ဘင်္ဂါလီများမှာ ဗြိတိသျှကြောင့် မြန်မာနိုင်ငံသို့ ရောက်ရှိလာခြင်း ဖြစ်




ဘင်္ဂါလီများမှာ ဗြိတိသျှကြောင့် မြန်မာနိုင်ငံသို့ ရောက်ရှိလာခြင်း ဖြစ်
------------------------------
ရောမရောက် ရောမလိုကျင့် ရန် မောင်တောရောက် တပ်ချုပ်ပြော
------------------------------
မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် ဘဂါင်္လီများမှာ ကိုလိုနီဘ၀ ကျရောက် ခဲ့စဉ်က ဗြိတိသျှနယ်ချဲ့ တို့၏ စိတ်ကြိုက် လုပ်ဆောင်မှုကြောင့် မြန်မာနိုင်ငံ အတွင်းသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး လွတ်လပ်ရေးရပြီး နောက်ပိုင်း တွင်လည်း ယင်းအမွေဆိုးကို ဆက်ခံခဲ့ရကြောင်း မောင်တောသို့ ရောက် ရှိခဲ့သည့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က ပြောသည်။

ဘင်္ဂါလီများတွင် တရားဝင်သူများ ရှိသကဲ့သို့ တရားမ၀င်သည်များလည်း ရှိပြီး ဥပဒေ လိုက်နာလေးစားမှု မရှိသည်များလည်းရှိကာ ခေတ်အဆက်ဆက် အတိုင်းအတာ တစ်ရပ်အထိ ထိန်းနိုင်ခဲ့သော်လည်း ယိုပေါက်များ ရှိနေဆဲဖြစ်ကြောင်း ဒီဇင်ဘာလ ၂၀ ရက်နေ့က အမှတ် ၁ နယ်ခြားစောင့် ရဲကွပ်ကဲမှု အဖွဲ့ရုံးခန်းမတွင် ရဲတပ်ဖွဲ့ဝင်များ မိသားစုဝင်များနှင့် တွေ့ဆုံမှု တွင် ပြေကြားသည်ဟု Senior General Min Aung Hlaing facebook စာမျက်နှာတွင် ဖော်ပြထားသည်။

မောင်တောဒေသမှာ အရေးပါသည့် နယ်မြေဖြစ်ပြီး လွတ်လပ်ရေး ဆိုသည်မှာ မျက်စိတစ်မှိတ် လျှပ်တစ်ပြက်အတွင်း ဆုံးရှုံးနိုင်ကြောင်း လွတ်လပ်ရေးပြန်ရရန် ပေးဆပ်မှုများစွာ ရှိခဲ့ရပြီး လွတ်လပ်ရေး ပြန်မဆုံး ရှုံးစေရန် အရေးကြီးပြီး တိုင်းပြည် ထူထောင်ရာတွင် ဆိုးမွေများကိုလည်း ရင်ဆိုင်ရပြီး ပေါ့ဆစွာ နေလိုက်သည့်အတွက် အရင်းအနှီးများစွာ ပေး လိုက်ရသည်ကို သင်ခန်းစာယူရန် လိုသည်ဟု တပ်ချုပ်က ပြောသည်။

ယင်းအပြင် တပ်ချုပ်မှာ ၀ါးခုတ်ချောင်းတပ်နယ် ခန်းမတွင် ဘူးသီးတောင် တပ်နယ်နှင့် ၀ါးခုတ်ချောင်း တပ်နယ်တို့မှ အရာရှိ၊စစ်သည် မိသားစုများ အား တွေ့ဆုံအမှာစကား ပြောကြားပြီး နိုင်ငံသားများကို ဥပဒေနှင့် အညီ အကာကွယ်ပေးရာတွင် မူလ Native ဖြစ်သည့် တိုင်းရင်းသားများကို ဦးစားပေးရမည်ဟု ဆိုသည်။

ယင်းအပြင် အခြားသော နိုင်ငံသားဖြစ်မှု ဥပဒေနှင့် ညီညွတ်သည့် နိုင်ငံသား များကိုလည်း ကာကွယ်ပေးရမည် ဖြစ်ကြောင်း၊ နိုင်ငံသားများ အနေဖြင့်လည်း နိုင်ငံ၏ ဥပဒေများကို လေးစား လိုက်နာပြီး ဥပဒေနှင့်အညီ နေထိုင်ကြရန် လိုကြောင်း၊ "ရောမရောက်ပါက ရောမသားလို ကျင့်ရန်" ဆိုသည့် စကားနှင့်အညီ မြန်မာနိုင်ငံတွင် နေထိုင်ပါ က မြန်မာနိုင်ငံ၏ ဥပဒေများနှင့်အညီ နေထိုင်ကြရမည်ဖြစ်ကြောင်း၊ အလားတူ အခြားနိုင်ငံသို့ သွားရောက် နေထိုင်လုပ်ကိုင်ပါကလည်း အဆိုပါနိုင်ငံ၏ စည်းကမ်း ဥပဒေကို လေးစားလိုက်နာရန် လိုကြောင်း ထည့်သွင်း ပြောကြားသည်ဟု Senior general min aung haling facebook စာမျက်နှာတွင် ဖော်ပြထားသည်။


The Ladies News


https://www.facebook.com/News.TheLadies/photos/a.179109772264000.1073741828.178829095625401/676271685881137/?type=3&theater



EmoticonEmoticon

Comments system

Flag Counter