Showing posts with label ဘင်္ဂလီ အကြောင်း. Show all posts
Showing posts with label ဘင်္ဂလီ အကြောင်း. Show all posts

ဘင်္ဂါလီတို့ရဲ့ နယ်မြေလုတိုက်ပွဲ - ဖာပုံနဒီ (မူဂျာဟစ်အကြောင်း သိကောင်းစရာ)

 

ဘင်္ဂါလီတို့ရဲ့ နယ်မြေလုတိုက်ပွဲ - ဖာပုံနဒီ (မူဂျာဟစ်အကြောင်း သိကောင်းစရာ)
..............................................
အစ္စလာမ်ဘာသာဝင် မွတ်စလင်တွေဟာ ဂျီဟဒ် လို့ခေါ်တဲ့ဘာသာရေးစစ်ကို
ဆင်နွှဲလေ့ရှိကြပြီးတော့ ၎င်းစစ်ပွဲမှာ ပါဝင်တိုက်ခိုက်တဲ့စစ်သည်တော်တွေကို
“မူဂျာဟစ်”လို့ခေါ်ကြပါတယ်။

မူဂျာဟစ် ဆိုတဲ့ဝေါဟာရအဓိပ္ပာယ်ကတော့
*မိမိတိုင်းပြည်နှင့် ဘာသာရေးအခွင့်အရေးအတွက် တိုက်ခိုက်သောသူ*ဟု
အဓိပ္ပါယ်ရပါတယ်။

၁၉၄၇ ခုနှစ် ကုန်ခါနီးမှာ ဘူးသီးတောင်မြို့နယ် စေတီတောင်ကျေးရွာက
သူကြီးဟောင်း ဆူလ်တင်၏ညီ မိုဟာမတ်က ဦးဆောင်၍ မွတ်ဆလင်
လူငယ်များကို လျှို့ဝှက်စွာစည်းရုံးပြီးနောက် မူဂျာဟစ်ပါတီကိုဖွဲ့စည်းကာ
လက်နက်များကို လျှို့ဝှက်သိုလှောင်ထားရှိခဲ့ပါတယ်။ ထိုသို့ဖွဲ့စည်းစဉ်က
ရခိုင်ကိုအကာအကွယ်ပေးဖို့ ဖွဲ့စည်းထားသည့် ထွန်းအောင်ဖြူအဖွဲ့နဲ့
မူဂျာဟစ်အဖွဲ့တို့ ပူးတွဲကာ သပြုချောင်းကျေးရွာမှာ လူထုအစည်းအဝေး
ကျင်းပပြီးနောက် အဖွဲ့အမည်ကို မူဂျာဟစ်ပါတီဟု ခေါ်တွင်ရန် ဆုံးဖြတ်ခဲ့ပြီး
ထွန်းအောင်ဖြူအား နာယကအဖြစ် တင်မြှောက်ကြပါတယ်။

ထွန်းအောင်ဖြူဟာ ကွန်မြူနစ်ပါတီနှင့် ဆက်စပ်သူဖြစ်တဲ့အတွက် မူဂျာဟစ်အဖွဲ့ကို ကွန်မြူနစ်စခန်းသို့ ခေါ်ဆောင်သွားခဲ့တယ်လို့ ဆိုပါတယ်။ ကွန်မြူနစ်တို့က ဖဆပလအစိုးရ ပြုတ်ကျရင်ရခိုင်ပြည် နှစ်ပိုင်းပိုင်းလိမ့်မည် နတ်မြစ်အရှေ့ဘက်ပိုင်းမှ ကုလားတန်မြစ်အနောက်ဘက်အတွင်းရှိ နယ်မြေများကို ရိုဟင်ဂျာပြည်နယ်အဖြစ် သတ်မှတ်ပေးလျက်
ကျန်အပိုင်းကို ရခိုင်လူမျိုးများ အုပ်ချုပ်စေလိမ့်မည်ဟုပြောဆိုခဲ့ကြောင်း
သိရှိရပါတယ်။

၎င်းမူဂျာဟစ်အဖွဲ့၏ ရည်ရွယ်ချက်နှင့် တောင်းဆိုချက်များကို အကျဉ်းချုံး၍
ဖော်ပြရသော် မူဂျာဟစ်ပါတီမှ ရော်ရှိန်းခေါင်းဆောင်သောအဖွဲ့က မြို့နယ်
ဖဆပလဥက္ကဌ ဦးစိုင်းအောင်ထွန်းမှတဆင့် ဝန်ကြီးချုပ်ထံတင်သွင်းရန်
တောင်းဆိုချက်ပါ စာတမ်းတစ်စောင်ပေးပို့လာပါတယ်။ ထိုတောင်းဆို
ချက်များမှာ

*ရခိုင်ဒေသအတွင်းရှိ မွတ်ဆလင်များအားလုံးကို နိုင်ငံတော်အတွင်းရှိ
ရခိုင်မွတ်ဆလင်များအဖြစ် လက်ခံရန်*

*မူဂျာဟစ်များကို အမြဲတမ်းတပ်မတော်တွင် ရခိုင်မွတ်ဆလင်လက်နက်ကိုင်
တပ်အဖြစ် သီးခြားပေးရန်*

*အစိုးရဌာနတိုင်းတွင် မွတ်ဆလင်များအား အရည်အချင်းလိုက်ဝင်ခွင့်ပြုရန်*

*ဗြိတိသျှအစိုးရကဲ့သို့ မွတ်ဆလင်များအား နာမာလ်(ဘုရားဝတ်ပြုခွင့်)၊
ရူဂျာ(ဥပုသ်ပြုခွင့်)၊ ဟာချ်၊ ဖိုခတ် (ဘူခါ) (အမျိုးသမီးများဝတ်ရုံဝတ်ခွင့်နှင့်
မျက်နှာဖုံးကိုလှန်ကြည့်ခွင့်မရှိရန်)၊ ဘာသာရေးပွဲများ လွတ်လပ်ခွင့်ပြုရန်။*

*မွတ်ဆလင်ကလေးများအား ပညာသင်ကျောင်းတိုင်းတွင် အာရ်ဗီဘာသာကို
အမြဲတမ်းဘာသာအဖြစ် မြန်မာစာနှင့် တန်းတူသတ်မှတ်ပေးရန်။*

*ဘူးသီးတောင်မြို့နယ်၊ မောင်တောမြို့နယ်များတွင် ဆေးရုံကြီးတစ်ရုံနှင့်
ဆေးပေးခန်းများကို လိုအပ်သောနေရာများတွင် တည်ဆောက်ပေးရန်။*

*ဘူးသီးတောင်မြို့နယ်၊ မောင်တောမြို့နယ်များတွင် ကောလိပ်ကျောင်း
တစ်ကျောင်းနှင့် တန်းမြင့်ကျောင်း(၄)ကျောင်း ဖွင့်ခွင့်ပြုရန်*

*နိုင်ငံတော်ဝန်ကြီးချုပ်မှ ၎င်းတို့အဖွဲ့အား ရခိုင်တိုင်းသူပုန်နှိမ်နင်းရေးအတွက်
ကျည်ဆန် အလုံအလောက်ထုတ်ပေးရန်* စတဲ့အချက်တွေဖြစ်ပါတယ်။

မူဂျာဟစ်အဖွဲ့ရဲ့ ရံပုံငွေနဲ့ ပင်ရင်းလက်နက်ထောက်ပံ့မှုကို ဆန်းစစ်လေ့လာ
ခဲ့ဲကြရာမှာ ပညာရှင်များက အောက်ပါအတိုင်း မှတ်တမ်းတင်ခဲ့ကြပါတယ်။

*ဒုတိယကမ္ဘာစစ်ကြီးစတင်ဖြစ်ပွားကာစ ၁၉၄၂ ခုနှစ်တွင် ဗြိတိသျှတပ်များ
စတင်ဆုတ်ခွါလေသည်။ ဗြိတိသျှတို့အနေဖြင့် ၎င်းတို့အောင်မြင်စွာ ဆုတ်ခွါနိုင်ရန်စစ်ပြေးဘက်တော်သားများက အချင်းချင်းရန်တိုက်ပေးသည့် အနေဖြင့် မြန်မာနိုင်ငံသားမဟုတ်သူများကို ကိုယ့်ကိုကိုယ် ကာကွယ်နိုင်ရန်ဟု အကြောင်းပြကာ လက်နက်များပေးအပ်ခဲ့သည်။ ထိုအချိန်တွင် အင်္ဂလိပ်စစ်တပ်မှ ကုလားစစ်သည်များက ဒေသခံ
ကုလားများနှင့်ပေါင်းကာ ရခိုင်အမျိုးသားများကို သတ်ဖြတ်မှုများ စတင်ခဲ့သည်။*

*ကုလား-ရခိုင် အဓိကရုဏ်း ရုတ်တရက်ဖြစ်ရခြင်းသည် မြေပုံမြို့နယ်၊ ချောင်းကြီးရွာ
သူကြီး ညီအစ်ကိုနှစ်ဦးကို ရက်ချောင်းရွာမှ ကုလားများက စတင်သတ်ဖြတ်ခဲ့ခြင်းကြောင့်ဖြစ်သည်။ ထိုအဖြစ်အပျက်ကို အကြောင်းပြု၍ သိန်းအောင်ကျော်၊ ကျော်ယ အစရှိသော
ရခိုင်တိုင်းရင်းသားတို့က ဒေါသထွက်ကာ ဧည့်သည်ရက်ချောင်း ကုလားတို့ကို လက်စားချေသတ်ဖြတ်သည်တွင် ကုလား-ရခိုင် အဓိကရုဏ်းစတင်ခဲ့ခြင်းဖြစ်သည်။

ထိုမှတဆင့် မြောက်ဦး၊ ကျောက်တော် မြို့နယ်များသို့ ကူးစက်သွားခဲ့သည်။ ထိုမြို့နယ်များမှထွက်ပြေးလာသော ကုလားများသည် ဘူးသီးတောင်၊ မောင်တောမြို့နယ်များသို့
ရောက်ရှိလာပြီး ယင်းမြို့နယ်ရှိကုလားများနှင့်ပူးပေါင်းကာ
ဒေသတွင်းရှိရခိုင်လူမျိုးတို့ကိုလက်စားချေပြန်သဖြင့် မောင်တော
မြို့နယ်မြစ်အရှေ့ဖက်ခြမ်း ဘူးသီးတောင်မြို့နယ်နှင့်
ရသေ့တောင်မြို့နယ်ရှိ ရခိုင်ရွာများသည် မီးရှီု့ဖျက်စီးခြင်း၊ သတ်ဖြတ်ခံရခြင်းများကြောင့် ရခိုင်လူမျိုးများထွက်ပြေးကြရသည်။ ရခိုင်လူမျိုးများ အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရသည်။
ယင်းသို့ပျက်စီးသွားခြင်းကြောင့် ယနေ့အထိ နာလန်မထူနိုင်ပဲ ဘူးသီးတောင်၊ မောင်တောမြို့နယ်များတွင်ရခိုင်ရွာများ အနည်းငယ်သာကျန်ရှိတော့သည်။*

*ထိုအဓိကရုဏ်းကြောင့် ရခိုင်လူမျိုး (၂၀၀၀၀) နှစ်သောင်းခန့် အသက်ဆုံးရှုံးခဲ့ရပြီးဘူးသီးတောင်၊ မောင်တောမြို့နယ်မှ ရခိုင်ရွာများအားလုံး ဖျက်စီးခံခဲ့ရသည့်အပြင် ရသေ့တောင်မြို့နယ်မှ ရခိုင်ရွာတစ်ချို့ပါ ဖျက်စီးခံခဲ့ရသည်။ စစ်တွေဘက်သို့ ထွက်ပြေး
သူများကို မွတ်ဆလင်များက သတ်ဖြတ်နေကြောင်း ကြားသိရသည့် ရခိုင်တိုင်းရင်းသားတို့သည် နောက်ဆုံးတွင် အင်္ဂလိပ်အစိုးရဘက်မှ တာဝန်ခံရခိုင်အရာရှိ အကူအညီဖြင့် ဒိန္ဒာစပူရ် စစ်ပြေးစခန်းသို့ ထွက်ပြေးခဲ့ရသည်။*

