Showing posts with label ထုတ်ပြန်ကြေငြာချက်. Show all posts
Showing posts with label ထုတ်ပြန်ကြေငြာချက်. Show all posts

အဆုံးထိကြည့်ဦးထောင်ဘိုအဝိုင်းအနီး လက်ရှိအခြေအနေ

 


အဆုံးထိကြည့်ဦးထောင်ဘိုအဝိုင်းအနီး လက်ရှိအခြေအနေ

အောက်မှာ Youtube Link ကို နှိပ်ပါ Link >>>> https://www.youtube.com/watch?v=Hi6dnAtoIow

မန္တလေးမြို့ က မြတောင် အထွေထွေသပိတ်စစ်ကြောင်း

 


မန္တလေးမြို့ က မြတောင် အထွေထွေသပိတ်စစ်ကြောင်း

အောက်မှာ Youtube Link ကို နှိပ်ပါ

Link >>>> https://www.youtube.com/watch?v=GLc7ufWSg-E




အာဏာသိမ်းမှုကို ဆန့်ကျင်သော မုံရွာ ဆန္ဒပြပွဲမြင်ကွင်းမျာ

 


အာဏာသိမ်းမှုကို ဆန့်ကျင်သော မုံရွာ ဆန္ဒပြပွဲမြင်ကွင်းများ

မုံရွာ၊ဖေဖော်ဝါရီ-၂၂ အာဏာသိမ်းမှုကိုဆန့်ကျင်သော မုံရွာလူထု၏ ဆန္ဒပြမှုမြင်ကွင်းများ

အောက်မှာ Youtube Link ကို နှိပ်ပါ

ဒေးလ်ကာနက်ဂျီ၏ ၅မိနစ် အတ္ထုပ္ပတ္တိများ (ညီညီနိုင်)


ဒေးလ်ကာနက်ဂျီ၏ ၅မိနစ် အတ္ထုပ္ပတ္တိများ (ညီညီနိုင်)


ညီညီနိုင် -​ ဒေးလ်ကာနက်ဂျီ၏၅ မိနစ် အတ္ထုပ္ပတ္တိများ

ဦးကိုနီလုပ်ကြံခံရမှုနဲ့ ပတ်သက်ပြီးANC အထွေထွေအတွင်းရေးမှူးဦးထွန်းဇော်နဲ့ဆက်သွယ်မေးမြန်းချက်

နိုင်ငံတော် ဥပဒေအကြံပီးဦးကိုနီ လုပ်ကြံခံရမှုနန့် ပတ်သက်ပြီးကေ ရခိုင်ပြည်အမျိုးသားကောင်စီ ANC အထွေထွေအတွင်းရေးမှူးဦးထွန်းဇော် နန့် RFA ရခိုင်တိုင်းရင်းသားဘာသာအစီအစဉ်မှ မင်းမင်း ဆက်သွယ်မေးမြန်းချက်

အမျိုးသားရေး လှုပ်ရှားမှုများကို ပြည်ပနှင့် နယ်စပ် ကရင်လူငယ်များ လက်တွေ့ လေ့လာသင်ယူ




အမျိုးသားရေး လှုပ်ရှားမှုများကို ပြည်ပနှင့် နယ်စပ် ကရင်လူငယ်များ လက်တွေ့ လေ့လာသင်ယူ

ဇန်နဝါရီ ၁၇ ရက်၊ ၂၀၁၇ ခုနှစ်။ စအိုင်ဆူး
ကရင်အမျိုးသားအစည်းအရုံး-KNUနှင့် ကရင်လူမှုအဖွဲ့အစည်းများ၏ အမျိုးသားအရေး ဦးဆောင်လှုပ်ရှားမှုများကို သြစ တေးလျနိုင်ငံရောက် ကရင်လူငယ်များနှင့် ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်လူငယ်များအနေဖြင့် လက်တွေ့ကျသည့် လေ့လာ သင်ယူသည့် Young Adult Leadership Program အစီအစဉ် တစ်ခုကို ဇန်နဝါရီ ၉ ရက်မှ ၁၈ ရက်နေ့အထိ ထိုင်း-မြန်မာနပ်စပ်တစ်နေရာ၌ ပြုလုပ်ပေးလျှက်ရှိသည်။

Australian Karen Foundation ၏ ကူညီထောက်ပံ့မှုဖြင့် သြစတေးလျရောက် ကရင်ကျောင်းသားလူငယ် ၉ ဦး၊ နယ်စပ်ရှိ ကရင်လူမှုအဖွဲ့အစည်းမှ ကရင်လူငယ် ၉ ဦးနှင့် ကြီးကြပ်ဦးဆောင်သူ ၅ ဦးအပါအ၀င် စုစုပေါင်း ၂၄ဦးတို့ အား နိုင်ငံရေး၊ စီးပွားရေး၊ ဖွံ့ဖြိုးရေး၊ လူ့အခွင့်အရေးနှင့် နေရပ်ပြန်ဒုက္ခသည်အရေး ကိစ္စတို့ကို လက်တွေ့ကျကျ လေ့လာသင်ယူနိုင်ရန် အ စီအစဉ်ကို ပြုလုပ်ပေးခြင်းဖြစ်သည်ဟု အစီအစဉ်ကို ပါဝင်ဦးဆောင်သူ စောသာတော ကေအိုင်စီသို့ ပြောသည်။

၎င်းက “ဒုက္ခသည် စခန်းကနေ ပြည်ပကို ငယ်ငယ်ကတည်းက ရောက်သွားတဲ့ ကရင်လူငယ်လေးတွေက နယ်စပ်က နိုင်ငံ ရေး၊ လူမှုရေးဦးဆောင်လှုပ်ရှားရတဲ့ အခြေအနေမှန်ကို အသေအချာမသိကြဘူး။ သူတို့မှာ မီဒီယာနဲ့သူများ ပြောတာမျိုး လောက်ပဲသိကြတော့ ပြည်ပနဲ့ နယ်စပ် ကရင်လူငယ်တွေ ကြားမှာ အမြင်မတူညီမှု၊ နားလည်မှု လွှဲမှား လာကြ တယ်။ ဒီအ ခြေအနေကိုဖြေရှင်းနိုင်ဖို့ကို YALP အစီအစဉ်ကို ကျနော်တို့ လုပ်ဆောင်လာဖြစ်တာပါ”ဟု ပြောသည်။

၁၀ ရက်တာ ပြုလုပ်သည့် ၎င်းသင်တန်း အစီအစဉ်တွင် နိုင်ငံရေးဦးဆောင်မှု၊ ငြိမ်းချမ်းရေးဖြစ်စဉ်၊ စီးပွားရေး၊ လူ့အခွင့်အ ရေးအခြေ အနေမှန်များ၊ ဖွံ့ဖြိုးရေးနှင့် ဒုက္ခသည်များ နေရာပြန်လည်ချထားရေး အစီအစဉ် အခြေအနေများကို KNU ဒု ဥက္ကဌ ပဒိုနော်စီဖိုးရာစိန်၊ KNU စီးပွားရေးကော်မတီမှ စောဝဲလ်ဒမ်း၊ ကရင်ဒုက္ခသည် ကော်မတီ-KRC မှ နော်ဘလူးမင်း နိုက်ဇန်နှင့် ကရင်သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ လှုပ်ရှားမှု ကွန်ယက်-KESANမှ စောသူးကဘီးတို့က သွား ရောက် ရှင်းလင်းချပြ ပေးသည်။

ထိုရှင်းလင်းချပြမှုများအပေါ် အစီအစဉ်တွင် ပါဝင်သည့် ကရင်လူငယ်များမှ ပြန်လည်ဆွေးနွေး၊ အမြင်ချင်းဖလှယ်မှုများ ပြုလုပ်ကြသည့်အပြင် လက်တွေ့ကျသည့် ကွင်းဆင်းလေ့လာမှု ခရီးစဉ်များကိုလည်း ပြုလုပ်ခဲ့ကြသည်ဟု အစီအစဉ်တွင် ပါဝင်သည့် ကရင်လူငယ်များက ဆိုသည်။
အစီအစဉ်တွင် ပါဝင်သူ သြစတေးလျရောက် နော်သဘလေးက “များသောအားဖြင့် ပြည်ပမှာ ရှိနေတဲ့သူ တွေက ဒီဘက်က အကြောင်းအရာကို အသေအချာ မသိကြပါဘူး။ Social Media (လူမှုကွန်ယက်) တွေကနေပဲသိရတော့ အမြင်မှားမှု တွေကရှိနေတယ်လေ။ အရင်က ကေအဲန်ယူကိုဆိုရင် ကျမက စစ်သားလို့ပဲသိခဲ့တာ”ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် နယ်စပ်ရှိ ကရင်ကျောင်းသားကွန်ယက်အဖွဲ့-KSNG ဥက္ကဌ စောထူးထူးစတိဗ်က “ဒီအစီအစဉ်ကနေ လူငယ်အချင်းချင်း ရင်းနှီးမှုပိုရှိလာတယ်။ အရင်က ပြည်ပမှာရှိနေတဲ့ လူငယ်တွေက နယ်စပ်မှာရှိနေတဲ့ ကရင်လူငယ်တွေရဲ့လှုပ်ရှားမှုကို ဂဃနဏ မသိဘူး။ သူတို့ပြန်လာတဲ့အချိန်မှာ နယ်စပ် CBOမှာ လုပ်ဆောင်နေတဲ့ လူငယ်တွေနဲ့တွေ့တဲ့အခါမှ ဒါတွေကို သူတို့ပိုနားလည်လာတယ်” ဟု ပြောသည်။

Young Adult Leadership Program အစီအစဉ်ကို ကရင်လူမှုအဖွဲ့အစည်းများ၏ အမျိုးသားရေး ဦးဆောင် လှုပ်ရှား ဆောင်ရွက်ချက်များအပေါ် လက်တွေ့ကျကျ သိမြင်နိုင်ရန်နှင့် ပြည်ပရောက်ကရင် လူငယ်များနှင့် နယ်စပ်ရှိ ကရင်လူ ငယ်များအကြား ချိတ်ဆက်မှုပိုမို ကောင်းမွန်ရန် ရည်ရွယ်၍ ၂၀၁၀ခုနှစ်က စတင်လာခဲ့ပြီး ၂နှစ်တစ်ကြိမ်ပြုလုပ်ကာ ယခုနှစ်တွင် ၄ ကြိမ်မြောက်ဖြစ်သည်။


http://kicnews.org/…/%E1%80%A1%E1%80%99%E1%80%BA%E1%80%B3%…/

အားလုံးပါဝင်နိုင်သည့် အခင်းအကျင်းဖော်ဆောင်ရန် ယူအန်အက်ဖ်စီ တောင်းဆို






အားလုံးပါဝင်နိုင်သည့် အခင်းအကျင်းဖော်ဆောင်ရန် ယူအန်အက်ဖ်စီ တောင်းဆို


 စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ဖို့ ငြိမ်းချမ်းစွာ ညှိနှိုင်းအဖြေရှာနိုင်တဲ့ ပတ်ဝန်းကျင်ကောင်းနဲ့ အားလုံးပါဝင်နိုင်တဲ့ အခင်းအကျင်းကို အမြန်ဆုံးဖော်ဆောင်ပေးဖို့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ) က တောင်းဆိုပါတယ်။
ဒီကနေ့ ဒီဇင်ဘာ ၁၃

