မြောက်ပိုင်းတပ်ဖွဲ့များကို အကြမ်းဖက်အဖွဲ့ သတ်မှတ်ရန် ရှမ်းလွှတ်တော် ထောက်ခံသူများ

 

 

မြောက်ပိုင်းတပ်ဖွဲ့များကို အကြမ်းဖက်အဖွဲ့ သတ်မှတ်ရန် ရှမ်းလွှတ်တော် ထောက်ခံသူများ

 မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေကို အကြမ်းဖက်အဖွဲ့တွေအဖြစ် သတ်မှတ်ဖို့ ရှမ်းပြည်လွှတ်တော်မှာ ဒီနေ့ မနက်ပိုင်း ဆွေးနွေးခဲ့ကြပြီး ထောက်ခံဆွေးနွေးသူများလို့ အတည်ဖြစ်ဖို့ ရှိနေပါတယ်။
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ လားရှိုးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သူက မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေကို အကြမ်းဖက်အဖွဲ့တွေအဖြစ် သတ်မှတ်ဖို့ မနေ့က ပြည်နယ်လွှတ်တော်မှာ အရေးကြီးအဆို တင်ခဲ့ပါတယ်။
ဒီအဆိုကို ဒီနေ့ ပြည်နယ်လွှတ်တော်ထဲ ဆွေးနွေးခဲ့ပြီး တပ်မတော်သားကိုယ်စားလှယ် ၂ ဦးနဲ့ ကြံ့ခိုင်ရေးကိုယ်စားလှယ် ၄ ဦးတို့က ထောက်ခံဆွေးနွေးခဲ့ကြပြီး အန်အယ်လ်ဒီကိုယ်စားလှယ် ၁ ဦးက ကန့်ကွက် ဆွေးနွေးခဲ့ပါတယ်။
မွန်းလွဲပိုင်းမှာ ပြည်နယ်လွှတ်တော်ပြန်စတဲ့အခါ အရေးကြီးအဆိုကို မဲခွဲ ဆုံးဖြတ်မှာဖြစ်ပြီး အဆိုကို အတည်ပြုသွားဖို့ များတယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (အက်စ်အန်အယ်လ်ဒီ) ကျောက်မဲမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုင်းထွန်းဉာဏ်က ပြောပါတယ်။
“ဆွေးနွေးဖို့တော့ မကျန်တော့ဘူး။ ဒီနေ့လယ် ပြန်စရင် မဲခွဲမယ်၊ မဲခွဲမယ် ဆိုလို့ရှိရင်တော့ အတည်ပြုသွားဖို့ များပါတယ်။ ဘာဖြစ်လို့လည်းဆိုရင် တပ်မတော်သားကိုယ်စားလှယ်နဲ့ ယူအက်စ်ဒီပီ တို့ ပေါင်းလိုက်ရင် ရာခိုင်နှုန်း ၅၀ ကျော်တဲ့ အနေအထား ရှိတယ်လေ။”
ရှမ်းပြည်နယ်လွှတ်တော်ကို ဒီဇင်ဘာ ၆ ရက်မှာ အရေးပေါ်ခေါ်ယူခဲ့တာဖြစ်ပြီး စတင်ခေါ်ယူတဲ့နေ့မှာပဲ တပ်မတော်နဲ့ လတ်တလော တိုက်ပွဲဖြစ်နေကြတဲ့ ကေအိုင်အေ၊ အမ်အန်ဒီအေအေ၊ တီအန်အယ်လ်အေနဲ့ အေအေ တပ်ဖွဲ့တို့ကို အကြမ်းဖက်အဖွဲ့တွေအဖြစ် သတ်မှတ်ဖို့ အရေးကြီးအဆို တင်ခဲ့တာ ဖြစ်ပါတယ်။
မကြာခင်က ကျင်းပပြုလုပ်ခဲ့တဲ့ ပြည်သူ့လွှတ်တော်အတွင်း ရှမ်းမြောက်တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြစဉ်ကလည်း ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းက အလားတူ အကြမ်းဖက်အဖွဲ့တွေအဖြစ် သတ်မှတ်ဖို့ လွှတ်တော်ကို တင်ပြ တောင်းဆိုခဲ့ဖူးပါတယ်။



 http://burmese.dvb.no/archives/178971



EmoticonEmoticon

Comments system

Flag Counter