*ဘူးသီးတောင်၊ မောင်တောမြို့နယ်တွင် ဒုတိယကမ္ဘာစစ်အတွင်း ဘင်္ဂလီတို့၏ ရက်စက်စွာသတ်ဖြတ်မှုကြောင့် သေဆုံးကြရခြင်း၊ ထွက်ပြေးကြရခြင်းနှင့် ပက်သက်သည့် အသက်ရှင်ကျန်ရစ်သူ တို့၏ ပြောကြားချက်အရ မွတ်ဆလင်ကုလားတို့၏ အစီအစဉ်သည် ၎င်းဒေသအတွင်း အခွင့်အရေးကြုံခိုက် ရခိုင်တစ်ဦး
တစ်ယောက်မှ မကျန်အောင်အပြတ်ရှင်းရန် စီစဉ်ခြင်းပင်ဖြစ်သည်။*

*မောင်တောမြို့နယ်တွင် အလယ်သံကျော်၊ တပ်တိုးပြင်၊ စပ်ချကုန်း၊ ရှောက်ကိန်း၊ မြို့ချောင်းစသည့်ရွာများသည် မွတ်ဆလင်ဒဏ်ကို အကြီးအကျယ်ခံစားခဲ့ရသည်။ ထိုရွာမှ ရွာသားများသည် ဒိန္ဒာစပူရ် စစ်ပြေးစခန်းသို့ တစ်ဦးမှရောက်ရှိလာခြင်းမရှိချေ။

ထွက်ပြေးသွားခဲ့ရသော ရခိုင်တိုင်းရင်းသားများ၏ လယ်ယာ၊ ကျွဲနွားများကို မွတ်ဆလင်များမှ ဝင်ရောက်သိမ်းပိုက် လုပ်ကိုင်ခဲ့ကြသည်။*(နောင်အခါတွင် အင်္ဂလိပ်တို့တပ်ဆင်ပေးခဲ့သည့် လက်နက်များနှင့် ၎င်းလယ်မြေသီးစားခ များသည် မူဂျာဟစ်တို့၏ အဓိကအထောက်အပံ့များ ဖြစ်လာသည်။)

*မူဂျာဟစ်သောင်းကျန်းသူများ၏ စနစ်ကြောင့် မောင်တောမြို့နယ်ရှိ ဗုဒ္ဓဘာသာကျေးရွာများ မကြာခဏ ပြိုပျက်ခဲ့ရသည်။ ကျေးရွာတစ်ချို့မှာ မူဂျာဟစ်များ၏လက်ချက်ကြောင့် ရွာအမည်သာ ကျန်ရှိတော့သည်။ တပ်မတော်သည် ၁၉၅၀ ခုနှစ်တွင် မေယုအော်ပရေးရှင်းချမှတ်ကာ မူဂျာဟစ်ဌာနချုပ်ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။*

*၁၉၅၁ ခုနှစ်၊ မတ်လတွင် ရခိုင်တိုင်းမြောက်ပိုင်းရှိ သောင်းကျန်းသူများကို
စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။ မူဂျာဟစ်များသည် အရှေ့ပါကစ္စတန် ဘက်သို့ ထွက်ပြေးသွားကြပြီး တပ်မတော်ထိုးစစ် ရုတ်သိမ်းသွားသည့်အခါ ထကြွမြဲ ထကြွပြန်သည်။ မူဂျာဟစ်တို့အနေဖြင့် လူမျိုးရေး၊ ဘာသာရေး ဆိုင်ရာ အဓိကရုဏ်းများစွာကိုဖန်တီးခဲ့ကြသည်။*

*၁၉၅၂ ခုနှစ်တွင် စစ်တွေခရိုင်မင်းကြီးက မူဂျာဟစ်တပ်ခေါင်းဆောင် ကာဆင်အားဆုငွေ ၂၅၀၀ ထုတ်လိုက်ခြင်းနှင့်ပက်သက်၍ ကာဆင်မှလည်း ရခိုင်တိုင်းမင်းကြီးအား ဆုတော်ငွေ ၁၀၀၀၀(တစ်သောင်းတိတိ)
ပေးမည်ဟု ပြန်လည်ထုတ်ပြန်ကာ ရခိုင်ဒေသအတွင်းမှ စပါးများအား ပါကစ္စတန်သို့ မှောင်ခိုတင်ပို့ခြင်းကို လက်နက်ကိုင် အလုံအရင်းဖြင့်
ဆောင်ရွက်ခဲ့သည်။

မူဂျာဟစ်သောင်းကျန်းသူအင်အား အလွန်
တောင့်တင်းသောကြောင့် စစ်တွေရာဇဝတ်ဝန် ဦးတင်ကိုယ်တိုင် ဦးစီးကာ ရေတပ်အင်အားဖြင့် တားဆီးခဲ့ရသည်။*

*ရခိုင်ဒေသ ပါလီမန်အမတ် ဦးဘမြိုင်၊ ဦးကျော်မင်း၊ ဦးလှထွန်းဖြူတို့ပါဝင်သောပါလီမန်အမတ် ၁၃ ဦးတို့သည် ၁၉၅၂ ခုနှစ်၊ မတ်လ (၂၀)ရက်တွင် ရန်ကုန်မြို့၌သတင်းထောက်များနှင့်တွေ့ဆုံကာ ရခိုင်ပြည် ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင် မြို့များတွင် သောင်းကျန်းလျှက်ရှိသော မူဆလင်မူဂျာဟစ်များအရေး၊
မြန်မာနိုင်ငံအတွင်းသို့ ရခိုင်ပြည်နယ် နယ်စပ်မှနေ၍ အတားအဆီး မရှိဝင်ရောက်နေသော ပါကစ္စတန်ပြည်သားများ အရေးကို ရှင်းပြခဲ့သည်။*

*ဦးဘမြိုင်က ပြောကြားရာတွင် မူဆလင်လူမျိုးများသည် ၁၉၄၈ ခုနှစ်မှစ၍
မူဂျာဟစ် ခေါ် သူပုန်အဖွဲ့ကြီးကိုတည်ထောင်ကာ ခေတ်မမီလက်နက်များဖြင့်
ရခိုင်အမျိုးသားများအား လုယက်တိုက်ခိုက်၍ ရခိုင်အမျိုးသား/အမျိုးသမီးပေါင်း
များစွာကို သတ်ဖြတ်ခဲ့ကြောင်း၊ ၎င်းတို့၏ရန်ကို ကြောက်ရွံ့သဖြင့် ဘူးသီးတောင်နှင့်မောင်တောမြို့နယ်များရှိ ရခိုင်များသည်
မနေရဲကြတော့ဘဲ ရခိုင်ပြည်မသို့ ထွက်ပြေးလာကြကြောင်း၊ ပြည်ထောင်စု
မြန်မာနိုင်ငံတော်အစိုးရသည် လူဝင်လူထွက်ဥပဒေအတည်ပြုပြီး သက်ဆိုင်ရာတို့အား တာဝန်ဝတ္တရားများစွာ ပေးထားသော်လည်း တာဝန်ခံအရာရှိများက တာဝန်မကျေပွန်သဖြင့် ပါကစ္စတန်ပြည်သားများ
အချိန်မရွေး ဝင်ထွက်နေကြကြောင်း ပြောဆိုခဲ့သည်။*

*ဦးကျော်မင်းက ပြောကြားရာတွင် ၎င်းအရေးနှစ်ခုအနက် ပါကစ္စတန်ပြည်သားများမြန်မာပြည်တွင်းသို့ ပြည်ဝင်ခွင့်လက်မှတ်မပါဘဲ ထင်သလိုဝင်ရောက်နေသောအရေးမှာ နယ်စပ်ရှိ ကူမင်တန်စစ်ပြေးများ၏ အရေးထက် ပို၍အရေးကြီးကြောင်း၊မူဂျာဟစ်အင်အားမှာ ၄၀၀ ခန့်မျှသာဖြစ်၍ နိုင်ငံတော်အစိုးရအနေဖြင့် တိုက်ခိုက်နှိမ်နင်းရန်
တောင်းဆိုပြောကြားခဲ့သည်။*

*တပ်မတော်သည် ၁၉၅၂ ခုနှစ်၊ အောက်တိုဘာလတွင် မေယုစစ်ဆင်ရေး
ကိုဒုတိယအကြိမ် စတင်ပြန်သည်။ နိုဝင်ဘာလတွင် မူဂျာဟစ်ဌာနချုပ် တည်ရှိရာ လက်ပန်တောင်ကို တပ်မတော်က တိုက်ခိုက်သိမ်းပိုက် လိုက်သည်။ ထို့ကြောင့် ကာဆင်ခေါင်းဆောင်သော မူဂျာဟစ်တို့ များစွာအင်အားနည်းသွားခဲ့သည်။ သို့သော် တစ်နိုင်ငံလုံးဆူူပူ
သောင်းကျန်းမှု ဖြစ်ပေါ်နေချိန်ဖြစ်သဖြင့် ကြာရှည်စွာထိန်းမထားနိုင်ဘဲ စစ်ဆင်ရေးကာလ ကုန်သည်နှင့်ပြန်လည်ရုတ်သိမ်းရသည်။
မူဂျာဟစ်များသည် တပ်မတော်စစ်ကြောင်း ရုတ်သိမ်းသွားသည်နှင့် ရခိုင်ကျေးရွာများကို တိုက်ခိုက်ဖျက်စီးပြန်သည်။*

*၁၉၅၄ ခုနှစ်၊ နိုဝင်ဘာလတွင် တပ်မတော်သည် မုတ်သုန်စစ်ဆင်ရေးဖြင့်
မူဂျာဟစ်ခြေကုတ်စခန်းများနှင့် ဌာနချုပ်ဖြစ်သည့် မင်္ဂလာကြီးစခန်းကို တိုက်ခိုက်သိမ်းဆည်းနိုင်သဖြင့် ကာဆင်သည် အရှေ့ပါကစ္စတန်သို့ ထွက်ပြေးသွားသည်။ မြန်မာအစိုးရမှ ထွက်ပြေးသွားသည့် ကာဆင်ကို ပြန်လည်အပ်နှံရန် တောင်းဆိုသော်လည်း
တရားခံလွှဲပြောင်းနိုင်သည့် စာချုပ်ချုပ်ဆိုထားခြင်းမရှိသဖြင့် လွှဲပြောင်းမပေးနိုင်ကြောင်း အကြောင်းပြန်ခဲ့သည်။*

*၎င်းကိစ္စကို ပါကစ္စတန်သမ္မတကြီး မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်စဉ်
သတင်းထောက်များမှ မေးမြန်းရာပါကစ္စတန်သမ္မတက ကာဆင်ကို
ထောင်ထဲတွင် ၅နှစ်ထားခဲ့ပြီး ယခုအခါ ၎င်းအား အခြားသို့သွားခွင့်မပြုပဲ နေအိမ်အကျယ်ချုပ်ချထားကြောင်း ပြောကြားခဲ့သည်။*

*၁၉၆၁ ခုနှစ်တွင် မေယုခရိုင်အုပ်ချုပ်ရေး ဖွဲ့စည်းပြီးနောက် ထိုးစစ်များဆင်ခဲ့ရာ နှစ်လအကြာတွင် ဘူးသီးတောင် တောင်ပိုင်း မူ၈ျာဟစ်ပါတီဥက္ကဌ ရော်ဘီဟူလာ၊ ဒုဥက္ကဌ မော်စတော်ဖီနှင့် အဖွဲ့ဝင်ပေါင်း ၂၉၀ ကျော်တို့ လက်နက်ချသည်။မြန်မာနိုင်ငံမှ ကာဆင်ကိုလွှဲပေးရန် အပြင်းအထန်တောင်းဆိုလာချိန်တွင် အိမ်ချုပ်မှ လွှတ်ပေး
လိုက်သည်ကို တွေ့ရသည်။ ထိုကိစ္စများထဲတွင် ပါကစ္စတန်အစိုးရ ပါဝင်ပက်သက်နေသည့် သဘောကို ထင်ရှားစွာတွေ့မြင်ရခြင်းဖြစ်သည်။*
...........................................
မူဂျာဟစ်ဒင်
အဖွဲ့အစည်းနဲ့ပက်သက်ပြီးတော့ အကျဉ်းချုပ်ရေးသားရာမှာ ကိုးကား
စရာ စာတမ်းအဖြစ်က “ဒေါက်တာမြင့်သိန်း(သမိုင်းသုတေသန)”
ရေးသားခဲ့တဲ့ *မြန်မာနိုင်ငံအတွင်း မွတ်စလင်များဝင်ရောက်လာခြင်းနှင့်
နိုင်ငံရေးလှုပ်ရှားမှုအဆင့်ဆင့်* သမိုင်းသုတေသနစာတမ်း၊ တပ်မတော်
မှတ်တမ်းအချို့၊ ၁၉၄၈-၁၉၅၄ သတင်းစာမှတ်တမ်းအချို့၊ ရခိုင်ပြည်နယ်
အစီရင်ခံစာ(လက်နှိပ်စက်မှတ်တမ်း)အချို့ကို ကိုးကားပြီးရေးသားရပါတယ်