ရက် နေ့စွဲနဲ့ ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်တာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အန်အယ်လ်ဒီအစိုးရဖြစ်လာပါက တိုင်းရင်းသားတွေကို ဖြောင့်ဖြောင့်တန်းတန်း ပွင့်ပွင်းလင်းလင်း ဆက်ဆံမည်၊ ငြိမ်းချမ်းရေးမှာ ပါဝင်သင့်သူတွေ ပါဝင်ရမည်၊ ပွင့်လင်းမြင်သာရမည်ဆိုပြီး ရွေးကောက်ပွဲမဲဆွယ်ရာမှာ ပေးထားတဲ့ ကတိအတိုင်း လုပ်ဆောင်ဖို့လည်း တိုက်တွန်းထားပါတယ်။

ယူအန်အက်ဖ်စီ အတွင်းရေးမှူး ခူးဦးရယ်က “ကျနော်တို့အနေနဲ့ လက်နက်ကိုင်ပဋိပက္ခမှာ ပါဝင်ပတ်သက်နေတဲ့ အဖွဲ့အစည်းအားလုံးကို သူ့နေရာနဲ့သူ ကျနော်တို့က အခြေခံချင်းမတူဘူး။

ကာလဒေသလည်းမတူဘူး။ သို့သော် ဒီလူတွေကို သူ့နေရာနဲ့သူ သူ့အခြေခံနဲ့သူ အစီအစဉ်ရှိရှိ ပြင်ဆင်ပြီး အားလုံးတွေ့ဆုံညှိနှိုင်းနိုင်တဲ့ အခင်းအကျင်း အခြေအနေမျိုးကို အစိုးရဘက်က ပြင်ဆင်ပေးပါ။ တဘက်ရဲ့ ယုံကြည်မှုကို ရရှိအောင် တည်ဆောက်ဖို့လိုတယ်။ အဲလိုပြင်ဆင်ထားမှုမရှိဘူးဆိုရင် အားလုံးကလည်း ဆုတ်ယုတ်မှုနဲ့ပဲ တွေ့ဆုံညှိနှိုင်းကြရမယ်ဆိုတဲ့ အနေအထားမျိုးအောက်မှာကတော့ ဘယ်သူမှ ညှိနှိုင်းဆွေးနွေးမှုကို လုပ်မှာမဟုတ်ဘူး။ လက်ခံမှာလည်းမဟုတ်ဘူး” လို့ ပြောပါတယ်။

လက်ရှိ အန်အယ်လ်ဒီဦးဆောင်တဲ့ အစိုးရသစ်ဟာ အားလုံးပါဝင်မှုမရှိတဲ့၊ တနိုင်ငံလုံး အတိုင်းအတာ မဆောင်တဲ့ အန်စီအေ အပစ်ရပ်စာချုပ်ကို အမွေဆက်ခံကာ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းတချို့ကို တပ်မတော်က မြေပြင်နဲ့ ဝေဟင်တိုက်ပွဲ အရှိန်မြှင့် ထိုးစစ်ဆင်နေတာကို ကိုင်တွယ်ဖြေရှင်းဖို့ မကြိုးပမ်းဘဲ အချိန်ကန့်သတ်ပြီး နောက်တကြိမ် ငြိမ်းချမ်းရေးညီလာခံ ကျင်းပနိုင်ရေးကိုသာ ဆောင်ရွက်နေတယ်လို့လည်း ဝေဖန်ထားပါတယ်။

ဒါ့အပြင် နိုဝင်ဘာ ၂၀ ရက်နောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့တချို့ရဲ့ မလွှဲမရှောင်သာ တန်ပြန်တိုက်ခိုက်မှု ဖြစ်လာရတဲ့အပေါ် သမ္မတရုံး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးနဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းတွေကို ပြစ်တင်ရှုတ်ချတာဟာ ငြိမ်းချမ်းရေးဆွေးနွေးမှုကို ထိခိုက်တယ်လို့လည်း ခူးဦးရယ်က ပြောပါတယ်။
“နိုင်ငံတော်အတိုင်ပင်ခံရုံးရဲ့ ထုတ်ပြန်ချက်ထဲမှာဆိုရင် ဖြစ်စဉ်တွေထဲမှာ စွန့်စွန့်စားစား စွမ်းစွမ်းတမံ ခုခံတိုက်ခိုက်နေတဲ့ ဗမာ့တပ်မတော်သား၊ ရဲဝန်ထမ်းတွေကို ဂုဏ်ပြုတယ်ဆိုတဲ့ သဘောမျိုး၊ ချီးမွမ်းထောပနာပြုတဲ့ သဘောမျိုးကို ကျနော်တို့မြင်ရတယ်။

ဒီလို သူတို့ကို ချီးမွမ်းထောပနာပြုလိုက်တာဟာ တဘက်က အဖွဲ့အစည်းတွေကို ဆိုးသွမ်းသောင်းကျန်းတယ်ဆိုတဲ့ အဓိပ္ပာယ်ကို သွယ်ဝိုက်တဲ့နည်းနဲ့ ညွှန်းဆိုလိုက်တယ်လို့ မြင်ပါတယ်။ အခုလို ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးနေတဲ့ ဖြစ်စဉ်မှာ အထူးသတိထားပြီးတော့ နှစ်ဘက်ဆက်ဆံရေးနဲ့ ပတ်သက်ပြီး ပြောရဆိုရ၊ သုံးရမယ့် ပြုရမယ့် အသုံးအနှုန်း အပြောအဆိုတွေဟာ တော်တော်လေး ဆင်ခြင်ရမယ့် အခြေအနေလို့ ကျနော်တို့ နားလည်တယ်။

 ဗမာ့တပ်မတော်ကနေပြီးတော့ တချိန်လုံး တွေ့ဆုံဆွေးနွေးရေး သွားနေတဲ့အချိန်မှာ အကြီးအကျယ် ထိုးစစ်ဆင်ပြီးမှ လေကြောင်း၊ ကုန်းကြောင်း၊ ဒါတင်မကဘူး ပြည်သူလူထုတရပ်လုံး သေကျေပျက်စီးနေတဲ့ အခင်းအကျင်း မြင်ရတာတောင်မှ အစိုးရက တခွန်းတခါမှ အခုလို ထုတ်ပြန်ကြေညာတာမျိုးတွေ မတွေ့ရတဲ့ အခါကျတော့ ဒါ အစိုးရရဲ့ အမြင်သဘောထားတွေက တဘက်စောင်းနင်းဖြစ်နေသလားလို့ပေါ့နော်။”

ယူအန်အက်ဖ်စီအနေနဲ့ အားလုံးပါဝင်နိုင်ရေးအပေါ် ဆက်လက်ရပ်တည် ဆွေးနွေးညှိနှိုင်းကာ လူထုနှင့် နိုင်ငံတကာမှ အားလုံး ၀ိုင်းဝန်းကူညီပံ့ပိုးပေးနိုင်ကြရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမယ်လို့လည်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။



http://burmese.dvb.no/archives/179632



"စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းခြင်း"












"စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းခြင်း"

နေပြည်တော်၊ ဒီဇင်ဘာ ၁
၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့နှင့် နိုဝင်ဘာလ ၁၂-၁၃ ရက်နေ့များတွင် ရခိုင်ပြည်နယ်၊ မောင်တောဒေသတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်ခံရမှုများအပေါ် ဖြစ်ပွားရသည့် နောက်ခံအခြေအနေများနှင့် အဖြစ်မှန်ပေါ်ပေါက်စေရေး စုံစမ်းစစ်ဆေးရန်နှင့် နောင်အလားတူ ဖြစ်စဉ်မျိုး ထပ်မံမဖြစ်ပွားစေရေး၊ ဖြစ်စဉ်များနှင့် ပတ်သက်၍ ဆောင်ရွက်မှုတွင် နိုင်ငံတော်၏ တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ခဲ့ခြင်းရှိ/မရှိတို့ကို စစ်ဆေးသုံးသပ်ပြီး အကြံပြု တင်ပြနိုင်ရန်အတွက် "စုံစမ်းစစ်ဆေးရေးကော်မရှင်" ကို နိုင်ငံတော်သမ္မတရုံးက အမိန့်ကြော်ငြာစာ အမှတ် (၈၉/၂၀၁၆) ဖွဲ့စည်းခဲ့သည်။
"စုံစမ်းစစ်ဆေးရေးကော်မရှင်" ဖွဲ့စည့်းသည့် ဖွဲ့စည်းမိန့် အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်သည်-



https://www.facebook.com/state.counsellor/posts/927050787429138

ကျူဘားနိုင်ငံရဲ့ ကွန်မြူနစ်တော်လှန်ရေးခေါင်းဆောင် ဖီဒယ် ကက်စ်ထရို


















ကျူဘားနိုင်ငံရဲ့ ကွန်မြူနစ်တော်လှန်ရေးခေါင်းဆောင် ဖီဒယ် ကက်စ်ထရို




မြန်မာနှင့် တရုတ်နိုင်ငံတို့အကြား ပထမအကြိမ် (၂+၂ ) အဆင့်မြင့်ဆွေးနွေးပွဲ ကျင်းပခြင်း ပူးတွဲသတင်းထုတ်ပြန်









မြန်မာနှင့် တရုတ်နိုင်ငံတို့အကြား ပထမအကြိမ် (၂+၂ ) အဆင့်မြင့်ဆွေးနွေးပွဲ ကျင်းပခြင်း ပူးတွဲသတင်းထုတ်ပြန်

နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန ဧရာဝတီခန်းမတွင် နိုဝင်ဘာ ၂၅ ရက်က ကျင်ပသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့၏ “ပထမအကြိမ် မြန်မာ-တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် ကာကွယ်ရေး ဝန်ကြီးဌာနတို့ ဦးဆောင်သည့် (၂+၂) အဆင့်မြင့် ဆွေးနွေးပွဲ” နှင့် ပတ်သက်သည့် နှစ်နိုင်ငံ ပူးတွဲထုတ်ပြန်ချက် (မြန်မာ+အင်္ဂလိပ်) ကို နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။



