နိုင်ငံတကာ အဖွဲ့အစည်းအချို့၏ စွပ်စွဲချက်များကို ကိုဖီအာနန်၏ မောင်တော ခရီးစဉ်က ပြန်လည် ရှင်းလင်းနိုင်မည်ဟု မောင်တော မြို့ခံများ ဆို

 

 

 နိုင်ငံတကာ အဖွဲ့အစည်းအချို့၏ စွပ်စွဲချက်များကို ကိုဖီအာနန်၏ မောင်တော ခရီးစဉ်က ပြန်လည် ရှင်းလင်းနိုင်မည်ဟု မောင်တော မြို့ခံများ ဆို

ရန်ကုန်၊ ဒီဇင်ဘာ ၅
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ဥက္ကဋ္ဌ ကိုဖီအာနန်၏ မောင်တောနယ် စပ်လေ့လာရေး ခရီးစဉ်သည် လက်ရှိ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းအချို့၏ စွပ်စွဲနေမှုများကို ပြန်လည် ရှင်းလင်းနိုင် မည်ဟု မျှော်လင့်ထားကြောင်း မောင်တောမြို့ခံ အများစုကပြောကြားသည်။ ယင်းခရီးစဉ်အတွင်း ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းအချို့မှ စွပ်စွဲနေမှုများအပေါ် အဖြေတစ်ခုရရှိကာ ပြန်လည်ရှင်း လင်းနိုင် ရန် မျှော်လင့်ထားကြခြင်း ဖြစ်ကြောင်း မောင်တောမြို့ခံ ဦး ကျော်သိန်းက ဒီဇင်ဘာ ၄ ရက်တွင် ဒီမိုကရေစီတူဒေးသို့ပြောသည်။

''မောင်တောဖြစ်စဉ်နဲ့ ပတ်သကပြီး ကုလသမဂ္ဂနဲ့ နိုင်ငံတကာက စွပ်စွဲနေတာတွေအတွက် အဖြေမှန်တစ်ခုကို ကိုဖီအာနန်အနေနဲ့ ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်''ဟု ၎င်းကပြောသည်။ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံ ပေးကော်မရှင်ဥက္ကဋ္ဌ ကိုဖီအာနန်သည် မောင်တောနယ်စပ်ဒေသရှိ ဝက်ပစ်ဘင်္ဂါလီကျေးရွာ၊ ကြက်ရိုးပြင်၊ ရွာမနှင့်ရွှေဗဟိုကျေးရွာများသို့ ဒီဇင်ဘာ ၃ ရက်တွင် သွားရောက်လေ့လာခဲ့ပြီး ယင်းကဲ့သို့လေ့လာစဉ် တွင်လည်း နယ်စပ်လုံခြုံရေးတာဝန်ရှိသူများက အကြမ်းဖက်မှုဖြစ်စဉ်များနှင့် ပတ်သက်ပြီး ရှင်းပြခဲ့ကြကြောင်း သိရသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း ရခိုင်ပြည်နယ် (မြောက်ပိုင်း)ပဋိပက္ခ နှင့် ပတ်သက်၍ နိုင်ငံတကာ အသိုင်းအဝိုင်း၏ အာရုံစူးစိုက်မှုသည် ပြဿ နာကို ပိုမို ကြီးထွားစေကြောင်း စင် ကာပူ နိုင်ငံခရီးစဉ်တွင် CNA သတင်းဌာနနှင့်အင်တာဗျုးတွင် ဖြေကြားထားသည်။ မောင်တောတွင် အကြမ်းဖက် တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် နယ်မြေရှင်းလင်းရေး လုပ်ငန်းများဆောင်ရွက်စဉ် ဘင်္ဂါလီများကို မြန်မာ အစိုးရက လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ဘင်္ဂါလီအမျိုးသမီးများကို အဓမ္မပြု ကျင့်မှုများရှိနေသည်ဟု ဘင်္ဂါလီများ၏ပြောဆိုနေမှုမှာ မဟုတ်မှန်ကြောင်း ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေညှိနှိုင်းရေးမှူး Ms. Renatau မောင်တော နယ်စပ်သို့ နိုဝင်ဘာ ၂ ရက်မှ ၃ ရက်အထိ လာရောက်လေ့လာခဲ့စဉ်က ပြောကြားထားကြောင်း သိရသည်။ ရခိုင်ပြည်နယ်သို့ရောက်ရှိနေသည့် ကိုဖီအာနန် ဦးဆောင်သော အကြံပေးကော် မရှင်သည် ဒီဇင်ဘာ ၃ ရက်နေ့က မောင်တောနှင့်ဘူးသီး တောင်မြို့နယ်သို့ သွားရောက်လေ့ လာခဲ့သည့်အပြင် ဒီဇင်ဘာ ၄ ရက် ကလည်း မြောက်ဦးနှင့်မြေပုံမြို့များ သို့သွားရောက်ခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်ဥက္ကဋ္ဌ ကိုဖီအာနန်က ''ကျွန် တော်ကတော့ အစိုးရအနေနဲ့ ရခိုင်မှာဖြစ်ပျက်ခဲ့သမျှတွေကို စုံစမ်းစစ် ဆေးမှုတွေလုပ်ဖို့ ဆုံးဖြတ်ခဲ့တာဟာ အကျိုးရှိမယ်၊ ကောင်းမယ်လို့ ယုံကြည်ပါတယ်။ ဒီစုံစမ်းစစ်ဆေးမှုတွေရဲ့ နောက်ဆုံး ရလာမယ့်တွေ့ရှိချက်တွေဟာ ပိုပြီး အကျိုးဖြစ်ထွန်းစေမယ်လို့ ယူဆပါတယ်''ဟု ပြောကြားထားသည်။ ကိုဖီအာနန်သည် မြောက်ဦးမြို့တွင် ဌာနဆိုင်ရာတာဝန်ရှိသူ များနှင့် ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် တွေ့ဆုံခဲ့ပြီး သျှစ်သောင်းပုထိုးတော်နှင့် ပေါင်းတုတ်ဘင်္ဂါလီ ကျေးရွာသို့သွားရောက်ခဲ့ကာ ပေါင်းတုတ်ဘင်္ဂါလီကျေးရွာရှိ ဘင်္ဂါလီအချို့နှင့် တံခါးပိတ်တွေ့ဆုံဆွေးနွေး ခဲ့ ကြောင်း မြောက်ဦးမြို့မှ ဌာနဆိုင်ရာ အကြီးအကဲတစ်ဦးက ပြောသည်။ ကိုဖီအာနန်နှင့်အဖွဲ့သည် မြေပုံမြို့သို့ ဆက်လက်သွားရောက်ခဲ့ရာ မြေပုံမြို့ခံများက ကော်မရှင်အား ဆန္ဒပြသည့် အနေဖြင့် ဈေးများ၊ လူ နေအိမ် များ၊ အရောင်းဆိုင်များ အားလုံးပိတ်ထားကြပြီး လမ်းပေါ်တွင် လူသွားလူလာ မရှိသလောက် အခြေအနေဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း မြေပုံမြို့ခံတစ်ဦးက ပြောသည်။ ကိုဖီအာနန် ဦးဆောင်သော ကော်မရှင်အား ဒီဇင်ဘာ ၂ ရက်တွင် စစ်တွေမှ ဒေသခံ ၁ဝဝ ခန့်က စစ် တွေလေဆိပ်အထွက်တွင် ဆန္ဒထုတ် ဖော်ခဲ့ကြသည်။

