အစိုးရကိုယ်စားလှယ်အဖွဲ့ နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ တရုတ်နိုင်ငံမှာတွေ့ ဆုံပွဲဘာကြောင့်ပျက်ခဲ့သလဲ






အစိုးရကိုယ်စားလှယ်အဖွဲ့ နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ တရုတ်နိုင်ငံမှာတွေ့ ဆုံပွဲဘာကြောင့်ပျက်ခဲ့သလဲ

၃၊ဒီဇင်ဘာ၊ရန်ကုန်။

တရုတ်နိုင်ငံခရီးစဉ်မှာ မတူညီတဲ့  ပြဿနာတွေကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့  တစ်ဖွဲ့ ချင်းစီတွေ့ ဆုံဖို့ စီစဉ်ထားတာဖြစ်ပြီး ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ကော်မရှင်နဲ့ တွေ့ ဆုံဖို့ မရှိဘူးဆိုတာကြောင့် မြောက်ပိုင်းမဟာမိတ်တပ်ပေါင်းစုနဲ့ မတွေ့ ဆုံဖြစ်တာဖြစ်တယ်လို့  ငြိမ်းချမ်းရေးကော်မရှင်အတွင်းရေးမှူး ဦးခင်ဇော်ဦးက ပြောပါတယ်။

ဒီကနေ့ ညနေပိုင်း အမျိုးသားပြန်လည်သင်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးစင်တာမှာ တရုတ်နိုင်ငံကို သွားခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ကော်မရှင်ရဲ့ ခရီးစဉ်အကြောင်း သတင်းစာရှင်းလင်းပွဲမှာ အစိုးရကိုယ်စား လှယ်တွေက မြန်မာနိုင်ငံမြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ စစ်ရေးတင်းမာမှုတွေကို ဖြေလျော့ချဖို့ တိုင်းရင်းသား လက်နက်ကိုင်ကိုယ်စားလှယ်တွေနဲ့ တွေ့ ဆုံနိုင်အောင် တရုတ်နိုင်ငံကိုသွားရောက်ခဲ့တာဖြစ်ပေမယ့် သဘောထားမတိုက်ဆိုင်မှုတွေကြောင့် ဆွေးနွေးမှုတွေ အဆင်မပြေဖြစ်ခဲ့ရတယ်လို့  ဦးခင်ဇော်ဦးက ပြောပါတယ်။

ဒေါက်တာတင်မျိုးဝင်းဦးဆောင်တဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ တွေ တရုတ်နိုင်ငံ ကူမင်မြို့ ကို ရောက်ရှိနေချိန်မှာ တရုတ်အစိုးရက ဒီဇင်ဘာလ ၁ရက်နေ့ မှာ MNDAA၊ မိုင်းလား အထူးဒေသ ၄ ကိုယ်စားလှယ်တွေနဲ့ တွေ့ ဆုံဖို့  စီစဉ်ထားသလို ၂ ရက်နေ့ မနက်မှာTNLA၊ AA ကိုယ်စားလှယ်တွေနဲ့ တွေ့ ဆုံဖို့  စီစဉ်ပေးခဲ့တယ်လို့ သိရပါတယ်။

”၁ ရက်နေ့ မနက်ပိုင်း ၁၀ နာရီ အထူးဒေသ ၄ နဲ့ တွေ့ ပြီးတဲ့ အချိန်မှာ MNDAAက TNLAက နေ့ လည်၂ နာရီမှာ ရောက်လာမယ်။ အဲဒီမှာ KIA အဖွဲ့ နဲ့ ပေါင်းပြီးတော့ တွေ့ မယ်လို့  ပြောပါတယ်။ ကျွန်တော်တို့  တရုတ်ကိုယ်စားလှယ်တွေနဲ့  ၁၄နာရီမှာ TNLAနဲ့ တွေ့ ဖို့ စီစဉ်ထားတာဖြစ်ပါတယ်။ ဒါ့ကြောင့် သူတို့ ရောက်လာတဲ့ အချိန်မှာ ကျွန်တော်တို့ တွေကတော့ တွေ့ ပါမယ်လို့ ပြောပါတယ်။” လို့  ဦးခင်ဇော်ဦး က ပြောပါတယ်။

သူက ဆက်ပြီး -
” အဲဒီမှာ ကိုးကန့် အဖွဲ့ က သူတို့ အနေနဲ့ တစ်ဖွဲ့ ချင်းမတွေ့ ချင်ပါဘူး။ အားလုံးပေါင်းပြီးမှ တွေ့ မယ်လို့  အဆိုပြုပါတယ်။ ကျွန်တော်တို့ ကတော့ တစ်ဖွဲ့ ချင်း ပြသာနာလည်း မတူတဲ့ အတွက် တစ်ဖွဲ့ ချင်းတွေ့ ပါမယ်လို့  ပြောတယ်။ညနေ ဘက်မှာ တစ်ခါထပ်ပြောတာက သူတို့ သုံးဖွဲ့ နဲ့ တွေ့ ပါမယ်။

