ဗိုလ်ရာဇာအကြောင်း သိကောင်းဖွယ်ရာ


ဗိုလ်ရာဇာ၏အဓိပ္ပါယ်မှာ ဘုရင်တကာရို့၏ ခေါင်းဆောင်ဟု အဓိပ္ပါရပါသည်။ ဗိုလ်ရာဇာနာမည်သည် ရခိုင်ပြည်သူရို့၏ အသွီးသားဝိဥာဉ်များတွင်သာမက မြန်မာနိုင်ငံဟိ အတိုက်အခံခေါင်းဆောင်များ၏ ဦးနှောက်နှလုံးအိမ်နှင့် ထိုင်းပြည်သူရို့တချို့နှုတ်ဖျားတွင်ပါ ရိုက်ခတ်စီနိုင်ခဲ့သည်။ တော်လှန်ရေးခေါင်းဆောင်တယောက်အဖြစ် နာမည်ကြီးလာသည်နှင့်အမျှ ဗမာစစ်သားများကလည်း နာမည်ကိုကြားရုံမျှနှင့် ဂယောင်ချောက်ချားဖြစ်လားကြသည်။ လူတချို့တို့ကဆိုလျှင် သီနတ်နှင့်ပင်ပစ်၍မပေါက် ကျီပြီးသည်ဟုယုံကြည်ထားကြသည်။ သို့သော်တချို့ကလည်း ပင်လယ်ဓါးပြခေါင်းဆောင်အဖြစ် သတ်မှတ်ကြသည်။ ဗိုလ်ရာဇာသည် အဂင့်အမှန်တော်လှန်ရေးစစ်သည်တော်လား ပင်လယ်ဓါးပြခေါင်းဆောင်လားဆိုသည်ကို ဆန်းစစ်ကြည့်ကြပါမည်။


ဗိုလ်ရာဇာသည် အသားညိုညို အရပ်အမောင်း ၅-ပေ-၉-လက်မခန့်ဟိပြီး အ၀တ်ကိုသန့်သန့်ပြန့်ပြန့် သပ်သပ်ယပ်ယပ် ၀တ်ဆင်တတ်ပါသည်။ တဖက်သားလေးစားအထင်ကြီးအောင် နိန်ထိုင်တတ်ရုံသာမက စကားပြောလျှင်လည်း လူတဖက်သားယုံကြည်အားကိုးလာအောင် ဩဇာသံပါပါဖြင့် ရဲရဲဝံ၀ံပြောဆိုတတ်သော စကားပြောကောင်းသူတယောက်လည်းဖြစ်ပါသည်။ အကြောင်းအရာ၊ ပြဿနာတခုကို ချက်ချင်းအဖြေထုတ်နိုင်သော လတ်တလောဥာဏ် အားကောင်းသူတယောက်လည်းဖြစ်ပါသည်။ တဖက်သားအပေါ်ချီကျူးစရာဟိလျှင် ရက်ရက်ရောရောချီးကျူးတတ်ပြီး ဝေဖန်စရာ၊ အပြစ်တင်စရာ၊ အပြစ်ပီးစရာဟိလျှင်လည်း မငဲ့မကွက် လုပ်ဆောင်တတ်သူတယောက်လည်းဖြစ်ပါသည်။ သို့ရာတွင် ဗိုလ်ရာဇာ၏အထူးအားနည်ချက်တခုမှာ လူတဘက်သားအပေါ် အယုံလွယ်ခြင်းပင်။
ဗိုလ်ရာဇာသည် ခေတ်သစ်တော်လှန်ရေးကိုဆင်နွဲနိုင်ရန် ရခိုင်တော်လှန်ရေးအဖွဲ့ဟောင်းတခုက ထွက်ပြီးလာခဲ့ပြီး ၁၉၈၆-ခုနှစ်မှာ တော်လှန်ရေးဇာတ်လမ်းစခဲ့သည်။ ကမ္ဘောဒီးယားနယ်စပ်သို့ထွက်ပြီး လွတ်မြောက်ခဲ့သော်လည်း သူ၏လုပ်ဖေါ်ကိုင်ဖက်တချို့မှာ မိခင်ပါတီမှ ခွဲထွက်ဖို့ကြံစဉ်ကြသည်ကိုစွပ်စွဲပြီး လုပ်ကြံခံခဲ့ကြရသည်။ ခေတ်ဟောင်းတော်လှန်ရေးပုံစံကို မကြိုက် မနှစ်သက်သဖြင့် တပ်ပြီးတယောက်ဖြစ်လာပြီး တနင်္သာရီတိုင်းတွင်လှုပ်ယှားနိန်သော မူဆလင်အဖွဲ့တဖွဲ့တွင် မူဆလင်မောင်မောင်နာမည်ဖြင့် ၀င်ရောက်ကာ ဇာတ်မြှုပ်ခဲ့သည်။ တော်လှန်ရေးစစ်သည်တော်ကောင်းတယောက်အဖြစ် အစွမ်းအစပြသနိုင်ခဲ့သဖြင့်(KNU)မှ ကရင်တပ်မှူးတယောက်၏မွီးစပ်ခြင်းခံရသည်။