(မိတ်ဆွေအများ လေ့လာရင်းဖြင့် အသိပညာတိုးတက်ကြပါစေ)

စာအုပ် ဒေါင်းယူပါရန်

Thant Lwin Oo
Image may contain: text

 

Download 

မြန်မာနိုင်ငံ ဘာသာရေး နှိပ်ကွပ်မှု အစီရင်ခံစာ နှစ်စောင် USCIRF ထုတ်ပြန်




မြန်မာနိုင်ငံ ဘာသာရေး နှိပ်ကွပ်မှု အစီရင်ခံစာ နှစ်စောင် USCIRF ထုတ်ပြန်


 မြန်မာနိုင်ငံမှာ လူနည်းစု ခရစ်ယာန် ဘာသာဝင်တွေနဲ့ အခြားလူနည်းစု ရိုဟင်ဂျာ မူဆလင်တွေပေါ် ဖိနှိပ်ခွဲခြား ဆက်ဆံမှုတွေ လုပ်နေတယ်-ဆိုပြီး အမေရိကန် ရဲ့ နိုင်ငံတကာဘာသာရေးလွတ်လပ်ခွင့်ကော်မရှင်က ဒီဇင်ဘာ ၁၃ အင်္ဂါနေ့မှာ အစီရင်ခံစာ၂စောင်ကို တပြိုင်နက်ထုတ်ပြန် လိုက်ပါတယ်။ မြန်မာနိုင်ငံတွင်း ဘာသာရေး လွတ်လပ်ခွင့် ချိုးဖေါက်မှုတွေနဲ့ ပတ်သက်လို့ သူတို့ရဲ့လေ့လာတွေ့ရှိ ချက်တွေကို မြန်မာအစိုးရ ကိုရော၊ အမေရိကန်အစိုးရကိုပါ တိုက်တွန်း အကြံပြု သွားမှာ ဖြစ်တယ်လို့ဆိုပါတယ်။

 ဒီအကြောင်း ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။
USCIRF လို့ခေါ်တဲ့ အမေရိကန်အစိုးရရဲ့ နိုင်ငံတကာ ဘာသာရေးလွတ်လပ် ခွင့်ကော်မရှင်က မြန်မာပြည်က ခရစ်ယာန်ဘာသာဝင်တွေနဲ့ ပတ်သက်လို့ Hidden Plight လို့အမည်ပေးထားတဲ့ အစီရင်ခံစာနဲ့ သူတို့အဆို လူနည်းစု ရိုဟင်ဂျာ မူဆလင်တွေနဲ့ ပတ်သက်ပြီး Suspended in Time ဆိုတဲ့ အစီရင်ခံစာ ၂ စောင်ကို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ဒီအစီရင်ခံစာနဲ့ပတ်သက်ပြီး ၀ါရှင်တန်ဒီစီမှာရှိတဲ့ သတင်းထောက်များ အသင်းမှာ ဒီဇင်ဘာ ၁၃ ရက်ညနေပိုင်းက သတင်းစာ ရှင်းလင်းပွဲတရပ် လုပ်ခဲ့ပါတယ်။

ခရစ်ယာန်ဘာသာဝင်တွေရဲ့ လွတ်လပ်စွာကိုးကွယ်ခွင့် ချိုးဖောက်ခံနေရတဲ့ အခြေ အနေကို Hidden Plight ဖုံးကွယ်ထားတဲ့ အတိဒုက္ခဆိုတဲ့ အစီရင်ခံစာမှာ ဖော်ပြ ထားပြီး မြန်မာနိုင်ငံက ခရစ်ယာန် ဘာသာဝင်တွေဟာ အချိန်အတော်ကြာ ကတည်းက ဖိနှိပ်ခွဲခြား ဆက်ဆံခံနေရတာ တွေက ခုထိဆက်ရှိနေဆဲပဲလို့ အမေရိကန်ရဲ့ နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့်ကော်မရှင် အရှေ့တောင် အာရှပေါ်လစီပိုင်းဆိုင်ရာ အဆင့်မြင့် ကျွမ်းကျင်သူ Tina Mufford က VOA မြန်မာပိုင်းကို ပြောပါတယ်။

“ ပထမ အစီရင်ခံစာကတော့ လူနည်းစုခရစ်ယာန် ဘာသာဝင်တွေအပေါ် ဖိနှိပ်မှုကို မီးမောင်းထိုးပြထားတာ ဖြစ်ပါတယ်။ ဆယ်စုနှစ်ပေါင်းများ စွာ စစ်အစိုးရခေတ် အဆက်ဆက် လက်ထက် စစ်တပ်နဲ့အာဏာပိုင်တွေရဲ့ လက်အောက်မှာ ခွဲခြား ဆက်ဆံမှု နှိပ်စက်ခံရမှုတွေအကြောင်းကို ရေးသားထားတာ ဖြစ်ပါတယ်။

ပညာ သင်ပိုင်ခွင့် အလုပ်အကိုင် ရပိုင်ခွင့် ဘာသာရေး အဆောက်အဦဆောက်ဖို့ မြေယာ ပိုင်ဆိုင်ခွင့်၊ ဘာသာရေး အဆောက်အဦ ပြင်ဖို့ ဒါမှမဟုတ် ဆောက်ဖို့အပြင် လက်ဝါး ကပ်တိုင်ထောင်ဖို့ စသည်ဖြင့်တို့ကို စနစ်အရ ဟန့်တား ထားတာတွေ ရှိပါတယ်။ ဒါ့အပြင် ကိုးကွယ်တဲ့ဘာသာ အတင်းပြောင်းခိုင်းမှု အစိုးရအမှုထမ်းတွေ ဆိုလည်း မြန်မာ ဗုဒ္ဓဘာသာ အခါကြီး ရက်ကြီးတွေမှာ မဖြစ်မနေ ပါဝင်ဆင်နွှဲ ရတာတွေ အလှူငွေ ထည့်ရတာတွေ စသဖြင့်တို့ ပါဝင်ကြပါတယ်။ သူတို့တွေဟာ ခရစ်ယာန်ဘာသာ ကိုးကွယ်ရာမှာ ကျယ်ကျယ်ပြန့်ပြန့် ဟန့်တားခံရတာတွေ ရှိပါတယ် ”

Suspended in Time အစိုးရရဲ့ အချိန်ဆိုင်းငံ့နေခြင်းဆိုတဲ့ အစီရင်ခံစာမှာတော့ ရိုဟင်ဂျာ မွတ်ဆလင်တွေ ဖိနှိပ်ခံနေရတဲ့ ကိစ္စတွေကို အသေးစိတ်ရေးသား ထား ပါတယ်။ ဒီအစီရင်ခံစာနဲ့ပတ်သက်လို့ Tina Mufford က ပြောတာကတော့ -

“ ဒုတိယ အစီရင်ခံစာကတော့ ရိုဟင်ဂျာ မွတ်ဆလင်တွေနဲ့ ပတ်သက်ပြီး အရင် ဦးသိန်းစိန် အစိုးရလက်ထက်မှာ ရိုဟင်ဂျာမွတ်ဆလင်တွေရဲ့ အခြေအနေဟာ သိသိ သာသာကြီး ကျဆင်းလာတာကို ဖေါ်ပြထားတာ ဖြစ်ပါတယ်။ အသွင်ကူးပြောင်းရေး ကာလာ ဖြစ်ပေမယ်လို့လည်း ရိုဟင်ဂျာ မွတ်ဆလင်တွေရဲ့ အခြေအနေကတော့ ပိုဆုတ်ယုတ်ခဲ့ပြီး ဒီကနေ့ မြင်တွေ့နေရတဲ့ အခြေအနေအထိ ဆိုက်ရောက် ခဲ့တာ ဖြစ်ပါတယ် ”


USCIRF အနေနဲ့ သူတို့ ပြုစုထားတဲ့ အစီရင်ခံစာ နှစ်ရပ်ပေါ်မူတည်ပြီး သူတို့ရဲ့ လေ့ လာတွေ့ရှိ ချက်တွေကို မြန်မာအစိုးရကို အကြံပြုရာမှာ ဘာသာရေး လွတ်လပ်ခွင့် ဆိုင်ရာ အထူးစုံစမ်း စစ်ဆေးရေးမှူး မြန်မာနိုင်ငံကို လာရောက်ခွင့် ပြုဖို့နဲ့ လူ့အခွင့် အရေးဆိုင်ရာ ကုလသမဂ္ဂရုံးခွဲ ဖွင့်ဖို့ကို တိုက်တွန်းထားပါတယ်။

အမေရိကန် အစိုးရ ရဲ့ နိုင်ငံခြားရေးပေါ်လစီမှာ ဘာသာရေးလွတ်လပ်ခွင့်နဲ့ပတ်သက်ပြီး USCIRF အဖွဲ့ အနေနဲ့ နှစ်စဉ်အကြံပေး တင်ပြရတာ ဖြစ်တဲ့အတိုင်း အစီရင်ခံစာပေါ် မူတည်ပြီး Tina Mufford ကခုလို တိုက်တွန်းခဲ့ပါတယ်။
“ ကျမတို့ USCIRF ကော်မရှင်ရဲ့အခန်းကဏ္ဍကတော့ အမေရိကန် အစိုးရကို ဘာသာရေး လွတ်လပ်ခွင့်နဲ့ ပတ်သက်လို့ နိုင်ငံခြားရေး ပေါ်လစီမှာ အကြံပေးဖို့ ဖြစ် တဲ့အတိုင်း အမေရိကန်နိုင်ငံခြားရေး ဌာနအနေနဲ့ မြန်မာနိုင်ငံကို ဘာသာရေး လွတ်လပ်ခွင့်နဲ့ ပတ်သက်လို့ ၁၉၉၉ ခုနှစ် ကတည်းက စိုးရိမ်မကင်းဖြစ်တဲ့ နိုင်ငံ စာရင်းထဲမှာ ထည့်သွင်းခဲ့တာ ဖြစ်ပါတယ်။

လတ်တလောကတော့ အောက်တိုဘာ လ ၃၁ ရက်နေ့ကပဲ ဖြစ်ပါတယ်။ ကျမတို့ အဖွဲ့အစည်းအနေနဲ့ မြန်မာနိုင်ငံအခုလို စာရင်းတင်သွင်းခံရတာကို ထောက်ခံသလို နှစ်စဉ်ပဲ အကြံပေးခဲ့တာဖြစ်ပါတယ်။ အကြောင်းကတော့ ဘာသာရေး လွတ်လပ်ခွင့် အခြေအနေဟာ မြန်မာနိုင်ငံမှာ ကျဆင်းနေလို့ပဲ ဖြစ်ပါတယ် ”

အစီရင်ခံစာမှာ ရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီး ဖြေရှင်းဖို့ ကုလသမဂ္ဂ အတွင်းရေးမှူး ချုပ်ဟောင်း ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်အကြံပေးကော် မရှင် ဖွဲ့စည်းတာအပြင်၊ လာမယ့် တနင်္လာနေ့ ရန်ကုန်မှာ ရိုဟင်ဂျာ အရေးဆွေးနွေးဖို့ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အထူးအစည်းဝေးပွဲကို ဒေါ်အောင်ဆန်းစုကြည် ခေါ်ယူထားတဲ့အပေါ် USCIRF အနေနဲ့ ကြိုဆိုကြောင်းနဲ့ ဒါဟာ အပြုသဘော ဆောင်တဲ့ခြေလှမ်း ဖြစ်ကြောင်း Tina Mufford က ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဖွဲ့စည်းပုံအရ စစ်တပ်ကဆက်ပြီး လုပ်ပိုင်ခွင့် အာဏာတည်မြဲနေတဲ့ အခြေအနေနဲ့ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာ ဖြစ်အောင် ကြိုးစားနေကြတဲ့ အချက်တွေက ခရစ်ယာန် ဘာသာဝင်တွေရဲ့ လွတ်လပ်စွာကိုးကွယ်ခွင့် ချိုးဖောက် ခံနေရတာကို နားလည်နိုင်မယ့် အဓိက အချက်တွေဖြစ်တယ်လို့ ဖုံးကွယ်ထားသည့် အတိဒုက္ခ အစီရင်ခံစာထဲမှာ ပြောထားပါတယ်။

