“ကြိုးတန်းပေါ်က ဘဝများ”စာအုပ် ဘားမားလင့်ခ်(BURMA LINK)က ပထမဦးဆုံးအကြိမ် ထုတ်ဝေ

March 13, 2016


ထိုင်း-မြန်မာနယ်စပ် အခြေစိုက်သည့် ဘားမားလင့်ခ်(BURMA LINK)အဖွဲ့မှ တိုင်းရင်းသားဒေသများတွင် ကြုံတွေ့ရသည့် တိုင်း ရင်းသားများ၏ ဘဝဖြတ်သန်းမှုများကို အခြေခံ၍ ပထမဆုံးအကြိမ် ရေးသားထားသည့် “ကြိုးတန်းပေါ်က ဘဝများ”စာအုပ်ကို ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၌ ယနေ့ မိတ်ဆက်ဖြန့်ချိလိုက်သည်။
ဘားမားလင့်ခ်ကို ပါဝင်တည်ထောင်သူတစ်ဦးဖြစ်သည့် စောအထွန်းက “ပြည်တွင်းမှာနေတဲ့လူ တော်တော်များများက တိုင်းရင်း သားတွေရဲ့ဘဝကို မသိကြဘူး။ တိုင်းပြည်ကောင်းနေတယ်လို့ပဲ ထင်ကြမယ်။ ဒါနဲ့ ၂၀၁၃ခုနှစ်ကစပြီးတော့ အင်တာဗျူးတွေ လိုက်လုပ်တယ်။ အဲ့ဒီကနေ ရလာတဲ့ တိုင်းရင်းသားတွေရဲ့ ဘဝဖြတ်သန်းမှုအကြောင်းတွေကို အင်တာနက်ပေါ်မှာ တင်တယ်။ အင်တာနက်ပေါ်မှာပဲတင်တော့ လူတိုင်း မဖတ်ဖြစ်ဘူး။ ဒါနဲ့ စာအုပ်ထုတ်ဝေလိုက်ရင် လူတော်တော်များများ ဖတ်ဖြစ်ဖို့ တိုင်း ရင်းသားတွေရဲ့ဘဝတွေ၊ ခံစားချက်တွေကို ကျနော်တို့ ဖော်ပြပေးချင်လို့ပါ”ဟု ပြောသည်။
ထို့အပြင် ပြောင်းလဲလာသည့် မြန်မာ့နိုင်ငံရေး အခြေအနေအရ မြန်မာအစိုးရ၏ တိုင်းရင်းသားများအပေါ် ဖိနှိပ်ဆက်ဆံခဲ့မှု နောက်ကြောင်းဖြစ်ရပ်များကို ပိုမို သိရှိစေရန်နှင့် တိုင်းရင်းသားများ၏ အခက်အခဲများကို ပိုမို သိရှိနားလည်သွားမည်ကိုလည်း မျှော်လင့်ကြောင်း စောအထွန်းက ဖြည့်စွက်ပြောဆိုသည်။
၎င်းစာအုပ်တွင် တိုင်းရင်းသားခေါင်းဆောင်များ၊ ဒီမိုကရေစီအရေး လှုပ်ရှားသူများ၊ အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူများ၊ ရွှေ့ ပြောင်းကျောင်းသူကျောင်းသားများ၊ နယ်လှည့်ဆေးသူနာပြုများထဲမှ လူပုဂ္ဂိုလ်ဆယ်ဦး၏ ခက်ခဲသော ဘဝဖြတ်သန်းမှုအ ကြောင်းကို ၂၀၁၃ခုနှစ်မှ ၂၀၁၅ခုနှစ်အထိ အချိန်ယူကာ စုဆောင်းရေးသားထားခြင်းဖြစ်သည်ဟုလည်း ဘားမားလင့်ခ် တည် ထောင်သူတစ်ဦးဖြစ်သည့် ဖင်လန်နိုင်ငံသူ Ms. Leena က မိတ်ဆက်ပွဲတွင် ရှင်းပြခဲ့သည်။
စာမျက်နှာ ၁၄၆မျက်နှာပါရှိသည့် ထိုစာအုပ်ကို အင်္ဂလိပ်ဘာသာဖြင့် “Lives on the Line”အမည်ဖြင့် ထုတ်ဝေထားခဲ့ပြီး အင်္ဂ လိပ်-မြန်မာ နှစ်ဘာသာဖြင့် အုပ်ရေပေါင်း ၁၄၀၀ကျော် ရေးသားထုတ်ဝေလိုက်ခြင်းဖြစ်ပြီး ၎င်းစာအုပ်မိတ်ဆက်ပြီးနောက်ပိုင်း ပြည်တွင်း၊ နယ်စပ်နှင့် နိုင်ငံရပ်ခြားသို့ တစ်ပြိုင်နက် ဖြန့်ချိရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။
