စားလှယ်များကအသာတကြည် ခွင့်ပြုပေးလိုက်ခြင်းသည် လုပ် သင့်လုပ်ထိုက်သော အလုပ်ဖြစ်သလို တပ်မ တော်သည် ပြည်သူ့ဆန္ဒကို လေးစားလိုက်နာ သည်လည်း မည်ပေသည်။ အဘယ်ကြောင့် ဆိုသော် ပြည်သူက အင်န်အယ်လ်ဒီကို မဲပုံ အောပေးသည်ဆိုသည်မှာ ဒေါ်အောင်ဆန်း စုကြည်ကို ယုံကြည်၍ မဲပေးခြင်းဖြစ်ကြောင်း ပြည်တွင်းပြည်ပရှိ အသိအမြင်ရှိသူတိုင်း နား လည်သဘောပေါက်ကြသည်။ တပ်မတော် သား လွှတ်တော်ကိုယ်စားလှယ်များသည်လည်း စစ်တက္ကသိုလ်များမှဆင်းလာသည့် ပညာတတ် များပီပီ နားလည်ကြမည်ဟု ယုံကြည်ပါသည်။ ပြည်သူများက ယုံကြည်သည့်အတွက် ရွေးချယ် ပေးလိုက်သော ခေါင်းဆောင်ကို မိမိတို့တပ် မတော် ခေါင်းဆောင်ဟောင်းများက ရေးဆွဲ ပိတ်ပင်ထားသည့် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအတိုင်း လိုက်နာကျင့်သုံးပြီး ပြည်သူ့ ဆန္ဒသဘောထားကို လျစ်လျူရှု၍ ဆက်လက် ပိတ်ပင်ထားကြမည်လော စဉ်းစားကြဖို့ လိုပေ သည်။

မြန်မာနိုင်ငံတွင် တရားရေးမဏ္ဍိုင် ပြို လဲပျက်စီးခဲ့ပြီး တရားမျှတရေးထက် အာဏာ ရှိသူများ၏ တစ်ချက်လွှတ်အမိန့်များကသာ ကြီးစိုးနေခဲ့သည်မှာ ၁၉၆၂ခုနှစ်နှောင်းပိုင်း မှစ၍ ယနေ့အထိ ရှိနေဆဲဖြစ်သည်။ ထိုကဲ့သို့ အခြေအနေကို ဒေါ်အောင်ဆန်းစုကြည်၏ပါတီက တရားသူကြီးချုပ်အပါအဝင် အကျင့် ပျက် လာဘ်စားရာတွင် အနံ့တထောင်းထောင်း ထနေသော တရားသူကြီးများကို ပြတ်ပြတ် သားသား ထုတ်ပစ်၍ သမာသမတ်ရှိသော နာမည်ကောင်းသည့် တရားသူကြီးဟောင်း များနှင့် တရားသူကြီး တက်သစ်စလူငယ်များ ဖြင့် အစားထိုးခြင်းကို အလျင်အမြန်ပြုလုပ်၍ တရားဥပဒေစိုးမိုးရေးကို အမြန်ဆုံးအကောင် အထည်ဖော်ရန် လိုပေသည်။ ဒေါ်စုတို့အစိုးရ လက်ထက်တွင် တရားသူကြီး ၆ဝခန့်ကို အစား ထိုးမည်ဆိုသည်မှာ ကောင်းမွန်သည့် လိုအပ် ချက်တစ်ရပ်ဖြစ်၍ ကြိုဆိုရမည်ဖြစ်သည်။ မြန် မာပြည်တွင် တရားဥပဒေစိုးမိုးမှု မရှိခဲ့သည် မှာ ကြာပြီဖြစ်သည့်အတွက် အသစ်ခန့်အပ် မည့် တရားသူကြီးများအနေနှင့် လာဘ်ပေး လာဘ်ယူမှုများကို ကြံ့ကြံ့ခံနိုင်ဖို့လိုပေသည်။ အဓိကတရားရေးမဏ္ဍိုင်ကို ခိုင်မြဲအောင်အုပ် ချုပ်ရေးဌာနမှ သီးခြားလွတ်လပ်ပြီး ပြဋ္ဌာန်း ထားသည့် တရားဥပဒေများနှင့်အညီ တရား စီရင်နိုင်ခွင့်ကို ပေးနိုင်ခဲ့လျှင် မြန်မာပြည်တွင် တရားဥပဒေစိုးမိုးရေး ပြန်လည်ကြီးစိုးလာနိုင် ပါသည်။