စစ်အစိုးရ လက်ထက်ကတည်းက ရှိခဲ့တဲ့ ခွဲခြား ဆက်ဆံရေး မူဝါဒနဲ့ အလေ့အထတွေဟာ ဒီကနေ့အထိ ရှိနေသေး တယ်လို့လဲ ဆိုထားပါတယ်။ တပ်မတော်ကို အရပ်သားအစိုးရ ထိန်းချုပ်မှုအောက်ေ ရာက်အောင်လုပ်ဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD အစိုးရ ရင်ဆိုင်နေရတဲ့ အခက် အခဲတွေထဲမှာ ဒီပြဿနာတွေက မီးမောင်းထိုးပြ နေတယ်လို့လည်း အင်္ဂါနေ့က ထုတ်ပြန် ခဲ့တဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံမှာ လူတိုင်း လွတ်လပ်စွာ ကိုးကွယ်ခွင့် ရရှိရေးနဲ့ လူနည်းစု ရပိုင်ခွင့်တွေကို အကာအကွယ်ပေး ဖို့ မြန်မာအစိုးရကို အစီရင်ခံစာထုတ်ပြန်သူတွေက တိုက်တွန်းထားပါတယ်။


http://burmese.voanews.com/a/uscirf-religious-…/3635498.html

ဘင်္ဂါလီပုံဆိုပြီး ဓာတ်ပုံနှင့် ဗီဒီယိုဖိုင်အတုများ ဖြန့်ဝေနေမှုကို နိုင်ငံတကာမီဒီယာအချို့ စတင်ဖော်ထုတ်




ဘင်္ဂါလီပုံဆိုပြီး ဓာတ်ပုံနှင့် ဗီဒီယိုဖိုင်အတုများ ဖြန့်ဝေနေမှုကို နိုင်ငံတကာမီဒီယာအချို့ စတင်ဖော်ထုတ်

 ဘင်္ဂါလီများ၏ ဓာတ်ပုံနှင့် ဗီဒီယိုများအဖြစ် နိုင်ငံတကာရှိ အင်တာနက်အသုံးပြုသူများက ဖြန့်ဝေနေမှုများ၌ အစစ်အမှန် မ ဟုတ်ဘဲ အခြားနိုင်ငံများမှ အဖြစ် အပျက်များ၊ သဘာဝဘေးဒဏ်ခံ ရပုံများကိုပါ ရောယောင်ဖြန့်ဝေ နေကြောင်း ဘီဘီစီ၊ ၀ါရှင်တန်ပို့စ် အပါအ၀င် နိုင်ငံတကာ သတင်း ဌာနများက စတင်ထုတ်ဖော် ရေးသားလာသည်။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ် တွင် ဘင်္ဂါလီ (မူရင်းသတင်းတွင် ရိုဟင်ဂျာ)များအပေါ် နှိပ်စက် ညှဉ်းပန်းနေပုံများအဖြစ် ကမ္ဘာ တစ်ဝန်း လူမှုကွန်ရက်များတွင် ဓာတ်ပုံအတုများ ဖြန့်ဝေလျက်ရှိ သည်။ လူအချို့မှာ ယင်းပုံများ အစစ်အမှန်မဟုတ်ကြောင်း မသိဘဲနှင့် ဖြန့်ဝေနေခြင်းဖြစ်သည်။
ယင်းပုံများအနက် တစ်ပုံမှာ အလောင်းကောင်များကြားတွင် ရပ်နေသော ဗုဒ္ဓဘာသာဘုန်းကြီး များပုံဖြစ်ပြီး ဘင်္ဂါလီများအပေါ် ဗုဒ္ဓဘာသာဝင်များ၏ အကြမ်း ဖက်နေမှု နမူနာပုံတစ်ပုံ အ ထောက်အထားအကိုးအကားအ ဖြစ် အသုံးပြုနေသည်။ သို့သော် ယင်းပုံမှာ မြန်မာနိုင်ငံမှမဟုတ်ဘဲ ၂၀၁၀ ဧပြီက တရုတ်နိုင်ငံ ငလျင် လှုပ်ခတ်မှုပြီးနောက် ငလျင်ဒဏ် သင့် သေဆုံးခဲ့ရသူများကို မီး သင်္ဂြိုဟ်ရန် ဘုန်းကြီးများက ပြင် ဆင်နေပုံဖြစ်သည်။

အခြားပုံ တစ်ပုံမှာ မီးလောင် ကျွမ်းနေသော လူတစ်ယောက် လမ်းပေါ် ပြေးလွှားနေပုံဖြစ်သည်။ ထိုလူကို အရှင်လတ်လတ် မီးရှို့ ခံခဲ့ရကြောင်း အဖွဲ့တစ်ဖွဲ့က ဖေ့စ် ဘွတ်ခ်တွင် ရေးသား ဖြန့်ဝေခဲ့ သည်။ သို့သော် အဖြစ်မှန်မှာ ထို ဓာတ်ပုံပါလူမှာ တိဗက်တက်ကြွ လှုပ်ရှားသူ Jamphel Yeshi ဆိုသူ ဖြစ်ပြီး အိန္ဒိယသို့ တရုတ်သမ္မတ၏ အလည်အပတ်ခရီးစဉ်ကို ဆန့် ကျင်ကန့်ကွက်သည့်အနေဖြင့် ၂၀၁၂ ခုနှစ်က အိန္ဒိယနိုင်ငံ ဒေလီ မြို့တွင် ၎င်းကိုယ်၎င်း မီးရှို့ဆန္ဒပြ ခြင်းဖြစ်သည်။

အခြားတစ်ပုံမှာ ကျောပြင် အနှံ့ ရိုက်နှက်ခံထားရသည့် အရှိုး ရာများအပြည့်ဖြင့် ယောက်ျားလေး တစ်ဦး သစ်သားတိုင်တစ်တိုင်တွင် ချည်နှောင်ခံထားရသော ပုံဖြစ် သည်။ အွန်လိုင်းပို့စ်များက ထို ကလေးငယ်မှာ ဘင်္ဂါလီ (နိုင်ငံတ ကာသတင်းများတွင် ရိုဟင်ဂျာ) ကလေးငယ်ဖြစ်သည်ဟု ပြော သော်လည်း အမှန်တကယ်တွင် ၂၀၁၅ အစောပိုင်းက သကြားလုံး ခိုးခြင်းကြောင့် ဆွေမျိုးတစ်ဦး၏ ရိုက်နှက်ခြင်းခံရသော အသက် (၇)နှစ်အရွယ် ထိုင်းကလေးငယ် ဖြစ်နေသည်။

ထို့အပြင် အိန္ဒိယနှင့် ပါကစ္စ တန်တွင် ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့ ခဲ့သော ဓာတ်ပုံတစ်ပုံရှိသေးသည်။ မြေပြင်ပေါ်တွင် မှောက်လှဲ၍ လက် များရှေ့သို့ ဖြန့်တန်းခင်းကျင်း ထားသော ကျောင်းသားကလေး များ၏ လက်များပေါ်သို့ ဆိုင်ကယ် တစ်စီးက ဖြတ်မောင်းနေသောပုံ ဖြစ်သည်။ ထိုအဖြစ်အပျက်မှာ အိန္ဒိယတောင်ပိုင်းရှိ ကိုယ်ခံပညာသင်တန်းကျောင်းတစ်ခုမှ ကျောင်းသားများ၏ပုံဖြစ်သည်။

‘Last Blood’ အမည်ရှိ ဟောလိဝုဒ်၏ ရမ်ဘိုရုပ်ရှင် ဇာတ် လမ်းတွဲတစ်ခုမှ ဇာတ်ဝင်ခန်းတစ် ခန်းကို ဖေ့စ်ဘွတ်ခ်ပေါ်တွင် ဘင်္ဂါ လီများကို နှိပ်စက်ညှဉ်းပန်းမှု ဗီဒီ ယိုဟုဆိုကာ ဘင်္ဂလားစာတန်းထိုး ၍ ဖြန့်ဝေမှုများလည်းရှိသည်။ နိုဝင်ဘာ ၂၀ ရက်ကလည်း ဖေ့စ် ဘွတ်ခ် အသုံးပြုသူတစ်ဦးသည် မီးတောက် မီးလျှံများကြားမှ မိန်း ကလေးတစ်ဦး၏ ဗီဒီယိုကို ‘မြန်မာ မွတ်စလင်များကို သတ်ဖြတ်နေမှု ရပ်’ဟု စာထိုးကာ ဖြန့်ဝေခဲ့သည်။

ယင်းဗီဒီယိုထဲမှ အဖြစ်အ ပျက်အမှန်မှာ ဂွါတီမာလာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ၂၀၁၅ မေလက အသက် (၁၆)နှစ်အရွယ် မိန်းကလေးကို လူအုပ်ကြီးက ရိုက်နှက်၍ မီးလောင်တိုက်သွင်း သတ်ခဲ့ခြင်းဖြစ်ပြီး ယင်းသတင်း ကို CNN၊ The Independent တို့ အပါအ၀င် နိုင်ငံတကာ မီဒီယာ များစွာက သတင်းအမှန်ဖြင့် ဖော် ပြခဲ့ဖူးသည်။

နိုဝင်ဘာ ၂၀ ရက်က AFP ဓာတ်ပုံတစ်ပုံကိုသုံးကာ ဘင်္ဂလား ဒေ့ရှ်သတင်းစာတစ်စောင်က တ လွဲဖော်ပြမှုရှိခဲ့သည်။ AFP က ယင်း၏ပုံစာတွင် ထိုပုံကို ၂၀၁၆ နိုဝင်ဘာ ၁၈ ရက်တွင် မြန်မာ့တပ် မတော်က ထုတ်ပြန်ခဲ့ကြောင်း၊ အကြမ်းဖက်စီးနင်း တိုက်ခိုက်သူ များက အိမ်အလုံး ၈၀ ကို မီးရှို့ ခဲ့သည်ဟူသော စွပ်စွဲမှုထွက်ပေါ် ခဲ့ပြီးနောက် နိုဝင်ဘာ ၁၃ ရက် တွင် ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီး ရခိုင်ပြည်နယ် မောင်တော၌တည် ရှိသော ၀ါးပိတ်ကျေးရွာတွင် မြန်မာ စစ်သားများက မီးငြှိမ်းသတ်နေ ကြောင်း ဖော်ပြခဲ့သည်။ သို့သော် ဘင်္ဂလားဒေ့ရှ် သတင်းစာတစ် စောင်က ယင်းပုံကို ပြန်လည်ဖော် ပြရာတွင် မြန်မာစစ်တပ်က ရခိုင် ပြည်နယ်ရှိ ရိုဟင်ဂျာအိမ်များကို မီးရှို့နေကြောင်း ရေးသားခဲ့ပြီး ပုံခ ရက်ဒစ်ကိုမူ AFP ဟု ဖော်ပြခဲ့ သည်။

ဘီဘီစီ ထရန်းဒင်းက အွန် လိုင်းဓာတ်ပုံရှာဖွေရေးကိရိယာများ

အသုံးပြု၍ ခြေရာကောက် ဖော်ထုတ်ခဲ့သော အခြားထင် ယောင်ထင်မှား ဓာတ်ပုံများထဲ တွင် မြေပြင်ပေါ် လဲလျောင်းနေ သော လူအုပ်ကြီးဓာတ်ပုံ (အဖြစ် မှန်မှာ ၂၀၀၄ က ထိုင်းနိုင်ငံတွင် ဖမ်းဆီးထိန်းသိမ်းခဲ့သော ဆန္ဒပြ သူများပုံ)၊ မီးလောင်းကျွမ်းခံထား ရသော အလောင်များပုံ(အမှန် မှာ ကွန်ဂိုနိုင်ငံတွင် ၂၀၁၀ က ဆီ သယ်ယာဉ်မတော်တဆမှုမှပုံ)၊ သွေးစွန်းနေသော အ၀တ်များနှင့် ကလေးငယ်များ၏ ထိတ်လန့် ကြောက်ရွံ့ဖွယ်ရာဓာတ်ပုံ (အဖြစ် မှန်မှာ သီရိလင်္ကာပဋိပက္ခအတွင်း ရိုက်ကူးခဲ့သောဓာတ်ပုံ) စသည်တို့ ပါဝင်သည်။ ထိုဓာတ်ပုံများနှင့် အခြား ဓာတ်ပုံများကို ဖေ့စ်ဘွတ်ခ် ပေါ်တွင် အကြိမ်ပေါင်း ထောင်ချီ ဖြန့်ဝေထားကြပြီး ဘင်္ဂါလီများကို ထောက်ပံ့ကူညီရန် မျှော်လင့်ချက် ဖြင့် လူများက ဖြန့်ဝေခြင်းဖြစ် သည်ဟုဆိုသည်။

