ဘင်္ဂါလီတို့ရဲ့ နယ်မြေလုတိုက်ပွဲ - ဖာပုံနဒီ (မူဂျာဟစ်အကြောင်း သိကောင်းစရာ)

 

ဘင်္ဂါလီတို့ရဲ့ နယ်မြေလုတိုက်ပွဲ - ဖာပုံနဒီ (မူဂျာဟစ်အကြောင်း သိကောင်းစရာ)
..............................................
အစ္စလာမ်ဘာသာဝင် မွတ်စလင်တွေဟာ ဂျီဟဒ် လို့ခေါ်တဲ့ဘာသာရေးစစ်ကို
ဆင်နွှဲလေ့ရှိကြပြီးတော့ ၎င်းစစ်ပွဲမှာ ပါဝင်တိုက်ခိုက်တဲ့စစ်သည်တော်တွေကို
“မူဂျာဟစ်”လို့ခေါ်ကြပါတယ်။

မူဂျာဟစ် ဆိုတဲ့ဝေါဟာရအဓိပ္ပာယ်ကတော့
*မိမိတိုင်းပြည်နှင့် ဘာသာရေးအခွင့်အရေးအတွက် တိုက်ခိုက်သောသူ*ဟု
အဓိပ္ပါယ်ရပါတယ်။

၁၉၄၇ ခုနှစ် ကုန်ခါနီးမှာ ဘူးသီးတောင်မြို့နယ် စေတီတောင်ကျေးရွာက
သူကြီးဟောင်း ဆူလ်တင်၏ညီ မိုဟာမတ်က ဦးဆောင်၍ မွတ်ဆလင်
လူငယ်များကို လျှို့ဝှက်စွာစည်းရုံးပြီးနောက် မူဂျာဟစ်ပါတီကိုဖွဲ့စည်းကာ
လက်နက်များကို လျှို့ဝှက်သိုလှောင်ထားရှိခဲ့ပါတယ်။ ထိုသို့ဖွဲ့စည်းစဉ်က
ရခိုင်ကိုအကာအကွယ်ပေးဖို့ ဖွဲ့စည်းထားသည့် ထွန်းအောင်ဖြူအဖွဲ့နဲ့
မူဂျာဟစ်အဖွဲ့တို့ ပူးတွဲကာ သပြုချောင်းကျေးရွာမှာ လူထုအစည်းအဝေး
ကျင်းပပြီးနောက် အဖွဲ့အမည်ကို မူဂျာဟစ်ပါတီဟု ခေါ်တွင်ရန် ဆုံးဖြတ်ခဲ့ပြီး
ထွန်းအောင်ဖြူအား နာယကအဖြစ် တင်မြှောက်ကြပါတယ်။

ထွန်းအောင်ဖြူဟာ ကွန်မြူနစ်ပါတီနှင့် ဆက်စပ်သူဖြစ်တဲ့အတွက် မူဂျာဟစ်အဖွဲ့ကို ကွန်မြူနစ်စခန်းသို့ ခေါ်ဆောင်သွားခဲ့တယ်လို့ ဆိုပါတယ်။ ကွန်မြူနစ်တို့က ဖဆပလအစိုးရ ပြုတ်ကျရင်ရခိုင်ပြည် နှစ်ပိုင်းပိုင်းလိမ့်မည် နတ်မြစ်အရှေ့ဘက်ပိုင်းမှ ကုလားတန်မြစ်အနောက်ဘက်အတွင်းရှိ နယ်မြေများကို ရိုဟင်ဂျာပြည်နယ်အဖြစ် သတ်မှတ်ပေးလျက်
ကျန်အပိုင်းကို ရခိုင်လူမျိုးများ အုပ်ချုပ်စေလိမ့်မည်ဟုပြောဆိုခဲ့ကြောင်း
သိရှိရပါတယ်။

၎င်းမူဂျာဟစ်အဖွဲ့၏ ရည်ရွယ်ချက်နှင့် တောင်းဆိုချက်များကို အကျဉ်းချုံး၍
ဖော်ပြရသော် မူဂျာဟစ်ပါတီမှ ရော်ရှိန်းခေါင်းဆောင်သောအဖွဲ့က မြို့နယ်
ဖဆပလဥက္ကဌ ဦးစိုင်းအောင်ထွန်းမှတဆင့် ဝန်ကြီးချုပ်ထံတင်သွင်းရန်
တောင်းဆိုချက်ပါ စာတမ်းတစ်စောင်ပေးပို့လာပါတယ်။ ထိုတောင်းဆို
ချက်များမှာ

