ဘင်္ဂါလီပုံဆိုပြီး ဓာတ်ပုံနှင့် ဗီဒီယိုဖိုင်အတုများ ဖြန့်ဝေနေမှုကို နိုင်ငံတကာမီဒီယာအချို့ စတင်ဖော်ထုတ်




ဘင်္ဂါလီပုံဆိုပြီး ဓာတ်ပုံနှင့် ဗီဒီယိုဖိုင်အတုများ ဖြန့်ဝေနေမှုကို နိုင်ငံတကာမီဒီယာအချို့ စတင်ဖော်ထုတ်

 ဘင်္ဂါလီများ၏ ဓာတ်ပုံနှင့် ဗီဒီယိုများအဖြစ် နိုင်ငံတကာရှိ အင်တာနက်အသုံးပြုသူများက ဖြန့်ဝေနေမှုများ၌ အစစ်အမှန် မ ဟုတ်ဘဲ အခြားနိုင်ငံများမှ အဖြစ် အပျက်များ၊ သဘာဝဘေးဒဏ်ခံ ရပုံများကိုပါ ရောယောင်ဖြန့်ဝေ နေကြောင်း ဘီဘီစီ၊ ၀ါရှင်တန်ပို့စ် အပါအ၀င် နိုင်ငံတကာ သတင်း ဌာနများက စတင်ထုတ်ဖော် ရေးသားလာသည်။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ် တွင် ဘင်္ဂါလီ (မူရင်းသတင်းတွင် ရိုဟင်ဂျာ)များအပေါ် နှိပ်စက် ညှဉ်းပန်းနေပုံများအဖြစ် ကမ္ဘာ တစ်ဝန်း လူမှုကွန်ရက်များတွင် ဓာတ်ပုံအတုများ ဖြန့်ဝေလျက်ရှိ သည်။ လူအချို့မှာ ယင်းပုံများ အစစ်အမှန်မဟုတ်ကြောင်း မသိဘဲနှင့် ဖြန့်ဝေနေခြင်းဖြစ်သည်။
ယင်းပုံများအနက် တစ်ပုံမှာ အလောင်းကောင်များကြားတွင် ရပ်နေသော ဗုဒ္ဓဘာသာဘုန်းကြီး များပုံဖြစ်ပြီး ဘင်္ဂါလီများအပေါ် ဗုဒ္ဓဘာသာဝင်များ၏ အကြမ်း ဖက်နေမှု နမူနာပုံတစ်ပုံ အ ထောက်အထားအကိုးအကားအ ဖြစ် အသုံးပြုနေသည်။ သို့သော် ယင်းပုံမှာ မြန်မာနိုင်ငံမှမဟုတ်ဘဲ ၂၀၁၀ ဧပြီက တရုတ်နိုင်ငံ ငလျင် လှုပ်ခတ်မှုပြီးနောက် ငလျင်ဒဏ် သင့် သေဆုံးခဲ့ရသူများကို မီး သင်္ဂြိုဟ်ရန် ဘုန်းကြီးများက ပြင် ဆင်နေပုံဖြစ်သည်။

အခြားပုံ တစ်ပုံမှာ မီးလောင် ကျွမ်းနေသော လူတစ်ယောက် လမ်းပေါ် ပြေးလွှားနေပုံဖြစ်သည်။ ထိုလူကို အရှင်လတ်လတ် မီးရှို့ ခံခဲ့ရကြောင်း အဖွဲ့တစ်ဖွဲ့က ဖေ့စ် ဘွတ်ခ်တွင် ရေးသား ဖြန့်ဝေခဲ့ သည်။ သို့သော် အဖြစ်မှန်မှာ ထို ဓာတ်ပုံပါလူမှာ တိဗက်တက်ကြွ လှုပ်ရှားသူ Jamphel Yeshi ဆိုသူ ဖြစ်ပြီး အိန္ဒိယသို့ တရုတ်သမ္မတ၏ အလည်အပတ်ခရီးစဉ်ကို ဆန့် ကျင်ကန့်ကွက်သည့်အနေဖြင့် ၂၀၁၂ ခုနှစ်က အိန္ဒိယနိုင်ငံ ဒေလီ မြို့တွင် ၎င်းကိုယ်၎င်း မီးရှို့ဆန္ဒပြ ခြင်းဖြစ်သည်။

