ဦးအေးမောင်နဲ့ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဘယ်လိုရှေ့ဆက်ဖြစ်လာမှာလဲ



 (၄၊ ၃၊ ၂၀၁၆)

ရခိုင်အမျိုးသားပါတီ (ANP)ကို ရခိုင်ပါတီ ၂ ခုဖြစ်တဲ့ (၁၉၉၀)ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ဦးအေးသာအောင် ဦးဆောင်သော ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD)နှင့် ၂၀၁၀ ရွေးကောက်ပွဲတွင် ဦးအေးမောင် ဦးဆောင်တဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ (RNDP) တို့က ရခိုင်ပြည်နယ်၏ လိုအပ်ချက်များ ကို ဆောင်ရွက်ရန် ၂၀၁၃ ဇွန်လ ၁၇ ရက်တွင် နှစ်ပါတီ ပေါင်းစည်း ပြီး ရခိုင် အမျိုးသား ပါတီ (ANP) အဖြစ် ဖွဲ့စည်း တည်ထောင်ရန် လက် မှတ်ရေးထိုး ခဲ့ကြသည်။
သို့သော် ရခိုင်အမျိုးသားပါတီ၏ သဘောထားကြေငြာချက် အမှတ်(၁/၂၀၁၆) ထုတ်ပြန်ချက် တစ်စောင်ထွက်လာခဲ့သည် ထိုကြေငြာချက်တွင် ရခိုင်ပြည်နယ်အတွင်း ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် (၂၃)ဦး အနိုင်ရရှိထားသော ရခိုင်အမျိုးသား ပါတီအနေဖြင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အား ဦးဆောင်ဖွဲ့စည်းခွင့် မရရှိပါက ရခိုင်အမျိုးသားပါတီသည် မည်သည့်အစိုးရ အဖွဲ့အစည်းတွင်မဆို လုံးဝပါဝင်ခွင့်မပြုဘဲ ရခိုင်အမျိုးသား အကျိုးစီးပွားအတွက် အတိုက်အခံ နိုင်ငံရေးပါတီအဖြစ် ရပ်တည်သွားမည် ဟု ကြေငြာချက်တွင် အတိအလင်း ထုတ်ပြန်ထားသည်။
နောက်တစ်ဖက်မှာလည်း (ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့) UNA လက်တွဲဖြုတ်လိုက်ပြီး (ညီနောင်တိုင်းရင်းသား ပါတီများဖက်ဒရေးရှင်း) NBF လက်တွဲသွားမယ်လို့ ပြောပါတယ်။ ဒီနေရာမှာ (ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့) UNA သည် ဦးအေးသာအောင် ဦးဆောင်သော ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD)နှင့် မဟာမိတ် ဖြစ်ပြီး၊ (ညီနောင်တိုင်းရင်းသား ပါတီများဖက်ဒရေးရှင်း) NBF သည် ဦးအေးမောင် ဦးဆောင်သော ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ (RNDP)နှင့် မဟာမိတ် ဖြစ်သည်။ ရခိုင်အမျိုးသားပါတီ ဗဟိုအလုပ်မှုဆောင် ကော်မတီဝင် ဦးမျိုးကျော်နဲ့ RFA Burmese အင်တာဗျူး မှာ UNA နဲ့ အဆက်အသွယ် လက်တွဲဖြုတ်လိုက်တာဟာ တစ်ဖက်သက် ဆန်တယ်၊ (RNDP) အုပ်စုက အင်အားသုံးတယ်၊ လူမျိုးရေးအရ မထည့်တွက်ပဲ ဖြိုခွင်းမှာတို့ နှိပ်ကွက်မှာတို့ သဘောထား မမှန်မကန် လုပ်တာတွေ ရှိနေတယ်လို့လည်း ပြောပါတယ်။ ဒီဟာတွေဟာ ပါတီတွင်းမှာ ခြစားမှုတွေ ဖြစ်နေတယ်လို့လည်း သုံးသပ်ဝေဖန်သူတွေလည်း ရှိနေပါတယ်။
(၂၀၁၅)ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်က ၀င်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ရခိုင်မျိုးချစ်ပါတီ(APP) ဆိုလို့ ရှိရင်လည်း ရခိုင်အမျိုးသားပါတီက နေရာပေးမှုတွေ၊ နေရာခွဲဝေမှုတွေမှာ ဦးအေးမောင် ဦးဆောင်တဲ့ (RNDP) ပါတီက နေရာယူမှုတွေ များလာတဲ့ အတွက် ပါတီက နုတ်ထွက်ပြီး ရခိုင်မျိုးချစ် ပါတီ (APP) ကို ထူထောင်ခဲ့တယ်လို့လည်း သိရပါတယ်။ (၂၀၁၆) ဖေဖေါ်ဝါရီ ၂၅ ရက်နေ့ (RIA) သတင်းတစ်ပုဒ်မှာလည်း