UNFC အဖွဲ့ဝင်အဖြစ်မှ အမြဲတမ်းထွက်သွားရန် အကြောင်းပြန်ပြီးဖြစ်ကြောင်း PNLO ဦးဆောင်နာယကပြော

 

 

UNFC အဖွဲ့ဝင်အဖြစ်မှ အမြဲတမ်းထွက်သွားရန် အကြောင်းပြန်ပြီးဖြစ်ကြောင်း PNLO ဦးဆောင်နာယကပြော

 ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင် စီ (UNFC)  အဖွဲ့ဝင်အဖြစ်မှ အမြဲတမ်းထွက်သွားရန် ဆုံးဖြတ်ထားပြီးဖြစ်ကြောင်း UNFC သို့ အကြောင်း ပြန်ကြားထားပြီးဖြစ် သည်ဟု ပအိုဝ်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ PNLO ဦး ဆောင်နာယက ဗိုလ်မှူးကြီး ခွန် ဥက္ကာက ပြောသည်။

၂၀၁၅ အောက်တိုဘာ တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ၌ ပါဝင်လက်မှတ်ရေးထိုး ခဲ့သည့် ပအိုဝ်းအမျိုးသားလွတ် မြောက်ရေးအဖွဲ့ချုပ် (PNLO) နှင့် ချင်းအမျိုးသားတပ်ဦး (CNF) တို့ ကို UNFC က အဖွဲ့ဝင်အဖြစ်မှ ယာယီရပ်ဆိုင်းထားသည်။
သို့ရာတွင် ပြီးခဲ့သော ရက် ပိုင်းက ကျင်းပခဲ့သည့် UNFC တိုး ချဲ့အစည်းအဝေးနှင့် UNFC ၏ တတိယအကြိမ်ညီလာခံသို့ PNLO နှင့် CNF အဖွဲ့တို့ တက်ရောက်ရန် UNFC က ဖိတ်ကြားစာများပေးပို့ ခဲ့ကြောင်း သိရသည်။

‘‘ကျွန်တော်တို့ PNLO ရဲ့ သဘောထားကိုတော့ ကျွန်တော် တို့ ဖိတ်စာနှစ်စောင်စလုံးအပေါ်မှာ တစ်ပေါင်းတည်းပြန်ကြားလိုက်တယ်။ ပြန်ကြားတာက တခြား တော့မဟုတ်ပါဘူး။ ကျွန်တော်တို့ကို ယာယီထုတ်ပယ်ထားတယ်လို့ ဆုံးဖြတ်ထားတဲ့ကိစ္စကို ကျွန် တော်တို့ PNLO ရဲ့ ဗဟိုအစည်း အဝေးတစ်ရပ်ကနေပြီးတော့ ယာ ယီထုတ်ပယ်ထားတဲ့ကိစ္စကို အမြဲ တမ်းအဖွဲ့ဝင်အဖြစ်က ထွက်သွား ဖို့ ဆုံးဖြတ်ထားပြီးသား ဖြစ်တယ် ဗျ။ ယာယီကတော့ UNFC ကပေါ့။ကျွန်တော်တို့ဘက်ကတော့ အမြဲ တမ်းလို့ ဆုံးဖြတ်လိုက်ပြီးတော့ ကျွန်တော်တို့က ပါဝင်ခြင်းမရှိ တော့ဘူး’’ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။
UNFC အဖွဲ့ဝင်မဟုတ်တော့၍ PNLO အနေဖြင့် UNFC ညီလာခံကျင်းပချိန်တွင် ပါဝင်တက်ရောက်မည်မဟုတ်ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

UNFC ကိစ္စနှင့်ပတ်သက်ပြီး တိုက်ရိုက်တာဝန်ယူထားခြင်းမရှိ ၍ အသေးစိတ်မသိသော်လည်း UNFC ညီလာခံသို့ တက်ရောက် ရန် CNF ကို ဖိတ်ကြားထားသည် ဟု CNF ဒုတိယဥက္ကဋ္ဌ (၂) ဒေါက် တာ ဆလိုင်းလျန်မှုန်းက ဆိုသည်။‘‘လက်မှတ်ထိုးတဲ့ အဖွဲ့နဲ့ လက်မှတ်မထိုးတဲ့ အဖွဲ့ဆိုပြီး တော့ ကွဲပြားလာတဲ့အပေါ်မှာ CEC မှာ ကျွန်တော်တို့တိုင်ပင်ရဦးမယ်နဲ့တူပါတယ်’’ဟု ဒေါက်တာ ဆလိုင်းလျန်မှုန်းက ပြောသည်။