အခြားတစ်ပုံမှာ ကျောပြင် အနှံ့ ရိုက်နှက်ခံထားရသည့် အရှိုး ရာများအပြည့်ဖြင့် ယောက်ျားလေး တစ်ဦး သစ်သားတိုင်တစ်တိုင်တွင် ချည်နှောင်ခံထားရသော ပုံဖြစ် သည်။ အွန်လိုင်းပို့စ်များက ထို ကလေးငယ်မှာ ဘင်္ဂါလီ (နိုင်ငံတ ကာသတင်းများတွင် ရိုဟင်ဂျာ) ကလေးငယ်ဖြစ်သည်ဟု ပြော သော်လည်း အမှန်တကယ်တွင် ၂၀၁၅ အစောပိုင်းက သကြားလုံး ခိုးခြင်းကြောင့် ဆွေမျိုးတစ်ဦး၏ ရိုက်နှက်ခြင်းခံရသော အသက် (၇)နှစ်အရွယ် ထိုင်းကလေးငယ် ဖြစ်နေသည်။

ထို့အပြင် အိန္ဒိယနှင့် ပါကစ္စ တန်တွင် ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့ ခဲ့သော ဓာတ်ပုံတစ်ပုံရှိသေးသည်။ မြေပြင်ပေါ်တွင် မှောက်လှဲ၍ လက် များရှေ့သို့ ဖြန့်တန်းခင်းကျင်း ထားသော ကျောင်းသားကလေး များ၏ လက်များပေါ်သို့ ဆိုင်ကယ် တစ်စီးက ဖြတ်မောင်းနေသောပုံ ဖြစ်သည်။ ထိုအဖြစ်အပျက်မှာ အိန္ဒိယတောင်ပိုင်းရှိ ကိုယ်ခံပညာသင်တန်းကျောင်းတစ်ခုမှ ကျောင်းသားများ၏ပုံဖြစ်သည်။

‘Last Blood’ အမည်ရှိ ဟောလိဝုဒ်၏ ရမ်ဘိုရုပ်ရှင် ဇာတ် လမ်းတွဲတစ်ခုမှ ဇာတ်ဝင်ခန်းတစ် ခန်းကို ဖေ့စ်ဘွတ်ခ်ပေါ်တွင် ဘင်္ဂါ လီများကို နှိပ်စက်ညှဉ်းပန်းမှု ဗီဒီ ယိုဟုဆိုကာ ဘင်္ဂလားစာတန်းထိုး ၍ ဖြန့်ဝေမှုများလည်းရှိသည်။ နိုဝင်ဘာ ၂၀ ရက်ကလည်း ဖေ့စ် ဘွတ်ခ် အသုံးပြုသူတစ်ဦးသည် မီးတောက် မီးလျှံများကြားမှ မိန်း ကလေးတစ်ဦး၏ ဗီဒီယိုကို ‘မြန်မာ မွတ်စလင်များကို သတ်ဖြတ်နေမှု ရပ်’ဟု စာထိုးကာ ဖြန့်ဝေခဲ့သည်။

ယင်းဗီဒီယိုထဲမှ အဖြစ်အ ပျက်အမှန်မှာ ဂွါတီမာလာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ၂၀၁၅ မေလက အသက် (၁၆)နှစ်အရွယ် မိန်းကလေးကို လူအုပ်ကြီးက ရိုက်နှက်၍ မီးလောင်တိုက်သွင်း သတ်ခဲ့ခြင်းဖြစ်ပြီး ယင်းသတင်း ကို CNN၊ The Independent တို့ အပါအ၀င် နိုင်ငံတကာ မီဒီယာ များစွာက သတင်းအမှန်ဖြင့် ဖော် ပြခဲ့ဖူးသည်။