ကျူးဘား သမ္မတဟောင်း ကက်စ်ထရို အသက် ၉၀ မှာ ကွယ်လွန်




ဘီဘီစီ၊ နိုဝင်ဘာ ၂၆ ရက်။
ကျူးဘား တော်လှန်ရေး ခေါင်းဆောင် ဖီဒယ် ကက်စ်ထရို အသက် ၉၀ အရွယ်မှာ ကွယ်လွန် သွားပြီ ဖြစ်ပါတယ်။
ကျူးဘား သမ္မတ ဟောင်း ဖီဒယ် ကက်စ်ထရို ဟာ ကမ္ဘာတလွှား အထင်ကရ အဖြစ်ဆုံး ခေါင်းဆောင် တွေထဲက တစ်ဦးလည်း ဖြစ်ပြီး သမ္မတ နေရာကို အတာရှည်ဆုံး ဆုပ်ကိုင် ထားခဲ့သူ တွေထဲက တစ်ဦးလည်း ဖြစ်ပါတယ်။
ဖီဒယ် ကွယ်လွန်ပြီ ဆိုတဲ့ သတင်းကို ညီဖြစ်သူ လက်ရှိ ကျူးဘား သမ္မတ ရာအူးလ် ကက်စ်ထရို က နိုင်ငံပိုင် ရုပ်မြင်သံကြား ကနေ တဆင့် ကြေညာ ခဲ့ပါတယ်။
၁၉၅၉ ခုနှစ်မှာ ကက်စ်ထရို ဟာ အဲဒီအချိန်က ကျူးဘား လက်ရှိ အစိုးရကို တော်လှန် ဖြုတ်ချပြီး တိုင်းပြည်မှာ ကွန်မြူနစ် ဝါဒ လမ်းစဉ် ကို ပုံဖော် ခဲ့ပါတယ်။
ဖီဒယ် ကက်စ်ထရို ဟာ ပြောက်ကျား လက်နက်ကိုင် တချို့သာ ပါဝင်တဲ့ တပ်ဖွဲ့ငယ်လေးကို ချေဂွေဗားယား နဲ့အတူ ဦးဆောင်ရင်း စတင်ခဲ့တဲ့ ကျူးဘား တော်လှန်ရေးဟာ ပြည်သူတွေရဲ့ ထောက်ခံမှု ကျယ်ကျယ်ပြန့်ပြန့် ရရှိ ခဲ့ပြီး ၁၉၅၉ မှာတော့ စစ်အာဏာရှင် ဖာလ်ဂျင်ဆီယို ဘာတစ္စတာကို ဖြုတ်ချရင်း တိုင်းပြည် အာဏာကို ဆုပ်ကိုင် နိုင်ခဲ့တာ ဖြစ်ပါတယ်။
ကျူးဘားတော်လှန်ရေး အောင်မြင်တာဟာ မြေပြင် တိုက်ပွဲတွေမှာ ကက်စ်ထရို ရဲ့ ဗျူဟာ ကြွယ်ဝ မှုကြောင့် ဖြစ်တယ်လို့ ကျယ်ကျယ်ပြန့်ပြန့် လက်ခံ ထားကြပြီး၊ အာဏာရပြီး ၂ နှစ် အတွင်းမှာ ကျူးဘားမှာ မာ့စ်-လီနင် ဝါဒကို အခြေခံတဲ့ ကွန်မြူနစ် တော်လှန်ရေး လမ်းစဉ် အတိုင်း ချီတက်မယ် ဆိုပြီး ကြေညာ ခဲ့ပါတယ်။
အဲဒီ့ နောက်မှာတော့ ကျူးဘားဟာ ဆိုဗီယက် ယူနီယံနဲ့ကြား အင်မတန် ခိုင်မာတဲ့ မဟာမိတ် နိုင်ငံဖြစ် လာပြီး စစ်အေးခေတ် တလျှောက် အမေရိကန် ဟာ ကျူးဘား ခေါင်းဆောင် ကက်စ်ထရို အပေါ် သူတို့ နံကြား စူးဝင် နေတဲ့ ဆူးတစ်ချောင်း သဖွယ် သဘော ထားခဲ့ပါတယ်။
ကျူးဘားထဲ စစ်ရေး အရ ကျူးကျော် ဝင်ရောက်မယ်ဆိုတဲ့ အမေရိကန်ရဲ့ စဉ်ဆက် မပြတ် ခြိမ်းခြောက်မှုတွေ ကြားထဲမှာပဲ အမေရိကန် ဖလော်ရီဒါ ကမ်းရိုးတန်း ကနေ ဆိုရင် မိုင် ၉၀ အကွာမှာပဲ ရှိနေတဲ့ ကျူးဘားကျွန်း ပေါ်မှာ ကက်စ်ထရို ဟာ ကွန်မြူနစ် တော်လှန်ရေး အဓွန့်ရှည်အောင် ထိန်းသိမ်း နိုင်ခဲ့ပါတယ်။
ဖီဒယ်ကက်စ်ထရို လက်ထက် အမေရိကန် သမ္မတ ၁ဝ ဆက် ပြောင်းသွားပြီး စီအိုင်အေရဲ့ လုပ်ကြံမှု အကြိမ်ကြိမ်ကို ကျော်လွှား နိုင်ခဲ့ပါတယ်။
ကက်စ်ထရို ကွယ်လွန်တဲ့ သတင်းကို လက်တင် အမေရိက ဒေသတလွှား ခေါင်းဆောင် တွေက လျင်လျင်မြန်မြန်ပဲ တုံ့ပြန် လာခဲ့ပြီး ဝမ်းနည်း စကားတွေ ကိုယ်စီ ဆိုခဲ့ ကြပါတယ်။
ကက်စ်ထရို ဟာ မက္ကဆီကိုရဲ့ မိတ်ဆွေကောင်း တစ်ဦး ဖြစ်တယ်လို့ မက္ကဆီကို သမ္မတ အင်နရီကေး ပင်ညာ ညေးတိုးက ပြောသလို၊ အယ်လ်ဆာဗေးဒိုး သမ္မတ ဆန်းချက်ဇ် ဆီရင်ကလည်း ကက်စ်ထရို ဟာ ထာဝရ အပေါင်းအဖော် ဖြစ်တယ်လို့ ဆိုပါတယ်။
နိုင်ငံတကာ တော်လှန်ရေးတိုင်း ကက်စ်ထရို ခြေရာနောက် လိုက်ကြရမယ်လို့ ဗင်နီဇွဲလား သမ္မတ နီကိုးလပ်စ် မာဒူရိုက ပြောပြီး၊ ဆိုဗီယက် ခေါင်းဆောင်ဟောင်း မီခေးလ် ဂိုဘာချော့ဗ် ကလည်း အမေရိကန်ရဲ့ ပြင်းထန်တဲ့ ပိတ်ဆို့ မှုတွေကို ကြံ့ကြံ့ခံရင်း ကျူးဘားကို တည်ဆောက်ခဲ့သူ အဖြစ် ကက်စ်ထရို ရဲ့ ဂုဏ်ကျေးဇူးကို ပြောခဲ့ပါတယ်။
ဗမာပြည် ကွန်မြူနစ်ပါတီရဲ့ ပြောခွင့်ရ ရဲဘော် ဖိုးသံချောင်း ကလည်း ဖီဒယ်ကက်စ်ထရို ဟာ မီးရှူးတန်ဆောင် သဖွယ်ဖြစ်ပြီး သူရဲကောင်း တစ်ဦးဖြစ်တယ်လို့ ဆိုပါတယ်။
ကက်စ်ထရို ဆန့်ကျင်ရေး အမြင် ရှိကြတဲ့ ကျူးဘား ပြည်ပြေးတွေ စုဝေးရာ အမေရိကန် မိုင်အာမီ မှာတော့ ကပ်စ်ထရို ကွယ်လွန်တဲ့ သတင်း အပေါ် အောင်ပွဲခံ နေကြပါတယ်။
ကက်စ်ထရို ဟာ မတူရာကို သည်းမခံမှုရဲ့ ပြယုဂ်ဖြစ်ပြီး အင်မတန် ကြမ်းကြုတ် ရက်စက်တဲ့ အာဏာရှင် စနစ်ကို တည်ထောင် ခဲ့သူ ဖြစ်တယ်လို့ ကျူးဘား ဒီမိုကရက်တစ် လှုပ်ရှားမှု အသင်းချုပ် ဆိုတဲ့ ပြည်ပ အခြေစိုက် အဖွဲ့က ပြောပါတယ်။



 http://www.rootagency.info/2016/11/26/%e1%80%80%e1%80%ba%e1%80%b4%e1%80%b8%e1%80%98%e1%80%ac%e1%80%b8-%e1%80%9e%e1%80%99%e1%81%bc%e1%80%90%e1%80%b1%e1%80%9f%e1%80%ac%e1%80%84%e1%80%b9%e1%80%b8-%e1%80%80%e1%80%80%e1%80%b9%e1%80%85%e1%80%b9/



ရခိုင်ပြည်အမျိုးသားကောင်စီ (ANC)အကြား ညီညွတ်မှုတည်ဆောက်ရေး ကမ်းလှမ်းပြီ






 
ရခိုင်ပြည်အမျိုးသားကောင်စီ (ANC)အကြား ညီညွတ်မှုတည်ဆောက်ရေး ကမ်းလှမ်းပြီ

ရခိုင်ပြည်အမျိုးသားကောင်စီ (ANC-India)မှ (ANC-Thailand)သို့ သမိုင်းပေးတာဝန်အရ တိုက်ပွဲလမ်းညွှန်ချက်နှင့် ပတ်သက်၍ ညီညွတ်မှုတည်ဆောက်ရေး ဆွေးနွေးလိုကြောင်း အိတ်ဖွင့်ပေးစာတစောင်ကို မေလ (၁၁)ရက်နေ့က ပေးပို့ခဲ့ကြောင်း ANC၏ ပေးစာအရ သိရှိရသည်။


ANC-India နှင့် ANC-Thailand တို့အကြား နားလည်မှုလွဲမှားနေကြရာမှ ယခုအခါ ပထမဆုံး ANC-India အနေဖြင့် အမျိုးသား ညီညွတ်ရေး၊ အမျိုးသားခေါင်းဆောင်ဖေါ်ထုတ်ရေး၊ လက်တွဲတိုက်ပွဲဝင်ယင်း မျိုးဆက်သစ်ခေါင်းဆောင်များ ဖေါ်ဆောင်ရေးနှင့် တိုက်ပွဲပုံသဏ္ဍာန်သစ် ရုပ်လုံးဖေါ်ဆောင်ရေးများမှာ ယနေ့တိုက်ပွဲလမ်းညွှန်၌ ဆန်းစစ်တွေ့ရှိကြောင်းကို ANC-Thailand သို့ ဆွေးနွေးအဖြေရှာလို့ကြောင်း အိတ်ဖွင့်ပေးစာတွင် ဖေါ်ပြထားသည်။

ဂစ္ဆပသတင်းဌာနမှ ANC-India ကို ၎င်းတို့အနေဖြင့် ANC-Thailand အပေါ် မည်သို့အမြင်သဘောထား၍ အိတ်ဖွင့်ပေးစာဖြင့် ဆွေးနွေးရန် အကြောင်းကြားကြောင်း ဆက်သွယ်မေးမြန်းရာ အောက်ပါအတိုင်း ရှင်းလင်းပြောဆိုသည်။

“ကျွန်ုပ်တို့အနေဖြင့် ANC-Thailand ကို ဆွေးနွေးဖို့ဖိတ်ခေါ်ရတဲ့အကြောင်းကတော့ လွန်ခဲ့တဲ့ မတ်လက India မှာ ကျင်းပခဲ့တဲ့ နှစ်ပတ်လည် ဗဟိုကော်မတီ မျက်နှာစုံညီအစည်းအဝေးရဲ့ ဆုံးဖြတ်ချက်အရ ရှေ့လုပ်ငန်းစဉ်များအနက်မှ ဆုံးဖြတ်ချက် တခုဖြစ်ပါတယ်၊ ကျွန်ုပ်တို့ရဲ့ ရခိုင်ပြည်အမျိုးသားနိုင်ငံရေးတိုက်ပွဲမှာ တိုက်ပွဲလမ်းညွှန်ချက်တွေဖြစ်တဲ့ အမျိုးသားညီညွတ်ရေးလုပ်ငန်းဟာ စွမ်းရည်နှင့် ပြည့်စုံတဲ့ အမျိုးသားခေါင်းဆောင်ဟာ တိုက်ပွဲမှာလစ်ဟင်းနေတာရယ်၊ တိုက်ပွဲမှာ ရခိုင်မျိုးဆက်သစ်လူငယ်တွေ ပါဝင်လှုပ်ရှားမှုနည်းနေ တာရယ်၊ ရန်သူကိုတိုက်တဲ့အခါ တောတွင်းလက်နက်ကိုင်တိုက်ပွဲနှင့် လူထုတိုက်ပွဲဆိုပြီးတော့ သမရိုးကျတိုက်ပွဲနှင့် ချိပ်ဆက်ပြီး တိုက်ပွဲ ပုံသဏ္ဍာန်သစ် ဖေါ်ထုတ်ဖို့လိုအပ်နေတယ်ပါတယ်၊ ဒါကြောင့်တိုက်ပွဲတိုင်းမှာ ဗျူဟာမြောက်လုပ်ငန်းများ အောင်မြင်နိုင်ရေးနဲ့ ချိပ်ဆက် နေတဲ့ဘ၀တူအဖိနှိပ်ခံ နိုင်ငံရေးမဟာမိတ်အဖွဲ့တွေနဲ့ ဆက်ဆံရေးမှာလည်း ပြေလည်နိုင်ဖို့အတွက် ANC-Thailand ကို ဆွေးနွေးဖို့ ဖိတ်ခေါ်ရခြင်း ဖြစ်ပါတယ်၊ ရခိုင်ပြည်သူတွေလည်း ဒီလိုပဲယုံကြည်မှုရှိမယ်လို့ မိမိတို့က ခံယူပါတယ်၊ ဒါ့ကြောင့် ညီညွတ်ရေး တည်ဆောက်ဖို့ ဖိတ်ခေါ်ရခြင်း ဖြစ်ပါတယ်။” ဟု ANC-India အထွေထွေအတွင်းရေးမှူး ခိုင်မြ၀ါက ရှင်းပြသွားခြင်း ဖြစ်သည်။

