ဂျိုးဇက် အီရက်ပ် အက်စ်ထရာဒါ လို ဖြစ်နိုင်ပါ့မလား ဒေါက်တာအေးမောင်



(9 - 4 - 2016)
  
ဂျိုးဇက် အီရက်ပ် အက်စ်ထရာဒါ 

၁၉၆၀ ပြည့်လွန် နှစ်ပြည့်အတွင်း ဖိလစ်ပိုင် နိုင်ငံတွင် အောင်မြင်ကျာ်ကြား လူကြိုက်များသော ရုပ်ရှင်မင်းသား အက်စ်ထရာဒါ ဟာ သူ့ဘ၀ဖြတ်သန်းမှုမှာ မင်းသားမှ မြို့တော်ဝန်၊ မြို့တော်ဝန်မှ ဆီးနိတ်လွှတ်တော် အမတ်၊ ဆီးနိတ် လွှတ်တော်အမတ်မှ ဒု - သမ္မတ၊ ဒု - သမ္မတမှ ဒုသမ္မတကြီးဘ၀သို့ တစ်ဆင့်ပြီး တစ်ဆင့် တက်လာခဲ့သူဖြစ်ပါတယ်။
အနုပညာလောကထဲက ကျော်ကြားမှုကို နိုင်ငံရေးပြိုင်ပွဲထဲမှာ အသုံးချနိုင်ခဲ့ပါတယ်။ ဆန်ဂျွန်းမြို့ရဲ့ မြို့တော်ဝန်အဖြစ် (၁၇) နှစ် နီးပါးထမ်းဆောင်ခဲ့ပါတယ်။ ဆီးနိတ် တစ်ဦးဖြစ်လာခဲ့ပြီး ဖီဒယ်ရားမို့စ် သမ္မတသက်တမ်းမှာ ဒုတိယ သမ္မတ အဖြစ်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
၁၉၉၈ ရွေးကောက်ပွဲမှာ သူ့ရဲ့ ပြိုင်ဘက်တွေကို အပြတ်အသတ်အနိုင်ရခဲ့ပြီး၊ ဖိလစ်ပိုင်နိုင်ငံရဲ့ (၁၃) ကြိမ်မြောက်သမ္မတ ဖြစ်လာခဲ့ပါတယ်။
ဂျိုးဇက် အီရက်ပ် အက်စ်ထရာဒါ ကျမ်းသစ္စာ ကျိန်ဆိုခဲ့သည့်နေ့က (၁၉၉၈)ခုနှစ် ဇွန်လ (၃၀)ရက် ဖိလစ်ပိုင် ဘာသာစကားနဲ့ ကျမ်းသစ္စာ ဆိုခဲ့တယ်။ ကျမ်းသစ္စာ ကျိန်ဆိုပြီးနောက် ဇူလိုင်လ (၁)ရက်နေ့မှာပင် သူ၏ အဓိက လုပ်ဆောင်မယ့် လုပ်ငန်းတွေကို ရုပ်မြင်သံကြားမှ တဆင့် စတင်အကောင်အထည် ဖော်ခဲ့တယ်။ ဖိလစ်ပိုင် နိုင်ငံရှိ ရာဇ၀တ်ဂိုဏ်းပေါင်းစုံ တိုက်ဖျက်ရေး၊ မူးယစ်ဆေးဝါး မှောင်ခိုများကို အမျိုးပြုတ်သည်အထိ တွေ့ရာ သင်္ချိုင်း ဓားမဆိုင်းဘဲ ရှာဖွေနှိမ်နင်းရေး၊ ဖိလစ်ပိုင်နိုင်ငံ ရဲတပ်ဖွဲ့များ အဂတိလိုက်စားမှု တိုက်ဖျက်ရေး၊ ရဲတပ်ဖွဲ့ဝင်များ ကိုလည်း ကျော့သား၊ ရင်သား ခွဲခြားမှာ မဟုတ်ဘူး၊ ထိထိ ရောက်ရောက်အရေးယူမည်။ ရဲတပ်ဖွဲ့ဝင်များ စာရိတ္တပျက်ပြားမှုတွေ ပြုပြင်ရင် ပြုပြင်၊ မပြုပြင်ရင် ထောင်နန်းစံဖို့သာ ပြင် ဆိုပြီးတော့လည်း ပြောခဲ့ပါတယ်။  ပြန်ပေးဆွဲမှုမျာ၊ ငွေညှပ်မှုများ၊ ဓားပြတိုက်မှုများ မရိုးဖြောင့်သောနည်းနဲ့ ပါဝင်ပတ်သက်နေသော ရဲများကိုလည်း သက်ညှာပေးမှာ မဟုတ်ဘူး သူကိုယ်တိုင်လည်း နှိမ်နင်းရေး အဖွဲ့မှာ သေနတ်တစ်လက်ဖြင့် ပါဝင်ခဲ့တယ်။
ဂျိုးဇက် အီရက်ပ် အက်စ်ထရာဒါဟာ ဖိလစ်ပိုင် နိုင်ငံရဲ့ နိုင်ငံရေး လွှမ်းမိုးမှု ဘ၀က လွတ်မြောက်ရေး၊ ပြည်တွင်း အာဏာရှင် စနစ် မင်းဆိုး မင်းညှစ် အုပ်စိုးရေးဘ၀က လွတ်မြောက်ရေး၊ အင်အားကြီးသော နိုင်ငံများ သြဇာအာဏာ ဘ၀က လွတ်မြောက်ရေး၊ စီးပွားရေး အောက်တန်း နောက်တန်း ကျသော ဘ၀က လွတ်မြောက်ရေး၊ အဖိနှိပ်ခံ အခြယ်အလှယ် ဘ၀က လွတ်မြောက်ရေး၊ ဆင်းရဲချို့တဲ့ မပြည့်စုံ ဘ၀က လွတ်မြောက်ရေး၊ ကြောက်ရွံ့စိုးရိမ် ဘ၀က လွတ်မြောက်ရေး၊ မိမိဘ၀ တိုးတက်ရာ အခွင့်အလမ်းများကို လွတ်လပ်စွာ ရွေးချယ် ခံစားနိုင်တဲ့ ဘ၀က လွတ်ရေး ဆိုတဲ့ အချက်တွေနှင့် အညီ ဖိလစ်ပိုင်နိုင်ငံမှာ နာမည်ကြီး စံပြ သမ္မတ တစ်ဦးလည်း ဖြစ်ခဲ့ပါတယ်။