ဒေါ်အောင်ဆန်းစုကြည်ပါတီက အမျိုး သားလွှတ်တော်နှင့်ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ နှင့် ဒုဥက္ကဋ္ဌများကို ရွေးချယ်ပေးလိုက်ပြီဖြစ် သည်။ အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ် တော် ဥက္ကဋ္ဌနေရာများအား အင်န်အယ်လ်ဒီ ပါတီဝင်များကိုပေးပြီး ဒုဥက္ကဋ္ဌနေရာများကို ပြည်ခိုင်ဖြိုးပါတီအမတ်နှင့် ရခိုင်အမျိုးသား ပါတီမှ မဟာမိတ် ဦးအေးသာအောင်ကို ပေး ခဲ့ခြင်းသည် အဖွဲ့ချုပ်အနေနှင့် နေရာအားလုံး ကို လက်ဝါးကြီးအုပ်မထားကြောင်း အားလုံး နှင့် လက်တွဲလုပ်မည်ဆိုသည့် ပထမခြေလှမ်း သက်သေပြချက်တစ်ခုဟု ယူဆနိုင်ပါသည်။

မကြာခင် ထိုလွှတ်တော်နှစ်ရပ်မှ ဒုသမ္မတ လောင်းတစ်ယောက်စီကို တင်သွင်းပြီး တပ် မတော်ကိုယ်စားလှယ်များမှလည်း ဒုသမ္မတ တစ်ယောက်ကို တင်သွင်းကြတော့မည် ဖြစ် သည်။ မိမိအား သမ္မတလုပ်ပိုင်ခွင့်ကို ကန့် သတ်ထားသည့်အတွက် ဒေါ်စုအနေနှင့် မည် သူ့ကို သမ္မတတင်မည်ဆိုသည်ကို အားလုံးက စိတ်ဝင်တစားရှိနေကြသည်။ မြန်မာ့အရေး လေ့လာသူ လယ်ရီဂျာဂင်က ဆရာကြီး မင်း သုဝဏ်၏သားဖြစ်ပြီး အဖွဲ့ချုပ် ဗဟိုကော်မတီ ဝင် ဦးလွင်၏သမက်ဖြစ်သူ ဦးထင်ကျော်ကို တစ်ပေးထားပါသည်။ လယ်ရီပြောသကဲ့သို့ပင် ဦးထင်ကျော်က ပိုပြီးဖြစ်နိုင်ခြေရှိသည်ဟု ခန့် မှန်းရပါသည်။ တစ်ဖက်မှလည်း အခြေခံဥပ ဒေ ပြင်ဆင်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်း ဟိန်ကလည်း ၅၉(စ)ကို ဆိုင်းငံ့ထားပြီး ဒေါ်စု သမ္မတဖြစ်ရေးကို ကြိုးစားမည်ဟု ဆိုသည်။ မည်သို့ပင်ဖြစ်စေ ၅၉(စ)ကို ဆိုင်းငံ့ထားပြီး ဒေါ်စုကို သမ္မတတင်ရေးမှာ ဖြစ်နိုင်ခြေ အလွန် နည်းပါးသည်။ အဘယ်ကြောင့်ဆိုသော် တပ် မတော်သား လွှတ်တော်ကိုယ်စားလှယ်များ၏ ထောက်ခံချက်ကို ရယူဖို့လိုပြီး ¤င်းတို့၏ဦးစီး ချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏သဘော တူညီချက် ရရှိဖို့လိုသည့်အတွက် ဖြစ်သည်။ အကယ်၍ ၅၉(စ)ကို ဆိုင်းငံ့ခွင့်ရမည်ဆိုလျှင် တပ်မတော်က နိုင်ငံရေးမှ အမှန်တကယ်ဆုတ် ခွာတော့မည်ဖြစ်ကြောင်း ပြသမှုပင်ဖြစ်သည်။ စာရေးသူအနေနှင့်တော့ တပ်မတော်က လွယ် လင့်တကူ နောက်ဆုတ်သွားလိမ့်မည်ဟု မထင် ပါ။