ဂစ္ဆပသတင်းဌာန။ ။ ဟုတ်ကဲ့ပါ။ ANC ရှေ့လုပ်ငန်းစဉ်တွေကို ဘယ်လိုပြုပြင် တည်ဆောက်မည့် ရည်ရွယ်ချက်တွေ ရှိပါသလဲ။ အနည်းငယ် ရှင်းပြလို့ရမလား။

“ANC ကို တိုင်းရင်းသားလူမျိုးများကောင်စီ (ENC)မှာ အဖွဲ့ဝင်အဖြစ် အသိအမှတ်ပြုခြင်းကို ယာယီရပ်ဆိုင်းထားဖို့ လိုအပ်ပါလိမ့်မယ်၊ ဘာဖြစ်လို့လဲဆိုတော့ ENC ရဲ့ဖွဲ့စည်းပုံအရ ပြည်နယ်ကိုကိုယ်စားပြုနိုင်တဲ့ ကောင်စီတွေကို အခြေခံထားလို့ဖြစ်ပါတယ်၊ ENC နိုင်ငံရေးပန်းတိုင်လည်းဘဲ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဖြစ်ပါတယ်၊ ဒါကြောင့် သဘောထားကွဲလွဲနေတဲ့ ANC ကို မိမိတို့အတွင်း ညီညွတ်မှုမရရှိခင်မှာ ENC အဖွဲ့ဝင်အဖြစ်မှ ANC ကို ယာယီရပ်ဆိုင်းဖို့ လိုအပ်ပါတယ်။ ဆိုတော့ ရခိုင်ပြည်နိုင်ငံရေး တိုက်ပွဲမှာ ညီညွတ်ရေးဟာ အမှန်တကယ်လိုအပ်နေလို့ပါပဲ၊ ဒါကိုအတိမ်းအစောင်း မခံနိုင်ဘူး၊ အမှန်တကယ် ENC နဲ့ဖြစ်စေ မည်သည့်ဘ၀တူ အဖိနှိပ်ခံ နိုင်ငံရေးအဖွဲ့အစည်းတွေနဲ့ဖြစ်စေ ချိပ်ဆက်ပြီး ကျွန်ုပ်တို့ရဲ့ ဘုံရန်သူကို တော်လှန်တိုက်ခိုက်တာဟာ အောင်ပွဲအတွက် လိုအပ်တဲ့ညီညွတ်ရေးနဲ့ အားမာန်ပါပဲ၊ ဒီလိုတိုက်ပွဲဖြစ်စဉ်မျိုးဟာ ကျွန်ုပ်တို့ နှစ်ပေါင်း (၂၂၇)နှစ်ကာလအတွင်း ကျူးကျော်ရေးသမား အဆက်ဆက်ကို တော်လှန်တိုက်ခိုက်လာတဲ့ ရခိုင်အမျိုးသားတိုက်ပွဲ သမိုင်းမှာ တိုက်ပွဲထူးခြားချက်တွေ ဖြစ်ပါတယ်၊ အဲဒီထူးခြားချက်ကို ကျွန်ုပ်တို့ညီညီညွတ်ညွတ်နဲ့ ဆုပ်ကိုင်ပြီး အောင်ပွဲအတွက် အသုံးချနိုင်ဖို့ လိုအပ်တာကြောင့် တောင်းဆိုထားတာဖြစ်ပါတယ်၊ ရခိုင်ပြည်နိုင်ငံရေးတိုက်ပွဲသမိုင်းဟာ ကာလရှည်လျားတဲ့အတွက် တိုက်ပွဲထူးခြားချက်တွေဟာ အလွန်ဘဲကြွယ်ဝပါတယ်၊ တနည်းအားဖြင့် ပြောရင်တော့ တိုက်ပွဲဖြစ်စဉ်တွေဟာ တိုက်ပွဲထူးခြားချက်တွေကို အမြဲဘဲ ပုံဖေါ်ပေးနေတယ်၊ ဒီထူးခြားချက်တွေကို မိမိတို့ရဲ့တိုက်ပွဲမှာ ထိထိမိမိ ဆုပ်ကိုင်ပြီး အသုံးချတတ်ဖို့ဘဲ လိုပါတယ်။” ဟု ၎င်းက ဆက်လက်ရှင်းပြသည်။

ANC-India ဦးအရိယာဝံသ မှ ANC-Thailand ဦးသီဟ သို့ လိပ်မူပေးပို့သည့် အိတ်ဖွင့်စာဖြစ်သည်။ အိတ်ဖွင့်စာနှင့်အတူ ANC ကို ENC အဖွဲ့ဝင်အဖြစ်မှ ယာယီရပ်ဆိုင်းထားရန် ENC သို့ အိတ်ဖွင့်တောင်းဆိုလွှာ တစောင်ကိုလည်း တပါတည်းပူးတွဲ ပို့ဆောင်ထားခဲ့ခြင်း တွေ့ရှိရသည်။

အဆိုပါ ပေးစာတွင် ရခိုင်ပြည်နိုင်ငံရေးတိုက်ပွဲသမိုင်းကို အဖိနှိပ်ခံရခိုင်ပြည်သူများသည် ကျူးကျော်ရေးသမား အဆက်ဆက်ကို လက်နက်ကိုင်တိုက်ပွဲဖြင့်တမျိုး၊ လူထုတိုက်ပွဲဖြင့်တဖုံ နိုင်ငံရေးအာဏာကို ရခိုင်ပြည်သူ့လက်ဝယ်သို့ ပြန်လည်ပေးအပ်နိုင်ရန် အဆက် မပြတ်တိုက်ခိုက်တော်လှန်ခဲ့ကြကြောင်း ဖေါ်ပြထားသည်။ သမိုင်းအရ ထင်ရှားခဲ့သည့် ပုဂ္ဂိုလ်ထူးများနည်းတူ ခေါင်းဆောင်များ ယခုအခါ လစ်ဟင်းလျှက်ရှိနေကြောင်းကို မီးမောင်းထိုးပြထားသည်။ ထို့အတွက်ကြောင်း ANC၏ နိုင်ငံရေးတာဝန်သည် တိုက်ပွဲအင်အား ကြီးထွားရန်အတွက် တိုက်ပွဲလမ်းညွှန်ချက်များကို လက်တွေ့ပူးပေါင်းအကောင်အထည် ဖေါ်နိုင်ရန် ဆွေးနွေးဖို့ လှိုက်လှဲစွာ ဖိတ်ခေါ်ရ ခြင်းဖြစ်ကြောင်း အိတ်ဖွင့်ပေးစာတွင် ဖေါ်ပြထားသည်။

ဂစ္ဆပသတင်းဌာန။ ။ ANC-India ကို အကယ်၍ ညီညွတ်ရေးဦးတည်ချက်အရ ဆွေးနွေးရန် ကမ်းလှမ်းသည်ကို ANC-Thailand မှ လက်မခံလျှင် မည်သို့ဆောင်သွားမည်ဟု မေးမြန်းရာ “နောက်ထပ်လည်း ညီညွတ်ရေး လုပ်ငန်းများနှင့် အမျိုးသားရေး တာဝန်များကို စိတ်ရှည်ရှည်ဖြင့် လုပ်ဆောင်သွားနိုင်ရန် ကမ်းလှမ်းသွား မည်ဖြစ်ပါတယ်။” ANC-India မှ ပြောသည်။

ဂစ္ဆပသတင်းဌာနမှ ANC-India မှ ANC-Thailand သို့ ညီညွတ်ရေးကို ဦးတည်လျှက် နိုင်ငံရေးဆွေးနွေးအဖြရှာရန် ပီးပို့ထားသည့် အိတ်ဖွင့်စာအပေါ် ANC-Thailand အနေဖြင့် မည်သို့ အမြင်သဘောထား ရှိပါသနည်း၊ လက်ခံဆွေးနွေးလားဖို့ ယှိပါသလား အနည်းငယ်ရှင်းပြစေလိုပါကြောင်း၊ ANC-India မှ ANC-Thailandမှာ ENC အဖွဲ့ဝင်ဖြစ်နေမှုအပေါ် ရခိုင်ပြည်အမျိုးသားညီညွတ်ရေး ဆွေးနွေးမှုကာလတွင် ယာယီရပ်ဆိုင်းထားရန် တောင်းဆိုမှုအပေါ် ANC-Thailand သဘောထားအမြင် အနည်းငယ် ရှင်းလင်းပီးပါရန် ပြန်ကြားစေလိုကြောင်း၊ အကယ်၍ ANC-Thailand အနေဖြင့် ANC-India ဆွေးနွေးမှုကမ်းလှမ်းချက်အပေါ် ယခုလက်မခံခဲ့သော်လည်း ဆက်လက်၍ ဆွေးနွေးဖို့ ANC-India က ကမ်းလှမ်းလာလျှင် မည်သို့သဘောထားအမြင် ရှိပါကြောင်းနှင့် ဂစ္ဆပသတင်းဌာနမှတဆင့် ရခိုင်ပြည်သူလူထုနှင့် ရခိုင်ပြည်နိုင်ငံရေးအပေါ် အမြင်သဘောထားများကိုလည်း ANC-Thailand အနေဖြင့် မည်သို့အမြင် သဘောထားများ ရှု့ဒေါင့်ပေါင်းစုံမှ ရှင်းပြပေးပါရန် မေလ (၁၃)ရက်နေ့က အီးမေးလ်ဖြင့် မေးမြန်းခဲ့သော်လည်း ယနေ့အထိ ဖြေကြား ခြင်းတစုံတရာ မရရှိသေးပေ။

အမျိုးသားညီညွတ်ရေးကို ဦးတည်၍ ANC-Thailand သို့အိတ်ဖွင့်ပေးစာဖြင့် ကမ်းလှမ်းခြင်းနှင့်အတူ ANCကိုစောင့်ကြည့်နေသည့် ALP ပါတီသို့ ညီညွတ်ရေးတည်ဆောက်ဖို့ ကမ်းလှမ်းရန် အစီအစဉ်များ ရှိပါသဟု ANC-India ကိုမေးမြန်းခဲ့ရာ “ANC သည် ရခိုင်ပြည် အမျိုးသား နိုင်ငံရေးတိုက်ပွဲမှ လိုအပ်ချက်များအနက် မျက်မှောက်လိုအပ်ချက်ဖြစ်သည့် ညီညွတ်ရေး လုပ်ငန်းများကို အခြေအနေ ပေးသည့်အလျှောက် ဆောင်ရွက်သွားမည်ဖြစ်သည့်အပြင် အမျိုးသားတခုလုံး ညီညွတ်ရေးလုပ်ငန်းများအတွက် အချိန်ကာလနှင့် အခြေအနေက ပေးလာလျှင် တဆင့်ပြီးတဆင့် လုပ်ဆောင်သွားမည် ဖြစ်ပါတယ်။”ဟု ANC-India မှ ဂစ္ဆပသို့ ရှင်းလင်းဖြေကြားခဲ့သည်။