ဒေါက်တာအေးမောင် 

ဆရာဝန်ဘ၀မှ နိုင်ငံရေး၊ နိုင်ငံရေးမှ ရခိုင်အမျိုးသားတိုးတက်ရေးပါတီ(RNDP) ခေါင်းဆောင်၊ (RNDP) ခေါင်းဆောင်မှ ရခိုင်အမျိုးသားပါတီ(ANP) ဥက္ကဌ ဖြစ်လာခဲ့သူ ရခိုင်ပြည်မှာ တချို့က ရခိုင့်အာဇာနည်လို့ ဆိုရသူ မှာ ဒေါက်တာအေးမောင် လက်ရှိ ရခိုင်အမျိုးသားပါတီ(ANP) ဥက္ကဌ ဖြစ်သည်။
ဒေါက်တာအေးမောင်သည် ရခိုင်ပြည်သူတွေ တော်တော်များထဲတွင် သြဇာ အာဏာ လွှမ်းမိုးသူဖြစ်သည်။ စကားပြောတက်ပြီး ပြတ်သားသူလည်း ဖြစ်သည်။ လက်ရှိ ရခိုင်ပြည်နယ် နိုင်ငံရေး အခင်းအကျင်းနှင့် မြန်မာနိုင်ငံရေး အခင်းအကျင်းထဲမှာ နာမည်ကြီးသူ တစ်ဦးလည်း ဖြစ်သည်။ ရခိုင်ပြည်နယ် ၀န်ကြီးချုပ်နှင့် ရခိုင်အမျိုးသားပါတီ က အစိုးရ မဖွဲ့နိုင်လျှင် ဘယ်အစိုးရသစ်ကို မဆို အတိုက်အခံ ပါတီအဖြစ် ရပ်တည်သွားမည်ဟုလည်း စွမ်းစွမ်းတမံ ပြောဆိုခဲ့သူဖြစ်သည်။ ထိုအတူရပ်တည်ခဲ့သူဖြစ်သည်။ ရခိုင်လူမျိုးတစ်ချို့ကလည်း ထောက်ခံပွဲတွေ ဆန္ဒပြမှုတွေကို လုပ်ဆောင်ခဲ့သည်။
သို့သော်လည်း ဂယက်လှိုင်းထ နေတဲ့ ရခိုင်အမျိုးသားပါတီနှင့် ရခိုင်လူမျိုးတွေ ရခိုင်ပြည်ဝန်ကြီးချုပ်နေရာလည်း မရလိုက်သလို၊ နောက်ထပ်တဖန် ပြည်နယ်ဝန်ကြီးနေရာ ယူတဲ့သူကို ရခိုင်အမျိုးသား ပါတီမှ ထုတ်ပယ်သည့် အပြင် ကျပ်သိန်း(၅၀၀)ရာ လျော်ပေးရမည်လို့လည်း ဆိုထားသည်။
နဝမအကြိမ်မြောက် CEC အစည်းအဝေး ၏ ဆုံးဖြတ်ချက် (၁) ထုတ်ပြန်ကြေငြာချက် ၁/၂၀၁၆ ပါ အပိုဒ်-၃ ရခိုင်အမျိုးသားပါတီအနေဖြင့် ရခိုင်ပြည်နယ်အစိုးရအား ဦးဆောင်ဖွဲ့စည်းခွင့် မရလျှင် မည်သည့်အစိုးရအဖွဲ့အဆင့်ဆင့်တွင်မှ ပါဝင်ခြင်း မပြုဘဲ အတိုက်အခံအဖြစ် ရပ်တည်သွားမည် ဟု ဆုံးဖြတ်ကြေငြာထားချက်ကို ဖောက်ဖျက်ကျူးလွန်လျက် ဦးကျော်လွင် အနေဖြင့် ဝန်ကြီးရာထူး လက်ခံယူုခြင်းသည် ရခိုင်အမျိုးသားပါတီ၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည့်အပြင် ရခိုင်အမျိုးသားထု တစ်ရပ်လုံး၏ ပုံရိပ်ကိုလည်း ကျဆင်းစေသည့်အတွက် ဦးကျော်လွင်အား အပ်နှင်းထားသော ပါတီတာဝန် အဆင့်ဆင့်မှ ရပ်စဲပြီး၊ ပါတီဝင် အဖြစ်မှလည်းထုတ်ပယ်လိုက်သည် ဟု ထုတ်ပြန်ကြေငြာ ခဲ့သည်။