ကိုယ်တွေ့ဖြတ်သန်းမှုအကြောင်း ရေးသားဖော်ပြခံရသူ ကရင်အမျိုးသားကာကွယ်ရေးတပ်မတော်-KNDO စစ်ဦးစီးချုပ် ဗိုလ်မှူး ချုပ်စောနယ်ဒါးဘိုမြက “တော်လှန်ရေးထဲမှာ လုပ်နေတဲ့သူနဲ့ ပြည်တွင်းထဲက တိုင်းရင်းသားပြည်သူတချို့ရဲ့ တော်လှန်ရေးအ လုပ်တွေနဲ့ အတွေ့အကြုံတွေကို အင်တာဗျူးပြီး ရေးထားတာကြောင့် ဒီစာအုပ်ကိုဖတ်ဖြစ်တဲ့သူတိုင်းက ကျနော်တို့ရဲ့ တော်လှန် ရေးအလုပ်တွေနဲ့ အတွေ့အကြုံတွေ တိုင်းရင်းသားတွေရဲ့ဘဝဖြတ်သန်းမှုတွေကို ပိုပြီးသိရှိနားလည်လာလိမ့်မယ်လို့ ကျနော် ယုံကြည်မိပါတယ်”ဟု ကရင်ဘာသာဖြင့် ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် လက်ရှိဖော်ဆောင်နေသည့် ငြိမ်းချမ်းရေးဖြစ်စဉ်များ၌ တိုင်းရင်းသားများ၏ အခြေအနေအမှန်များအတိုင်း ရှေ့ဆက် လုပ်ငန်းစဉ်များတွင် ပိုမိုကောင်းမွန်သည့် နည်းလမ်းကောင်းများကိုလည်း ပိုမိုသိရှိနားလည်သွားရန် ၎င်းစာအုပ်ပါ အကြောင်းအ ရာများက အထောက်အကူပြုလိမ့်မည်ဟုလည်း ဗိုလ်မှူးချုပ်စောနယ်ဒါးဘိုမြက ဖြည့်စွက် ပြောဆိုသည်။
အလားတူ စာအုပ်ပါ ကလေးနိုင်ငံရေးအကျဉ်းသားဖြစ်ခဲ့သူ ကိုစိုးလွင်က “ကျနော်တို့ကို အရင်အစိုးရ(စစ်အစိုးရ) ကျူးလွန်ခဲ့တဲ့ အဖြစ်အပျက်မျိုး၊ ဘယ်လိုလုပ်ဆောင်ခဲ့တယ်ဆိုတာ နောက်ပိုင်းလူငယ်တွေကို သိရှိစေချင်ပါတယ်။ ဒီအမှုကို ကျူးလွန်ခဲ့သူ တွေဟာ သူတို့ကို ကျနော်တို့ ကိုယ်ထိလက်ရောက် မလုပ်ဘူး။ မှန်တာကိုလုပ်ခဲ့တာပဲမို့ သူတို့ကို ပြန်တရားစွဲဖို့ ကျနော်တို့ စီစဉ် ထားပါတယ်”ဟု ဆိုသည်။
ဘားမားလင့်ခ်(BURMA LINK)အဖွဲ့ကို ၂၀၁၂ခုနှစ်မှစ၍ မြန်မာလူထု၏အသံကို ကမ္ဘာအရပ်ရပ်မှ ကြားသိစေရန် ရည်ရွယ်ချက် ဖြင့် ထိုင်း-မြန်မာနယ်စပ်၊ မယ်လဒုက္ခသည်စခန်း၌ မြန်မာ့အရေးစိတ်ဝင်စားသည့် နိုင်ငံခြားသားများနှင့် မြန်မာပြည်ရှိ တိုင်းရင်း သားပြည်သူများဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး အသေးစိတ်သိရှိလိုပါက www.burmalink.org သို့ သွားရောက်ကြည့်ရှုနိုင်သည်။



 KIC News


EmoticonEmoticon

Comments system

Flag Counter