ဘယ်သူတွေက လုပ်နေကြလဲ
ဘင်္ဂါလီ အဖွဲ့တစ်ဖွဲ့သည် စနစ်တကျစုစည်းပြင်ဆင်ထား သော နည်းလမ်းတစ်ရပ်ဖြင့် ထိုပုံ တုများကို အသုံးပြုကာ ကျယ် ကျယ်ပြန့်ပြန့် ၀ါဒဖြန့်နေကြောင်း ဘင်္ဂါလီအကျပ်အတည်း၊ စစ် သွေးကြွမှု၊ စစ်ရာဇ၀တ်မှုများဆိုင် ရာကိစ္စရပ်များအပေါ် နှစ်ပေါင်း များစွာ စုံစမ်းထောက်လှမ်းအတွေ့ အကြုံရှိသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ စုံစမ်းထောက်လှမ်းသူ သတင်း ထောက်တစ်ဦးဖြစ်သည့် Julfikar Ali Manik က ပြောသည်။

ရခိုင်ပြည်နယ် မောင်တော ဒေသ နေရာများတွင် ဘင်္ဂလား ဒေ့ရှ် မိုဘိုင်းဖုန်းအော်ပရေတာများ ၏ ကွန်ရက်များအသုံးပြုနိုင်ပြီး မောင်တောရှိ ဘင်္ဂါလီများက ၎င်းတို့၏ဖုန်းများဖြင့် ဘင်္ဂလားဒေ့ရှ်၌ နေထိုင်သော ဘင်္ဂါလီများ၊ ၎င်းတို့နှင့် သိကျွမ်းသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများထံသို့ ဓာတ်ပုံအတုများ ပေးပို့ကြသည် ဟု ဘင်္ဂလား ဒေ့ရှ်သတင်းထောက် Manik က ပြောသည်။
‘‘အဲဒီလို ဖြစ်စဉ် မြန်မာမှာ ဖြစ်ပွားခဲ့တယ်လို့ပြောပြီး တစ် ယောက်ယောက်က မြန်မာနိုင်ငံ ကနေပြီး အဲဒီလိုပုံ (အတု) တစ်ပုံ ကို ပို့တဲ့အခါ လူတွေက စယုံကြ တာပဲ။ အဲဒီနောက်မှာ ရိုဟင်ဂျာ တွေနဲ့ ကော့ဘဇားဒေသခံတွေ ဟာ အဲဒီပုံက ယုံကြည်စိတ်ချရ တယ်လို့ မှတ်ပြီးတော့ ဖြန့်ဝေကြ တော့တာပဲ’’ဟု နယူးယောက် တိုင်းမ်သတင်းဌာနသို့ ကူညီသ တင်းပေးပို့သူလည်းဖြစ်သည့် Manik က ပြောသည်။

၎င်းတို့ကို ယုံကြည်စာနာ သော အရှေ့အလယ်ပိုင်းနှင့် အ ခြားနိုင်ငံအချို့မှ လူများက ၎င်းတို့ ၏ အွန်လိုင်းကမ်ပိန်းများကို ထောက်ခံအားပေးကြသည်။ The Daily Star ၏ အကြီးတန်းသတင်း ထောက်တစ်ဦးသည် Teknaf ဒေ သတွင် ဘင်္ဂါလီပြဿနာကို သ တင်းလိုက်လျက်ရှိရာ ဒေသခံများ နှင့် တွေ့ဆုံရာ၌ ထိုဝါဒဖြန့် ဓာတ် ပုံအတုများကို ဒေသခံအများအ ပြားက မြင်တွေ့ထားကြပြီး ထိုပုံ များ အစစ်အမှန်ဟု ထင်လျက်ရှိ ကြောင်း တွေ့ရှိရသည်ဟု ဆို သည်။

လတ်တလောဖြစ်ပွားခဲ့သော အတုဖြန့်ချိမှုမှာ ကမ္ဘောဒီးယား နိုင်ငံတွင်ဖြစ်ပွားခဲ့သော ဖြစ်စဉ် တစ်ခု၏ ဗီဒီယိုနှင့် ဓာတ်ပုံများကို အသုံးပြု၍ ဘင်္ဂါလီ (ရိုဟင်ဂျာ) ကလေးငယ်အား မြန်မာစစ်သား တစ်ဦးက နှိပ်စက်နေကြောင်း ယူ ကေအခြေစိုက် ဒေးလီးမေးလ်သ တင်းဌာနက သတင်းမှား ဖော်ပြခဲ့ ခြင်းဖြစ်သည်။

ထို့အတူ ဒေါ် အောင်ဆန်းစုကြည်၏ စင်ကာပူ ခရီးစဉ်အတွင်း မြန်မာများနှင့်တွေ့ ဆုံပွဲ ဗီဒီယိုကို မသမာသူများက စာတန်းမှားများထိုး၍ ဘင်္ဂါလီများ အရေး ရယ်မောခဲ့သော ဒေါ် အောင်ဆန်းစုကြည်ဟုဆိုကာ စွပ် စွဲဝါဒဖြန့်မှုရှိခဲ့သည်။
ယင်းတို့နှင့် ပတ်သက်၍ မြန်မာအစိုးရက တရားစွဲဆိုရန် ပြင်ဆင်နေကြောင်း ထုတ်ပြန်ထား သည်။
‘‘ဒေးလီးမေးလ်ရဲ့ ပုံစံဟာ အလောတကြီးနိုင်ပြီးတော့ သ ဘောထားကွဲစရာကောင်းတာ ကြာလှပါပြီ။ သူ့ရဲ့ တိကျမှုနဲ့ ပတ် သက်လို့ အရင်ကလည်း မေးခွန်း ထုတ်တာ ခံထားရဖူးပါတယ်။

ဒီ ဆောင်းပါးကို ဖြန့်ချိခြင်းအားဖြင့် ဗြိတိသျှတက်ဘလွိုက် (လူပြိန်း ကြိုက်သတင်းစာ)ဟာ ကမ္ဘာတစ် ခြမ်းကျော် အချက်အလက်မှား ယွင်းမှုနဲ့ သတင်းမှားမှုဆိုင်ရာ ရှုပ် ထွေးနက်နဲပြီးတော့ ဗျာများရမယ့် တိုက်ပွဲတစ်ပွဲထဲ ခြေချမိသွားပြီ’’ ဟု ၀ါရှင်တန်ပို့စ်သတင်းစာက ရေးသားခဲ့သည်။
သို့သော် ဘင်္ဂါလီကိစ္စရပ်နှင့် ပတ်သက်၍ ပုံအတုအချို့ ဖြန့်ဝေ မှုရှိသည်မှာ မှန်သော်လည်း မြန်မာ နိုင်ငံတွင် ဘင်္ဂါလီများကို နှိပ်စက် ညှဉ်းပန်းနေသည့်အချက်ကို ငြင်း မရကြောင်း ထင်ရှားကျော်ကြား သော ဘင်္ဂလားဒေ့ရှ် သမိုင်းပညာ ရှင် ပါမောက္ခ Muntasir Mam-oon က ဆိုပြန်သည်။

ဗြိတိန် အခြေစိုက် ဘင်္ဂါလီ တက်ကြွလှုပ်ရှားသူလည်းဖြစ်၊ ဘလော့ဂါလည်းဖြစ်သည့် ဂျမီ လာဟန်နန်က လူတိုင်းဓာတ်ပုံများ မသုံးမီ သေသေချာချာ စစ်ဆေး စေလိုကြောင်း ဘီဘီစီသတင်းအား ပြောကြားခဲ့သည်။
Ref:BBC,Washington Post, The Daily Star


http://www.7daydaily.com/story/83411


မလေးဝန်ကြီးချုပ်လုပ်ရပ်အပေါ် မြန်မာမူဆလင်လူငယ်များ တုံ့ပြန်ချက်

 

မလေးဝန်ကြီးချုပ်လုပ်ရပ်အပေါ် မြန်မာမူဆလင်လူငယ်များ တုံ့ပြန်ချက်

 မလေးရှား ၀န်ကြီးချုပ်က ရခိုင်ပြည်နယ်က မူဆလင်တွေ အရေးနဲ့ ပတ်သက်ပြီး လူထုစည်းဝေးပွဲလုပ် ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့တဲ့ အပေါ် မြန်မာ မူစလင် လူငယ် အသိုင်းအ၀ိုင်းက ကန့်ကွက်ပါတယ်။ မလေးရှား ၀န်ကြီးချုပ်ဟာ မြန်မာ့ ပြည်တွင်းရေးကို ၀င်ရောက် စွက်ဖက်ပြီး မလေးရှား အာဏာရပါတီ နိုင်ငံရေး အကျိုးစီးပွား အတွက် ရည်ရွယ်လုပ်ဆောင်တယ်လို့လည်း မြန်မာ မူစလင် လူငယ်တို့က ပြောဆိုလိုက်ပါတယ်။ မသိင်္ဂီထိုက် စုစည်းတင်ပြပေးမှာပါ။
ရခိုင်ပြည်နယ် မောင်တော မြို့နယ်တွင်း မြန်မာ အာဏာပိုင်တွေက

လုံခြုံရေး ဆောင်ရွက်ချက်တွေအပေါ် နိုင်ငံတကာရဲ့ ဝေဖန်မှုတွေ ၊ စိုးရိမ်မှုတွေကြား မနေ့ တနင်္ဂနွေနေ့မှာတော့ မလေးရှား ၀န်ကြီးချုပ်က မြို့တော် ကွာလာလမ်ပူမှာ လူထု စုဝေးပွဲ တခုလုပ်ပြီး ဒီအပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်လိုက်ပါတယ်။ မလေးရှား ၀န်ကြီးချုပ်ရဲ့ ဆောင်ရွက်ချက်က မြန်မာ့ အရေးထက် သူ့ရဲ့ အာဏာရပါတီရဲ့ နိုင်ငံရေး အကျိုးစီးပွား အတွက် ရည်ရွယ်တယ်လို့ မြန်မာ မူစလင် လူငယ်တွေက သဘောထား ထုတ်ပြန်လိုက်တာပါ။ မြန်မာ မွတ်စလင် မဟာမိတ် အရပ်ဖက် အဖွဲ့အစည်းရဲ့ ပြောခွင့်ရ မမြတ်နိုးဦးက အခုလို ပြောပါတယ်။

“အဓိကကတော့ ကျမတို့ မွတ်စလင်ပတ်ဝန်းကျင်ရဲ့အမြင်ပေါ့ ။ ဒါဘာသာရေးဆိုပေမယ့် သူ့တို့ နိုင်ငံရေးအတွက် အမြတ်ထုတ် တယ်လို့ ကျမတို့ အဲဒီလိုမှတ်ယူတယ်။ အဲဒီအတွက် ဘာသာရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ လာပြီးတော့ အဲဒီလိုမျိုး စွက်ဖက်တာ မကြိုက်ဘူး။ ဘာသာရေး ဆိုတဲ့ခေါင်းစဉ်ပေါ့့နော် ကျမတို့ မွတ်စလင်ဖြစ်တယ် ဒါပေမယ့် ကျမသည် မြန်မာနိုင်ငံသူဖြစ်တယ်။ကျမသည် မြန်မာယဉ်ကျေးမူနဲ့ ကြီးပြင်းလာတယ် အဲဒီအတွက် ဒီလိုမျိုး ခြုံငုံပြီးတော့ လာတာကို ကျမက လက်မခံတာပါရှင့်။”

ရခိုင်ဒေသတွင်း အခြေအနေတွေဟာ အငြင်းပွားဖွယ် လူမျိုးရေး ပြသနာလို့ သဘောထားတဲ့ အကြောင်းလည်း မြန်မာ မွတ်စလင် မဟာမိတ် အရပ်ဖက် အဖွဲ့အစည်းရဲ့ ပြောခွင့်ရ မမြတ်နိုးဦးက ပြောပါတယ်။