ဂစ္ဆပသတင်းဌာန။ ။ ရခိုင်ပြည်အမျိုးသားညီညွတ်ရေးဆုံရပ် (ANFU)မှ ခေါင်းဆောင် အနေဖြင့် ANC အခြေအနေအပေါ် မည်သို့မည်ပုံ သဘောထားအမြင် ရှိပါသနည်း အနည်းငယ် ရှင်းလင်းပေးစေလိုပါတယ်။


“၁။ ANFU အနေနဲ့ ကွဲပြဲတယ်ဆိုတာကို လုံးဝအလိုမရှိပါဘူး။ ၂။ ရခိုင်သားတိုင်း၊ ရခိုင်အဖွဲ့အစည်းတိုင်း ရခိုင့်အောင်လံတော် တခုတည်းအောက်မှာ ရောက်ရှိဖို့အတွက် ကျွန်တော်တို့ ကြိုးစားနေပါတယ်။ ၃။ ကျွန်တော်တို့ အဖွဲ့အစည်းအမည်ကိုယ်က ရခိုင်ပြည်အမျိုးသား ညီညွတ်ရေးဆုံရပ် (ANFU) ဖြစ်ပါတယ်၊ အကြမ်းမဖက်တဲ့ မည်သည့်ညီညွတ်ရေးမျိုးကိုမဆို လုပ်ဖို့ကြိုးစားလျှင် ကြိုဆိုပါတယ်။ ၄။ ANC ကိုတစည်းတလုံးတည်းဖြစ်အောင် လုပ်ကြဖို့ ANFUမှာ အစကတည်းက မူရှိပြီးသားပါ။ ၅။ အကြောင်းအမျိုးမျိုး ကြောင့် ကျွန်တော်တို့ လုပ်ဖို့နှောက်နှေးနေတဲ့အချိန်မှာ သူတို့ချင်းဖိတ်ခေါ်ပြီး ညီညွတ်သွားကြမယ်ဆိုရင် သာဓုပါ။” ဟု ၁၉၈၈ ခုနှစ် NUFU အထွေထွေအတွင်းရေးမှူး တာဝန်ထမ်းဆောင်ခဲ့သူ ယခု ANFU ခေါင်းဆောင် ခိုင်အာဏာနီက ပြောသည်။

ဂစ္ဆပသတင်းဌာနအနေဖြင့် ပြည်တွင်းရှိ နိုင်ငံရေးနိုးကြားနေကြသူများဖြစ်ကြသည့် ကျောင်းသားလူငယ်များကို ဆက်သွယ်မေးမြန်းခဲ့ရာ ၎င်းတို့အနေဖြင့် ကြိုဆိုလက်ခံပါကြောင်း၊ ပြည်တွင်းလူထုအခြေအနေမှာလည်း ပြည်ပနိုင်ငံရေး အင်အားစုများ တစည်းတလုံးတည်းကို လိုအပ်ပါကြောင်းနှင့် ပြည်ပပြည်တွင်းနှင့် ပူပေါင်းလုပ်ဆောင်မှသာ မိမိတို့၏ ရည်မှန်းချက်ပန်တိုင်သို့ ရောက်လှမ်းနိုင်မည်ဖြစ်ကြောင်း ပြန်ကြားခဲ့ကြသည်။

သို့သော်လည်း ပြည်တွင်းသို့ နည်းမျိုးစုံဖြင့် ဆက်သွယ်မေးမြန်းခဲ့မှုများကို အကြောင်းအမျိုးမျိုးကြောင့် ဖြေကြားခြင်းများ ယနေ့အထိ မရရှိသေးပေ။

ဂစ္ဆပသတင်းဌာန။ ။ ANC-Indiaမှ ANC-Thailand သို့ ညီညွတ်ရေးကိုဦးတည်လျှက် နိုင်ငံရေးဆွေးနွေးအဖြရှာရန် ပီးပို့ ထားသည့် အိတ်ဖွင့်စာအပေါ် RWU မှဗဟိုကော်မတီတဦး အနေဖြင့် မည်သို့အမြင်သဘောထား ယှိပါသနည်း၊ လက်ခံဆွေးနွေးသွားဖို့ ယှိပါရေလို့ ထင်မြင်ယူဆပါသလား အနည်းငယ်ရှင်းပြစေလိုပါသည်။

“ကျမ ရခိုင်အမျိုးသမီးများအစည်းအရုံး (RWU) ဗဟိုကော်မီတီဝင်တဦးအနေနဲ့ ပြောချင်တာက အခုလို ပေါင်းစည်းညီညွတ်ရေးကို ဦးတည်လုပ်ဆောင်နေတာကို ကြားရလို့ အတိုင်းထက်အလွန်ဝမ်းမြောက်မိပါတယ်။ ပေါင်းစည်းညီညွတ်နိုင်ကြဖို့အတွက် သိပ်ပြီးတော့လို လားတာကြာပါပြီ၊ ကျမတို့ ရခိုင်အဖွဲ့အစည်းတွေ အကွဲကွဲအခြမ်းခြမ်းဖြစ်နေကြတဲ့ အတွက်ကြောင့် ကျမတို့ ရခိုင်အရေးကို ဆောင်ရွက် ရတဲ့အခါမှာ တိုင်းရင်းသားများနှင့်သော်လည်းကောင်း၊ နိုင်ငံတကာအသိုင်းအ၀ိုင်းနှင့်သော်လည်းကောင်း ဆက်ဆံစကားပြောဆိုရ တာဟာ အားမရှိသလို ခံစားရပါတယ်၊ မျက်နှာပန်းမလှအခြေအနေအထိ ရှိနေပါတယ်၊ အဲဒီအတွက်ကြောင့် ကျမနှင့်အတူ တခြားရခိုင်သူ၊ ရခိုင်သားတွေကလည်း လိုလားလိမ့်မယ်ဟု ကျမမျှော်လင့်ပါတယ်၊ နောက်တချက်က ANC-India မှ ANC-Thailand သို့ ပေးတဲ့စာအရ ရခိုင်ပြည်နိုင်ငံရေးတိုက်ပွဲမှာ လမ်းညွန်ပြသနေတာဟာ အချက်(၄)ချက်ပါရှိတာကို တွေ့ရပါတယ်၊ အဲဒီအချက်တွေဟာ အမှန်တကယ် ဦးတည်ချက်၊ ရည်မှန်းချက်ကောင်းတဲ့ အချက်တွေဖြစ်ကြပါတယ်။”ဟု စောစောမိမိသန်းက ပြောသည်။

ဆက်လက်ပြီးသူမက “အဖွဲ့အစည်းပေါင်းမြောက်များစွာကို တည်ထောင်ခဲ့ပြီးပါပြီ၊ ဦးတည်ချက်တွေကို ဖတ်လိုက်ရင် မည်သည့်ပါတီ၊ မည်သည့်အဖွဲ့အစည်းကမှ ဦးတည်ချက်မကောင်းကြောင်းကို မတွေ့ရှိခဲ့ပါ၊ အားလုံးဦးတည်ချက်၊ ရည်မှန်းချက်တွေဟာ ကောင်းကြ ပါတယ်၊ ဒါပေမဲ့လက်တွေ့လုပ်ဆောင်မှုတွေကို ကြည့်တဲ့အခါမှာ အားလုံးဦးတည်ချက်၊ ရည်မှန်းချက်နဲ့ အကွဲကွဲအပြားပြား ဖြစ်နေကြပြီး လွဲလျှော်နေတာကို တွေ့ရပါတယ်၊ အဲဒါတွေကို ကျမသုံးသပ်ရသလောက် တယောက်နဲ့တယောက်အကြား ငါဗိုလ်၊ သူဗိုလ်လုမှု၊ အစားမတည့်မှု၊ ငါ့နဲ့မတူငါ့ရန်သူဖြစ်မှု စစ်အုပ်စုမှာရှိတဲ့စိတ်ဓါတ်အလား ခေါင်းဆောင်ပြောသမျှသော စကားများကို ထောက်ခံသော သူသာ ဦးစားပေးခံရမှုစတဲ့အချက်များနဲ့ ပြည့်တင်းနေတဲ့အတွက်ကြောင့်ဟု မြင်ပါတယ်၊ အဲသလိုပြုလုပ်မှုတွေ များလာသည်နှင့်အမျှ ရခိုင်သူ၊ ရခိုင်သားတွေမှာ တယောက်နဲ့တယောက် ယုံကြည်မှုကိုတည်ဆောက်ဖို့ များစွာအလှမ်းဝီးကွာ သွားတတ်ကြပါတယ်၊ ယုံကြည်မှုဆိုတာဟာ သိပ်ကိုအရေးကြီးသလို ရခိုင်သူ၊ ရခိုင်သားတဦးချင်းစီ၊ တဖွဲ့ချင်းစီကလည်း လူအများယုံကြည်လက်ခံလာ နိုင်အောင်ပြဖို့လိုအပ်ပါတယ်။ ဒါကြောင့် ကျမအမြင်ကို ပြောရရင် ANC-Indiaကို ANC-Thailand က ယုံကြည်မှုရှိရင် လက်ခံဆွေးနွေးဖို့ ရှိလိမ်မယ်ဟု မြင်ပါတယ်။”

ဂစ္ဆပ။ ။ ANC-India မှ ANC-Thailand မှာ ENC အဖွဲ့ဝင်ဖြစ်နေမှုအပေါ် ရခိုင်ပြည်အမျိုးသားညီညွတ်ရေး ဆွေးနွေးမှုကာလတွင် ယာယီရပ်ဆိုင်းထားဖို့ တောင်းဆိုမှုအပေါ် RUW သဘောထားအမြင် အနည်းငယ် ရှင်းလင်းပေးစေလိုပါတယ်။

“ဒီမေးခွန်းကို ကျမအမြင်ပြောရမယ်ဆိုရင် ENC ကို ကျမလုံးဝအယုံအကြည်မရှိ ပြောရမှာဖြစ်ပါတယ်၊ ENC အနေနဲ့ အမျိုးသား ရင်ကြားစေ့ရေးကို ဦးတည်နေတဲ့ အဖွဲ့ဖြစ်ပါတယ်၊ အခုလို အမျိုးသားရင်ကြားစေ့ရေးကို ဦးတည်လုပ်ဆောင်နေတဲ့ အဖွဲ့တခုဖြစ်ပါလျှက် ENC အဖွဲ့က ရခိုင့်နိုင်ငံရေးမှာ ANC ဖြစ်ပျက်နေတဲ့ အနေအထားကို သိရှိပြီးဖြစ်တယ်၊ သိလျှက်နဲ့ ပေါင်းစည်းမှုရရှိအောင် ပထမကြားဝင်းမကြိုးစား၊ ညီညွတ်မှုရှိအောင် မကြိုးစားပဲနဲ့ ANC-Thailand နဲပသာ လက်တွဲပူးပေါင်း ပြုလုပ်နေခြင်းသည် ရခိုင်သားသွီးစည်း ညီညွတ်ရေးကို ဖြိုခွဲနေသည်သာမက ရခိုင်အဖွဲ့တဖွဲ့ကိုပြ၍၎င်း နိုင်ငံတကာထံမှ ဘတ်ဂျတ်ရရှိရေးအတွက် ကြိုးစားနေသလား၊ ဒါ့ပြင် ENCမှ ပြောဆိုနေတဲ့ တိုင်းရင်းသားရင်ကြားစေ့ရေးဆိုသည့်အချက်က မှန်ပါသလားဟု မိမိသုံးသပ်မိပါတယ်။”

