အမေရိကန်- အာဆီယံ ထိပ်သီးဆွေးနွေးပွဲ သမ္မတ ဦးသိန်းစိန်တက်ရောက်မည်မဟုတ်


 
သမ္မတဦးသိန်းစိန်။(ဓာတ်ပုံ-သမ္မတရုံး)
လာမယ့် အပတ် အမေရိကန်နိုင်ငံမှာ ကျင်းပမယ့် အမေရိကန်- အာဆီယံ ထိပ်သီး အစည်းအဝေးကို သမ္မတ ဦးသိန်းစိန် တက်ရောက်တော့မှာ မဟုတ်ဘူးလို့ သမ္မတရုံးပြောဆိုချက်ကို ကိုးကားပြီး Reuters သတင်းမှာ ဖော်ပြထားပါတယ်။
ဖေဖေါ်ဝါရီ ၁၅ ရက်နဲ့ ၁၆ ရက်မှာ ကျင်းပမယ့် အမေရိကန်- အာဆီယံ ထိပ်သီးအစည်းအဝေးကို သမ္မတ ဦးသိန်းစိန်အနေနဲ့ တက်ရောက်ဖို့ စီစဉ်ထားပေမယ့် နောက်ဆုံးအချိန်ကျမှ ပယ်ဖျက်လိုက် တာဖြစ်တယ်လို့သိရပါတယ်။
လေ့လာသူများကတော့ မကြာခင် သမ္မတရာထူးမှ အနားယူရတော့မယ့် ဦးသိန်းစိန်ဟာ သမ္မတအိုဘားမား အပါအ၀င် အရှေ့တောင်အာရှ နိုင်ငံက ခေါင်းဆောင်တွေနဲ့ အတူတူ တက်ရောက်မယ်လို့ ခန့်မှန်းမျှော်လင်ကြပေမယ့်၊ အခုအခါမှာတော့ သူ့ကိုယ်စား ဒု သမ္မတ ဦးဥာဏ် ထွန်းတက်ရောက်မှာဖြစ်တယ်လို့ ဆိုပါတယ်။
လာမယ့် အစည်းဝေးမှာ ဒေသတွင်းမှာ ဖြစ်ပေါ်နေတဲ့ အကြမ်းမှုတိုက်ဖျက်ရေး၊ လူကုန်ကူးမှု တိုက်ဖျက်ရေးနဲ့ တောင်တရုတ်ပင်လယ် အတွင်း အငြင်းပွားမှု၊ စီးပွားရေး၊ ကုန်သွယ်ရေးနဲ့ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာများကို ဆွေးနွေးသွားမယ်လို့သိရပါတယ်။


EmoticonEmoticon

Comments system

Flag Counter