တရုတ်က မြန်မာအပေါ် လွှမ်းမိုးနေမှုကို ပြန်လည်ပြုပြင်သွားမည်



မင်းညီ - ဘာသာပြန်ဆိုသည်

စစ်အစိုးရလက်ထက်တွင် အနောက်နိုင်ငံများက စီးပွား ရေး ဒဏ်ခတ်ပိတ်ဆို့ထားမှုကြောင့် မြန်မာနိုင်ငံသည် တရုတ်နိုင်ငံကို မဟာမိတ်ပြု ဆက်ဆံခဲ့ရသည်။ ယင်း အခြေအနေတွင် တရုတ်နိုင်ငံက မြန်မာနိုင်ငံထဲ၌ စီး ပွားရေးလုပ်ငန်းများစွာ လုပ်ကိုင်ခွင့်ရခဲ့ပါသည်။ သို့သော် မကြာခင် နိုင်ငံ့အာဏာ လွှဲပြောင်းရယူမည့် အင်န်အယ်လ် ဒီပါတီသည် ယခင်အစိုးရလုပ်ကိုင်ခဲ့သော စီမံကိန်းများကို ပြန်လည်သုံးသပ်မည်ဟု ထုတ်ဖော်ကြေညာထားရာ တရုတ်၏ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းကြီးများ သက်ရောက်မှုတစ်စုံတစ်ရာ ရှိလာနိုင်ပါသည်။ တစ်ပြိုင်တည်းမှာပင် တရုတ် က မြန်မာနိုင်ငံအပေါ် ကာလရှည်လွှမ်းမိုးနေမှုကို လျှော့ချနိုင်ရန် အင်န်အယ်လ်ဒီအစိုးရသစ်က ကြိုးပမ်းအားထုတ် လာနိုင်ပုံကို The Wall Street Journal.. တွင် ဆောင်းပါးရှင် Shibani Mahtani က ဝေဖန်သုံးသပ်ထားရာ . . . .
ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အစိုးရသစ် မပေါ်ပေါက်လာခင် ပြည်တွင်းက ထိပ်တန်းစီးပွားရေးလုပ်ငန်းစုနဲ့ပူးပေါင်းပြီး မြန်မာနိုင်ငံထဲမှာ ရေ နက်ဆိပ်ကမ်းဆောက်မယ့်ကိစ္စကို အကောင် အထည်ဖော်နိုင်ဖို့ တရုတ်နိုင်ငံဘက်က အစွမ်း ကုန် ကြိုးစားနေပါတယ်။ အဲဒီစီမံကိန်းထဲမှာ အထူးစီးပွားရေးဇုန်တွေ ပါဝင်ပါတယ်။ ဒါ့ ပြင် ရေနက်ဆိပ်ကမ်းဟာ ပေကျင်းအစိုးရအ တွက် အိန္ဒိယသမုဒ္ဒရာ ပင်လယ်ထွက်ပေါက် နဲ့ တောင်အာရှထွက်ပေါက်အတွက်လည်းဖန်တီးပေးနိုင်မှာဖြစ်လို့ အင်မတန်ကို အရေး ပါတဲ့ မဟာဗျူဟာမြောက် နေရာလေးတစ်ခု ပါ။
ဒါပေမဲ့ အဲဒီတရုတ်က လက်ဦးမှုယူမယ့် ကိစ္စအပေါ် သံသယဖြစ်စရာတွေရှိနေပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒေါ်အောင်ဆန်းစု ကြည် ဦးဆောင်တဲ့ အင်န်အယ်လ်ဒီပါတီဟာ မတ်လမှာ သမ္မတရာထူး ရယူသွားဖို့ရှိနေသလို ဧပြီမှာတော့ အစိုးရအာဏာကို