*ရခိုင်ဒေသအတွင်းရှိ မွတ်ဆလင်များအားလုံးကို နိုင်ငံတော်အတွင်းရှိ
ရခိုင်မွတ်ဆလင်များအဖြစ် လက်ခံရန်*

*မူဂျာဟစ်များကို အမြဲတမ်းတပ်မတော်တွင် ရခိုင်မွတ်ဆလင်လက်နက်ကိုင်
တပ်အဖြစ် သီးခြားပေးရန်*

*အစိုးရဌာနတိုင်းတွင် မွတ်ဆလင်များအား အရည်အချင်းလိုက်ဝင်ခွင့်ပြုရန်*

*ဗြိတိသျှအစိုးရကဲ့သို့ မွတ်ဆလင်များအား နာမာလ်(ဘုရားဝတ်ပြုခွင့်)၊
ရူဂျာ(ဥပုသ်ပြုခွင့်)၊ ဟာချ်၊ ဖိုခတ် (ဘူခါ) (အမျိုးသမီးများဝတ်ရုံဝတ်ခွင့်နှင့်
မျက်နှာဖုံးကိုလှန်ကြည့်ခွင့်မရှိရန်)၊ ဘာသာရေးပွဲများ လွတ်လပ်ခွင့်ပြုရန်။*

*မွတ်ဆလင်ကလေးများအား ပညာသင်ကျောင်းတိုင်းတွင် အာရ်ဗီဘာသာကို
အမြဲတမ်းဘာသာအဖြစ် မြန်မာစာနှင့် တန်းတူသတ်မှတ်ပေးရန်။*

*ဘူးသီးတောင်မြို့နယ်၊ မောင်တောမြို့နယ်များတွင် ဆေးရုံကြီးတစ်ရုံနှင့်
ဆေးပေးခန်းများကို လိုအပ်သောနေရာများတွင် တည်ဆောက်ပေးရန်။*

*ဘူးသီးတောင်မြို့နယ်၊ မောင်တောမြို့နယ်များတွင် ကောလိပ်ကျောင်း
တစ်ကျောင်းနှင့် တန်းမြင့်ကျောင်း(၄)ကျောင်း ဖွင့်ခွင့်ပြုရန်*

*နိုင်ငံတော်ဝန်ကြီးချုပ်မှ ၎င်းတို့အဖွဲ့အား ရခိုင်တိုင်းသူပုန်နှိမ်နင်းရေးအတွက်
ကျည်ဆန် အလုံအလောက်ထုတ်ပေးရန်* စတဲ့အချက်တွေဖြစ်ပါတယ်။

မူဂျာဟစ်အဖွဲ့ရဲ့ ရံပုံငွေနဲ့ ပင်ရင်းလက်နက်ထောက်ပံ့မှုကို ဆန်းစစ်လေ့လာ
ခဲ့ဲကြရာမှာ ပညာရှင်များက အောက်ပါအတိုင်း မှတ်တမ်းတင်ခဲ့ကြပါတယ်။

*ဒုတိယကမ္ဘာစစ်ကြီးစတင်ဖြစ်ပွားကာစ ၁၉၄၂ ခုနှစ်တွင် ဗြိတိသျှတပ်များ
စတင်ဆုတ်ခွါလေသည်။ ဗြိတိသျှတို့အနေဖြင့် ၎င်းတို့အောင်မြင်စွာ ဆုတ်ခွါနိုင်ရန်စစ်ပြေးဘက်တော်သားများက အချင်းချင်းရန်တိုက်ပေးသည့် အနေဖြင့် မြန်မာနိုင်ငံသားမဟုတ်သူများကို ကိုယ့်ကိုကိုယ် ကာကွယ်နိုင်ရန်ဟု အကြောင်းပြကာ လက်နက်များပေးအပ်ခဲ့သည်။ ထိုအချိန်တွင် အင်္ဂလိပ်စစ်တပ်မှ ကုလားစစ်သည်များက ဒေသခံ
ကုလားများနှင့်ပေါင်းကာ ရခိုင်အမျိုးသားများကို သတ်ဖြတ်မှုများ စတင်ခဲ့သည်။*