နောက်ထပ် ဂစ္ဆပသတင်းဌာနမှတဆင့် RUW အနေဖြင့် ရခိုင်ပြည်သူလူထုနှင့် မျက်မှောက်ရခိုင်ပြည်နိုင်ငံရေးအပေါ် အမြင်သဘောထား များကိုလည်း မည်သို့အမြင်သဘောထားများ ရှု့ဒေါင့်ပေါင်းစုံမှ ရှင်းပြချင်ပါသနည်း။

“ရခိုင်သားအဖွဲ့အစည်းတွေကြားမှာ သံသယရှင်းဖို့ဆိုတာဟာလည်း ဒီလောက်အမှားတွေလုပ်ခဲ့ပြီးမှ လွယ်လွယ်ကူကူနဲ့ ဖြစ်ဖို့မလွယ်လို့ မြင်ပါတယ်၊ ပေါင်းစည်းနိုင်သည့်ဆိုသည့်တိုင် တယောက်အပေါ်တယောက်၊ တဖွဲ့အပေါ်တဖွဲ့က သံသယက အချိန်အနည်းငယ်နဲ့ ကုစားလို့ရနိုင်ဖို့ မမြင်ပါ၊ ပွင့်လင်းမြင်သာစွာ ဆွေးနွေးမှုတွေကိုမပြုလုပ်ပဲ ဒီအတိုင်းဆက်လုပ်သွားနေရင် ပေါင်းလိုက်ကွဲလိုက်နဲ့ ဖြစ်နေ ကြမှာပဲ၊ ဒီနေ့ဟာ ပြည်တွင်းအရှိန်လည်း အားလုံးမျက်စီဖွင့်၊ နားဖွင့်ရှိနေတဲ့ ကာလဖြစ်ပါတယ်၊ ကြိုးစားနေကြတာကိုလည်း တွေ့ရပါတယ်၊ ရခိုင်ပြည်အနာဂါတ်အတွက် အခုလိုအားတက်သရော ပါဝင်လာကြတာဟာ ပြည်တွင်းပြည်ပချိပ်မိပြီး ပူးပေါင်းလုပ် ဆောင်ကြရင် အင်အားလို့မြင်ပါတယ်၊ ပြည်ပမှာရှိတဲ့အဖွဲ့အစည်းတွေ အားနည်းလာကြတာကိုမြင်ရလို့ လုံးဝစိတ်မကောင်းပါ၊ တချိန် တည်းမှာ ကျမပြည်ပရခိုင်အဖွဲ့အစည်းတွေကို ပြောချင်တာက လူထုအားကောင်းနေတဲ့အချိန်မှာ ကျမတို့နောက်မဆုတ်ကြပါနဲ့၊ လူထုကို အားတက်သရောကြိုးစားပြကြဖို့ ကျမအနေနဲ့ တိုက်တွန်းချင်ပါတယ်၊ ပြည်တွင်းကိုလည်း မိမိတို့နဲ့အတူ လက်တွဲတိုက်ပွဲဝင်ကြဖို့ မှာချင် ပါတယ်။” ဟု လူငယ်အမျိုးသမီးတဦးဖြစ်သူ RWU ဗဟိုကော်မတီအဖွဲ့ဝင် စောမိမိသန်းက ပြောသည်။

ဘင်္ဂလာဒေ့ခ်ျနိုင်ငံ အခြေစိုက် အဝေးရောက်ရခိုင်အလုပ်သမားအဖွဲ့မှ ဘဏ္ဍာရေးမှူး ဆရာဦးခိုင်ထွန်းက“အမျိုးသားစည်းလုံးညီညွတ်ရေး ကို တည်ဆောက်လို့ရရင် ကောင်းပါတယ်၊ အဲဒီတည်ဆောက်မှု အောင်မြင်ဖို့ဆိုရင် ပိုမိုပြီးတော့ ကောင်းမှာပါ၊ နောက်ပြီးတော့ တည်ဆောက်တဲ့နေရာမှာ တာရှည်တည်တံ့ခိုင်မြဲဖို့ အတွက်ဆိုရင် ပိုမိုပြီးကောင်းပါတယ်၊ အခုလိုရခိုင်အမျိုးသားများအကြား ညီညွတ် မှုတည်ဆောက်မည့် ကမ်းလှမ်းစာကို ကြိုဆိုပါတယ်၊ ဂုဏ်လည်းယူပါတယ်၊ ဒီကိစ္စတွေက အများနှင့်သက်ဆိုင်တဲ့ အမျိုးသားရေး လုပ်ငန်းတွေဖြစ်ပါတယ်၊ ရခိုင်အမျိုးသားတော်လှန်ရေး၊ နိုင်ငံရေးပါတီဖြစ်ဖြစ်၊ ဘာသာရေး၊ လူမှုရေးအသင်းတွေဖြစ်ဖြစ် အမျိုးသား အကျိုးစီးပွားအတွက် ပူးပေါင်းလုပ်ဆောင်ဖို့ ကျွန်တော်တို့အဖွဲ့ကို ကမ်းလှမ်းလာရင် အမြဲတမ်းကြိုပါတယ်။”ဟု ဂစ္ဆပသတင်းဌာန သို့ပြောသည်။

ဂစ္ဆပသတင်းဌာန အနေဖြင့် ဘက်ပေါင်းစုံ အမြင်သဘောထားများကို အတတ်နိုင်ဆုံး ANC လက်ရှိဖြစ်ပေါ်နေသော အခြေအနေအပေါ် သုံးသပ်အဖြေရှာကြရန် မေးမြန်းဖို့ကြိုးစားခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် လက်လှမ်းမမီခဲ့ပေ။ သို့သော်လည်း ထိတွေ့မိသမျှ လေ့လာစုံစမ်းခဲ့ရာတွင် ရခိုင်အမျိုးသားများသာမက တခြားအမျိုးသားများကပါ ရခိုင်အမျိုးသားစည်းလုံးညီညွတ်မှုကို လိုအပ်နေ ကြကြောင်း ပြောဆိုကြသည်။