တရားဝင်ပိုင် ဆိုင်ခွင့် ရတော့မှာမို့ပါ။ အဲဒီအချိန်မှာ စီမံ ကိန်းကြီးတွေနဲ့ပတ်သက်ပြီး ပြန်လည်သုံးသပ် မှုတွေလုပ်ဖို့ ပြောဆိုမှုတွေရှိနေသလို အဲဒီ စီမံကိန်းတွေထဲမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာတုန်းက ငွေပင်ငွေရင်းနဲ့ မ,တည်လုပ်ကိုင်ခဲ့တဲ့ တရုတ် ကုမ္ပဏီပိုင် စီမံကိန်းကြီးလည်း ပါဝင်နေပါ တယ်။ အစိုးရသစ်ဟာ မြန်မာနိုင်ငံထဲမှာ တရုတ်ဆန့်ကျင်ရေး ရည်ရွယ်ချက်တွေကို ချိန်ဆကိုင်တွယ်ရမယ့်အနေအထားပါ။ မြောက် ပိုင်းက အင်အားကြီးအိမ်နီးချင်းနိုင်ငံကို ဆန့် ကျင်ဖို့ဆိုတာကတော့ တော်တော်လေး အန္တ ရာယ်ကြီးတဲ့ စွန့်စားမှုပါပဲ။
ငွေကြေးကုမ္ပဏီကြီးဖြစ်တဲ့ ဃငအငခွမသကစ က ပြောကြားရာမှာတော့ သူတို့တွေဟာ မြန် မာနိုင်ငံထဲမှာ တင်ဒါတွေကို တရားနည်းလမ်း ကျကျ ရရှိခဲ့တယ်လို့ ဆိုပါတယ်။ ပြီးတော့ မြန်မာနိုင်ငံမှာရှိတဲ့ တရုတ်ရင်းနှီးမြှုပ်နှံမှုလုပ် ငန်းတွေ ရပ်ဆိုင်းမယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သက် ပြီး ဃငအငခ ငွေကြေးရင်းနှီးမြှုပ်နှံမှုကုမ္ပဏီကြီး က ထူးထူးခြားခြား မေးခွန်းထုတ်လိုက်ပါတယ်။ ဃငအငခ ကုမ္ပဏီဟာ မကြာသေးခင်ရက်ပိုင်းက အထူးစီးပွားရေးဇုန်မှာ အလုပ်လုပ်ကိုင်ကြ မယ့် ကျောက်ဖြူဒေသခံဝန်ထမ်းတွေ အချို့ ရဲ့ လုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်းတွေပေး ခဲ့ပါသေးတယ်။
မြန်မာနိုင်ငံအပေါ် အနောက်နိုင်ငံတွေ က စီးပွားရေးဆိုင်ရာ ဒဏ်ခတ်ပိတ်ဆို့မှုတွေ စတင်ခဲ့တဲ့အချိန်ကစပြီး တရုတ်ရင်းနှီးမြှုပ်နှံ မှုတွေဟာ ထိပ်ဆုံးကို ရောက်ရှိလာပါတယ်။ အဲဒီလို တရုတ်ရဲ့ လွှမ်းမိုးမှုတွေဟာ ၂ဝ၁၁ ခုနှစ် အရပ်သားအစိုးရ တက်လာပြီးချိန်က အစပြုလို့ မှေးမှိန်စပြုလာပါတယ်။ မြန်မာ အရပ်သားအစိုးရဟာ အနောက်နိုင်ငံတွေ ဘက် ခြေဦးလှည့်ပြီး သူတို့ရဲ့အထီးကျန်နိုင်ငံ အဖြစ်ကို ရုန်းထွက်ဖို့ ကြိုးစားလာသလို ပေ ကျင်းအစိုးရနဲ့ ခိုင်မာစွာဆုပ်ကိုင်ခဲ့တဲ့ လက် တွေလည်း စတင်ဖြေလျှော့ခဲ့ပါတယ်။