 တွေ့ တဲ့ အခါမှာ KIA ကိုယ်စားလှယ် ၂ ဦး။ ၀ ကိုယ်စားလှယ်နှစ်ဦး၊ တရုတ်အစိုးရကိုယ်စားလှယ်နှစ်ဦး ထည့်ပြီးတွေ့ ချင်တယ်ဆိုတာ တင်ပြလာတယ်။ ” လို့  ပြောပါတယ်။
အဲသည်လို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တွေက အဆိုပြုလာတာကြောင့် အစိုးရကိုယ်စားလှယ်အဖွဲ့ က မတူညီတဲ့ ပြသနာတွေကြောင့် တစ်ဖွဲ့ ချင်းစီတွေ့ ဆုံဖို့  စီစဉ်ခဲ့တာဖြစ်ပြီး တစ်ဖွဲ့ ချင်းတွေ့ ဆုံမှုအပြီးမှာ အားလုံးပေါင်းပြီး တွေ့ ဆုံမယ်လို့ ပြောဆိုခဲ့တယ်လို့  ဦးခင်ဇော်ဦးက ပြောပါတယ်။

အစိုးရကိုယ်စားလှယ်အဖွဲ့ နဲ့ တွေ့ ဆုံဖို့ မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့တွေဖြစ်တဲ့ KIA၊ MNDAA ၊ TNLA ၊AA အဖွဲ့တွေကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ကူမင်းမြို့ကို ဖိတ်ခေါ်ခဲ့ပေမယ့် ကော်မရှင်ဖက်က တစ်ဖွဲ့ချင်းစီနဲ့သာ သီးခြားတွေ့ဆုံလိုပြီး အစုအဖွဲ့လိုက်တွေ့ဆုံဖို့ဆိုရင် MNDAA, AA , TNLA တပ်ဖွဲ့ ၃ ဖွဲ့နဲ့သာ တွေ့ဆုံမှာဖြစ်တဲ့အတွက် ညှိနှိုင်းမှုအဆင်မပြေဘဲ တွေ့ဆုံပွဲပျက်သွားတာဖြစ်တယ်လို့ သိရပါတယ်။
”KIA ရောက်လာတဲ့ အခါမှာ ကျွန်တော်တို့ နဲ့ တွေ့ ဖို့ အစီစဉ်မရှိဘူး။ ၀ ကိုယ်စားလှယ် တွေနဲ့ တွေ့ ဖို့ အစီစဉ်ရှိပါတယ်လို့  ပြောပါတယ်။

၃ဖွဲ့ ပေါင်းပြီးတွေ့ ရမယ်ဆိုရင်လည်း ပေါင်းပြီးတွေ့ မယ်။ သို့ သော် KIAကိုယ်စားလှယ်နှစ်ဦး။ တရုတ်အစိုးရကိုယ်စားလှယ်နှစ်ဦး တွေ့ ဖို့ လည်း ပြောလာခဲ့ပါတယ်။ တခြားအဖွဲ့ တွေလို တွေ့ ဆုံဖို့ အစီစဉ်မရှိဘဲ အားလုံးပေါင်းပြီးဆွေးနွေးမှ ၀င်လမယ်ဆိုတာက အခင်းကျင်းသစ်ဖြစ်သွားတယ်။ အဲဒီလိုအခင်းအကျင်းသစ်ကို စတဲ့ အခါမှာ မတွေ့ ဖြစ်ခဲ့ပါဘူး။” လို့  ဦးခင်ဇော်ဦးက ပြောပါတယ်။

အစိုးရကိုယ်စားလှယ်အဖွဲ့ ဟာ တရုတ်နိုင်ငံကိုသွားရောက်ရတဲ့ ခရီးစဉ်အဓိကရည်ရွယ်ချက်ဟာ ၀ နဲ့  မိုင်းလား စစ်ရေးတင်းမာမှုကို လျော့ချနိုင်ရေးဖြစ်ပြီး MNDAA၊ AA၊ TNLAတို့ နဲ့ တွေ့ ဆုံဖို့  တရုတ်အစိုးရက စီစဉ်ပေးခဲ့တာဖြစ်တယ်လို့ အစိုးရကိုယ်စားလှယ်တွေက ဆိုပါတယ်။

နိုဝင်ဘာလ(၂၆)ရက်ကနေဒီဇင်ဘာ(၂)ရက်အထိ သွားရောက်ခဲ့တဲ့ တရုတ်နိုင်ငံခရီးစဉ်မှာ အစိုးရကိုယ်စားလှယ်အဖွဲ့ ဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံက နိုင်ငံခြားရေးဝန်ကြီး၊ ဒုဝန်ကြီးတွေ အပါအ၀င် တရုတ်အစိုးရရဲ့ အရှေ့ တောင်အာရှဆိုင်ရာ အထူးကိုယ်စားလှယ်၊ အာဏာရပါတီရဲ့ ခေါင်းဆောင်တွေ၊ ပြည်နယ်အုပိချုပ်ရေးမှူးတွေနဲ့ပါ တွေ့ဆုံခဲ့ပါတယ်။

လက်ရှိမြန်မာနိုင်ငံအစိုးရဲ့  ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို တရုတ်အစိုးရအနေနဲ့  အပြည့်အ၀ထောက်ခံပြီး လက်ရှိငြိမ်းချမ်းရေးလမ်းကြောင်းအတိုင်း မှန်မှန်လျှောက်မယ်ဆိုပါက မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပြသနာတွေကို ဖြေရှင်းနိုင်မယ်လို့ တရုတ်အစိုးရက ယုံကြည်နေတယ်လို့  အစိုးရကိုယ်စားလှယ်တွေက ပြောပါတယ်။


Author / ချမ်းသာ





https://www.facebook.com/kumudranews/photos/a.213965558672112.48921.212802105455124/1148941608507831/?type=3&theater








EmoticonEmoticon

Comments system

Flag Counter