နောက်တချိန်၌ လက်နက်ကိုင်အဖွဲ့အစည်းတခုဖွဲ့စည်းရန် ရည်ဇူးလျှက် ရခိုင်မျိုးချစ်များကို စုစည်းခဲ့သည်။ KNU တပ်မဟာ ၄ နယ်မြီ၌KNUနှင့်ပူးပေါင်းလျှက် စစ်ရေးလှုပ်ရှားမှုများပြုလုပ်ခဲ့သည်။ အထူးသဖြင့် တနင်္သာရီတိုင်းဒေသ၌ ရန်သူ၏သစ္စာတော်ခံ ကုန်သည်များထံမှ အခွံများကောက်ယူခဲ့သည်။ ဗိုလ်ရာဇာသည် ကုန်းတွင်းပိုင်းကျွန်းများ၌သာမက ပင်လယ်ပြင်၌ပါ စွမ်းစွမ်းတမံ အခွံကောက်ခံနိုင်သူအဖြစ် ထင်ရှားလာခဲ့ပြီး ၎င်း၏ထိမ်းချုပ်မှုအောက်တွင် ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ငယ်တဖွဲ့ကို ဖွဲ့စည်းနိုင်ခဲ့သည်။ တနိန့်သောနိန့်ခင်းဘက်တွင် အကျွန့်အား ၀မ်းနည်းပက်လက်ဖြင့် ပြောပြသည်မှာ ကရင်တပ်မဟာ(၄) နီမြီ၌လှုပ်ယှားစဉ် သီဒါဏ်အပီးခံခဲ့ဖူးကြောင်း၊ မိမိကိုမြှုပ်ရန်အတွက် ကိုယ့်သီတွင်းကိုကိုယ်တူးခဲ့ရကြောင်း၊ နောက်ဆုံးအခွင့်အရေးအဖြစ် မသီခင်လိုရာဆုကိုတောင်းပါဟု အဆုံးစီရင်မည့်ကရင်တပ်မှူးကပြောသောအခါ တကယ်လို့ငါ့ကိုအဆုံးစီရင်လိုက်မှုကြောင့် ကရင်အဖွဲ့အစည်း(သို့မဟုတ်) ရခိုင်အဖွဲ့အစည်းအတွက် ကောင်းမွန်တိုးတက်လားမည်ဆိုလျှင် မိမိအနိန်ဖြင့်သီပျော်ပါသည်။ သို့သော် တစုံတခုမှ တိုးတက်ပြောင်းလဲမှုမဟိလျှင်ကား မိမိကဲ့သို့သော တော်လှန်ရေးစစ်သည်တော်ကောင်း တယောက်ကို မဆုံးယှုံးသင့်ကြောင်း ရဲဝံ့စွာဖြေကြားခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် အဆုံးစီရင်မှုမှ လွတ်ငြိမ်းခွင့်ရဟိခဲ့ပြီး နောက်အနာဂတ်တွင် တော်လှန်ရေးခေါင်းဆောင်ကောင်းတယောက်အဖြစ် သက်သီပြခွင့်ရဟိခဲ့ပါသည်။

ဗိုလ်ရာဇာသည် ပင်လယ်ရီပြင်အနှံ့အပြား၌ အခွံ့ငွေများကိုတိုးမြှင့်ကောက်ခံနိုင်ခဲ့သည်။ ငါးဖမ်းဘုတ်တစီးအခွန်ဆောင်လျှင် သိုက်ရင်း(တက်ပဲ့ကိုင်)ကို ယင်းအခွန်ဖေသာ၏ ၁၀-ရာခိုင်နှုန်းကိုပြန်ပီးခြင်းဖြင့် မြန်မာရီပိုင်နက်အတွင်း ငါးခိုးဖမ်းနိန်ကြသော ထိုင်းငါးဖမ်းဘုတ်များကို စည်ရုံးနိုင်ခဲ့ပြီး ဘဏ္ဍာငွေများကို ချောချောချူချူကောက်ခံနိုင်ခဲ့သည်။ မိမိအားအခွန်ဆောင်သော ငါးဖမ်းဘုတ်များကိုလည်း ဗမာစစ်သင်္ဘောနှင့် ပင်လယ်ဓါးပြ၏အန္တရာယ်မှ ကာကွယ်ပီးခဲ့သည်။ တချိန်ကဆိုလျှင် မြန်မာပင်လယ်ပြင်၌ ပင်လယ်ဓါးပြများသောင်းကျန်းလျှက်ဟိနိန်ခဲ့ရာ ဗိုလ်ရာဇာသည် ယင်းပင်လယ်ဓါးပြများကို