မြန်မာနိုင်ငံထဲမှာ တရုတ်က တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုတန်ဖိုးဟာ ဇန်နဝါရီလကအစ ပြုလို့ အမေရိကန်ဒေါ်လာ ၆၆၈သန်းအထိရှိ ခဲ့ပြီး ၂ဝ၁၁ခုနှစ်ကအစပြုလို့ စုစုပေါင်းရင်းနှီး မြှုပ်နှံမှုပမာဏဟာ အမေရိကန်ဒေါ်လာ ရှစ် ဘီလီယံအထိ ရှိနေပါပြီ။ စင်ကာပူနဲ့အနောက် နိုင်ငံတွေရဲ့ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုဟာလည်း ၂ဝ၁၁ခုနှစ်ကအစပြုလို့ အမေရိကန်ဒေါ်လာ ခုနစ်ဘီလီယံအထိ တိုးတက်ခဲ့ပါတယ်။
တရုတ်အစိုးရဟာ ပြီးခဲ့တဲ့ နှစ်ပိုင်းက ဒေါ်အောင်ဆန်းစုကြည်ကို ပေကျင်းသို့ဖိတ် ခေါ်ပြီး ဆက်ဆံရေး တိုးတက်ကောင်းမွန် အောင် ကြိုးပမ်းခဲ့ပါတယ်။ နိုဝင်ဘာလအတွင်း မှာ တရုတ်သမ္မတရှီကျင့်ပင်နဲ့ ဒေါ်အောင်ဆန်း စုကြည်တို့ ပေကျင်းမြို့တော်မှာ တွေ့ဆုံခဲ့ပါ တယ်။ တရုတ်အစိုးရဟာ ရခိုင်ပြည်နယ်အခြေ စိုက် နိုင်ငံရေးပါတီတွေကိုလည်း မြို့တော်ပေ ကျင်းကို ဖိတ်ခေါ်ခဲ့ပါတယ်။ ဃငအငခရဲ့ ထုတ် ပြန်ချက်ထဲမှာတော့ မြန်မာနိုင်ငံဟာ အရှေ့ တောင်အာရှဈေးကွက်အတွက် အလွန်အရေး ပါတဲ့ ဗျူဟာမြောက်နေရာလို့ ထည့်သွင်းထား ပါတယ်။
ပြီးခဲ့တဲ့ စစ်အစိုးရလက်ထက်တုန်းက တရုတ်နိုင်ငံဟာ မြန်မာအစိုးရအပေါ် အများ ဆုံး ထောက်ခံအားပေးတဲ့နိုင်ငံအဖြစ် မားမား မတ်မတ် ရပ်တည်ပေးခဲ့ပါတယ်။ အဲဒီအတွက် မြန်မာ့မြေပေါ်က အဖိုးတန်သယံဇာတတွေ၊ ဓာတ်သတ္တုတွေ၊ ကျွန်းသစ်တွေကို တရုတ်က ထုတ်ယူခွင့်ရခဲ့ပါတယ်။
၂ဝဝ၈ခုနှစ်တုန်းက မြန်မာစစ်ဗိုလ်ချုပ် တွေဟာ တရုတ်အမျိုးသား ရေနံရှာဖွေရေး (ဃဏြဃ)ကို အခွင့်အရေးတစ်ခုပေးခဲ့ပါတယ်။ အဲဒီရေနံနဲ့သဘာဝဓာတ်ငွေ့ပိုက်လိုင်း သွယ် တန်းခွင့်ကြောင့် ပိုက်လိုင်းဖြတ်သွားရာ ကျေး ရွာတွေက ထောင်ပေါင်းများစွာသောပြည်သူ တွေ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါတယ်။ ၂ဝ၁၁ခုနှစ် မှာတော့ ဧရာဝတီမြစ်ဆုံမှာ တည်ဆောက် မယ့် ရေအားလျှပ်စစ်စီမံကိန်းကြောင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်လာမှာကို