ရခိုင်ပြည်သူ တစ်ရပ်လုံး လိုချင်တောင်းတ နေသော အရာရာဟာ ပြည်နယ်ဝန်ကြီးချုပ် နှင့် ပြည်နယ်အစိုးရ ဖွဲ့နိုင်ရေးနဲ့ မဆိုင်ဘူးလို့ ထင်ပါတယ်။ ၀န်ကြီးနေရာ ယူတဲ့သူကို ထုတ်ပယ်ရေး ဆိုသည့် အချက်တွေလည်း မပါဝင်ဘူးလို့ ယူဆမိပါတယ်။
ဒေါက်တာအေးမောင် အနေနဲ့ ပါတီတွင်း မကိုက်ညီမှုတွေ၊ ပါတီတွင်း စည်းကမ်း စည်းမျဉ်းတွေဟာ ရခိုင်လူမျိုးတွေနဲ့ မသက်ဆိုင်ဘူးလို့လည်း ပြောချင်ပါတယ်။ နောက်တစ်ခုက ရခိုင်ပြည်နယ် ၀န်ကြီးနေရာ လက်ခံယူတဲ့ သူကို ပါတီက ထုတ်ပယ်သည့် အပြင် ကျပ်သိန်း(၅၀၀) လျော်ကြေး ပေးရမည် ဆိုသည့် အကြောင်း ထုတ်ပယ်ခံလိုက်ရသည့် ရခိုင်ပြည်နယ် ၀န်ကြီး ဦးကျော်လွင် အနေဖြင့် ကျပ်သိန်း (၅၀၀) လျော်ကြေး ပေးမယ်လို့ နဝမအကြိမ်မြောက် CEC အစည်းအဝေး ၏ ဆုံးဖြတ်ချက် (၁) မှာ ပါမသွားပါဘူး။ ပါတီ၏ စည်းကမ်း စည်းမျဉ်းတွေကို ဖောက်ဖျက်ပြီး ရခိုင်ပြည်နယ် ၀န်ကြီး ဦးကျော်လွင် အနေဖြင့် ကျပ်သိန်း(၅၀၀) လျော်ကြေး မပေးဘဲ သက်ညှာမှု လုပ်ခဲ့လျှင် ဥက္ကဌ ဒေါက်တာအေးမောင် အနေနဲ့ မည်သို့ ပြုလုပ်မည်ကို သိချင်လှပါသည်။
ပါတီ၏ စည်းကမ်း၊ စည်းမျဉ်းတွေ ကို ဖောက်ဖျက်ပြီး ရခိုင်ပြည်နယ် ၀န်ကြီး နေရာအား လက်ခံခဲ့သော ဦးကျော်လွင် အား ဒေါက်တာအေးမောင် အနေနဲ့ ပါတီက ထုတ်ပယ်ပြီး ဒီအတိုင်းဆက်လက် ကြည့်နေရင်တော့ ဒေါက်တာအေးမောင်ဟာ ဖိလစ်ပိုင် နိုင်ငံရဲ့ ဂျိုးဇက် အီရက်ပ် အက်စ်ထရာဒါ လို ပြတ်သားမှု မရှိဘူး၊ အပြောတစ်မျိုး၊ အလုပ်တစ်မျိုး၊ ရှေ့တစ်မျိုး၊ နောက်ကွယ် တစ်မျိုး ပြောတတ်တဲ့ ရခိုင်လူမျိုးတွေရဲ့ အပြောကောင်းသူ တစ်ဦးသာ ဖြစ်နိုင်မည်ဟု ထင်မြင်သုံးသပ် မိပါကြောင့်။



ရခိုင်ကြယ်စင်







EmoticonEmoticon

Comments system

Flag Counter