သမ္မတလောင်းကို ဒေါ်စု ရွေးချယ်ရာ၌ နိုင်ငံတကာနဲ့ ဆက်ဆံပြောဆိုနိုင်သူ၊ သိက္ခာ သမာဓိရှိသူ၊ သူပြောသည့်အတိုင်း လိုက်နာ ဆောင်ရွက်မည့်သူကို ရွေးရပါလိမ့်မည်။ သမ္မတ သည် စစ်ရေးအတွေ့အကြုံ ရှိရမည်လို့ ဆို ထားသည့်အတွက် သမ္မတလောင်းရွေးချယ် သည့်နေရာတွင် တပ်မတော်ကိုယ်စားလှယ် များက မည်သို့ တုံ့ပြန်ကြမည်ကို စောင့်ကြည့် ကြရမည်ဖြစ်သည်။

ပြည်ထဲရေးဝန်ကြီးဌာနသည် အရပ်သား အုပ်ချုပ်ရေးအားလုံးကို ချုပ်ကိုင်ထားသည်ကို ချက်ချင်းပြောင်းလဲပစ်ရန် မဖြစ်နိုင်ချေ။ ထို့ ကြောင့် ပြည်ထဲရေးဝန်ကြီးမှ မြို့နယ်အုပ်ချုပ် ရေးမှူးများကို တိုက်ရိုက်ခန့်ထားသည့်ဥပဒေ အစား ပြည်သူလူထု၏မဲဆန္ဒဖြင့် ရွေးကောက် တက်လာသော အုပ်ချုပ်ရေးမှူးများကို ပြည် ထဲရေးဝန်ကြီးမှ အတည်ပြုခန့်ထားရမည်ဆို သည့် ဥပဒေကို လွှတ်တော်မှ အစားထိုးပြဋ္ဌာန်း အတည်ပြုခြင်းဖြင့် ရပ်ကျေး၊ မြို့နယ်၊ တိုင်း၊ မြို့တော်ဝန်များကို ပြည်သူက တိုက်ရိုက်ရွေး ချယ်ခွင့်ရလာပြီး စစ်အုပ်ချုပ်ရေးလွှမ်းမိုးထား မှုမှ အရပ်သားအုပ်ချုပ်ရေးကို ပြန်လည်ပြောင်း လဲပစ်ရန် လိုပေသည်။ သို့သော်လည်း ခက်ခဲ ပေလိမ့်မည်။