သူ၏စစ်အင်အား အမြန်ရီယဉ်ငယ်အင်အားဖြင့် နှိမ်နင်းပစ်နိုင်ခဲ့သည်။ လက်နက်ကိုအသုံးပြုပြီး အခွန်ဘဏ္ဍာငွေကောက်ခံသူတယောက်ဖြစ်သော်လည်း ရောက်လီရာကျွန်းစုများဟိ ပြည်သူများကို လူမျိုးဘာသာမခွဲခြားဘဲ တရားဓမ္မများကိုဟောပြောခဲ့ပါသည်။ ခရစ်ယာန်ဖြစ်လျှင် ဘုရားကျောင်း၊ ဗုဒ္ဓဘာသာဖြစ်လျှင် ဘုန်းကြီးကျောင်း၊ မူဆလင်ဖြစ်လျှင်၊ဗလီသို့လားကြဖို့ကိုလည်း တိုက်တွန်းနှိုးဆော်ပီးခဲ့ပါသည်။ ဗိုလ်ရာဇာသည် ဘုန်းတော်ကြီးကျောင်း၌ ဘုန်းကြီးအဖြစ်ဖြင့် နှစ်ပေါင်းများစွာနိန်ထိုင်လျှက် အင်္ဂလိပ်စာနှင့် ပါဠိဘာသာကို လေ့လာခဲ့ဖူးသူတယောက်ဖြစ်သောကြောင့် တော်လှန်ရေးစစ်သည်တော်ကောင်းတယောက် ဖြစ်သည်သာမက တရားဟောကောင်းသူတယောက်လည်း ဖြစ်ခဲ့ပါသည်။ ဗိုလ်ရာဇာသည် ဘဏ္ဍာကောက်ခံသူတယောက်အဖြစ် နှစ်ပေါင်းများစွာလှုပ်ယှားခဲ့ဖူးသော တနင်္သာရီတိုင်းဟိ ကျွန်းတကျွန်းတွင် စေတီတဆူကိုလည်း တည်ထားခဲ့ဖူးသည်ဟု ဗိုလ်ရာဇာနှင့်အတူလှုပ်ယှားခဲ့သူတယောက်က အကျွန့်အားပြောပြဖူးပါသည်။
မြနမာနိုင်ငံ၌(၈ ၈ ၈၈)အရေးတ်ာပုံဖြစ်ပွါးခဲ့ပြီးနောက် ခေတ်ပညာတတ် ကျောင်းသားလူငယ်မြောက်များစွာရို့သည် တော်လှန်ရေးနိန်မြီသို့ ရောက်ဟိလာခဲ့ကြပြီး မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားဒီမိုကရက်တစ် တပ်ဦး(ABSDF)ကို ဖွဲ့စည်းခဲ့ကြပါသည်။ ဗိုလ်ရာဇာသည် ယင်းမျိုးဆက်သစ် ပညာတတ်စစ်သည်တော်များကို တော်လှန်ရေးသဘောတရားများကို ဟောပြောပီးခဲ့ပါသည်။ ရန်သူပိုင်နက် နိန်မြီဖြစ်စီကာမူ ကျေးရွာဟိပြည်သူလူထုများကို တော်လှန်ရေးတရားများကို ရဲရဲဝံ့ဝံ့ပြောဆိုစည်းရုံးဝံ့သူတယောက်လည်းဖြစ်သောကြောင့် တချို့ကရင်စစ်သားများက ဗိုလ်ရာဇာနန့်တတူ မလိုက်ဝံ့ကြပေ။ ပြောသလိုလက်တွိလုပ်တတ်သူတယောက်လည်းဖြစ်သည်ကို ဗိုလ်ရာဇာ၏လုပ်ဆောင်များက သက်သီပြလျှက်ဟိနိန်ပါသည်။ ဗမာစစ်တပ်နှင့် တိုက်ပွဲပေါင်းမြောက်များစွာကို ဆင်နွဲခဲ့ပြီး ရန်သူ၏ဖြတ်(၄)ဖြတ်နှင့်လည်း ကြုံကြိုက်ခဲ့ဖူးပါသည်။ သူထွက်ငါဝင်၊ သူမလာခင်ငါထွက်နည်းကိုသုံးပြီး ရန်သူ၏ဖြတ်(၄)ဖြတ် စစ်ဆင်ရေးကို အောင်မြင်စွာဖြတ်သန်းနိုင်ခဲ့ပါသည်။