“ကျမတို့ ထုတ်ပြန်တာက ကျမတို့ မြန်မာ မွတ်စလင်တွေရဲ့ ရပ်တည်ချက်ကို ထုတ်ပြန်တာ ပေါ့နော် အဓိကတော့ ဒီပြည်တွင်းကိစ္စ နဲ့ ပတ်သက်ပြီးတော့ နိုင်ငံတကာ စံချိန်နဲ့အညီ ၊ စံချိန်စံညွှန်းနဲ့အညီ ပြည်တွင်းကဆောင်ရွက်တာက ပိုပြီးထိရောက်မယ်။ ပြီးတော့ တခြား တနိုင်ငံကနေပြီးတော့ ၀င်ရောက်စွက်ဖက် တာကို ကျမတို့ လက်မခံနိုင်ပါဘူး။ အဲဒီအတွက် ကျမတို့ ဒီ Statement ကို ထုတ်ပြန်တာပါရှင့် ။ အဓိကကတော့ ကျမတို့ ဒီစာကိုထုတ်ပြန်တဲ့ အဓိက ရည်ရွက်ချက်ကတော့ ကိုယ့်ပြည်တွင်းရေးကို ကိုယ့်ဟာကို ဆုံးဖြတ်ရမယ့်ကိစ္မမှာ တခြား တနိုင်ငံကနေ ပြည်တွင်းရေး အချုပ်အခြာအာဏာကို လာထိခိုက်ပြီးတော့ ဘာသာရေးဆိုတဲ့ ခေါင်းစဉ် အောက်မှာ လာတဲ့ဟာကို လက်မခံနိုင်တဲ့အတွက် ကျမတို့ ဒီဟာကိုထုတ်ပြန်တာပါ။”

ရခိုင်ပြည်နယ် အရေးကိစ္စဟာ အလွန်အကဲဆတ်ပြီး သတိထား ကိုင်တွယ်နေရတဲ့ အချိန်မှာ မလေးရှား ၀န်ကြီးချုပ် အနေနဲ့ အကြောင်းပြချက် လုံလုံလောက်လောက် မရှိဘဲ လူထု စည်းဝေးပွဲ ခေါ်ယူတာဟာဆိုရင် အခြေအနေတွေ ပိုပြီး ဆိုးရွားသွားစေနိုင်တယ်လို့လည်း မူစလင် အရပ်ဘက် အဖွဲ့အစည်းတွေက ရှုမြင်တဲ့ အကြောင်းလည်း ကြေညာချက်မှာ ဖော်ပြပါတယ်။ ဒီကနေ့ ထုတ်ပြန်တဲ့ ကြေညာချက်နဲ့ ပတ်သက်ပြီးလည်း ပြောခွင့်ရ မမြတ်နိုးဦးက အခုလို ပြောပါတယ်။

“ဒါကျမတို့က အခုလက်ရှိဒီ မြန်မာနိုင်ငံမှာရှိနေတဲ့ မွတ်ဆလင်လူငယ်တွေပေါ့နော်။ Civil society တွေထဲမှာ ၀င်ပြီးတော့ လုပ်နေတဲ့ အဖွဲ့အစည်းတွေအကုန်လုံးက အဖွဲ့အကုန်လုံးရဲ့ သဘောတူညီချက်ကို ထုတ်ပြန်တာပါရှင့်။ တခြားဟိုလို အစ္စလာမ်အဖွဲ့အစည်းတို့ တခြားအစိုးရတွေနဲ့ မဆိုင်ပါဘူးရှင့်။ အဓိကတော့ မွတ်ဆလင် လူငယ်အများစုပါတယ် ၊ ဒီအဖွဲ့အစည်း ၁၀ ခု ၀န်းကျင် ၇ှိတယ်ပေါ့နော် အခုညီမတို့ Statement ထုတ်ပြန်တာကတော့။ အခုညီမတို့ အခုလက်ရှိမှာပေါ့နော် ၁၀ ခု ၀န်းကျင်ရှိတယ် ကျမတို့က အားလုံး သဘောတူညီတဲ့ အချက်တွေကိုပဲ ဒီ Statement ထုတ်ပြန်တာပါ။ အားလုံးကလည်း ဒီအချက်တွေကို သဘောတူညီတယ်၊ အားလုံးက လက်ခံ တဲ့အတွက် ဒီဟာကို ထုတ်ပြန်လိုက်တာပါရှင့်။”

မလေးရှား ၀န်ကြီးချုပ် ဦးဆောင်တဲ့ ရခိုင်အရေး ဆန့်ကျင် ကန့်ကွက်တဲ့ လူထု စည်းဝေးပွဲကြီးနောက်ပိုင်း မြန်မာပြည်တွင်းက မူစလင် အဖွဲ့အစည်းတွေရဲ့ တုံ့ပြန်ချက် အဖြစ် အခု အရပ်ဘက် အဖွဲ့အစည်းတွေရဲ့ ပူးပေါင်း ထုတ်ပြန်ချက် ပထမဆုံး အကြိမ် ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။

မလေးရှား ၀န်ကြီးချုပ် ဦးဆောင်ခဲ့တဲ့ လူထု စည်းဝေးပွဲဟာဆိုရင် ဒေသတွင်း အစွန်းရောက် အကြမ်းဖက်မှုကို အားပေး လှုံ့ဆော်သလို ဖြစ်စေတယ်လို့လည်း မြန်မာ သမ္မတရုံး ၀န်ကြီးဌာန ပြောခွင့်ရ ဦးဇော်ဌေးက ချက်ချင်း တုံ့ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ အတွင်းက ရခိုင်ပြည်နယ် မောင်တော ဒေသတွင်းက အစိုးရ နယ်ခြားစောင့် တပ်စခန်း ၃ ခု အကြမ်းဖက် တိုက်ခိုက်ခံရပြီးနောက်ပိုင်း ဆုံးရှုံးသွားတဲ့ လက်နက်တွေနဲ့ အကြမ်းဖက် သမားတွေကို မြန်မာ အစိုးရ လုံခြုံရေး တပ်ဖွဲ့တွေက ရှာဖွေ ရှင်းလင်းနေဆဲလည်း ဖြစ်ပါတယ်။





 http://burmese.voanews.com/a/malaysia-pm-lead-the-protest-myanmar-csos-react-/3623486.html


ရိုဟင်ဂျာကိစ္စ မြန်မာကို မလေးရှား ကန့်ကွက်






ရိုဟင်ဂျာကိစ္စ မြန်မာကို မလေးရှား ကန့်ကွက်

မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာတွေအပေါ် ပြုလုပ်နေတဲ့ အကြမ်းဖက် မှုတွေကို ဆန့်ကျင်တဲ့အနေနဲ့ မလေးရှားမှာရှိနေတဲ့ မြန်မာသံအမတ်ထံ မလေးရှား အစိုးရက ကန့်ကွက်စာ ပေးပို့မယ်လို့ မလေးရှားနိုင်ငံထုတ် New Straits Times အွန်လိုင်း သတင်းစာမှာ ရေးသားထားပါတယ်။

ကန့်ကွက်စာ ပေးပို့မယ့်အကြောင်း သောကြာနေ့က ပြုလုပ်တဲ့ အပတ်စဉ် အစိုးရ၀န်ကြီးအဖွဲ့ စည်းဝေးပွဲမှာ ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း မလေးရှား ဒုတိယ၀န်ကြီးချုပ် ဒေါက်တာ Ahmad Zahid Hamidi က ပြောကြောင်း သတင်းစာမှာ ကိုးကား ဖော်ပြထားပါတယ်။

အာဆီယံအဖွဲ့ဝင် နိုင်ငံဖြစ်တဲ့အတွက် တခြား အဖွဲ့ဝင်နိုင်ငံတခုရဲ့ ပြည်တွင်းရေးကို ၀င်ရောက် စွက်ဖက်ခွင့် မရှိပေမယ့် မလေးရှားနိုင်ငံအနေနဲ့ ရိုဟင်ဂျာ အရေးကိစ္စအ တွက် အထူး စိုးရိမ်ပူပန်မိတယ်ဆိုတာကို ကမ္ဘာကသိစေချင်ကြောင်း တက္ကသိုလ်ကျောင်းသားဟောင်းများရဲ့ ညစာစားပွဲ တခုမှာ ဒုဝန်ကြီးချုပ် က ပြောပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်အတွင်းက မူဆလင်တွေ၊ ရိုဟင်ဂျာတွေနဲ့ သွေးစည်း ညီညွတ်ကြောင်း ပြသတဲ့အနေနဲ့ ဒီဇင်ဘာလ ၄ ရက်နေ့ မနက် ၉ နာရီမှာ လူတွေ စုဝေးကြဖို့ စီစဉ်ထားကြောင်းလည်း ဒုတိယ ၀န်ကြီးချုပ်က ပြောပါတယ်။

အဲဒီ စုဝေးပွဲ အခမ်းအနားကို ၀န်ကြီးချုပ် Najib Razak ၊ သူနဲ့ တခြား ခေါင်းဆောင်တွေလည်း တက်ရောက်ကြမှာ ဖြစ်တယ်လို့ ဒုတိယ၀န်ကြီးချုပ် ဒေါက်တာ Hamidi က ပြောပါတယ်။
တက္ကသိုလ်ကျောင်းသားဟောင်းတွေနဲ့ တခြား အစိုးရမဟုတ်တဲ့ အစ္စလာမ်မစ် အဖွဲ့အစည်းတွေလည်း အဲဒီ စုဝေးပွဲကို တက်ရောက်ကြဖို့ ဒုဝန်ကြီးချုပ် Hamidi က တိုက်တွန်းထားပါတယ်။





http://burmese.voanews.com/a/malaysia-to-send-…/3613157.html





အခွင့်ကောင်းယူ ရခိုင်တချို့ နှင့် ဘင်္ဂလီတို့ရဲ့ နယ်မြေလုတိုက်ပွဲ




အခွင့်ကောင်းယူ ရခိုင်တချို့ နှင့် ဘင်္ဂလီတို့ရဲ့ နယ်မြေလုတိုက်ပွဲ

(ဤဆောင်းပါးကို ရေးသားရခြင်း အကြောင်းရင်းက ဆရာတော် အရှင်ဘုရား တစ်ချို့၏ တောင်းဆိုမှုကြောင်း ရေးသားရခြင်း ဖြစ်ပါတယ်။)

လက်ရှိ ရခိုင်အရေးနဲ့ ပတ်သက်ပြီးပြောရရင် ဘင်္ဂလီတွေနဲ့ အစိုးရ ဖြစ်တဲ့ ကိစ္စပါ တနည်းအားဖြင့် ပြောရရင် ဒီပြဿနာဟာ ရခိုင် တစ်ခုတည်အတွက်မဟုတ် ပြည်ထောင်စု တစ်ခုလုံးကို တုန်ခါစေခဲ့ပါတယ်။ အစိုးရရဲ့ ဒီမိုကရေစီ ပျော့ကွက်ကို ထိထိရောက်ရောက် အသုံးချသွားတာဖြစ်ပါတယ်….။ အစိုးရ ကျဆုံးခဲ့လျှင် ရခိုင်တွေကို နှင်စရာမလို၊ သတ်စရာမလိုပဲ ဘူးသီးတောင်၊ မောင်တောကို ရိုဟင်နယ်မြေဆိုပြီး အပြီး ကြေငြာမှာ ဖြစ်သလို၊ မြန်မာနိုင်ငံရဲ့ အထင်ကရ မြို့တစ်မြို့ ဖြစ်တဲ့ မန္တလေးမြို့ကိုလည်း ပစ်မှတ်ထား တိုက်ခိုက်လာမှာ သေချာပါတယ်။

ဘင်္ဂလီအရေးဟာ ရခိုင်တစ်မျိုးသားလုံးနဲ့ ဆိုင်တဲ့ ကိစ္စဖြစ်သလို မြန်မာနိုင်ငံ တစ်နိုင်ငံလုံးနဲ့ ဆိုင်တဲ့ ကိစ္စလည်းဖြစ်ပါတယ်။ ရခိုင်ပြည်မှာ (၂၀၁၂)က ဘင်္ဂလီကုလားတွေနဲ့ ဘာသာရေးအသွင်ဆောင်မှု တိုက်ပွဲတွေလည်း ဖြစ်ခဲ့သလို အဲဒီ အချိန်တုန်းက ရခိုင်တော်တော်များများ အသက်တွေ ဆုံးရှုံးခဲ့ရပါတယ်။