*ကုလား-ရခိုင် အဓိကရုဏ်း ရုတ်တရက်ဖြစ်ရခြင်းသည် မြေပုံမြို့နယ်၊ ချောင်းကြီးရွာ
သူကြီး ညီအစ်ကိုနှစ်ဦးကို ရက်ချောင်းရွာမှ ကုလားများက စတင်သတ်ဖြတ်ခဲ့ခြင်းကြောင့်ဖြစ်သည်။ ထိုအဖြစ်အပျက်ကို အကြောင်းပြု၍ သိန်းအောင်ကျော်၊ ကျော်ယ အစရှိသော
ရခိုင်တိုင်းရင်းသားတို့က ဒေါသထွက်ကာ ဧည့်သည်ရက်ချောင်း ကုလားတို့ကို လက်စားချေသတ်ဖြတ်သည်တွင် ကုလား-ရခိုင် အဓိကရုဏ်းစတင်ခဲ့ခြင်းဖြစ်သည်။

ထိုမှတဆင့် မြောက်ဦး၊ ကျောက်တော် မြို့နယ်များသို့ ကူးစက်သွားခဲ့သည်။ ထိုမြို့နယ်များမှထွက်ပြေးလာသော ကုလားများသည် ဘူးသီးတောင်၊ မောင်တောမြို့နယ်များသို့
ရောက်ရှိလာပြီး ယင်းမြို့နယ်ရှိကုလားများနှင့်ပူးပေါင်းကာ
ဒေသတွင်းရှိရခိုင်လူမျိုးတို့ကိုလက်စားချေပြန်သဖြင့် မောင်တော
မြို့နယ်မြစ်အရှေ့ဖက်ခြမ်း ဘူးသီးတောင်မြို့နယ်နှင့်
ရသေ့တောင်မြို့နယ်ရှိ ရခိုင်ရွာများသည် မီးရှီု့ဖျက်စီးခြင်း၊ သတ်ဖြတ်ခံရခြင်းများကြောင့် ရခိုင်လူမျိုးများထွက်ပြေးကြရသည်။ ရခိုင်လူမျိုးများ အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရသည်။
ယင်းသို့ပျက်စီးသွားခြင်းကြောင့် ယနေ့အထိ နာလန်မထူနိုင်ပဲ ဘူးသီးတောင်၊ မောင်တောမြို့နယ်များတွင်ရခိုင်ရွာများ အနည်းငယ်သာကျန်ရှိတော့သည်။*

*ထိုအဓိကရုဏ်းကြောင့် ရခိုင်လူမျိုး (၂၀၀၀၀) နှစ်သောင်းခန့် အသက်ဆုံးရှုံးခဲ့ရပြီးဘူးသီးတောင်၊ မောင်တောမြို့နယ်မှ ရခိုင်ရွာများအားလုံး ဖျက်စီးခံခဲ့ရသည့်အပြင် ရသေ့တောင်မြို့နယ်မှ ရခိုင်ရွာတစ်ချို့ပါ ဖျက်စီးခံခဲ့ရသည်။ စစ်တွေဘက်သို့ ထွက်ပြေး
သူများကို မွတ်ဆလင်များက သတ်ဖြတ်နေကြောင်း ကြားသိရသည့် ရခိုင်တိုင်းရင်းသားတို့သည် နောက်ဆုံးတွင် အင်္ဂလိပ်အစိုးရဘက်မှ တာဝန်ခံရခိုင်အရာရှိ အကူအညီဖြင့် ဒိန္ဒာစပူရ် စစ်ပြေးစခန်းသို့ ထွက်ပြေးခဲ့ရသည်။*

*ဘူးသီးတောင်၊ မောင်တောမြို့နယ်တွင် ဒုတိယကမ္ဘာစစ်အတွင်း ဘင်္ဂလီတို့၏ ရက်စက်စွာသတ်ဖြတ်မှုကြောင့် သေဆုံးကြရခြင်း၊ ထွက်ပြေးကြရခြင်းနှင့် ပက်သက်သည့် အသက်ရှင်ကျန်ရစ်သူ တို့၏ ပြောကြားချက်အရ မွတ်ဆလင်ကုလားတို့၏ အစီအစဉ်သည် ၎င်းဒေသအတွင်း အခွင့်အရေးကြုံခိုက် ရခိုင်တစ်ဦး
တစ်ယောက်မှ မကျန်အောင်အပြတ်ရှင်းရန် စီစဉ်ခြင်းပင်ဖြစ်သည်။*