ရခိုင့်တော်လှန်ရေးနိန်မြီသို့ လက်နက်ခဲယမ်းအမြောက်အများကို ပို့နိုင်ခဲ့ပြီး ခေတ်မှီတော်လှန်ရေးတရပ်ကို စတင်နိုင်ရန်အတွက် ၁၉၉၁-ခုနှစ်မှာ ရခိုင့်တပ်မတော်(AA) ကိုထူထောင်လျှက် ရခိုင့်တော်လှန်ရေးမှတ်ကျောက်ထက်၌ ကိုယ့်သမိုင်းကောင်းကို ကိုယ်တိုင်ရီးသားနိုင်ခဲ့ပါသည်။ လက်နက်ကိုင်တော်လှန်ရေးအတွက် မဟိမဖြစ်လိုအပ်သော လက်နက်ခဲယမ်းများကို နောက်ထပ်လည်းပို့နိုင်ခဲ့ပါသည်။ ၁၉၉၃-ခုနှစ်မှစ၍ အိန္ဒိယအစိုးရနှင့် ဆက်ဆံရေးလုပ်ရန်(AA)မှ သင့်တော်သောတပ်မှူးတယောက်ကို တာဝန်ပီးခန့်အပ်ထားခဲ့ပါသည်။ မိမိ၏တော်လှန်ရေးစစ်သည်တော်များကို ခေတ်မှီလက်နက်များတပ်ဆင်ကာ အကွဲကွဲအပြဲပြဲဖြစ်နိန်သော ရခိုင့်တော်လှန်ရေးအဖွဲ့အစည်းများကို တပေါင်းတစည်းတည်းဖြစ်ရန် လုံးပမ်းထုတ်ခဲ့ပါသည်။ ၁၉၉၅-ခုနှစ်တွင် ရခိုင့်လက်နက်ကိုင်အဖွဲ့အစည်းများကို ပူးပေါင်းလျှက် ရခိုင်ပြည်အမျိုးသားညီညွတ်ရေးပါတီ(NUPA)နှင့် ရခိုင်ပြည်တပ်မတော်(AA)ကို ဖွဲ့စည်းလျှက် ရခိုင့်တော်လှန်ရေးသမိုင်းစာမျက်နှာသစ်ကို ဖွင့်လှစ်နိုင်ခဲ့ပါသည်။ ယင်းပူးပေါင်းဖွဲ့စည်းလိုက်သော(NUPA)၌ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)မှ အပ အခြားသော ရခိုင့်လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ ပူးပေါင်းပါဝင်ခဲ့ကြပါသည်။
တော်လှန်ရေးတွင်ပညာတတ်များ၊ မျိုးဆက်သစ်လူငယ်များ၏ အခန်းကဏ္ဍသည် မည်၍မည်မျှအရေးကြီးသည်ကို နားလည်သဘောပေါက်ခဲ့ပြီး တော်လှန်ရေးတွင်ပါဝင်နိုင်စီရန် လှုံ့ဆော်စည်းရုံးခဲ့ပါသည်။ ခေတ်ပညာတတ်များနှင့် အတွိံအကြုံဟိ တော်လှန်ရေးသ္မားများက ဗိုလ်ရာဇာ၏လုပ်ရပ်အပေါ် မျက်စိကျ စိတ်ဝင်စားလာခဲ့ကြပါသည်။ မျိုးဆက်သစ်လူငယ်များကလည်း ယင်းအချိန်ကခေတ်စားနိန်သော(NUPA)ထဲသို့ အလာမစဲဝင်ရောက်လာခဲ့ကြပါသည်။ ALD-ပြည်ပကို ဖွဲ့စည်းနိုင်စီရန်အတွက် ၁၉၉၀-ခုနှစ်တွင် အမတ်အဖြစ်ရွီးချယ်ခြင်းခံရသော ပြည်ပရောက်အမတ်ကြီး ဦးသာနိုးးအား ဖေသာအထောက်အပံ့ပီးခဲ့ပါသည်။ အတိုက်အခံ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ပင် ဗိုလ်ရာဇာ၏နှာမည်သည် ပါတီနှာမည်ထက်ကြီးကျယ်လာခဲ့ပါသည်။ ဗိုလ်ရာဇာ၏ကျော်ကြားမှုသည် ရခိုင်လူမှုအသိုင်းအ၀ိုင်းတွင်သာမက အခြားသောတော်လှန်ရေးခေါင်းဆောင်များ၏ နှုတ်ဖျားတွင်ပင် ရီပန်းစားလာခဲ့ပါသည်။ သို့သော် ဗိုလ်ရာဇာ၏လုပ်ဖေါ်ကိုင်ဖက်များသည် စီမံခန့်ခွဲမှုအားနည်းခြင်း၊ အခြားသောတော်လှန်ရေးသမားများနှင့် ရင်ဘောင်တန်းယှဉ်ပြိုင်၍ မလိုက်နိုင်ခြင်းရို့ကြောင့် သူထူထောင်ချင်ခဲ့သော ခိုင်မာသည့်တပ်မတော်တရပ်ကို မဖွဲ့စည်းနိုင်ခဲ့ပေ။