ထိုနည်းအတူ မြန်မာနိုင်ငံ နေရာအနှံ့မှာလည်း ဖြစ်ပေါ်ခဲ့ပါတယ်။ သို့သော် အဲဒီ အချိန်တုန်းက ကုလား၊ ရခိုင် ပြဿနာကို နိုင်ငံတကာ EU အသိုင်းအ၀ိုင်တွေ အပါအ၀င် OIC အသိုင်းအ၀ိုင်း တွေကလည်း ရခိုင်တွေဟာ မူဆလင် ရိုဟင်ဂျာတွေကို လူမျိုးတုံး သတ်ဖြတ်ခဲ့သည်ဟု နိုင်ငံတကာ အသိုင်းအ၀ိုင်းရှေ့မှာ စွဲချက်တွေ အမျိုးမျိုးတင် မဟုတ်မမှန်သတင်းတွေ ၀ါဒတွေ အမျိုးမျိုး ဖြန့်ဝေခဲ့တာကို တွေ့ရပါတယ်။

နိုင်ငံတကာ အသိုင်အ၀ိုင်းကြားထဲမှာ ရခိုင်တွေကသာ လူမျိုတုံး သတ်ဖြတ်နေတယ်၊ ရခိုင်တွေဟာ လူနည်းစုကို အနိုင်ကျင့် ဖိနှိပ်တယ် ဆိုတာ သိခဲ့ကြပါတယ်။ ရခိုင်တွေကိုသာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ လူမျိုးဆိုပြီး သိရှိခဲ့ကြပါတယ်။

တနည်းအားဖြင့်ပြောရလျှင် နိုင်ငံတကာ အသိုင်းအ၀ိုင်း (EU) အပါအ၀င် သူတို့အထွေဟာ သမိုင်းကို လေ့လာမှု အားနည်းသောကြာင့်လား၊ သို့မဟုတ် သက်သက် စွဲချက်တင် စွပ်စွဲချင်သောကြောင်းလား ဆိုတာကို အသေးစိပ် လေ့လာကြည့်လျှင် သိနိုင်ပါလိမ့်မယ်။

အခုအချိန်မှာ ဌာနေတိုင်းသားရခိုင်တွေကို ထိရုံမကလို့ နိုင်ငံ၏ အချုပ်ချာအာဏာကို ထိပါးစော်ကားလာတာကို တွေ့ရပါတယ်။ ဘင်္ဂလီ သမိုင်းနောက်ကြောင်း ပြန်လှန်ကြည့်လျှင် (၁၉၄၂)ခုနှစ်က ကုလား၊ ရခိုင် ပြဿနာကို လေ့လာနိုင်ပါတယ်။ အင်္ဂလိပ် တပ်ဖြစ်သော ရာခ်ျပု ကုလားစစ်တပ်များက ရခိုင်အမျိုးသမီးပျိုတွေကို အဓမ္မပြုကျင့်ကာ သတ်ဖြတ်မှုတွေ လုပ်ခဲ့ပါတယ်။ ရခိုင်အမျိုးသားများကို ကုလားအရပ်များနှင့် ရာခ်ျပု ကုလားအင်္ဂလိပ်စစ်တပ် ပူးပေါင်း၍ သတ်ပြတ်မှုတွေ လုပ်ခဲ့ပါတယ်။
ဘင်္ဂလီ ကုလားများသည် နယ်မြေလုတိုက်ပွဲ ဗုဒ္ဓဘာသာ ယဉ်ကျေးမှု စာပေများနှင့် ဌာနေတိုင်းရင်းသား ရခိုင်များကို အကြိမ်ကြိမ် လုပ်ကြံ သတ်ပြတ်ခဲ့သည်။ ကျေးရွာများနှင့် အိမ်များကိုလည်း မီးရှုံး ဖျက်ဆီး ပစ်ကြသည်။ ဘင်္ဂလီများတွင် လက်နက်အမျိုးမျိုးနှင့် တိုက်ခိုက်ခဲ့သည် ဒေသခံ ဌာနေတိုင်းရင်းသားများတွင် ရိုးရှင်းသော စိတ်ဓာတ်ရှိမှုကြောင်း သူတို့၏ အသက်လောက်သာ ကာကွယ်ခဲ့ကြသည်။

သို့သော် ဘင်္ဂလီကုလားများသည် ဌာနေ ရခိုင်တိုင်းရင်းသားအိမ်များကို မီးရှုံး ဖျက်ဆီးပစ်ကြပြီး နယ်မြေခံပြည်သူများ မနေနိုင်အောင် လုပ်ကြံမှုအမျိုးမျိုးဖြင့် သတ်ဖြတ်ကြသည်။ ရခိုင်များမနေလျှင် ရခိုင်တို့ ပိုင်ဆိုင်သော နယ်မြေများကို လုယက်ကာ သူတို့ အိမ်များ အဆောက်အအုံးများကို ဆောက်လာကြသည်မှာ ဒီနေ့ အထိပင်ဖြစ်သည်။

(၁၉၄၂)ခုနှစ်က ဖြစ်ပွား ခဲ့မှုကို အစချီကာ ရခိုင်တို့ကို အမျိုးမျိုးလုပ်ကြံသတ်ပြတ်ခဲ့သော်လည်း နိုင်ငံတကာ (EU) အပါအ၀င် အသိုင်းအ၀ိုင်းအတချို့ကြားမှာ ၀ါဒအမျိုးမျိုဖြန့်ချီကာ နယ်မြေလု ဘာသာပျောက်တိုက်ပွဲကို ဒီကနေ့အထိ ခံစားနေရဆဲပင် ဖြစ်သည်။
အခုလက်ရှိတွင်မူ ဒေသခံ ရခိုင်တို့ကို တိုက်ခိုက်ရုံ မဟုတ်ပဲ ပြည်ထောင်စု တစ်ခုလုံးကို တိုက်ခိုက်လာသည်၊ နိုင်ငံ၏ အကြီးဆုံးတစ်ခုဖြစ်သော အစိုးရတစ်ရပ်လုံးကို တိုက်ခိုက်ခြင်းဖြစ်သည်။

အစိုးရ တရပ်ကို တိုက်ခိုက်ခြင်းသသည် နိုင်ငံ၏ အချုပ်ချာအာဏာကို သိသိသာသာ ထိခိုက်ခြင်းဖြစ်သည်။ အစိုးရ၏ ဒီမိုကရေစီ စနစ် ပြုပြင်ပြောင်းလဲ ပျော့ညံ့မှုကြောင်းဆိုလိုနိုင်ပေမည်။ ဒီမိုကရေစီကို နိုင်ငံအတွက် အသုံးချမှု မရှိပဲ အာဏာရှင်ဆန်ဆန် အာဏာကို အစိုးရ၏ လက်ဝယ်တွင်ထားရှိမှုကြောင်း ဖြစ်ပေါ်စေခဲ့ခြင်းပင်ဖြစ်သည်။

သို့သော် ရခိုင်တို့သည် (၂၀၁၂)မှာ တကြိမ် လက်တွေ့ ကိုယ်တွေ့ ဘင်္ဂလီအရေးကို ခံစားခဲ့ရပြီးပါပြီ၊ နောက်ထပ်တကြိမ် (၂၀၁၆)ရဲ့ နိုင်ငံရဲ့ အချုပ်ချာအာဏာကို သိမ်းယူပြီး ရခိုင်နယ်မြေကို လုယူ သိမ်းပိုက်ရန်ကြိုးစားလာခဲ့ခြင်းကို သိသိသာသာ ထင်ဟက်စေပါသည်။
ဤ အခင်းအရာအား တစ်ချို့ရခိုင်များလည်း အခွင့်ကောင်ယူ အခွင့်ထူးခံ လက်နက်သဖွယ်အသုံးချ အသုံးပြုမှုတွေကို ထင်သာမြင်သာရှိရှိ လုပ်ကြံမှုတွေလည်း ရှိလာပေသည်။

သို့သော် နိုင်ငံရေးနည်းလမ်း နိုင်ငံရေးအမြတ်ထုတ်ကုန်ဟု ထင်ပေလိမ့်မည်။ နိုင်ငံရေး အမြတ်ထုတ်ကုန်ဟု ထင်မှတ်မိလျှင် အမှားကြီးမှာပေလိမ့်မည်။ နိုင်ငံရေး အမြတ်ထုတ်ကုန် မဖြစ်ဘဲ အမျိုးသား ရခိုင်လူမျိုးအကြား ပြဿနာကို အခြေခံမှုကို ဦးတည်ခြင်းသာ ဖြစ်သည်။ ကိုယ်ကျိုးအကျိုးစီးပွားအတွက် အသုံးချမှုကို ဦးတည်လာသည်။ ရခိုင်လူမျိုးကို ခုတုံးသဖွယ် လက်နက်သဖွယ် အသုံးပြုခြင်းသာ ရောက်ပေသည်။

(၂၀၁၂)က ကုလားရခိုင် ပြဿနာကို စံနမူနာ ယူပြီး အခွင့်အရေးကို အသုံးပြု အသုံးချခြင်းကို လက်နက်သဖွယ် ခုတုံးသဖွယ် အသုံးချခြင်း မပြုလုပ်မိရန် ဆင်ခြင် သတိထားသင့်သည်။ ရခိုင်တို့၏ နယ်မြေကို ရခိုင်ကိုယ်တိုင် ကိုယ့်ကံကြမ္မာကို ကိုယ်ဖန်တီးလိုပါက လူမျိုးတုံး သတ်ဖြတ်မှုကို အားပီး အားမြှောက် မလုပ်မိဖို့ အရေးကြီးသလို၊ လက်နက်သဖွယ် မလုပ်မိဖို့လည်း လိုအပ်ပေသည်။

ရခိုင်အရေးကို စောင့်ကြည့်လေ့လာသူတွေ ရှိနေသလို ရခိုင်အရေးနဲ့ ပတ်သက်ပြီး လုပ်ကြံမှု ကြိုတင်ကြံစေမှု အကွက်လှည့်မှု မျက်နှာလွဲမှု အသုံချမှု အမျိုးမျိုး ပြောဆိုနေကြသော်လည်း လက်တွေ့အချိန်တွင် စစ်ဘေးဒဏ်ကို ရခိုင်တို့သာ ခံစာနေရခြင်းဖြစ်သည်။ လက်နက်သဖွယ် အသုံးချ အသုံးပြုသူတို့ခံစား နေရခြင်းမဟုတ်ပါ ရခိုင်ပြည်သူတို့သာ ခံစားနေရခြင်း ဖြစ်သည်။

ရခိုင်အရေးနဲ့ ပတ်သက်ပြီး နိုင်ငံရေးအမြတ်ထုတ်မှု လက်နက်သဖွယ် အသုံးချမှု ရခိုင်လူမျိုးများအား နိုင်ငံတကာ အမြင်မှား အထင်မှား မဖြစ်ရအောင် မိမိတို့ အနေနဲ့ ဆင်ခြင်သင့်ပါကြောင်း တိုက်တွန်းရင်းနဲ့။

SKB Kyaw Naing Soe

Ms Yang Hee Lee (ယန်ဟီးလီ) ရခိုင်ပြဿနာကို ဘယ်လိုကိုင်တွယ် ဖြေရှင်းမှာလဲ ?