*မောင်တောမြို့နယ်တွင် အလယ်သံကျော်၊ တပ်တိုးပြင်၊ စပ်ချကုန်း၊ ရှောက်ကိန်း၊ မြို့ချောင်းစသည့်ရွာများသည် မွတ်ဆလင်ဒဏ်ကို အကြီးအကျယ်ခံစားခဲ့ရသည်။ ထိုရွာမှ ရွာသားများသည် ဒိန္ဒာစပူရ် စစ်ပြေးစခန်းသို့ တစ်ဦးမှရောက်ရှိလာခြင်းမရှိချေ။

ထွက်ပြေးသွားခဲ့ရသော ရခိုင်တိုင်းရင်းသားများ၏ လယ်ယာ၊ ကျွဲနွားများကို မွတ်ဆလင်များမှ ဝင်ရောက်သိမ်းပိုက် လုပ်ကိုင်ခဲ့ကြသည်။*(နောင်အခါတွင် အင်္ဂလိပ်တို့တပ်ဆင်ပေးခဲ့သည့် လက်နက်များနှင့် ၎င်းလယ်မြေသီးစားခ များသည် မူဂျာဟစ်တို့၏ အဓိကအထောက်အပံ့များ ဖြစ်လာသည်။)

*မူဂျာဟစ်သောင်းကျန်းသူများ၏ စနစ်ကြောင့် မောင်တောမြို့နယ်ရှိ ဗုဒ္ဓဘာသာကျေးရွာများ မကြာခဏ ပြိုပျက်ခဲ့ရသည်။ ကျေးရွာတစ်ချို့မှာ မူဂျာဟစ်များ၏လက်ချက်ကြောင့် ရွာအမည်သာ ကျန်ရှိတော့သည်။ တပ်မတော်သည် ၁၉၅၀ ခုနှစ်တွင် မေယုအော်ပရေးရှင်းချမှတ်ကာ မူဂျာဟစ်ဌာနချုပ်ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။*

*၁၉၅၁ ခုနှစ်၊ မတ်လတွင် ရခိုင်တိုင်းမြောက်ပိုင်းရှိ သောင်းကျန်းသူများကို
စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။ မူဂျာဟစ်များသည် အရှေ့ပါကစ္စတန် ဘက်သို့ ထွက်ပြေးသွားကြပြီး တပ်မတော်ထိုးစစ် ရုတ်သိမ်းသွားသည့်အခါ ထကြွမြဲ ထကြွပြန်သည်။ မူဂျာဟစ်တို့အနေဖြင့် လူမျိုးရေး၊ ဘာသာရေး ဆိုင်ရာ အဓိကရုဏ်းများစွာကိုဖန်တီးခဲ့ကြသည်။*

*၁၉၅၂ ခုနှစ်တွင် စစ်တွေခရိုင်မင်းကြီးက မူဂျာဟစ်တပ်ခေါင်းဆောင် ကာဆင်အားဆုငွေ ၂၅၀၀ ထုတ်လိုက်ခြင်းနှင့်ပက်သက်၍ ကာဆင်မှလည်း ရခိုင်တိုင်းမင်းကြီးအား ဆုတော်ငွေ ၁၀၀၀၀(တစ်သောင်းတိတိ)
ပေးမည်ဟု ပြန်လည်ထုတ်ပြန်ကာ ရခိုင်ဒေသအတွင်းမှ စပါးများအား ပါကစ္စတန်သို့ မှောင်ခိုတင်ပို့ခြင်းကို လက်နက်ကိုင် အလုံအရင်းဖြင့်
ဆောင်ရွက်ခဲ့သည်။

မူဂျာဟစ်သောင်းကျန်းသူအင်အား အလွန်
တောင့်တင်းသောကြောင့် စစ်တွေရာဇဝတ်ဝန် ဦးတင်ကိုယ်တိုင် ဦးစီးကာ ရေတပ်အင်အားဖြင့် တားဆီးခဲ့ရသည်။*