လက်ရှိတွင် UNFC ကို NCAလက်မှတ်မထိုးရသေးသည့် တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့ ကိုး ဖွဲ့ဖြင့် ဖွဲ့စည်းထားရာ ယင်းတို့အ နက် တအာင်းလက်နက်ကိုင်အဖွဲ့ (TNLA) နှင့် ကိုးကန့်လက်နက်ကိုင် အဖွဲ့ (MNDAA) တို့က UNFC မှ နုတ်ထွက်ခွင့်တောင်းဆိုထားသည်။
‘‘UNFC ညီလာခံက အခြေ အနေတစ်ခုကြောင့် နောက်ပြန် ဆုတ်တယ်လို့ သိရပါတယ်။ ကျွန် တော်တို့က UNFC က နုတ်ထွက် စာတင်ထားတယ်။ ဒီလာမယ့် ညီ လာခံမှာ သူတို့ဆုံးဖြတ်လိမ့်မယ်။ အဲဒါက လက်ရှိအခြေအနေပါ။ လောလောဆယ်တော့ ကျွန်တော် တို့က UNFC အဖွဲ့ဝင်အဖြစ် ရှိနေ ဆဲပါပဲ’’ဟု TNLA အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီး တာ့ဘုန်းကျော်က ပြောသည်။

UNFC ၏ ဖွဲ့စည်းပုံအရ ညီ လာခံကို ၂ နှစ်လျှင် တစ်ကြိမ် ကျင်းပရမည် ဖြစ်သည်။ UNFC တတိယအကြိမ်ညီလာခံကို ၂၀၁၆ သြဂုတ်အတွင်း ကျင်းပရမည် ဖြစ်သော်လည်း မကျင်းပဖြစ်ဘဲ ဒီဇင် ဘာ ၁၇၊ ၁၈၊ ၁၉ ရက်များတွင် ကျင်းပရန် ရွှေ့ဆိုင်းခဲ့သည်။ ပြီး ခဲ့သည့် နိုဝင်ဘာ ၂၈ ရက်မှ ၃၀ ရက်အထိ ထိုင်းနိုင်ငံချင်းမိုင်၌ ကျင်းပခဲ့သော UNFC ဗဟိုအလုပ် အမှုဆောင်ကော်မတီတိုးချဲ့အ စည်းအဝေးတွင် ညီလာခံကို ယာ ယီရွှေ့ဆိုင်းရန် ထပ်မံဆုံးဖြတ်ခဲ့ သည်။

UNFC ဖွဲ့စည်းစဉ်က ကရင် အမျိုးသားအစည်းအရုံး (KNU) ၊ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) တို့အပါအ၀င် အဖွဲ့အစည်း ၁၂ ခုဖြင့် ဖွဲ့စည်းခဲ့ရာ ၂၀၁၄ UNFC ညီလာခံတွင် KNU က UNFC အဖွဲ့ဝင်အဖြစ် ပါဝင်မှုကို ယာယီရပ်ဆိုင်းခဲ့သည်။

လက်ရှိ UNFC ၏ လုပ်ငန်း များတွင် ပါဝင်ဆောင်ရွက်နေ သည့် အဖွဲ့ဝင်အဖွဲ့အစည်း ခုနစ် ဖွဲ့ရှိရာ ၎င်းတို့မှာ KIO/KIA ၊ မွန် ပြည်သစ်ပါတီ (NMSP) ၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ ရှမ်းပြည်တိုးတက်ရေး ပါတီ (SSPP) ၊ လားဟူဒီမိုကရက် တစ်အစည်းအရုံး (LDU) ၊ ‘၀’အမျိုးသားအဖွဲ့ချုပ် (WNO) ရခိုင်ပြည် အမျိုးသားကောင်စီ (ANC) တို့ ဖြစ်သည်။

UNFC ကို ၂၀၁၁ က ဖွဲ့စည်းခဲ့ပြီး ဥက္ကဋ္ဌမှာ ကချင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ KIO/KIA ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လဖြစ်သည်။ UNFCအဖွဲ့ဝင် အဖွဲ့အစည်းများ NCA တွင် ပါဝင်နိုင်ရေးအတွက် ကိုယ် စားလှယ်အဖွဲ့တစ်ဖွဲ့ဖွဲ့စည်းကာ အစိုးရနှင့် ဆွေးနွေးညှိနှိုင်းလျက်ရှိ သော်လည်း ပြေလည်မှုမရသေး ပေ။




 http://www.7daydaily.com/story/82665




EmoticonEmoticon

Comments system

Flag Counter