လွတ်လပ်တဲ့ လူ့အခွင့်အရေးကျွမ်းကျင်သူ ပညာရှင်တစ်ယောက်အနေနဲ့ နိုင်ငံတကာ လူ့အခွင့်အရေး စံနှုန်းနဲ့ လမ်းညွှန်ချက်တွေကိုပဲ လိုက်နာ နိုင်မယ့်အကြောင်းတွေကို အမြဲတမ်း ပြောဆိုလေ့ရှိတဲ့ Ms Yang Hee Lee (ယန်ဟီးလီ) ဟာ မနက်ဖန်ဆိုရင် ရခိုင်ပြည်ကို သွားဖို့အတွက် မြန်မာနိုင်ငံကို ရောက်ရှိနေပါပြီ။
မြန်မာနိုင်ငံက လူမျိုးရေး၊ ဘာသာရေး အကြမ်းဖက်မှုတွေ ဖြစ်အောင် လှုံ့ဆော်မှုတွေသူတွေကို အရေးယူဖို့နဲ့ အမုန်းစကား ပြောမှုတွေ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှုတွေကို ခွဲခြားဖို့ လိုတယ်ဆိုပြီးပြောဆိုမှုတွေလည်း ရှိပါတယ်။ လူနည်းစုတစ်စုဟာ သူတို့ရဲ့ ကိုးကွယ်ရာ ဘာသာ၊ ပြောတဲ့စကား၊ မွေးဖွားရာဇာတိနဲ့ အမျိုးအနွယ်ဆိုင်ရာကိုလိုက်ပြီး သူတို့ဘာသာ ဘယ်လိုနာမည်နဲ့ မှည့်ခေါ်သလဲဆိုတဲ့အပေါ် ချိုးဖောက်လို့မရဘူးဆိုတာ နိုင်ငံတာ လူ့အခွင့်အရေးရဲ့ အခြေခံဖြစ်တယ်လို့ Ms Yang Hee Lee (ယန်ဟီးလီ) ရှင်းရှင်းလင်းလင်း ပြောဆိုထားတာတွေလည်း ရှိပါတယ်။
ဒါပေမယ့် Ms Yang Hee Lee (ယန်ဟီးလီ) အနေနဲ့ မြန်မာနိုင်ငံရဲ့ အစိုးရ ချမှတ်ထားတဲ့ ဥပဒေကို သေချာလိုက်နာဖို့ လိုသလို နှစ်ဖက်လူမျိုးကြားထဲ တစ်ဖက်လူမျိုးကို ဇောင်းပေးပြီး ပြောဆိုမှုတွေကို မပြောဆိုမိဖို့လည်း လိုအပ်ပါတယ်။

မြန်မာနိုင်ငံရဲ့ အစိုးတရပ်အနေနဲ့လည်း  ရခိုင်ပြည်နယ်အရေး ဖြေရှင်းဆောင်ရွက်ဖို့ ဖွံဖြိုးမှုကို အခြေခံတဲ့ ရေတိုရေရှည် နည်းလမ်းတွေကို NLD အစိုးရသစ်အနေနဲ့ ကျင့်သုံးသွားမှာဖြစ်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးက ဂျီနီဗာမှာကျင်းပနေတဲ့ (၃၂) ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ညီလာခံမှာပြောဆိုခဲ့ပါတယ်။ အဲဒီ အစည်းအဝေးမှာလည်း မြန်မာအစိုးရက သူတို့ သဘောထားကို ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ရခိုင်ပြည်မှာ ရှိနေတဲ့ ဘင်္ဂလီကုလားတွေကို ရိုဟင်ဂျာ မခေါ်ဖို့ရယ် သူတို့ကို လက်ရှိအစိုးရအနေနဲ့ မွတ်ဆလင် တွေ ခေါ်ဆိုသွားမည်ဟုလည်း ပြောဆိုခဲ့ပါပြီ။ 

သို့သော် လူ့အခွင့်အရေးကျွမ်းကျင်သူ ပညာရှင်တစ်ယောက်အနေနဲ့ကော အဲဒီလို သုံးနှုန်းခေါ်ဆို နိုင်ပါ့မလား၊ လူမျိုးနှစ်ခုကြားမှာ သင့်မြတ်အောင် ဆောင်ရွက် ပေးမယ်ဆိုရင်  Ms Yang Hee Lee (ယန်ဟီးလီ) အနေနဲ့ မြန်မာနိုင်ငံရဲ့ အစိုးရ ချမှတ်ထားတဲ့ ဥပဒေတွေ၊ နိုင်ငံတကာ စံချိန် စံညွှန်းတွေကို လိုက်နာဖို့ လိုသလို မြန်မာနိုင်ငံရေး လူမှုရေး စီးပွားရေး ပညာရေးတွေမှာလည်း ၀င်မစွပ်ဖတ်ဖို့ လိုပါတယ်။
လက်ရှိဖြစ်ပေါ်မှုတွေနဲ့ ပြောင်းလဲလာမယ့် အခြေအနေတွေဟာ မြန်မာနိုင်ငံ အစိုးရသစ် အနေနဲ့လိုအပ်သလို၊ မြန်မာနိုင်ငံ ကို ရောက်ရှိနေတဲ့ လူ့အခွင့်အရေးကျွမ်းကျင်သူ ပညာရှင်တစ်ယောက် Ms Yang Hee Lee (ယန်ဟီးလီ) အနေနဲ့လည်း လက်ရှိဖြစ်ပေါ်လာမယ့် အခြေအနေတွေကို သုံးသပ်ဖို့ လိုအပ်မယ်လို့ ထင်ပါတယ်။

တကယ်လို့သာ အခြေအနေတစ်ခုခု ဖြစ်ပေါ်ခဲ့ပါက Ms Yang Hee Lee (ယန်ဟီးလီ) အနေနဲ့ ဘယ်လို ထင်မြင်ယူဆချက်တွေပေးပြီး တစ်ဖက်စောင်း တစ်ဖက်စီနင်းခဲ့မယ်ဆိုရင် ယန်ဟီးလီ အနေနဲ့ လူမျိုး နှစ်ခုကြားက ပြဿနာကို ဖြေရှင်းပေးရာ မရောက်ပဲ အမုန်းပွား မုန်းတီးမှုတွေ ကို ဖန်တီးခဲ့သူတစ်ယောက်လို့ ကမ္ဘာ့အလယ်မှာ သမိုင်းတွင် ခဲ့မှာ သေချာပါတယ်။ 

မြန်မာနိုင်ငံသည် ကမ္ဘာ့အလယ်မှာ အကြမ်းဖက်မှု အမုန်းစကားဖြန့်ဝေမှုတွေဟာ အရေးပါတဲ့ ကဏ္ဍ တစ်ခုမှာ ပါဝင် နေတာကြောင့် ဒီလို ဖြစ်အောင် ဖန်တီမှုတွေကို အစိုးရက အရေးယူပေးဖို့ လိုပါတယ် ဗုဒ္ဒဘာသာနဲ့ မွတ်စလင် လူမှုအသိုင်း အဝန်း ( ၂) ခုအကြားမှာ ပြန်လည်သင့်မြတ်ရေးကို အမြန် ဆုံးဆောင်ရွက်ဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ်က မြန်မာအစိုးရကို တိုက်တွန်းထားပါတယ်။
တကယ့်လက်တွ့မှာတော့ မြန်မာနိုင်ငံအစိုးရရဲ့ ဥပဒေတွေ၊ နိုင်ငံရေးပေါ်လစီတွေ၊ အစိုးတစ်ခုရဲ့ ယန်းတရားတွေကို လက်ကိုင်အသုံးချနေတာက အနောက်နိုင်ငံတွေ ဖြစ်နေသလို ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ရဲ့ လွတ်လပ်တဲ့ လူ့အခွင့်အရေးကျွမ်းကျင်သူ ပညာရှင်တစ်ယောက်ဖြစ်တဲ့ Ms Yang Hee Lee (ယန်ဟီးလီ) တို့ ပါဝင်မှာ သေချာပါတယ်။

(၂၂) ရက်နေ့ ရခိုင်ပြည် ခရီးစဉ်နဲ့ ပက်သတ်ပြီး လွတ်လပ်တဲ့ လူ့အခွင့်အရေးကျွမ်းကျင်သူ ပညာရှင်တစ်ယောက်အနေနဲ့ နိုင်ငံတကာ လူ့အခွင့်အရေး စံနှုန်းနဲ့ လမ်းညွှန်ချက်တွေကိုပဲ လိုက်နာ နိုင်မယ့်အကြောင်းတွေကို အမြဲတမ်း ပြောဆိုလေ့ရှိတဲ့ Ms Yang Hee Lee (ယန်ဟီးလီ) ဟာ လူမျိုးနှစ်ခုရဲ့ ပြဿနာတွေကို ဘယ်လို ကိုင်တွယ်ဖြေရှင်းသွားမလဲ ဆိုတာ စောင့်ကြည့်လေ့လာဖို့လိုသလို မြန်မာနိုင်ငံ အစိုးရသစ်အနေနဲ့လည်း သဘောထားအမှန်ကို ထုတ်ဖော်ပြသဖို့လည်း လိုအပ်ပါတယ်။ တကယ်လို့သာ ပြဿနာကို ဖြေရှင်ရာ မရောက်ပဲ ပြဿနာ ဖြစ်အောင် ဖန်တီးခဲ့မယ်ဆိုရင် ကမ္ဘာ့လူအခွင့်အရေးကို အမြဲတမ်းပြောလေ့ရှိတဲ့ ပညာရှင် Ms Yang Hee Lee (ယန်ဟီးလီ) အနေနဲ့ ဘယ်တော့မှ သူပြောခဲ့သည့် စကားအတိုင်း ဖြစ်မလာဘူးဆိုတာ သက်သေပြသရာ ရောက်သွားနိုင်ပါကြောင့် သုံးသပ်တင်ပြမိပါတယ်။



ရခိုင်ကြယ်စင်

သမိုင်းကပြောလာတယ် ရိုဟင်ဂျာမရှိဘူး

EMG သန်းဇော်ထွန်း ၂၀၁၂ ခုနှစ် ဇွန်လနဲ့ အောက်တိုဘာလတွေမှာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ နေထိုင်ကြတဲ့ ဌာနေ ရခိုင်လူမျိုးတွေနဲ့ ဘင်္ဂါလီတွေကြားမှာ ပဋိပက္ခ ဖြစ်ပွားမှုတွေ ရှိခဲ့ပါတယ်။ အဲဒီလို ပဋိပက္ခဖြစ်မှုတွေနဲ့အတူ နိုင်ငံတကာကလည်း မြန်မာနိုင်ငံနဲ့ ရခိုင် လူမျိုးအပေါ် ပိုမိုအာရုံစိုက်လာမှုတွေ ရှိခဲ့ပါတယ်။ ဒါ့အပြင် 'ရိုဟင်ဂျာ' ဆိုတဲ့စကားလုံးမှာလည်း ရခိုင်နှင့် သမိုင်းပညာရှင်တွေကြားထဲမှာ မေးခွန်းထုတ်စရာမလိုဘဲ ကျယ်လောင်လာတဲ့ စကားလုံးတစ်ခု ဖြစ်လာခဲ့ပါတယ်။အဲဒီအချိန်မှာပဲ ထိုင်းနိုင်ငံရောက် ရခိုင်လူမျိုးတွေက ထိုင်းနိုင်ငံ မဟီဒေါ တက္ကသိုလ်မှာ ပြုလုပ်မယ့် ရခိုင်သမိုင်းဆိုင်ရာ နိုင်ငံတကာပညာရှင်များ ရှင်းလင်းပွဲသို့ တက်ရောက်လေ့လာခွင့် ရခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ မရှိပါဘူး။ ရိုဟင်ဂျာဟု ဆိုသူတွေဟာ ဘင်္ဂါလီတွေသာဖြစ်ကြောင်း ရှင်းလင်းပွဲက အဖြေထုတ်သွားခဲ့ပါတယ်။ ရည်ရွယ်ချက်သုံးရပ်နဲ့ ကျင်းပတဲ့ ရှင်းလင်းပွဲ ရှင်းလင်းပွဲ ဖြစ်မြောက်ရေး ကော်မတီဥက္ကဋ္ဌ ဦးကျော်သောင်းက ''ရှင်းလင်းပွဲကို ဦးတည်ချက်သုံးချက်နဲ့ ကျင်းပတာပါ။ (၁) ကျွန်တော်တို့ ရခိုင်သမိုင်းကို နိုင်ငံတကာသတင်း မီဒီယာများနဲ့ မိတ်ဆက်ပေးဖို့၊ (၂) ပြည်ပအခြေစိုက် နိုင်ငံတကာသတင်း မီဒီယာတွေနဲ့ ပြည်ပအခြေစိုက် မြန်မာသတင်းမီဒီယာတွေဟာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ အစိုးရ အဆက်ဆက် ယနေ့ထက်တိုင် အသိအမှတ်မပြုတဲ့ ရိုဟင်ဂျာဆိုတဲ့ အမည်နာမကို တွင်တွင်ကြီးသုံးနေကြတာ တွေ့ရှိရတယ်။ အမှားကြာလျင် အမှန်ဖြစ်တတ်သွားပါတယ်။ (၃) ဒီကနေ့ နိုင်ငံတကာ သမိုင်းပညာရှင်တွေ ဟောပြောပို့ချခဲ့တာတွေဟာ ရခိုင်သမိုင်း သုတေသီများအတွက် ကိုးကားနိုင်လောက်တဲ့ အထောက်အထားတွေ အပြည့်အစုံနဲ့ ရခိုင်သမိုင်းစာတမ်း တစ်စောင်ကျန်ရှိနေခဲ့ဖို့ ဖြစ်ပါတယ်'' လို့ ပြောပါတယ်။ ရခိုင်ပြည်နယ် မငြိမ်သက်မှုများရဲ့ နိဒါန်းအစ ဆွေးနွေးပွဲမှာ ရခိုင်ပြည်နယ်တွင်း မငြိမ်သက်ရခြင်းတွေရဲ့ အခြေခံအကြောင်းတရားတွေကို လှစ်ဟပြသခဲ့ရာမှာ

Comments system

Flag Counter