UNFC ကောင်စီ (တိုးချဲ့) အစည်းအဝေး သဘောထားထုတ်ပြန်ချက်


၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၁) ရက်

၁။ UNFC ကောင်စီ (တိုးချဲ့)အစည်းအဝေးကို ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၈)ရက်နေ့ မှ (၂၁)ရက်နေ့အထိ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။ လက်ရှိ နိုင်ငံရေး၊ စစ်ရေး အခြေအနေအရပ်ရပ်အား ဆွေးနွေးသုံးသပ်ခြင်း၊ ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာကိစ္စ၊ လိုအပ်သော မူဝါဒရေးရာကိစ္စရပ်များ နှင့် ဌာနဆိုင်ရာ လုပ်ငန်း စဉ်များအား ပြန်လည်သုံးသပ်ခြင်းတို့ကို ပြုလုပ်ခဲ့ကြပါသည်။

၂။ နိုင်ငံရေးဆွေးနွေးပွဲများဖော်ဆောင်ရန်အတွက် UNFC ၏ နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ Delegation for Political Negotiation (DPN) ကို ပြင်ဆင်တိုးချဲ့ ဖွဲ့စည်းခဲ့ပါသည်။ ဤကိုယ်စားလှယ်အ ဖွဲ့အနေဖြင့် စစ်မှန်သောပြည်တွင်းငြိမ်းချမ်းရေးဖေါ်ဆောင်ရေး၊ နိုင်ငံရေးဆွေးနွေးရေးဖြစ်စဉ်အဆင့်ဆင့်၌ တိုင်းရင်း သားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ အားလုံးပါဝင်ရေး နှင့် သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးမှု ပေါ်ပေါက် လာစေရေးတို့အတွက် ကြိုးပမ်းသွားမည်ဖြစ်ပါသည်။

၃။ လက်ရှိဖြစ်ပွားနေသော ရှမ်းပြည်မြောက်ပိုင်းရှိ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF / TNLA) နှင့် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS / SSA) တို့အကြားတွင် ဖြစ်ပွားနေသောတိုက်ပွဲများကြောင့် ဒေသခံပြည်သူများ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပြီး ထောင်ချီသောစစ်ဘေးဒုက္ခသည်များမှာလည်း တနေ့တခြား ပိုမိုတိုးပွားလာလျှက် ရှိနေပါသည်။ နှစ်ဘက်မှတာဝန်ရှိသူများအနေဖြင့် စေ့စပ်ညှိနှိုင်းအဖြေရှာခြင်းဖြင့် ဖြစ်ရှိနေ သောပဋိပက္ခများကို ငြိမ်းချမ်းစွာ အဖြေရှာကြရန်အတွက် လေးနက်စွာ တိုက်တွန်းပါသည်။ နှစ်ဘက်တွေ့ဆုံညှိနှိုင်း အဖြေရှာနိုင်ရေး အတွက် မိမိတို့ UNFC အနေဖြင့် ကြားဝင်ဖြန်ဖြေ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

၎။ လက်ရှိအစိုးရနှင့် တပ်မတော်တို့အနေဖြင့် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို စစ်ရေးနိုင်ငံရေး လက်နက်သဖွယ် အသုံးချလာနေကြောင်း တွေ့မြင်နေရပါသည်။ ဤသို့ သွေးခွဲအနိုင်ယူရေး၊ စစ်ရေးနိုင်ငံရေး မဟာဗျူဟာဖြင့် တိုင်းရင်းသား အချင်းချင်းကြား လူမျိုးရေးမုန်းတီးမှုကို ဖြစ်ပေါ်စေသည့် လက်ရှိ အစိုးရတပ်မတော်၏ လုပ်ရပ်များအပေါ် ပြင်းထန်စွာ ရှုံ့ချလိုက်သည်။

ဖက်ဒရယ်ကောင်စီ
ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC)
ဆက်သွယ်ရန်
နိုင်ဟံသာ - ဒုတိယဥက္ကဋ္ဌ ဖုန်း - +66 (0) 80-503-0849
ခူဦးရယ် - အထွေထွေအတွင်းရေးမှူး ဖုန်း - +66 (0) 84-805-1344

Download PDF Link >>> https://www.docdroid.net/Yy29Rxb/unfc-council-mtgstmt-bur-21feb2016.pdf.html




 https://www.facebook.com/383764521772171/photos


EmoticonEmoticon

Comments system

Flag Counter