အိန္ဒိယ၏ဒေသဆိုင်ရာအာဏာပိုင်များနှင့် ဆက်ဆံရေးပိုမိုအဆင်ပြေလာခဲ့ပြီး(NUPA)၏ ဗဟိုဌာနချုပ်ကို ရခိုင်ဘင်္ဂလားနယ်စပ်မှ အိန္ဒိယ-ရခိုင်နယ်စပ်သို့ ပြောင်းရွှိခဲ့သည်။ အိန္ဒိယအရှိမြောက်ပိုင်း၌ အခြီစိုက်သည့် နာဂအဖွဲ့အစည်း၏ သီနတ်သယ်ယူရာလမ်းကြောင်းကို ရခိုင်ပြည်တပ်မတော်(AA)က ဖြတ်တောက်ပစ်ခဲ့သည်။ (AA)မှ အိန္ဒိယအာဏာပိုင်များနှင့် ဆက်ဆံရေးတာဝန်ခံသည် မြန်မာပင်လယ်ပြင်၌ တရုပ်ရို့၏ လှုပ်ယှားမှုကို ရခိုင့်ရီတပ်မတော်က လေ့လာစောင့်ကြည့်မှုအပါအ၀င် အခြားသော သဘောတူညီချက်များကိုလည်း အိန္ဒိယထိပ်ပိုင်းအာဏာပိုင်များနှင့် သဘောတူညီမှုရယူနိုင်ခဲ့သည်။ ဗိုလ်ရာဇာသည် အိန္ဒိယအာဏာပိုင်များ၏ ဖိတ်ကြားချက်အရ အိန္ဒိယရီတပ်စခမ်းတခု၌ လားရောက်ဆွေးနွေးနိန်စဉ်(NUPA)ဗဟိုဌာနချုပ်၌ လက်နက်သိမ်းမှုဖြစ်ပွါးပြီး သဘောတူညီချက်အားလုံးကို အဖျက်ခံရလျက် ဗိုလ်ရာဇာသည် မျက်ရည်စက်လက်ဖြင့် ဗဟိုဌာနချုပ်သို့ပြန်လာခဲ့ရသည်။ ယင်းသို့ လက်နက်သိမ်းမှုဖြစ်ပွါးပြီး လက်နက်အမြောက်အမြားဆုံးယှုံးခဲ့ရသော်လည်း စိတ်ဓါတ်မကျဘဲ ဇွဲဟိဟိဖြင့် ဆက်လက်လှုပ်ယှားခဲ့ရာ နောက်ထပ်ခဲယမ်းလက်နက်အမြောက်အများကို ပို့နိုင်ခဲ့ပြီး တော်လှန်ရေးစစ်သည်တော်များကို ခေတ်မှီလက်နက်များ ထပ်မှန်တပ်ဆင်နိုင်ခဲ့ပါသည်။ ဗိုလ်ရာဇာသည် မျိုးဆက်သစ်လူငယ်များအပေါ် မည်မျှလောက်ယုံကြည်မှုဟိသည်ကို ၁၉၉၇-ခုနှစ်တွင်(AASYC)ကိုNUPA နှင့်ပေါင်းစည်းလိုက်နိုင်ခြင်းဖြင့် သက်သီပြနိုင်ခဲ့ပါသည်။ ဤကဲ့သို့ မျိုးဆက်သစ်ပညာတတ်လူငယ်များပူးပေါင်းလာသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောပြသည့်အပြင် ဖြူစင်ပြီး ယုံကြည်စိတ်ချရသော မျိုးဆက်သစ်လူငယ်များအားလည်း သူ၏တာဝန်ကိုလွှဲပီးရန် ဂတိပြုခဲ့ပါသည်။ ဗိုလ်ရာဇာနှင့်လုပ်ဖေါ်ကိုင်ဖက်များသည် မျိုးဆက်သစ်လူငယ်များအား ဘဏ္ဍာငွေကောက်ခံရေးအပါအ၀င် အခြားသောနိန်ရာကောင်းများ၌ အစားထိုးခန့်အပ်ခဲ့ပါသည်။ အိန္ဒိယအာဏာပိုင်များနှင့်(NUPA)၏ သဘောတူညီချက်အရ(Land Fall) ကျဆုံးရာမြီအမည်ရကျွန်းသို့ ဦးတည်ခုတ်မောင်းလာခဲ့သည်။ ယင်းကျွန်းတွင်(NUPA)မှ ကိုယ်စလှယ်သည် ဗိုလ်ရာဇာအပါအ၀င် ရခိုင်ရီတပ်မတော်မှ စစ်သည်တော်များအား လာရောက်ကြိုနိန်မည်ဖြစ်သည်။