မြန်မာပြည် သူတွေ တော်တော်လေး စိုးရိမ်မကင်းဖြစ်ခဲ့ရ ပါတယ်။ ကန့်ကွက်သံတွေ ကျယ်ကျယ်လောင် လောင်ထွက်လာတဲ့အချိန်မှာတော့ သမ္မတ ဦးသိန်းစိန်ဟာ မြစ်ဆုံစီမံကိန်းကို သူ့အစိုးရ သက်တမ်းမှာ ယာယီရပ်ဆိုင်းကြောင်း ကြေ ညာခဲ့ပါတယ်။ ဒါပေမဲ့ အခုလာမယ့် အင်န် အယ်လ်ဒီအစိုးရသစ်ကတော့ ဒီစီမံကိန်းကို ဆက်လုပ်မလုပ် ကိုင်တွယ်ဖြေရှင်းရဦးမှာပါ။
ပြီးခဲ့တဲ့နှစ်ပိုင်းက လက်ပံတောင်းတောင် မှာ ဖြစ်ပွားခဲ့တဲ့ တရုတ်ပိုင် ကြေးနီစီမံကိန်း ကန့်ကွက်ဆန္ဒပြပွဲတွေမှာ ရဲတပ်ဖွဲ့က အကြမ်း ဖက်နှိမ်နင်းခဲ့တဲ့အတွက် လူသေဆုံးတဲ့အထိ ပြဿနာတွေ ကြီးထွားခဲ့ပါတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ဦးဆောင် တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင် သွားရောက် စစ်ဆေးခဲ့ပါတယ်။ ကန့်ကွက်မှုတွေ၊ ဆန္ဒပြ ပွဲတွေ ဆူဆူညံညံဖြစ်ပေါ်နေတဲ့ကြားကပဲ လက် ပံတောင်းတောင် ကြေးနီစီမံကိန်းကို တရုတ် ဘက်က ဆက်လက်လုပ်ကိုင်ခဲ့ပါတယ်။ အဲဒီ အငြင်းပွားဖွယ် ကိစ္စရပ်တွေဟာ မကြာခင် အာဏာလွှဲပြောင်းရယူမယ့် အင်န်အယ်လ်ဒီ အစိုးရအဖွဲ့အတွက် ဖြေရှင်းရမယ့် အမှိုက် ထုပ်တွေပါပဲ။
''ကျွန်တော်တို့ အစိုးရဖြစ်လာတဲ့အချိန် မှာ စီမံကိန်းကြီးတွေအားလုံးကို ကျွန်တော်တို့ ပြန်သုံးသပ်မှာပါ။ ကျောက်ဖြူ ရေနက်ဆိပ် ကမ်း အပါအဝင်ပေါ့။ အဲဒီစီမံကိန်းတစ်ခုချင်း စီကို အသေအချာစိစစ်ပြီး ဘယ်စီမံကိန်းက တိုင်းပြည်အတွက်အကျိုးရှိလဲ ကြည့်ရပါမယ်'' လို့ အင်န်အယ်လ်ဒီပါတီရဲ့ စီးပွားရေးကော် မတီဥက္ကဋ္ဌ ဦးဟံသာမြင့်ကဆိုပါတယ်။ ဒါ့ပြင် တရုတ်ကို လုပ်ပိုင်ခွင့်တွေပေးထားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ပါတီဝင်တွေကြားမှာလည်း တော် တော်လေးစိတ်ပျက်နေတယ်လို့ သူက ဆက် ပြောပါတယ်။