၈၈မျိုးဆက်များသည် အရေးတော်ပုံကာ လအပြီးတွင် တိုင်းပြည်မှ ထွက်သွားကြပြီး ကမ္ဘာ့နိုင်ငံအနှံ့သို့ ဖြန့်ကြက်ရောက်ရှိသွားခဲ့ ကြသည်။ မိမိတို့ တစ်နိုင်တစ်ပိုင် တိုင်းပြည် အတွက် လုပ်နေကြဆဲဖြစ်သည်။ ထိုသူတွေထဲ မှ တိုင်းပြည်ပြန်လည်ပြုစုပျိုးထောင်ရေးအတွက် လုပ်နိုင်သည့်သူတွေ အများအပြား ရှိကြပါ သည်။ ဦးသိန်းစိန်အစိုးရလက်ထက်တွင် ပြည် ပရောက် မြန်မာလူမျိုးများ မိမိတိုင်းပြည်ပြန် လာရေးသည် နိုင်ငံခြားသားများ လာလည် ရေးထက် ပိုမိုခက်ခဲစွာ ပြုလုပ်ထားသည်တို့ကို အမြန်ဆုံး ပြုပြင်ပြောင်းလဲမှုများ လုပ်သင့်ပါ သည်။ ထိုကဲ့သို့လုပ်နိုင်ရန် အစိုးရဟောင်း လက်ထက်က ခန့်အပ်ထားသည့် သံတမန်များ ကို ဒီမိုကရေစီအင်အားစုထဲမှ အရည်အချင်း ရှိသူများနှင့် အစားထိုးရပါလိမ့်မည်။ လက်ရှိ သံတမန်များသည် စစ်အရေချွတ် အမှုထမ်း များဖြစ်ပြီး ဒီမိုကရေစီရေး လှုပ်ရှားသူများကို ပြည်ဝင်ခွင့်ပေးချင်စိတ်ရှိသူ နည်းပါးသည်။ ဒီမိုကရေစီစနစ်ကိုလည်း ယုံကြည်သူများ မဟုတ်သလို သံခင်းတမန်ခင်း လုပ်ငန်းများ တွင်လည်း ကျွမ်းကျင်မှုမရှိသူများဖြစ်ကြသည်။ အမြန်ဆုံး ထိုလူများနေရာတွင် သံတမန်ရေး ရာ နားလည်သူများနှင့် အစားထိုးရပါလိမ့်မည်။

ကျောင်းသားများသည် ရိုးသားသည်၊ ရဲ ရင့်သည်၊ တိုင်းပြည်အတွက် အသက်ကိုပင် စွန့်လွှတ်ရဲသည့်စိတ် ရှိကြသည်။ ထိုကျောင်း သားအင်အားစုများ၏ တစ်ခဲနက် ထောက်ခံ မှုရရန်နှင့် ယနေ့လိုအပ်နေသော ကျောင်းသား များတောင်းဆိုနေသည့် ကျောင်းသားသမဂ္ဂ အဆောက်အအုံကြီး ပြန်လည်တည်ဆောက် ရေးသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေ နှင့် အမြန်ဆုံးလုပ်ဆောင်ရမည့် လုပ်ငန်းစဉ် ကြီးများထဲတွင် တစ်ခုအပါအဝင် ဖြစ်သည်။ ထို့ပြင် လွှတ်တော်အမတ်များအတွက် လေ့ လာသူ(ှုညအနမည)များကို ကျောင်းသားများထဲမှ နွေရာသီ ကျောင်းပိတ်ရက်များအတွင်း ခန့် အပ်လေ့ကျင့်ပေးခြင်းဖြင့် နိုင်ငံရေးနှင့် ယဉ် ပါးလာရန် လုပ်ဆောင်ချက်သည်လည်း လုပ် သင့်သည့် အလုပ်တစ်ခုပင်ဖြစ်သည်။