နိုဝင်ဘာ ၂၀ ရက်က AFP ဓာတ်ပုံတစ်ပုံကိုသုံးကာ ဘင်္ဂလား ဒေ့ရှ်သတင်းစာတစ်စောင်က တ လွဲဖော်ပြမှုရှိခဲ့သည်။ AFP က ယင်း၏ပုံစာတွင် ထိုပုံကို ၂၀၁၆ နိုဝင်ဘာ ၁၈ ရက်တွင် မြန်မာ့တပ် မတော်က ထုတ်ပြန်ခဲ့ကြောင်း၊ အကြမ်းဖက်စီးနင်း တိုက်ခိုက်သူ များက အိမ်အလုံး ၈၀ ကို မီးရှို့ ခဲ့သည်ဟူသော စွပ်စွဲမှုထွက်ပေါ် ခဲ့ပြီးနောက် နိုဝင်ဘာ ၁၃ ရက် တွင် ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီး ရခိုင်ပြည်နယ် မောင်တော၌တည် ရှိသော ၀ါးပိတ်ကျေးရွာတွင် မြန်မာ စစ်သားများက မီးငြှိမ်းသတ်နေ ကြောင်း ဖော်ပြခဲ့သည်။ သို့သော် ဘင်္ဂလားဒေ့ရှ် သတင်းစာတစ် စောင်က ယင်းပုံကို ပြန်လည်ဖော် ပြရာတွင် မြန်မာစစ်တပ်က ရခိုင် ပြည်နယ်ရှိ ရိုဟင်ဂျာအိမ်များကို မီးရှို့နေကြောင်း ရေးသားခဲ့ပြီး ပုံခ ရက်ဒစ်ကိုမူ AFP ဟု ဖော်ပြခဲ့ သည်။

ဘီဘီစီ ထရန်းဒင်းက အွန် လိုင်းဓာတ်ပုံရှာဖွေရေးကိရိယာများ

အသုံးပြု၍ ခြေရာကောက် ဖော်ထုတ်ခဲ့သော အခြားထင် ယောင်ထင်မှား ဓာတ်ပုံများထဲ တွင် မြေပြင်ပေါ် လဲလျောင်းနေ သော လူအုပ်ကြီးဓာတ်ပုံ (အဖြစ် မှန်မှာ ၂၀၀၄ က ထိုင်းနိုင်ငံတွင် ဖမ်းဆီးထိန်းသိမ်းခဲ့သော ဆန္ဒပြ သူများပုံ)၊ မီးလောင်းကျွမ်းခံထား ရသော အလောင်များပုံ(အမှန် မှာ ကွန်ဂိုနိုင်ငံတွင် ၂၀၁၀ က ဆီ သယ်ယာဉ်မတော်တဆမှုမှပုံ)၊ သွေးစွန်းနေသော အ၀တ်များနှင့် ကလေးငယ်များ၏ ထိတ်လန့် ကြောက်ရွံ့ဖွယ်ရာဓာတ်ပုံ (အဖြစ် မှန်မှာ သီရိလင်္ကာပဋိပက္ခအတွင်း ရိုက်ကူးခဲ့သောဓာတ်ပုံ) စသည်တို့ ပါဝင်သည်။ ထိုဓာတ်ပုံများနှင့် အခြား ဓာတ်ပုံများကို ဖေ့စ်ဘွတ်ခ် ပေါ်တွင် အကြိမ်ပေါင်း ထောင်ချီ ဖြန့်ဝေထားကြပြီး ဘင်္ဂါလီများကို ထောက်ပံ့ကူညီရန် မျှော်လင့်ချက် ဖြင့် လူများက ဖြန့်ဝေခြင်းဖြစ် သည်ဟုဆိုသည်။

