ငြိမ်းချမ်းရေးကော်မရှင်က တွေ့ဆုံလိုပါက အသင့်ရှိကြောင်း လက်နက်ကိုင်လေးဖွဲ့က ထပ်မံအဆိုပြု

 
 
 
 
ငြိမ်းချမ်းရေးကော်မရှင်က တွေ့ဆုံလိုပါက အသင့်ရှိကြောင်း လက်နက်ကိုင်လေးဖွဲ့က ထပ်မံအဆိုပြု

မြန်မာအစိုးရ ငြိမ်းချမ်း ရေးကော်မရှင်က တွေ့ဆုံမည်ဆိုပါက တွေ့ဆုံရန်အဆင်သင့်ရှိ ကြောင်း ရှမ်းပြည်နယ်မြောက်ပိုင်း ပူးပေါင်းစစ်ရေးလှုပ်ရှားနေသည့် လက်နက်ကိုင်လေးဖွဲ့က တရုတ် အစိုးရထံ ထပ်မံအဆိုပြုထားကြောင်း သတင်းရရှိသည်။

ငြိမ်းချမ်းရေးကော်မရှင်၏ တရုတ်နိုင်ငံ ခရီးစဉ်တွင် တရုတ် အစိုးရ ကြားဝင်ဆောင်ရွက်ပေးမှု ဖြင့် ကော်မရှင်နှင့် ကချင်လက် နက်ကိုင်အဖွဲ့ (KIA)၊ တအာင်း လက်နက်ကိုင်အဖွဲ့ (TNLA)၊ ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA)နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA)တို့ ဒီဇင်ဘာ ၂ ရက်က ကူမင်းမြို့၌ တွေ့ဆုံရန် စီစဉ်သော်လည်း ပျက်ပြယ်ခဲ့သည်။

ငြိမ်းချမ်းရေးကော်မရှင်က ကော်မရှင်နှင့် TNLA၊ MNDAA၊ AA လက်နက်ကိုင်သုံးဖွဲ့၊ ကော်မ ရှင်နှင့် KIO/KIA စသည့် ပုံစံမျိုး ဖြင့် ဆွေးနွေးရန် သဘောထားရှိ သော်လည်း တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များက ကော်မရှင် နှင့် KIA၊ TNLA၊ MNDAA၊ AA လေးဖွဲ့ ပေါင်း၍ တစ်ပြိုင်တည်း တွေ့ဆုံရန် သဘောထားရှိသည့် အပေါ် ညှိနှိုင်းမရ၍ တွေ့ဆုံပွဲ ပျက်ပြယ်ခဲ့ခြင်းဖြစ်သည်။


ဆွေးနွေးပွဲ ပျက်ပြယ်၍ မြန်မာကိုယ်စားလှယ်အဖွဲ့ ပြန် သွားပြီးနောက် တရုတ်နိုင်ငံခြား ရေးဌာန တာဝန်ရှိသူများနှင့်တွေ့ ဆုံစဉ် မြန်မာငြိမ်းချမ်းရေးကော်မ ရှင်နှင့် လက်နက်ကိုင်လေးဖွဲ့ တွေ့ဆုံရန် ထပ်မံအဆိုပြုခြင်းဖြစ်သည်ဟု TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီးတာ့ဘုန်းကျော်က ပြောသည်။

‘‘အခု တိုက်ပွဲဖြစ်နေတဲ့ဟာ တွေက မြန်မာ့တပ်မတော်က ဒီ အတိုင်း ထိုးစစ်တွေပဲ ဆက်လုပ် မယ်ဆိုရင် တိုက်ပွဲတွေက ဆက် ပြင်းသွားမယ်။ ဘယ်လိုမှ ငြိမ်း ချမ်းနိုင်မယ့် အနေအထားမရှိဘူး။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ လည်း တွေ့ချင်တယ်၊ မြန်မာ့ငြိမ်း ချမ်းရေးကော်မရှင်က တွေ့မယ် ဆိုရင် တွေ့ချင်ပါတယ်။ တွေ့နိုင် ပါတယ်။ ကျွန်တော်တို့ဘက်က အဆင်သင့်ရှိတယ်။ ဒီကိစ္စကို တွေ့ဆုံဆွေးနွေးပြီးမှ ဖြေရှင်းနိုင် မယ်လို့ အဲဒီလိုမျိုး တရုတ်အစိုးရ ကို ကျွန်တော်တို့ရဲ့ သဘောထား ကို ပေးခဲ့ပါတယ်’’ ဟု TNLA အ ထွေထွေအတွင်းရေးမှူး ဗိုလ်မှူး ကြီး တာ့ဘုန်းကျော်က ဒီဇင်ဘာ ၃ ရက် ညတွင် ပြောသည်။