၁၉၉၈-ခုဖေဖေါ်ရီလ(၁၁)ရက်မိုးထက်ဖက်တွင် ရခိုင်ပြည်ရီတပ်မတော်မှ စစ်သည်တော်များနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်မှ စစ်သည်တော်များက မလှမ်းမကမ်း တောစပ်တနိန်ရာ၌ ရဟတ်ယာဉ်ဆင်းသံကြားလိုက်ရသည်။ ယင်းစစ်သည်တော်များသည် တော်လှန်ရေးမှတ်ကျောက်တွင် သမိုင်းကောင်းရီးရန် စောင့်ဆိုင်းနိန်ကြသူများဖြစ်သည်။ ယင်းစစ်သည်တော်များသည် ဖေဖေါ်ရီလ(၁၀)ရက်နိန့် ညည့်ခါဖက်တွင် အိန္ဒိယကြေးတပ်၊ ရီတပ်မတော်မှ စစ်သားများနှင့် တသက်တာ၌ မိန့်မရနိုင်သော ညစာစားပွဲတွင် အတူတကွစားသောက်ပြီး ပျူပျူငှါငှါစကားပြောဆိုလျှက် အတူတကွဟိနိန်ခဲ့ကြခြင်းဖြစ်သည်။ ရဟတ်ယာဉ်ဆင်းသက်ပြီး မကြာမှီ အိန္ဒိယစစ်သားတချို့ဆင်းလာပြီး အိန္ဒိယဘက်မှ အာဏာပိုင်များရောက်ဟိနိန်ပြီဖြစ်ကြောင်းနှင့် တော်လှန်ရေးဘက်မှ ခေါင်းဆောင်များကို သူရို့နှင့်အတူတူလိုက်ပါပြီး တွိဆုံဖို့ခေါ်ယူခဲ့ပါသည်။ ယင်းစီမံကိန်းအရ အိန္ဒိယမှ ထိပ်ပိုင်းအာဏာပိုင်များသည် ဗိုလ်ရာဇာအပါအ၀င် အခြားသောတော်လှန်ရေးခေါင်းဆောင်များကို လာရောက်တွိဆုံမည်ဖြစ်သည်။
တော်လှန်ရေးခေါင်းဆောင်များ အိန္ဒိယစစ်သာများနှင့်လိုက်ပါလားပြီး(၅)မိနစ်ခန့်အကြာတွင် သူငယ်ချင်းမိတ်ဆွေများဟု ယူဆထားသော အိန္ဒိယစစ်သားများက တော်လှန်ရေးစစ်သည်တော်များကို သီနတ်ဖြင့်ချိန်ရွယ်လျှက် နီပူရဲရဲ သဲပြင်ထက်မှာ လက်ပြန်ကြိုးဖြင့်တုပ်နှောင်ထားလိုက်ကြသည်။ ပြီးနောက်--အချက်(၃၀)-ထက်မနည်းသော သီနတ်သံများကို ဆက်တိုက်ကြားလိုက်ရသည်။ တော်လှန်ရေးစစ်သည်တော်များက မင်းရို့ကိုမိတ်ဆွေမှတ်၍ ဒေနိန်ရာကိုလာခဲ့သည်။ မင်းရို့သစ္စာဖေါက်တေ။ မင်းရို့ ငါရို့နောက်ကုန်းကို ဓားနန့်ထိုးလိုက်ခြင်းဖြစ်တေ။ အန္တမာန်ပင်လယ်ပြင်ကိုဖြတ်ပြီး ယင်းကျွန်းထက်သို့ရောက်ခါကပင် ပါလာသောလက်နက်များကို အိန္ဒယစစ်သားများထံ အပ်နှံထားခဲ့ရသောကြောင့် ပါးစပ်ဖြင့်သာ ပြန်ပြောခဲ့ရခြင်းဖြစ်သည်။ သို့မဟုတ်လျှင်ကား---------။ မျှော်လင့်ချက်အားလုံး ပျောက်ကွယ်လားပြီး ခြီကုန်လက်ပမ်းကျ ပင်ပန်းနွမ်းနယ်ခဲ့ရသည်။ နီပူရဲရဲသဲပြင်ထက်၌ မွန်းတည့်(၁၂)နာရီအထိ နိန်ပူလှမ်းခံခဲ့ရပြီး အခြားတနိန်ရာသို့ပို့ကာ အိန္ဒိယထောက်လှမ်းရေးများ၏ စစ်ဆေးမေးမြန်းခြင်းခံခဲ့ရသည်။