လက်ရှိ ရခိုင်ပြည်တပ်မတော် (Arakan Army) ပေါ်ပေါက်လာပုံ






လက်ရှိ ရခိုင်ပြည်တပ်မတော် (Arakan Army) ပေါ်ပေါက်လာပုံ
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
★ (၈၈) အရေးတော်ပုံ နောက်ပိုင်းတွင်
- ထိုင်း-ဗမာ နယ်စပ်၌ ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များအစည်းအရုံး (All Arakan Students’ and Youths’ Congress - AASYC) က ထူထောင်ထားသည့် ရခိုင် မျိုးဆက်သစ် တပ်မတော် (Arakan New Generation Army - ANGA) ၊
- ရခိုင်အမျိုးသား ညီညွတ်ရေး တပ်ပေါင်းစု (National United Front of Arakan- NUFA) က ထူထောင်ထားသည့် ရခိုင်ပြည်သစ် တည်ဆောက်ရေး တပ်မတော် (New Arakan Construction Army - NACA) နှင့်
- ရခိုင်ပြည် လွတ်မြောက်ရေး တပ်မတော် (Arakan Liberation Army - ALA) မှ တော်လှန်ရေးလမ်းကြောင်းသစ် ဖောက်လိုသည့် ဗိုလ်ရာဇာဦးဆောင်သော တပ်ဗိုလ်တပ်မှူးများက ထူထောင်လိုက်သည့် ရခိုင် တပ်မတော် (Arakan Army - AA)* တို့ကို ပေါင်းစည်းလျှက် တပ်မတော်သစ်တရပ်ကို ထူထောင်ခဲ့သည်။
အမည်ကို အင်္ဂလိပ်ဘာသာဖြင့် (Arakan Army) ဟု ဆက်လက်သုံးစွဲခဲ့သော်လည်း မြန်မာ/ရခိုင် ဘာသာဖြင့် ရခိုင်ပြည် တပ်မတော် ဟု မှန်ကန်စွာ* ပြောင်းလဲသုံးစွဲခဲ့သည်။ ရခိုင်ပြည်၊ ရခိုင်နိုင်ငံကို Arakan ဟု ခေါ်၍ ရခိုင်သား၊ ရခိုင်လူမျိုးကို Arakanese ဟု သုံးစွဲမှ မှန်ကန်ပါသည်။
★ (AASYC)အနေဖြင့် (၁၉၉၅) တွင် ရခိုင်မျိုးဆက်သစ် တပ်မတော် (Arakan New Generation Army – ANGA) ကို တည်ထောင်ပြီး နောင်တွင် ဗိုလ်ချုပ် ခိုင်ရာဇာ၏ ရခိုင်တပ်မတော် (Arakan Army – AA) နှင့် ရခိုင်ပြည်တပ်မတော် (Arakan Army) အဖြစ် ပေါင်းစည်းပြီး အနောက်ဘက်သို့ဆင်းရာတွင် ဗမာအစိုးရမှ အိန္ဒိယအစိုးရ ထောက်လှမ်းရေးများအား လာဘ်ထိုးပြီး လုပ်ကြံချေမှုန်းခိုင်းသဖြင့် ကျဆုံးခဲ့ရသည်။
★ တဖန် (၂၀၀၅) တွင် ရခိုင်ကျောင်းသားနှင့် လူငယ်တပ်မတော် (Arakan Students’ and Youths’ Army – ASYA) ကို တည်ထောင်ရန် ကြိုးစားခဲ့သော်လည်း မိမိတို့ အခြေစိုက်ထားသည့် မဟာမိတ်နယ်မြေများ (၂၀၀၇) တွင် လက်လွတ်ဆုံးရှုံးခဲ့ရသဖြင့် ပြည်တွင်း၊ ပြည်ပ၌ မဟာမိတ်တချို့နှင့် ပူးတွဲစစ်ဆင်ရေး ကိစ္စများကို အကောင်အထည်ဖော်ခဲ့သည်။ ဗမာအစိုးရမှ (၂၀၁၀) ရွေးကောက်ပွဲအပြီး အပစ်ရပ်အဖွဲ့များအား နယ်ခြားစောင့်တပ် (Border Guard Force - BGF) အဖြစ် ပြောင်းလဲရန် ကြိုးပမ်းလာချိန်မှစ၍ ဒီမိုကရေစီအကျိုးပြု ကရင်အမျိုးသား တပ်မတော် (Democratic Karen Benevolent Army – DKBA) ၊ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (Karen National Liberation Army – KNLA) တို့နှင့် ပူးတွဲတိုက်ပွဲဝင်ခဲ့ကာ ညီညွတ်သောတိုင်းရင်းသားလူမျိုးများကောင်စီ (United Nationalities Federal Council – UNFC) တွင် ရခိုင်ပြည် အမျိုးသားကောင်စီ (Arakan National Council – ANC) ၏ အဖွဲ့ဝင် အဖွဲ့အစည်းတခုအနေဖြင့် ပါဝင်လာချိန်မှစ၍ တရားဝင်အမည်ထုတ်ဖော် ရပ်တည်ခဲ့သည်။
★ မိမိတို့အနေဖြင့် ယခု ဖော်ထုတ်လိုက်သည့် တပ်ကို ရခိုင်အမျိုးသားတပ်မတော် (Arakan National Army – ANA) ဟု အမည်ပေးရန် စဉ်းစားချက်ရှိခဲ့သော်လည်း -
(၁) မိမိတို့၏ နောင်တော်ရဲဘော်များ ကိုယ်တိုင်ပါဝင်ခဲ့သော၊ နိုင်ငံရေး စစ်ရေးအရ စုစည်းမှုကို ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည် ဖော်နိုင်ခဲ့သော၊ ရခိုင်ပြည်သူလူထုအား အဖိနှိပ်ခံဘ၀မှ လွတ်မြောက်ရေးအတွက် ထူးထူးခြားခြား မျှော်လင့်ချက်ပေးနိုင်ခဲ့သော အစဉ်အလာရှိသည့် ရခိုင်ပြည်တပ်မတော် (Arakan Army) ဆိုသည့် အမည်ကို ဆက်လက် ထိန်းသိမ်းလိုသဖြင့် လည်းကောင်း၊
(၂) ဗမာပြည်၏ တပ်မတော်သည် (Burma Army) ၊ အမေရိကန်၏ တပ်မတော်သည် (U.S Army) စသည်ဖြင့် သက်ဆိုင်ရာ တိုင်းနိုင်ငံ၏ နောက်မှ Army ဆိုသော စာလုံးကို တိုက်ရိုက်ထည့်သွင်း သုံးစွဲသည့် နိုင်ငံတကာ လုပ်ထုံးလုပ်နည်းဖြင့် အံဝင်ခွင်ကျ ဖြစ်စေရန် လည်းကောင်း၊
(၃) ပြည်သူလူထုနှင့် မဟာမိတ်များအမြင်တွင် မတူကွဲပြားသော အဖွဲ့အစည်းတခု သီးခြားပေါ်ပေါက်လာပြန်ပြီဟု အထင်ရောက်ကာ ရခိုင်အမျိုးသား လက်နက်ကိုင် အင်အားစုများအချင်းချင်း ရန်ဘက်သဘောဆောင်နေသည်ဟု မမြင်စေလိုသဖြင့်လည်းကောင်း၊
(၄) အခြား (Arakan Army) အမည်ကို ခံယူသည့် အဖွဲ့အစည်းများနှင့် နောင်အနာဂတ်တွင် တဖွဲ့တစည်းတည်းအဖြစ် ပူးပေါင်းဖို့ ညှိနှိုင်းဆောင်ရွက်ရာတွင် အထောက်အကူပြုစေရန်လည်းကောင်း ရည်ရွယ်ပြီး ရခိုင်ပြည်တပ်မတော် (Arakan Army) ဟူသော အမည်ကို ပေးခဲ့ခြင်းဖြစ်သည်။
★ ရည်ရွယ်ချက်မှာ
■■■■■■■■■■■■■
(၁) လူမျိုးစုံ ရခိုင်ပြည်သူလူထု တရပ်လုံး ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့် ရရှိရေး
(၂) အမျိုးသားရေး လက္ခဏာနှင့် ယဉ်ကျေးမှု အမွေအနှစ်များ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး
(၃) အမျိုးသားရေး ဂုဏ်သိက္ခာနှင့် အကျိုးစီးပွါးကို မြှင့်တင်ရေး
(၄) ဗမာပြည်ရှိ လူမျိုးစုတိုင်း နိုင်ငံသူ/သားတိုင်း အာဏာရှင်စနစ်လက်အောက်မှ လွတ်မြောက်ရေး
(၅) လူသားမျိုးနွယ်စုတခုလုံး၏ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေး
★ သစ္စာအဓိဋ္ဌာန် (၄) ချက်
■■■■■■■■■■■■■■■■■■
(၁) ငါတို့သည် ရခိုင်ပြည်နှင့် ရခိုင်ပြည်သားတို့၏ အသက် ၊ အိုးအိမ်၊ စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ပါမည်။
(၂) ငါတို့သည် ကျဆုံးလေပြီးသော ခေါင်းဆောင်များနှင့် တပ်မတော်သားတို့ကို သစ္စာစောင့်သိပါမည်။
(၃) ငါတို့သည် အထက်အကြီးအကဲက ပေးအပ်သော အမိန့်နှင့်တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ပါမည်။
(၄) ငါ့တိုင်းပြည်၊ ငါ့လူမျိုး၊ ငါ့တပ်မတော်အတွက် ငါ့အသွေး အသက် ခန္ဓာကို စွန့်လွှတ်ဖို့ အဓိဋ္ဌာန် ပြုပါသည်။
★ တပ်မတော်ကိုယ်စားပြု သင်္ကေတများနှင့် အဓိပ္ပါယ်ဖွင့်ဆိုချက်များ
■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■
မကိုဋ် သရဖူ ■ အထွတ်အမြတ် ဖြစ်ခြင်း။ အချုပ်အခြာ အာဏာပိုင်ဆိုင်ခြင်း။
ကြယ် ■ ထွန်းလင်း တောက်ပခြင်း။ ကြီးကျယ် ခမ်းနားခြင်း။
ကော်လံ တံဆိပ် ■ မကိုဋ် သရဖူ ဆောင်းထားသည့်ကြယ်။
- အချုပ်အခြာအာဏာပိုင်ဆိုင်ခဲ့စဉ်က ကြီးကျယ်ခမ်းနားခဲ့သည့် အတိတ် ရခိုင်ပြည်အား သတိရ တမ်းတခြင်း။
- ကြီးကျယ်ခမ်းနားသည့် ရခိုင်ပြည်သစ်ကို ပြန်လည်တည်ဆောက်ရန် ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးခွင့်အား လိုလားသည့် အာသီသရှိခြင်း။
ကြယ် ■ ထွန်းလင်း တောက်ပခြင်း။ ကြီးကျယ် ခမ်းနားခြင်း။
ဝံလက် ■ တိုက်ရည် ခိုက်ရည်နှင့် ပြည့်စုံသည့် စစ်သည် ရဲမက်။
“သီရီဝစ္ဆ” တံဆိပ်ပါ “နီတိ စန္ဒြ” ဒင်္ဂါးပြား ■ ကြွယ်ဝချမ်းသာခြင်း။
ဦးထုပ်တံဆိပ် ■ ကြယ်တပွင့်အား ဦးထိပ်ပန်လျှက် ရခိုင်ဒင်္ဂါးပြားကို သယ်ဆောင်ပျံသန်းနေသည့် ၀ံလက်ငှက်။
- ရခိုင်စစ်သည်တို့၏ စွမ်းပကားဖြင့် ကြီးကျယ်ခမ်းနားပြီး ကြွယ်ဝချမ်းသာသည့် ရခိုင်ပြည်သစ်အား ပြန်လည်ထူထောင်ရန် ရည်မှန်းချက်။
★ ရခိုင်ပြည်အမျိုးသားကောင်စီ (Arakan National Council) နှင့် FUA ( Federal Union Army) တို့၏ အဖွဲ့ဝင်အဖွဲ့အစည်းတခုဖြစ်သည်။
★ ရခိုင်ပြည်တပ်မတော် (Arakan Army) ★


ရခိုင်ပြည်တပ်မတော် (Arakan Army) ဦးတည်ချက် (၅) ရပ်








ရခိုင်ပြည်တပ်မတော် (Arakan Army)
▬▬▬▬▬▬▬▬▬▬▬▬▬▬▬
ဦးတည်ချက် (၅) ရပ်
▬▬▬▬▬▬▬▬

(5) Objectives of Arakan Army





ရခိုင်ပြည်တပ်မတော်၏ ဦးတည်ချက် (၅) ရပ်
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
၁။ လူမျိုးစုံ ရခိုင်ပြည်သူလူထု တရပ်လုံး ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့် ရရှိရေး
၂။ အမျိုးသားရေး လက္ခဏာနှင့် ယဉ်ကျေးမှု အမွေအနှစ်များ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး
၃။ အမျိုးသားရေး ဂုဏ်သိက္ခာနှင့် အကျိုးစီးပွါးကို မြှင့်တင်ရေး
၎။ ဗမာပြည်ရှိ အဖိနှိပ်ခံ၊ လူမျိုးတိုင်း နိုင်ငံသားတိုင်း အာဏာရှင်စနစ် လက်အောက်မှ လွတ်မြောက်ရေး
၅။ လူသားမျိုးနွယ်စုတခုလုံး၏ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေး
(5) Objectives of Arakan Army
▬▬▬▬▬▬▬▬▬▬▬▬▬▬
1. To gain self-determination for multi-ethnic masses of Arakan
2. To safeguard national identity (character) and cultural heritage
3. To promote national dignity and interest
4. To liberate every citizen and ethnic nationality of Burma from dictatorship
5. To ensure peace and development for all human race


ရခိုင်ပြည်တပ်မတော်၏ ဦးတည်ချက် (၅) ရပ်






ရခိုင်ပြည်တပ်မတော်၏ ဦးတည်ချက် (၅) ရပ်
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
၁။ လူမျိုးစုံ ရခိုင်ပြည်သူလူထု တရပ်လုံး ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့် ရရှိရေး
၂။ အမျိုးသားရေး လက္ခဏာနှင့် ယဉ်ကျေးမှု အမွေအနှစ်များ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး
၃။ အမျိုးသားရေး ဂုဏ်သိက္ခာနှင့် အကျိုးစီးပွါးကို မြှင့်တင်ရေး
၎။ ဗမာပြည်ရှိ အဖိနှိပ်ခံ၊ လူမျိုးတိုင်း နိုင်ငံသားတိုင်း အာဏာရှင်စနစ် လက်အောက်မှ လွတ်မြောက်ရေး
၅။ လူသားမျိုးနွယ်စုတခုလုံး၏ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေး
(5) Objectives of Arakan Army
▬▬▬▬▬▬▬▬▬▬▬▬▬▬
1. To gain self-determination for multi-ethnic masses of Arakan
2. To safeguard national identity (character) and cultural heritage
3. To promote national dignity and interest
4. To liberate every citizen and ethnic nationality of Burma from dictatorship
5. To ensure peace and development for all human race


(၆၇) နှစ်မြောက် ကရင်တော်လှန်ရေးနေ့သို့ ရခိုင်ပြည်တပ်မတော် (Arakan Army) မှ ပေးပို့သည့် ဂုဏ်ပြုသ၀ဏ်လွှာ