ဘယ်သူတွေက လုပ်နေကြလဲ
ဘင်္ဂါလီ အဖွဲ့တစ်ဖွဲ့သည် စနစ်တကျစုစည်းပြင်ဆင်ထား သော နည်းလမ်းတစ်ရပ်ဖြင့် ထိုပုံ တုများကို အသုံးပြုကာ ကျယ် ကျယ်ပြန့်ပြန့် ၀ါဒဖြန့်နေကြောင်း ဘင်္ဂါလီအကျပ်အတည်း၊ စစ် သွေးကြွမှု၊ စစ်ရာဇ၀တ်မှုများဆိုင် ရာကိစ္စရပ်များအပေါ် နှစ်ပေါင်း များစွာ စုံစမ်းထောက်လှမ်းအတွေ့ အကြုံရှိသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ စုံစမ်းထောက်လှမ်းသူ သတင်း ထောက်တစ်ဦးဖြစ်သည့် Julfikar Ali Manik က ပြောသည်။

ရခိုင်ပြည်နယ် မောင်တော ဒေသ နေရာများတွင် ဘင်္ဂလား ဒေ့ရှ် မိုဘိုင်းဖုန်းအော်ပရေတာများ ၏ ကွန်ရက်များအသုံးပြုနိုင်ပြီး မောင်တောရှိ ဘင်္ဂါလီများက ၎င်းတို့၏ဖုန်းများဖြင့် ဘင်္ဂလားဒေ့ရှ်၌ နေထိုင်သော ဘင်္ဂါလီများ၊ ၎င်းတို့နှင့် သိကျွမ်းသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများထံသို့ ဓာတ်ပုံအတုများ ပေးပို့ကြသည် ဟု ဘင်္ဂလား ဒေ့ရှ်သတင်းထောက် Manik က ပြောသည်။
‘‘အဲဒီလို ဖြစ်စဉ် မြန်မာမှာ ဖြစ်ပွားခဲ့တယ်လို့ပြောပြီး တစ် ယောက်ယောက်က မြန်မာနိုင်ငံ ကနေပြီး အဲဒီလိုပုံ (အတု) တစ်ပုံ ကို ပို့တဲ့အခါ လူတွေက စယုံကြ တာပဲ။ အဲဒီနောက်မှာ ရိုဟင်ဂျာ တွေနဲ့ ကော့ဘဇားဒေသခံတွေ ဟာ အဲဒီပုံက ယုံကြည်စိတ်ချရ တယ်လို့ မှတ်ပြီးတော့ ဖြန့်ဝေကြ တော့တာပဲ’’ဟု နယူးယောက် တိုင်းမ်သတင်းဌာနသို့ ကူညီသ တင်းပေးပို့သူလည်းဖြစ်သည့် Manik က ပြောသည်။

၎င်းတို့ကို ယုံကြည်စာနာ သော အရှေ့အလယ်ပိုင်းနှင့် အ ခြားနိုင်ငံအချို့မှ လူများက ၎င်းတို့ ၏ အွန်လိုင်းကမ်ပိန်းများကို ထောက်ခံအားပေးကြသည်။ The Daily Star ၏ အကြီးတန်းသတင်း ထောက်တစ်ဦးသည် Teknaf ဒေ သတွင် ဘင်္ဂါလီပြဿနာကို သ တင်းလိုက်လျက်ရှိရာ ဒေသခံများ နှင့် တွေ့ဆုံရာ၌ ထိုဝါဒဖြန့် ဓာတ် ပုံအတုများကို ဒေသခံအများအ ပြားက မြင်တွေ့ထားကြပြီး ထိုပုံ များ အစစ်အမှန်ဟု ထင်လျက်ရှိ ကြောင်း တွေ့ရှိရသည်ဟု ဆို သည်။