*ရခိုင်ဒေသ ပါလီမန်အမတ် ဦးဘမြိုင်၊ ဦးကျော်မင်း၊ ဦးလှထွန်းဖြူတို့ပါဝင်သောပါလီမန်အမတ် ၁၃ ဦးတို့သည် ၁၉၅၂ ခုနှစ်၊ မတ်လ (၂၀)ရက်တွင် ရန်ကုန်မြို့၌သတင်းထောက်များနှင့်တွေ့ဆုံကာ ရခိုင်ပြည် ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင် မြို့များတွင် သောင်းကျန်းလျှက်ရှိသော မူဆလင်မူဂျာဟစ်များအရေး၊
မြန်မာနိုင်ငံအတွင်းသို့ ရခိုင်ပြည်နယ် နယ်စပ်မှနေ၍ အတားအဆီး မရှိဝင်ရောက်နေသော ပါကစ္စတန်ပြည်သားများ အရေးကို ရှင်းပြခဲ့သည်။*

*ဦးဘမြိုင်က ပြောကြားရာတွင် မူဆလင်လူမျိုးများသည် ၁၉၄၈ ခုနှစ်မှစ၍
မူဂျာဟစ် ခေါ် သူပုန်အဖွဲ့ကြီးကိုတည်ထောင်ကာ ခေတ်မမီလက်နက်များဖြင့်
ရခိုင်အမျိုးသားများအား လုယက်တိုက်ခိုက်၍ ရခိုင်အမျိုးသား/အမျိုးသမီးပေါင်း
များစွာကို သတ်ဖြတ်ခဲ့ကြောင်း၊ ၎င်းတို့၏ရန်ကို ကြောက်ရွံ့သဖြင့် ဘူးသီးတောင်နှင့်မောင်တောမြို့နယ်များရှိ ရခိုင်များသည်
မနေရဲကြတော့ဘဲ ရခိုင်ပြည်မသို့ ထွက်ပြေးလာကြကြောင်း၊ ပြည်ထောင်စု
မြန်မာနိုင်ငံတော်အစိုးရသည် လူဝင်လူထွက်ဥပဒေအတည်ပြုပြီး သက်ဆိုင်ရာတို့အား တာဝန်ဝတ္တရားများစွာ ပေးထားသော်လည်း တာဝန်ခံအရာရှိများက တာဝန်မကျေပွန်သဖြင့် ပါကစ္စတန်ပြည်သားများ
အချိန်မရွေး ဝင်ထွက်နေကြကြောင်း ပြောဆိုခဲ့သည်။*

*ဦးကျော်မင်းက ပြောကြားရာတွင် ၎င်းအရေးနှစ်ခုအနက် ပါကစ္စတန်ပြည်သားများမြန်မာပြည်တွင်းသို့ ပြည်ဝင်ခွင့်လက်မှတ်မပါဘဲ ထင်သလိုဝင်ရောက်နေသောအရေးမှာ နယ်စပ်ရှိ ကူမင်တန်စစ်ပြေးများ၏ အရေးထက် ပို၍အရေးကြီးကြောင်း၊မူဂျာဟစ်အင်အားမှာ ၄၀၀ ခန့်မျှသာဖြစ်၍ နိုင်ငံတော်အစိုးရအနေဖြင့် တိုက်ခိုက်နှိမ်နင်းရန်
တောင်းဆိုပြောကြားခဲ့သည်။*

*တပ်မတော်သည် ၁၉၅၂ ခုနှစ်၊ အောက်တိုဘာလတွင် မေယုစစ်ဆင်ရေး
ကိုဒုတိယအကြိမ် စတင်ပြန်သည်။ နိုဝင်ဘာလတွင် မူဂျာဟစ်ဌာနချုပ် တည်ရှိရာ လက်ပန်တောင်ကို တပ်မတော်က တိုက်ခိုက်သိမ်းပိုက် လိုက်သည်။ ထို့ကြောင့် ကာဆင်ခေါင်းဆောင်သော မူဂျာဟစ်တို့ များစွာအင်အားနည်းသွားခဲ့သည်။ သို့သော် တစ်နိုင်ငံလုံးဆူူပူ
သောင်းကျန်းမှု ဖြစ်ပေါ်နေချိန်ဖြစ်သဖြင့် ကြာရှည်စွာထိန်းမထားနိုင်ဘဲ စစ်ဆင်ရေးကာလ ကုန်သည်နှင့်ပြန်လည်ရုတ်သိမ်းရသည်။
မူဂျာဟစ်များသည် တပ်မတော်စစ်ကြောင်း ရုတ်သိမ်းသွားသည်နှင့် ရခိုင်ကျေးရွာများကို တိုက်ခိုက်ဖျက်စီးပြန်သည်။*