ဆက်လက်၍ ၎င်းက ‘‘ကျွန် တော်တို့ ပြန်ခါနီးမှာ တရုတ်အစိုး ရကို အဲဒီလိုပြောခဲ့တာပါ။ မြန်မာ ကိုယ်စားလှယ်က ပြန်သွားပြီးတဲ့ နောက် ကျွန်တော်တို့လည်း ပြန်ရ တယ်လေ။ ပြန်တော့ ကျွန်တော် တို့လည်း တရုတ်အစိုးရကိုယ်စား လှယ်တွေနဲ့ ခဏတွေ့တော့ ကျွန် တော်တို့ရဲ့ သတင်းစကားကို အဲဒီကို ပေးခဲ့ပါတယ်’’ဟု ဆိုသည်။

လတ်တလောတွင် တပ်မ တော်နှင့် KIA၊ TNLA၊ MNDAA နှင့် AA ပူးပေါင်းလက်နက်ကိုင်အ ဖွဲ့ တို့အကြား ရှမ်းပြည်နယ် မြောက်ပိုင်း မုံးကိုးဒေသတွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွား လျက်ရှိပြီး တိုက်ပွဲကြောင့် နှစ်ဖက် ထိခိုက်သေဆုံးမှု များပြားလျက်ရှိ ကြောင်း သတင်းရရှိသည်။

ဒီဇင်ဘာ ၃ ရက်တွင် KIA၊ TNLA၊ MNDAAနှင့် AA လက်နက် ကိုင် ပူးပေါင်းအဖွဲ့က မုံးကိုးစခန်း ကို စခန်းသိမ်းတိုက်ပွဲ ဆက် လက်ဆင်နွှဲရာ တပ်မတော်သား များက ကျားကုတ်ကျားခဲ ရင်ဆိုင် တိုက်ပွဲဝင်လျက်ရှိကြောင်း တပ်မ တော်က သတင်းထုတ်ပြန်သည်။ ၀ိုင်းဝန်းပိတ်ဆို့ပြီး လက်နက်ကြီး ပစ်ကူယူ၍ စခန်းသိမ်းတိုက်ပွဲများ ထပ်မံဆင်နွှဲလာသဖြင့် တိုက်ပွဲ ဖြစ်စဉ်များတွင် လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရ သည်။

‘‘တရုတ်အစိုးရဘက်က တော့ ကျွန်တော်တို့ကို ဘာမှတော့ ပြောတာမရှိသေးဘူး။ အခုအချိန် ထိပေါ့။ ဘာမှ ထပ်ပြောတာမရှိ သေးပါဘူး’’ဟု ငြိမ်းချမ်းရေးကော် မရှင်အကြံပေးအဖွဲ့ဝင် ဒေါက် တာမင်းဇော်ဦးက ဒီဇင်ဘာ ၃ ရက်ညပိုင်း၌ ပြောသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဌာန၏ဖိတ်ကြားချက်အရ ငြိမ်း ချမ်းရေးကော်မရှင်အဖွဲ့ဝင်များ နှင့် တပ်မတော်အရာရှိများပါဝင် သည့် ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၂၆ ရက်မှ ဒီဇင်ဘာ ၂ ရက်အထိ တရုတ်နိုင်ငံသို့ သွား ရောက်ခဲ့ကြသည်။







http://www.7daydaily.com/story/82566




EmoticonEmoticon

Comments system

Flag Counter