လတ်တလောဖြစ်ပွားခဲ့သော အတုဖြန့်ချိမှုမှာ ကမ္ဘောဒီးယား နိုင်ငံတွင်ဖြစ်ပွားခဲ့သော ဖြစ်စဉ် တစ်ခု၏ ဗီဒီယိုနှင့် ဓာတ်ပုံများကို အသုံးပြု၍ ဘင်္ဂါလီ (ရိုဟင်ဂျာ) ကလေးငယ်အား မြန်မာစစ်သား တစ်ဦးက နှိပ်စက်နေကြောင်း ယူ ကေအခြေစိုက် ဒေးလီးမေးလ်သ တင်းဌာနက သတင်းမှား ဖော်ပြခဲ့ ခြင်းဖြစ်သည်။

ထို့အတူ ဒေါ် အောင်ဆန်းစုကြည်၏ စင်ကာပူ ခရီးစဉ်အတွင်း မြန်မာများနှင့်တွေ့ ဆုံပွဲ ဗီဒီယိုကို မသမာသူများက စာတန်းမှားများထိုး၍ ဘင်္ဂါလီများ အရေး ရယ်မောခဲ့သော ဒေါ် အောင်ဆန်းစုကြည်ဟုဆိုကာ စွပ် စွဲဝါဒဖြန့်မှုရှိခဲ့သည်။
ယင်းတို့နှင့် ပတ်သက်၍ မြန်မာအစိုးရက တရားစွဲဆိုရန် ပြင်ဆင်နေကြောင်း ထုတ်ပြန်ထား သည်။
‘‘ဒေးလီးမေးလ်ရဲ့ ပုံစံဟာ အလောတကြီးနိုင်ပြီးတော့ သ ဘောထားကွဲစရာကောင်းတာ ကြာလှပါပြီ။ သူ့ရဲ့ တိကျမှုနဲ့ ပတ် သက်လို့ အရင်ကလည်း မေးခွန်း ထုတ်တာ ခံထားရဖူးပါတယ်။

ဒီ ဆောင်းပါးကို ဖြန့်ချိခြင်းအားဖြင့် ဗြိတိသျှတက်ဘလွိုက် (လူပြိန်း ကြိုက်သတင်းစာ)ဟာ ကမ္ဘာတစ် ခြမ်းကျော် အချက်အလက်မှား ယွင်းမှုနဲ့ သတင်းမှားမှုဆိုင်ရာ ရှုပ် ထွေးနက်နဲပြီးတော့ ဗျာများရမယ့် တိုက်ပွဲတစ်ပွဲထဲ ခြေချမိသွားပြီ’’ ဟု ၀ါရှင်တန်ပို့စ်သတင်းစာက ရေးသားခဲ့သည်။
သို့သော် ဘင်္ဂါလီကိစ္စရပ်နှင့် ပတ်သက်၍ ပုံအတုအချို့ ဖြန့်ဝေ မှုရှိသည်မှာ မှန်သော်လည်း မြန်မာ နိုင်ငံတွင် ဘင်္ဂါလီများကို နှိပ်စက် ညှဉ်းပန်းနေသည့်အချက်ကို ငြင်း မရကြောင်း ထင်ရှားကျော်ကြား သော ဘင်္ဂလားဒေ့ရှ် သမိုင်းပညာ ရှင် ပါမောက္ခ Muntasir Mam-oon က ဆိုပြန်သည်။

ဗြိတိန် အခြေစိုက် ဘင်္ဂါလီ တက်ကြွလှုပ်ရှားသူလည်းဖြစ်၊ ဘလော့ဂါလည်းဖြစ်သည့် ဂျမီ လာဟန်နန်က လူတိုင်းဓာတ်ပုံများ မသုံးမီ သေသေချာချာ စစ်ဆေး စေလိုကြောင်း ဘီဘီစီသတင်းအား ပြောကြားခဲ့သည်။
Ref:BBC,Washington Post, The Daily Star


http://www.7daydaily.com/story/83411



EmoticonEmoticon

Comments system

Flag Counter