(၆၇) နှစ်မြောက် ကရင်တော်လှန်ရေးနေ့သို့ ရခိုင်ပြည်တပ်မတော် (Arakan Army) မှ ပေးပို့သည့် ဂုဏ်ပြုသ၀ဏ်လွှာ
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
နေ့စွဲ - ၃၀၊ ၁၊ ၂၀၁၆ သ၀ဏ်လွှာ အမှတ် - ၁ /၂၀၁၆
ကရင်အမျိုးသားတို့အနေဖြင့် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးအတွက် ခိုင်မာသောသံန္နိဋ္ဌာန်ဖြင့် သက်စွန့်ကြိုးပမ်းတိုက်ပွဲဝင်လာခဲ့ကြသည်မှာ ၂၀၁၆ ခုနှစ်၊ ဇန်န၀ါရီလ (၃၁)ရက်နေ့တွင် (၆၇) နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်သည်။
ကရင်အမျိုးသားတော်လှန်ရေးနှင့်အတူ ဖြစ်တည်လာသည့် ကော်သူးလေလွတ်မြောက်နယ်မြေ သည်လည်း မြန်မာနိုင်ငံရှိ အဖိနှိပ်ခံတိုင်းရင်းသားလူမျိုးပေါင်းစုံတို့၏ တော်လှန်ရေးအခြေခံဒေသ ဖြစ်သည့် အပြင်၊ ကရင်အမျိုးသား အစည်းအရုံး(KNU)သည်လည်း မြန်မာနိုင်ငံရှိ အဖိနှိပ်ခံလူမျိုးပေါင်းစုံတို့၏ တော်လှန်ရေးလမ်းပြကြယ်အဖြစ် အစဉ်အလာရှိရှိ ရပ်တည်နိုင်ခဲ့သည်မှာ ကရင်တမျိုးသားလုံးအတွက် ဂုဏ်ယူစရာပင် ဖြစ်ပေသည်။
ကရင်အမျိုးသားများအနေဖြင့် ခေါင်းဆောင်စောဘဦးကြီး၏ မူ(၄)ချက်ကို ဦးထိပ်ပန်ဆင်ပြီး စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးဆိုသည့် ပန်းတိုင်သို့ရောက်ရှိရန် (၆၇)နှစ် တာကာလ ခရီးကြမ်းကို မဆုတ်မနစ်သော ဇွဲ၊ လုံ့လ၊ ၀ီရိယ တို့အပြင် ဘ၀၊ အသက်၊ သွေး၊ ချွေးတို့ မရေမတွက်နိုင်လောက်အောင် ပေးဆပ်လျှက် ရဲဝံ့ပြောင်မြောက်စွာ လျှောက်လှမ်းနိုင်ခဲ့မှုမှာ မြန်မာပြည်ရှိ အဖိနှိပ်ခံတိုင်းရင်းသားလူမျိုးပေါင်းစုံတို့၏ တော်လှန်ရေးသမိုင်းတွင် မော်ကွန်းထိုး မှတ်ကျောက်တင် လောက်သည့် စံနမူနာလည်းဖြစ်ပေသည်။
ကရင်တော်လှန်ရေးသမိုင်းတလျှောက်တွင် စွန့်လွှတ်ပေးဆပ်သွားခဲ့ကြသော အာဇာနည် ခေါင်းဆောင်နှင့် ရဲဘော်ခေါင်းဆောင်အပေါင်းတို့အား ဦးညွတ်အလေးပြုလျှက် ဤဂုဏ်ပြုသ၀ဏ်လွှာအား ပေးပို့အပ်ပါသည်။

ဗဟိုစစ်ဦးစီးအဖွဲ့
ဗဟိုစစ်ဌာနချုပ်ရုံး
အရှေ့ဖက်စစ်ဒေသ
ရခိုင်ပြည်တပ်မတော် (Arakan Army)

Statement for Integration of Arakan Liberation Party and Arakan Army






Statement for Integration of Arakan Liberation Party and Arakan Army
Date – 6.2.16 Register No. – 1/ 2016
1. Arakan Liberation Party (ALP) and Arakan Army (AA) seriously hold that one and only one party for political leadership and a single army should exist in the time of National Revolution.
2. We also believe that Arakan National Unity would be more consolidated should National Revolutionary Parties and Armies, which stand independently for various reasons, be united as a whole.
3. Thus, we would like to inform the Arakanese people and our allies that we shall try to the best of our ability in order to be integrated as a single party and army, recognizing each other’s national standpoints, endeavors and sacrifice.

ALP-AA Negotiation Committee for Integration
Contact –
Khaing Aung Zan Phru, Secretariat Member, Arakan Liberation Party
Phone: (+66) 62 – 123 – 2744
Col. Mong Htwam, Commander-in-Chief, Arakan Army
Phone: (+66) 88 – 147 – 5879
E-mail: alp.aa.nci@gmail.com

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)နှင့် ရခိုင်ပြည်တပ်မတော် (AA) တို့၏ ပေါင်းစည်းရေးဆိုင်ရာ သဘောထား ထုတ်ပြန်ကြေငြာချက်





ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)နှင့် ရခိုင်ပြည်တပ်မတော် (AA) တို့၏ ပေါင်းစည်းရေးဆိုင်ရာ သဘောထား ထုတ်ပြန်ကြေငြာချက်
နေ့စွဲ - ၆၊ ၂၊ ၁၆ ကြေငြာချက်အမှတ် - ၁/ ၂၀၁၆
၁။ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)နှင့် ရခိုင်ပြည်တပ်မတော် (AA) တို့ အနေဖြင့် အမျိုးသားတော်လှန် ရေးကာလတွင် နိုင်ငံရေးဦးဆောင်ပါတီတခုတည်း၊ တပ်မတော်တရပ်တည်းသာ ရှိသင့်သည်ဟု လေးနက်စွာ ခံယူသည်။
၂။ အကြောင်းအမျိုးမျိုးကြောင့် သီးခြားရပ်တည်နေကြသော အမျိုးသားတော်လှန်ရေးပါတီနှင့် တပ်မတော် များအား တဖွဲ့တပါတီအဖြစ် စုစည်းနိုင်လျှင် ရခိုင်အမျိုးသား စည်းလုံးညီညွတ်ရေး ပိုမိုခိုင်မာလာမည်ဟုလည်း ယုံကြည်သည်။
၃။ သို့ဖြစ်ပါ၍ တဖွဲ့၏ အမျိုးသားရေးခံယူချက်နှင့် ကြိုးပမ်းစွန့်လွှတ် အနစ်နာခံမှုများကို တဖွဲ့က ပြန်လည် အသိအမှတ်ပြုလျှက် တခုတည်းသောပါတီနှင့် တပ်မတော်အဖြစ် ပေါင်းစည်းနိုင်ရန် ကိုယ်စွမ်းဥာဏ်စရှိသရွေ့ ကြိုးပမ်းသွားကြမည်ဖြစ်ကြောင်း ရခိုင်ပြည်သူလူထုနှင့် မဟာမိတ်များအား သိစေအပ်ပါသည်။
ALP-AA ပေါင်းစည်းမှု ညှိနှိုင်းရေး ကော်မတီ
ဆက်သွယ်ရန် -
ခိုင်အောင်ဇံဖြူ၊ အတွင်းရေးမှူး အဖွဲ့ဝင်၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (Arakan Liberation Pary)
ဖုန်း - (+၆၆) ၆၂ - ၁၂၃ - ၂၇၄၄
ဗိုလ်မှူးကြီး မင်းထွန်း၊ စစ်ဦးစီးချုပ်၊ ရခိုင်ပြည်တပ်မတော် (Arakan Army)
ဖုန်း - (+၆၆) ၈၈ - ၁၄၇ - ၅၈၇၉
အီးမေးလ် - alp.aa.nci@gmail.com

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)နှင့် ရခိုင်ပြည်တပ်မတော် (AA)တို့၏ ပေါင်းစည်းရေးဆိုင်ရာ ထုတ်ပြန်ကြေငြာချက်နှင့်ပတ်သက်၍ (ဗဟိုကော်မီတီသဘောထား(လုံးဝ)မဟုတ်ကြောင်း ထုတ်ပြန်ချက်အပေါ် သဘောထားထုတ်ပြန်ခြင်း



                             
                                    ALP စည်းရုံးရေးနှင့်ပြန်ကြားရေးဌာနမှ ရှင်းလင်းချက်






                              ခိုင်စိုးနိုင်အောင်နှင့် ခိုင်ထွန်းဝင်းထုတ်ပြန်ချက်
   


ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)နှင့် ရခိုင်ပြည်တပ်မတော် (AA)တို့၏ ပေါင်းစည်းရေးဆိုင်ရာ ထုတ်ပြန်ကြေငြာချက်နှင့်ပတ်သက်၍ (ဗဟိုကော်မီတီသဘောထား(လုံးဝ)မဟုတ်ကြောင်း ထုတ်ပြန်ချက်အပေါ် သဘောထားထုတ်ပြန်ခြင်း
စာအမှတ်-၄/၂၀၁၆
ရက်စွဲ-ဖေဖော်ဝါရီလ (၆)ရက်၊ ၂၀၁၆ရခုနှစ်
၁။ ရခိုင်ပြည်လွန်မြောက်ရေးပါတီ(ALP)၏ စတုတ္ထအကြိမ်ညီလာခံ ပထမနှစ်ပတ်လည်ဗဟိုကော်မီတီအစည်းအဝေးဆုံးဖြတ်ချက်အရ ရခိုင်ပြည်တပ်မတော် (AA)အဖွဲ့နှင့် ပေါင်းစည်းရေးကိစ္စများဆောင်ရွက်ရန် စည်းရုံးရေးနှင့်ပြန်ကြားရေးဌာနကို တာဝန်ပေးအပ်ရန် သဘောတူဆုံးဖြတ်ခဲ့ကြသည်။
၂။ နှစ်ဦးနှစ်ဖက် ပေါင်းစည်းရေးဆိုင်ရာဆွေးနွေးမှုများကို ပူးတွဲသဘောတူထုတ်ပြန်ရန် စည်းရုံးရေးနှင့်ပြန်ကြားရေးဌာနမှ အထွေထွေအတွင်းရေးမှူးနှင့် ပါတီဥက္ကဌကြီးတို့၏ သဘောထားကိုလည်းရယူခဲ့ပြီးဖြစ်ပါသည်။
၃။ ထို့ကြောင့် ၎င်းတို့၏ ထုတ်ပြန်ကြေငြာချက်မှာ ပါတီဗဟိုကော်မီတီဝင်များ၏ သဘောထားလုံးဝမပါဝင်ကြောင်းနှင့် ခိုင်ထွန်းဝင်း ဒု-ဥက္ကဌ (၁)နှင့် ခိုင်စိုးနိုင်အောင် ဒု-ဥက္ကဌ (၂)တို့၏ အမျိုးသားစည်းလုံးညီညွတ်မှုကို မလိုလားမှုအပေါ်တွင် ထုတ်ပြန်သော ပုဂ္ဂိုလ်ရေးအရ သဘောထားထုတ်ပြန်ချက်သာဖြစ်သည်။ ပါတီဗဟိုကော်မီတီ၏ သဘောထားလုံးဝ မဟုန်ကြောင်း ပြည်သူလူထုနှင့်မဟာမိတ်အဖွဲ့များအားသိစေအပ်ပါသည်။
၎။ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ၏မူဝါဒသည်ပင်လည်းကောင်း၊ ဥက္ကဌ ခိုင်မိုးလင်း၏ တော်လှန်ရေးသံန္နိဌာန်သည်ပင်လည်းကောင်း ရခိုင့်အမျိုးသားစည်းလုံးညီညွတ်ရေးကိုသာ ရှေ့ရှုထားသည့်အတိုင်း ရခိုင်ပြည်လွတ်မြောက်ရေးပါတီ၏အဖွဲ့ဝင်များ၊ တပ်မတော်သားများသည်လည်းကောင်း ရခိုင့်အမျိုးသားစည်းလုံးညီညွတ်ရေးကိုသာ လိုလားနေကြသည်မှာ လက်ရှိပကတိအခြေအနေပင်ဖြစ်သည်။
၅။ ထိုကဲ့သို့ သဘောထားထုတ်ပြန်ခြင်းမှာ ထိုပုဂ္ဂိုလ်နှစ်ဦး၏ ရခိုင့်အမျိုးသားစည်းလုံးညီညွတ်မှုကို လိုလားမှုမရှိကြောင်း ကွက်ကွက်ကွင်းကွင်းပေါ်လွင်အောင် ထုတ်ဖော်ပြသလိုက်ခြင်းပင်ဖြစ်သည်။ ယင်းလုပ်ရပ်များကြောင့် ရခိုင့်အမျိုးသားစည်းလုံးညီညွတ်မှုကို ထိခိုက်ပျက်ပြားသွားခဲ့ပါက ၎င်းတို့၏တာဝန်သာဖြစ်သာဖြစ်သည်။
စည်းရုံးရေးနှင့်ပြန်ကြားရေးဌာန
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ
ဆက်သွယ်ရန်
+95-09260438424
+95-09252091239
+95-09253573763
ALP.AA ပေါင်းစည်းမှု ညှိနှိုင်းရေး ကော်မတီ Facebook Page မှ ကူးယူဖော်ပြသည်။


Comments system

Flag Counter