အနှစ်ချုပ်အားဖြင့် ဒေါ်စုအနေနှင့် လူ့ အခွင့်အရေးတိုက်ပွဲများ၊ သယံဇာတရင်းမြစ် လုပွဲများ၊ လယ်မြေယာမြေ သိမ်းယူမှုများကို ဖြေရှင်းပေးရမည်ကတစ်ဖက်၊ လက်ရှိအခြေ ခံဥပဒေကို ပြင်ဆင်မည်လော၊ ဖက်ဒရယ်အ ခြေခံဥပဒေသစ်ကို ရေးဆွဲမည်လော ဆိုသည့် လွှတ်တော်တွင်း စိန်ခေါ်ပွဲများကလည်း တစ် ဖက်က ဆက်လက်ရှိနေဦးမည် ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် တက်လာလျှင် အား လုံး အဆင်ပြေသွားမှာပါဆိုသည့် လူများစု၏ မျှော်လင့်ချက်များသည် ပြဿနာများကိုမဖြေ ရှင်းနိုင်ခဲ့လျှင် ၃-၄နှစ်တာကာလမှာ ပျောက် ကွယ်သွားနိုင်ခြေ ရှိပါသည်။ ပြည်သူများ၏ မျှော်လင့်ချက် မပျောက်ဆုံးရန် လုပ်ဆောင်ဖို့ အတွက် ဒေါ်အောင်ဆန်းစုကြည်အနေနှင့် လူတော်လူကောင်းတွေ အများကြီးလိုပါသည်။ တစ်ချိန်တည်းတွင် ပြည်သူများကို အများကြီး မျှော်လင့်မထားကြဖို့ အသိပညာပေးနေဖို့လို သလို ပြည်သူတွေအနေနဲ့ တစ်နိုင်တစ်ပိုင် ဝင် ရောက်လုပ်ကိုင်ကြဖို့လည်း လိုပေသည်။ သို့ မှသာ အရွေ့ဆိုတာရှိလာမှာဖြစ်သည်။ အစိုးရ ကိုချည်း အားကိုးမနေဘဲ ကိုယ့်အသိနှင့်ကိုယ် တာဝန်ယူဖို့လိုကြောင်းကို အမြဲမပြတ်နှိုးဆော် နိုင်မှသာလျှင် ပြည်သူများက နားလည်သဘော ပေါက်ပြီး ထောက်ခံမှုမကျဆင်းမှာဖြစ်ပါသည်။

ဒေါ်အောင်ဆန်းစုကြည်အနေနှင့် ဒီမို ကရေစီနည်းကျ အခြေခံဥပဒေကို ပြင်ဆင် နိုင်ရေး၊ တရားစီရင်ရေးမဏ္ဍိုင်ကို တည့်မတ် နိုင်ရေး၊ အရပ်သားအုပ်ချုပ်ရေးကို ပီပီပြင်ပြင် ဖော်ဆောင်ရေး၊ ပညာရေးကို ခေတ်မီအောင် မြှင့်တင်နိုင်ရေး၊ မျှတတဲ့ ယှဉ်ပြိုင်မှုရှိသည့် စီး ပွားရေးစနစ်ကို တည်ဆောက်နိုင်ရေးတို့ကို ငါးနှစ်သက်တမ်းအတွင်း လုပ်ဆောင်ရာတွင် အားလုံး ဘက်စုံတိုးတက်ရေး ဖြစ်မလာနိုင် သော်လည်း ပြည်သူများ နားလည်လာအောင် အချိန်နှင့်အမျှ ရှင်းလင်းပညာပေးနေလျှင် မြန် မာပြည်သူတို့က လက်ခံပြီး ဒုတိယသက်တမ်း ၌ ဆက်လက်ဦးဆောင်နိုင်ပါလိမ့်မည်။ ဒေါ်စု အနေနှင့် ပန်းပုသမားတွေကိုသာ ဦးစားပေး မည်ဆိုသည့် အတွေးအခေါ်ထဲတွင် သစ်ခုတ် သမားများထဲမှလည်း ပန်းပုထွင်းနိုင်သူတွေ ရှိနေသည်ဆိုသည်ကို နှလုံးမူပြီး ထိုဘက်စုံရ သည့် စမ်းသပ်ခံ လူချွန်လူကောင်းများကိုရွေး ချယ်ပြီး မျှတအောင်လုပ်နိုင်လျှင် အောင်မြင် မှုအတိုင်းအတာ ကြီးမားစွာ ရနိုင်ပါလိမ့်မည်။

(Yangon Times Journal, 12-6)


EmoticonEmoticon

Comments system

Flag Counter