ဘက်စုံသုံး ဒုံးပစ်လောင်ချာများ ထိုင်းဘုရင့်တပ်မတော် တပ်ဆင်




 
ထိုင်းဘုရင့်တပ်မတော်အနေနဲ့ စွမ်အားရှိတဲ့ ရန်သူရဲ့ တိုက်ခိုက်လာရင် တုံ့ပြန်ုဖို့ လက်နက်သစ်တွေ ပိုမိုလိုအပ် တယ်လို့ လက်ထောက် ကာကွယ်ရေး ၀န်ကြီး ဗိုလ်ချုပ်ကြီး Udomdej Sitabutr ကမနေ့က လော့ဘူရီပြည်နယ် မှာ ပြုလုပ်တဲ့ ဘက်စုံသုံး ဒုံးပစ်လောင်ချာများလွှဲပြောင်းတဲ့ အခမ်းအနားမှာ ပြောဆိုလိုက်ပါတယ်။
အဲဒီအခမ်းအနားမှာ ပဲ့ထိန်း စနစ်သုံး DTI-1 အမျိုးအစား ဒုံးပစ်လောင်ချာလက်နက်တွေကို ထိုင်းနိုင်ငံ ကာကွယ်ရေးနဲ့ နည်းပညာ ဌာန (DTI) အကြီးအကဲ Sompong Mukdasakul က ထိုင်းဘုရင့် ကြည်းတပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ဖိဆစ် ဆစ်သီဆန်ကို လွှဲအပ်ခဲ့တာပါ။
ဒီ ပဲ့ထိန်းစနစ်သုံး DTI -1 ဘက်စုံသုံး လောင်ချာတွေကို တရုတ်ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ထိုင်း ကာကွယ်ရေးနဲ့ နည်းပညာဌာနတို့ ပူးတွဲ လုပ်ဆောင်တာဖြစ်ပြီး၊ ပြီးခဲ့တဲ့နှစ်က တရုတ်ပြည်မှာ သွားရောက်ပြီး စမ်းသပ်ခဲ့ပြီးဖြစ်ပါတယ်။
DTI 1 ဘက်စုံသုံး ဒုံးကျည်တွေဟာ ကီလိုမီတာ ၁၅၀(မိုင် ၉၃) အကွာအဝေးအထိ ရောက်အောင် ပစ်နိုင်တယ် လို့သိရပါတယ်။
အခုလို ထိုင်းတပ်မတော်ကို လက်နက်အသစ်တွေ တပ်ဆင်ဖို့ ၀န်ကြီးချုပ် ပရာယွဒ် ချန်အိုချာနဲ့ ကာကွယ်ရေး ၀န်ကြီး ပရာဝစ်တို့က ဦးဆောင်ခဲ့တာဖြစ်တယ်လို့ လက်ထောက် ကာကွယ်ရေး ၀န်ကြီး ဗိုလ်ချုပ်ကြီး Udomdej Sitabutr ဆိုပါတယ်။
ဒါအပြင် စစ်ဘက်နဲ့ နီးစပ်သူတွေအဆိုအရ နောက်ထပ် ဒုံးပစ်လောင်ချာတွေ ထုတ်လုပ်ဖို့ ထိုင်းဘတ် ၃ဘီလျံ တန်ဘိုးရှိတဲ့ စက်ရုံ ၂ရုံဆောက်ဖို့ လျာထား ထားတယ်လို့သိရပါတယ်။
ထိုင်းဘုရင့်တပ်မတော်ဟာ လက်နက်အသစ်များတပ်ဆင်လာရာမှာ တရုတ်ပြည်ကနေ ရေငုပ် သင်္ဘောဝယ်ယူ ဖို့ ကြိုးစားနေသလို၊ ရုရှားထံမှလည်း T -90  ပင်မတိုက်ခိုက်ရေး တင့်ကားတွေ ၀ယ်ယူဖို့ လုပ်ဆောင်နေပါတယ်။


EmoticonEmoticon

Comments system

Flag Counter