ကျောက်ဖြူဒေသခံ ဒါဇင်ပေါင်းများစွာ ကို အင်တာဗျူး မေးမြန်းကြည့်တဲ့အခါမှာ တော့ တရုတ်ရဲ့ လုပ်ကိုင်ဆောင်ရွက်နေတာ နဲ့ပတ်သက်ပြီး မယုံသင်္ကာဖြစ်နေကြပါတယ်။ အများစုကတော့ အဲဒီစီမံကိန်းကြောင့် သူတို့ ရဲ့ လယ်မြေတွေဆုံးရှုံးမှာ။ ပြီးတော့ အလုပ် အကိုင်သစ်နဲ့ အကျွမ်းတဝင်မဖြစ်မှာကို စိုးရိမ် ပူပန်နေကြပါတယ်။ အထူးသဖြင့် ပိုက်လိုင်း ဖြတ်သန်းသွားရာ အနီးပတ်ဝန်းကျင် တစ် လျှောက်က ပြည်သူတွေပါ။
''တရုတ်ပိုက်လိုင်းတွေမြှုပ်ဖို့ ကျွန်တော့် ယာခင်းတွေ ပြီးခဲ့တဲ့နှစ်ပိုင်းက အသိမ်းခံရ တယ်။ နောက်ထပ်လုပ်ငန်းသစ်အတွေ့အကြုံ သစ်ကို ကျွန်မမလုပ်ချင်ဘူး''လို့ ယာခင်းထဲ က တဲအိမ်ငယ်လေးပေါ်မှာထိုင်နေတဲ့ လယ် သူမ မလွန်သွင်က ဆိုပါတယ်။
Citic စာချုပ်နဲ့ပတ်သက်ပြီး မြန်မာအစိုးရ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့ ဦးအောင်ကျော် သန်းကတော့ ရွာသားအနည်းငယ်လောက်ပဲ နေရာသစ်ကို ပြောင်းရွှေ့ရမှာပါ။ ပြီးတော့ ဒီစီမံကိန်းဟာ ရခိုင်ဒေသခံတွေအတွက် အကျိုး အမြတ် အများကြီးရှိပါတယ်လို့ ပြောပါတယ်။
Citic အုပ်စုအနေနဲ့ ကျောက်ဖြူစီမံကိန်း လုပ်ခွင့်ရဖို့ ဒေသဆိုင်ရာအာဏာပိုင်တွေ၊ ဒေ သခံပြည်တွေနဲ့ ခုနစ်နှစ်လောက် အချိန်ယူ ဆွေးနွေးခဲ့ရသလို အမေရိကန်ဒေါ်လာ သန်း ပေါင်းများစွာ ထောက်ပံ့မှုတွေ လုပ်ခဲ့ရတယ် လို့ ဆိုပါတယ်။ ကုမ္ပဏီဘက်ကတော့ လာ မယ့်အစိုးရသစ်အနေနဲ့ ''နိုင်ငံတကာဘဏ္ဍာ ရေးစည်းမျဉ်းစည်းကမ်းတွေ လိုက်နာသင့် တယ်''လို့ပြောကြားပြီး စီမံကိန်းဟာ သေချာ ပေါက် ဆက်လုပ်ဖြစ်မယ်လို့ ဆိုပါတယ်။
ကျောက်ဖြူစီမံကိန်းဟာ ဒေသခံတွေ အတွက် အကျိုးအမြတ် နည်းနည်းလေးပဲရှိ မယ်လို့ အချို့တွေကပြောကြပါတယ်။ ကျောက် ဖြူဒေသဆိုင်ရာ အထူးကျွမ်းကျင်သူဖြစ်တဲ့ ဟားဗတ်တက္ကသိုလ် အက်ရှ်စင်တာမှ စီးပွား ရေးပညာရှင် David Dapice ကတော့ ကျောက် ဖြူကိစ္စဟာ အဓိကကျတဲ့ စီးပွားရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုထက် တရုတ်က အဲဒီဒေသက မြေတွေကို ဝယ်ယူဖို့ လာပြီးစုံစမ်းမှုပြုလုပ် နေပုံနဲ့တူနေတယ်လို့ ဆိုပါတယ်။


(Yangon Times Journal, 12-9)


EmoticonEmoticon

Comments system

Flag Counter