ရခိုင်အမျိုးသားပါတီမှ ကိုယ်စားလှယ်များနှင့် ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံမည်




မတ် ၂၄ / စစ်တွေ
ရခိုင်အမျိုးသားပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ မတ်လ ၂၄ ရက် ညနေ ၄ နာရီအချိန်တွင် တွေ့ဆုံဆွေးနွေးရန်အတွက် NLD မှ ဖိတ်ကြားထားကြောင်း ရခိုင်အမျိုးသားပါတီဗဟိုဌာနချုပ်မှသိရသည်။
အဆိုပါတွေ့ဆုံဆွေးနွေးမှုကို နေပြည်တော်ရှိ စည်ပင်ဧည့်ရိပ်သာတွင် ပြုလုပ်မည်ဖြစ်ပြီး ရခိုင်အမျိုးသားပါတီမှ အမျိုးသားလွှတ်တော်နှင့်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၂၂ ဦးခန့် တက်ရောက်မည်ဖြစ်ကြောင်းလည်းသိရသည်။
“တွေ့ဆုံဖို့စာရောက်တာတော့မှန်တယ်။ သို့သော်လည်း အဲဒီစာထဲမှာ အစိုးရဖွဲ့စည်းခွင့်နဲ့ပတ်သက်ပြီး စာတစ်လုံးမှမပါဘူး။ ဒါကြောင့် ဒီကိစ္စဟာ အစိုးရအခင်းအကျင်းနဲ့ သက်ဆိုင်မှုမရှိဘူးလို့ ယူဆထားတယ်။”ဟု ရခိုင်အမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်ကပြောသည်။
ယခုတွေ့ဆုံခြင်းသည် အစိုးရဖွဲ့စည်းခွင့်နှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးသည့် အကြောင်း အရာတစ်ခု မဟုတ်ဟုယူဆထားသော်လည်း အစည်းအဝေး ပြီးချိန်မှသာ မည့်သည့် အကြောင်း အရာများအား ဆွေးနွေးခဲ့သည်ကို မိမိတို့ပါတီမှ ကိုယ်စားလှယ်များနှင့် အဆက်သွယ်ရမှသာလျင် အတည်ပြုနိုင်မည်ဖြစ်ကြောင်းလည်း၎င်းကပြောသည်။
ဓါတ်ပုံ- မတ်လ ၂၃ ရက်နေ့က ရခိုင်မျိုးသားပါတီ အစိုးရဖွဲ့စည်းခွင့်ရရှိရေး ဆန္ဒထုတ်ဖေါ်နေစဉ်




 Development Media Group


EmoticonEmoticon

Comments system

Flag Counter