*၁၉၅၄ ခုနှစ်၊ နိုဝင်ဘာလတွင် တပ်မတော်သည် မုတ်သုန်စစ်ဆင်ရေးဖြင့်
မူဂျာဟစ်ခြေကုတ်စခန်းများနှင့် ဌာနချုပ်ဖြစ်သည့် မင်္ဂလာကြီးစခန်းကို တိုက်ခိုက်သိမ်းဆည်းနိုင်သဖြင့် ကာဆင်သည် အရှေ့ပါကစ္စတန်သို့ ထွက်ပြေးသွားသည်။ မြန်မာအစိုးရမှ ထွက်ပြေးသွားသည့် ကာဆင်ကို ပြန်လည်အပ်နှံရန် တောင်းဆိုသော်လည်း
တရားခံလွှဲပြောင်းနိုင်သည့် စာချုပ်ချုပ်ဆိုထားခြင်းမရှိသဖြင့် လွှဲပြောင်းမပေးနိုင်ကြောင်း အကြောင်းပြန်ခဲ့သည်။*

*၎င်းကိစ္စကို ပါကစ္စတန်သမ္မတကြီး မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်စဉ်
သတင်းထောက်များမှ မေးမြန်းရာပါကစ္စတန်သမ္မတက ကာဆင်ကို
ထောင်ထဲတွင် ၅နှစ်ထားခဲ့ပြီး ယခုအခါ ၎င်းအား အခြားသို့သွားခွင့်မပြုပဲ နေအိမ်အကျယ်ချုပ်ချထားကြောင်း ပြောကြားခဲ့သည်။*

*၁၉၆၁ ခုနှစ်တွင် မေယုခရိုင်အုပ်ချုပ်ရေး ဖွဲ့စည်းပြီးနောက် ထိုးစစ်များဆင်ခဲ့ရာ နှစ်လအကြာတွင် ဘူးသီးတောင် တောင်ပိုင်း မူ၈ျာဟစ်ပါတီဥက္ကဌ ရော်ဘီဟူလာ၊ ဒုဥက္ကဌ မော်စတော်ဖီနှင့် အဖွဲ့ဝင်ပေါင်း ၂၉၀ ကျော်တို့ လက်နက်ချသည်။မြန်မာနိုင်ငံမှ ကာဆင်ကိုလွှဲပေးရန် အပြင်းအထန်တောင်းဆိုလာချိန်တွင် အိမ်ချုပ်မှ လွှတ်ပေး
လိုက်သည်ကို တွေ့ရသည်။ ထိုကိစ္စများထဲတွင် ပါကစ္စတန်အစိုးရ ပါဝင်ပက်သက်နေသည့် သဘောကို ထင်ရှားစွာတွေ့မြင်ရခြင်းဖြစ်သည်။*
...........................................
မူဂျာဟစ်ဒင်
အဖွဲ့အစည်းနဲ့ပက်သက်ပြီးတော့ အကျဉ်းချုပ်ရေးသားရာမှာ ကိုးကား
စရာ စာတမ်းအဖြစ်က “ဒေါက်တာမြင့်သိန်း(သမိုင်းသုတေသန)”
ရေးသားခဲ့တဲ့ *မြန်မာနိုင်ငံအတွင်း မွတ်စလင်များဝင်ရောက်လာခြင်းနှင့်
နိုင်ငံရေးလှုပ်ရှားမှုအဆင့်ဆင့်* သမိုင်းသုတေသနစာတမ်း၊ တပ်မတော်
မှတ်တမ်းအချို့၊ ၁၉၄၈-၁၉၅၄ သတင်းစာမှတ်တမ်းအချို့၊ ရခိုင်ပြည်နယ်
အစီရင်ခံစာ(လက်နှိပ်စက်မှတ်တမ်း)အချို့ကို ကိုးကားပြီးရေးသားရပါတယ်

(မိတ်ဆွေအများ လေ့လာရင်းဖြင့် အသိပညာတိုးတက်ကြပါစေ)

စာအုပ် ဒေါင်းယူပါရန်

Thant Lwin Oo
Image may contain: text

 

Download 


EmoticonEmoticon

Comments system

Flag Counter