ရခိုင်ပြည်နယ်သို့ရောက်ရှိနေသည့် ကိုဖီအာနန်နှင့်အဖွဲ့အား ဒီ ဇင်ဘာ ၂ ရက်မှစတင်၍ ၄ ရက်အထိ စစ်တွေ၊ မောင်တော၊ ဘူးသီး တောင်နှင့်မြောက်ဦးမြို့တို့တွင် ရခိုင် ဒေသခံတချို့က ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ယင်းနှင့်ပတ်သက်ပြီး မြောက်ဦးမြို့ဆန္ဒထုတ်ဖော်ပွဲဦးဆောင်သူ တစ်ဦးဖြစ်သည့် ရခိုင်အမျိုးသားပါတီ(မြောက်ဦး)မှ အတွင်းရေးမှူး ဦးထွန်းနေလင်းက''ရခိုင်ပြည်နယ် ပဋိပက္ခကိုဖြေရှင်းဖို့အတွက် ဖွဲ့စည်းတဲ့ အခါ မှာ ပြည်တွင်းမှာ ပညာရှင်တွေရှိရဲ့နဲ့ နိုင်ငံခြားသားတွေကိုခေါ်ပြီး ထည့်သွင်းထားတယ်။ ဒါကိုလက်မခံပါဘူး။ ဒါကြောင့် ကန့်ကွက် ကြောင်း ဆန္ဒထုတ်ဖော်ကြတာဖြစ်ပါတယ်''ဟု ပြောသည်။ အဆိုပါကော်မရှင်အပေါ် ရခိုင် နိုင်ငံရေးပါတီများနှင့် လူမှုအဖွဲ့အစည်းများကြား အချင်းချင်းအမြင် မတူမှုများနှင့်သဘောထားကွဲလွဲမှုများရှိနေပြီး ဒေသခံများ၏ ကန့်ကွက်ကြောင်း ဆန္ဒပြမှုရှိနေသလို ကော်မရှင်နှင့်တွေ့ဆုံဆွေးနွေးသည့် လူမှု အဖွဲ့အစည်းများလည်း မြို့တိုင်းတွင်ရှိသည်။  ရခိုင်ပြည်နယ်ဆိုင်ရာအကြံ ပေးကော်မရှင်ကို နိုင်ငံခြားသား သုံးဦးအပါအဝင် အဖွဲ့ဝင်ကိုးဦးဖြင့် သြဂုတ် ၂၄ ရက်က နိုင်ငံတော်အတိုင် ပင်ခံရုံးဝန်ကြီးဌာနမှ ဖွဲ့စည်း ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ယင်းကော်မရှင်သည် ရခိုင်ပြည် နယ်သို့သွားရောက်သည်မှာ ယခု အကြိမ်သည် သုံးကြိမ်မြောက်ဖြစ် ကြောင်း သိရသည်။ 


NT, TTMT
#democracytoday



 http://www.yangonmedia.com/political/item/6871-the-accusations-of-some-international-organizations-could-be-explained-by-kofi-anan-s-visit-maungdaw-maungdaw-residents





EmoticonEmoticon

Comments system

Flag Counter