အိန္ဒိယအာဏာပိုင်များက တော်လှန်ရေးစစ်သည်တော်များအား ၎င်းရို့၏ခေါင်းဆောင်များကို အဆုံးစီရင်လိုက်ပြီဖြစ်ကြောင်း၊ ၎င်းရို့အနိန်ဖြင့်လည်း အမှန်အတိုင်းဝန်ခံရန် တိုက်တွန်းခဲ့ပါသည်။ တော်လှန်ရေးစစ်သည်တော်များက ၎င်းရို့သည် ရခိုင်ပြည်တပ်မတော်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်မှ စစ်သည်တော်များဖြစ်ကြကြောင်း ဖြေကြားခဲ့ကြပါသည်။ အိန္ဒိယအာဏာပိုင်များက ၎င်းရို့ကို လက်နက်အရောင်းအ၀ယ် လုပ်နိန်သူများဟုစွပ်စွဲခဲ့ပါသည်။ အမှန်မှာ ယင်းစစ်သည်တော်ရို့သည် သူရို့၏ချစ်မြတ်နိုးသော ပြည်သူများလွတ်မြောက်ရေးအတွက် လက်နက်ကိုင်တိုက်ပွဲဝင်နိန်သူများဖြစ်ပြီး အိန္ဒိယအာဏာပိုင်များစွပ်စွဲသကဲ့သို့ တကြိမ်တခါမှ မလုပ်ဆောင်ခဲ့ကြဖူးပေ။ ယင်းလက်နက်များသည် လက်နက်ကိုင်တော်လှန်ရေးအတွက် အသုံးပြုရန်(သို့မဟုတ်) ကျူးကျော်သူများကို ရခိုင်ပြည်မှမောင်းထုတ်ရန်အတွက်သာဖြစ်ပါသည်။ ၁၇၈၄-ခုနှစ်တွင် နယ်ချဲ့ဗမာရို့ ရခိုင်ပြည်ကို ကျူးကျော်သိမ်းပိုက်ခဲ့ချိန်မှစပြီး ရခိုင်အမျိုးသားတို့သည် ဗမာနယ်ချဲ့များနှင့် ရီရှည်တိုက်ပွဲဆင်နွဲလာခဲ့ကြသည်။ ရခိုင်ပြည်၏ အခြုပ်အခြာအာဏာကို ပြန်လည်ရဟိရန်နှင့် အဖရခိုင်ပြည်ကို ပြန်လည်တည်ဆောက်နိုင်ရန်အတွက် ဒေနိန့်ထက်ထိ တိုက်ပွဲဝင်နိန်တုန်းဖြစ်သည်။ ဤကဲ့သို့တော်လှန်ရေးစစ်သည်တော်များကို လက်နက်အရောင်းအ၀ယ်လုပ်သူများဟုစွပ်စွဲခြင်းမှာ အခြီအမြစ်မဟိ၊ အဓိပ္ပါယ်မဲ့စွပ်စွဲချက်တခုသာဖြစ်ပါသည်။ အကယ်၍ ယင်းစစ်သည်တော်ရို့သည် လက်နက်အရောင်းအ၀ယ်လုပ်သူများဖြစ်ကြလျှင် အိန္ဒိယအာဏာပိုင်များနှင့်တွိဆုံရန် လာဝံ့ပါမည်လား။
အိန္ဒိယအစိုးရ၏ ရက်စက်ယုတ်မာမှုကို ယင်းစစ်သည်တော်များ သတိရနိန်တုန်းပင်။ အိန္ဒိယသည် ရခိုင်တော်လှန်ရေးကို ဖျက်စီးလိုက်ခြင်းပင်ဖြစ်ပါသည်။ ရခိုင်ပြည်သူရို့လေးစားရသော တော်လှန်ရေးဖခင်ကြီး ဥက္ကဌခိုင်မိုးလင်းသည်လည်း အိန္ဒိယအစိုးရ၏ ထောင်ချောက်တွင် သက်ဆင်းကာ ဘ၀ဇာတ်သိမ်းလားခဲ့ရသည်။ ရခိုင်ပြည်သူရို့လေးစားရသော ဗိုလ်ရာဇာအပါအ၀င် တခြားသောတော်လှန်ရေးခေါင်းဆောင်များသည် အိန္ဒိယအစိုးရ၏ ထောင်ချောက်တွင် နောက်ထပ်တကြိမ်သက်ဆင်းလျှက် ဘ၀ဇာတ်သိမ်းလားခဲ့ရပေပြီ။ ရခိုင်ပြည်တပမတော်(AA)နှင့် ကရင်အမျိုးသားလွတ်မြာက်ရေးတပ်မတော်(KNLA)မှ စစ်သည်တော်များကို လွှတ်ပီးခြင်း(သို့မဟုတ်) ထောင်ချခြင်းစသည်ဖြင့် ဆုံးဖြတ်ချက်တစုံတရာမဟိဘဲ ထိန်းသိမ်းခံရတုန်းပင်။ ယင်းရို့သည် အိန္ဒိယအစိုးရ၏ ဖမ်းစီးထိန်းသိမ်းမှုအောက် နိန်ခဲ့ရသည်မှာ(၆)နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပြီး ရခိုင့်တော်လှန်ရေးတခုလုံးသည်လည်း ပျက်စီးလုနီးပါး လုံးပါးပါးခဲ့ပါပြီ။ ရခိုင်ပြည်တော်လှန်ရေးအတွက် အိန္ဒိယအနိန်ဖြင့် လုံးဝတာဝန်ဟိပြီး ရခိုင်ရို့သည် ဒေကမ္ဘာမြီပေါ်၌ လွတ်လပ်ပြီး ထင်ရှားသောနိုင်ငံတခုအဖြစ် ပြန်လည်ထူထောင်နိုင်သည်အထိ ကြံဆောင်ပီးရမည်။
ရခိုင်ပြည်အမျိုးသားစည်းလုံးညီညွတ်ရေးပါတီမှ ဆက်ဆံရေးတာဝန်ခံနှစ်ယောက်ဖြစ်သော အကြီးစောထွန်းနှင့် ခိုင်ရန်နိုင်၊ အမြန်ယာဉ်တက်ပဲ့ကိုင်နှင့် ဆက်သွယ်ရေးစက်ကိုင် ခိုင်လင်းဇာခိုင်၊ ယင်းစီမံကိန်း၌ ကရင်ဘက်မှ ထိပ်တန်းခေါင်းဆောင် ပဒိုမူးလွယ်၊ ကရင်တပ်မှကွန်မန်ဒိုဗိုလ်ကြီး မြင့်ဆွေရို့သည် ဗိုလ်ရာဇာနှင့်တကွ အိန္ဒိယအစိုးရ၏ လုပ်ကြံခံရသူများ စာရင်းဝင်သူများဖြစ်ကြပါသည်။ ယင်းပျောက်ဆုံးသူများသည် လုပ်ကြံခံရနိုင်ဖွယ်ဟိပြီး ရန်သူ နအဖလက်ထဲသို့ လွှဲအပ်ခံရနိုင်ဖွယ်လည်းဟိပါသည်။ ရခိုင်ပြည်အမျိုးသားညီညွတ်ရေးပါတီမှ အိန္ဒိယအာဏာပိုင်များနှင့် ဆက်ဆံရေးတာဝန်ဟိသူ နှစ်ယောက်ကို လုပ်ကြံလိုက်ရခြင်းမှာလည်း ယင်းရို့နှင့်ဆက်သွယ်မှု၊ သဘောတူညီမှု အစအနများ ပေါ်ထွက်လာမည်ကို စိုးရိမ်၍ ဖြစ်နိုင်ပါသည်။ ယင်းခေါင်းဆောင်များပျောက်ဆုံးလားသည်မှာ (၆)နှစ်ပြည့်ခဲ့ပါပြီ။ သို့သော်ရခိုင်ပြည်သူ၊ ရခိုင်မျိုးချစ်တော်လှန်ရေးသမားရို့၏ ၀ိဥာဏ်ထဲတွင် ဗိုလ်ရာဇာ ဆက်လက်အသက်ရှင်နိန်တုန်း၊ ဗမာစစ်တပ်၏ ရက်စက်ယုတ်မာမှုလက်ထဲက ကယ်တင်မည့် ယင်းရို့၏ လွတ်လပ်ရေးဖခင်ကြီးကို ဆက်လက်စောင့်ထိမ်းနိန်တုန်းပင်။ ဗိုလ်ရာဇာတယောက်သီဆုံးလားသော်လည်း အိန္ဒိယအစိုးရ၏ ထိန်းသိမ်းမှုအောက်နှင့် ရခိုင်တော်လှန်ရေးထဲ၌ မျိုးဆက်သစ်ဗိုလ်ရာဇာရို့သည် သူရို့၏လက်ထဲသို့ သူရို့အနာဂတ်ကို ဖမ်းဆုပ်ကိုင်နိုင်ဖို့(ရခိုင်ပြည်၏အချုပ်အခြာအာဏာကို ပြန်လည်ရဟိဖို့) ကြိုးစားနိန်တုန်းပင်။ ယင်းမျိုးဆက်သစ်ဗိုလ်ရာဇာများသည် တလှမ်းချင်းတက်လှမ်းလျှက် ခေတ်မှီရခိုင်နိုင်ငံတော်ကြီးကို အသစ်တဖန် ပြန်လည်တည်ဆောက်နိုင်ကြလိမ္မည်မှာ မြီကြီးလက်ခပ်မလွဲပေ။
မူရင်း - ဦးကျော်ခိုင် ရခိုင်ပြည် Wall မှ ကူးယူဖော်ပြသည်။ ဆောင်းပါးရှင် Aung Thein ၏ အာဘော်သာဖြစ်ပါသည်။


EmoticonEmoticon

Comments system

Flag Counter