ရခိုင်ပြည်နယ် တောင်ပိုင်းမှာ တောင်ပိုင်းဒေသ မြို့နယ်များကို အခြေပြုထားတဲ့ ပါတီသစ်တရပ်ကို ဖွဲ့စည်းရန် ပြင်ဆင်မှုမှာ ၇၀ ရာခိုင်နှုန်းထိ ပြီးစီးနေပြီး ဖြစ်ကြောင်း ပါတီသစ်ရဲ့ အမည်မဖော်လိုသေးတဲ့ တာဝန်ခံက RiA ကို အတည်ပြု ပြောကြားပါတယ်လို့ (RIA) သတင်းမှာ ဖော်ပြထားပါတယ် အဆိုပါ ပါတီသစ်ကို ယာယီအားဖြင့် အမည် ၂ ခု လျာထားပြီး ၎င်းတို့မှာ “သရီးဝတီပါတီ” နှင့် “ရခိုင်တောင်ပိုင်းပါတီ” တို့ ဖြစ်ကြောင်း သိရပါတယ်။ ရခိုင်ပြည်နယ်မှာ ပါတီတွေဖွဲ့တယ်။ အခုဆိုရင် “သရီးဝတီပါတီ” သို့မဟုတ်  “ရခိုင်တောင်ပိုင်းပါတီ” အသစ်ပါတီ တစ်ခု နောက်မကြာမီ ပေါ်လာတော့မှာပါ။ ဒီပါတီ အထဲမှာလည်း ရခိုင်အမျိုးသားပါတီ(ANP) က လူတွေ မပါဘူးလို့ ပြောလို့မရပါဘူး။ ကြားဖြတ်ရွေးကောက်ပွဲမှာလည်း ၀င်ရောက် ယှဉ်ပြိုင်မယ်လို့လည်း ပြောပါတယ်။ အဲဒီတော့ ဦးအေးမောင်အနေနဲ့  ဒီပါတီတွေကို ဘယ်လို ဖြေရှင်းမှာလည်း၊ ဘယ်လို ထိန်းညှိမှာလည်း လက်ရှိနိုင်ငံရေး ဖြစ်စဉ်ကို ကြည့်ခြင်းအားဖြင့် ဦးအေးမောင်အနေနဲ့ ဘယ်ပုံ၊ ဘယ်နည်း တုံ့ပြန်မှာလည်း ဆိုတာကို စိတ်ဝင်စားနေကြပါတယ်။
ရခိုင်ပြည်နယ်မှာ ၀န်ကြီးချုပ် နေရာချထားပေးရေးနဲ့ ပတ်က်ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) က ပြည်နယ်ဝန်ကြီးချုပ်ဖြစ်ရေးနဲ့ ပတ်က်ပြီး သဘောထား အမြင်တွေကို ဖော်ပြထားတာလည်းရှိလာပါတယ်။ ပြည်နယ်ဝန်ကြီးချုပ် ဖြစ်ရေးဟာ ပြည်နယ်ရဲ့ကိုယ်စားပြုပါတီတွေ၊ တိုင်းရင်းသားတွေကို ၀န်ကြီးချုပ် နေရာ ပေးသင့်ကြောင်းလည်း ပြောလာနေပါတယ်။ ဒီနေရာမှာ ရခိုင်ပြည်နယ် အတွက် ၀န်ကြီးချုပ်နေရာတွေကို ယခင်က ၀န်ကြီးချုပ်နေရာကနေ အနားယူပြီး၊ အမ်းမြို့နယ် မဲဆန္ဒနယ်မှာ လွတ်တော်နေရာ တစ်နေရာအဖြစ် ၀င်ရောက်ယှဉ်ပြိုင် ခဲ့တဲ့ ဦးမောင်မောင်အုန်းအတွက်ကတော့ ၀န်ကြီးချုပ် ဖြစ်လာရေးနဲ့ ဝေးသွားပြီလို့ ပြောလို့ရမှာပါ။ နောက်တစ်ယောက်ကတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီ ရဲ့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ဂွမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးညီပု ကို လျာထားကြောင်း (NLD) ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန် က ပြောကြားလိုက်ပါတယ်။
ရခိုင်ပြည်နယ်မှာ ရခိုင်အမျိုးသားပါတီက ရခိုင်ပြည်ဝန်ကြီးချုပ် နေရာကို မရလျှင်၊ အစိုးရမဖွဲ့နိုင်လျှင် အတိုက်ခံပါတီ အဖြစ် ရပ်တည်သွားမယ်လို့ ဦးအေးမောင်ဦးဆောင်တဲ့ (RNDP) အုပ်စုက ကြေညာချက် ထုတ်ခဲ့သည်နှင့် ယခု လျာထားလိုက်တဲ့ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် က ဦးညီပု ဖြစ်လာလျှင် ဦးအေးမောင် အနေနဲ့ အတိုက်ခံပါတီအဖြစ် ရပ်တည် သွားမယ်ဆိုတာ ဘယ်လို ဘယ်ပုံ အတိုက်ခံပါတီအဖြစ် ရပ်တည်မှာလည်း၊ ဦးအေးမောင် ဦးဆောင်သော (RNDP) ပါတီ (၂၀၁၀) ရွေးကောက်ပွဲမှာ အနိုင်ရခဲ့စဉ်တုန်းက ဦးသိန်းစိန် ဦးဆောင်ခဲ့တဲ့ အစိုးရကို ထောက်ခံခဲ့ပြီး အတိုက်ခံပါတီအဖြစ် ရပ်မတည် ခဲ့တာလား ပြည်သူတွေလည်း စိတ်ဝင်စားမှုတွေ ရှိနေပါတယ်။ တစ်ချို့က ဦးအေးမောင်ဟာ သူရရွှေမာန်း ရဲ့ လက်ကိုင်တုတ် လို့လည်း ပြောကြပါတယ်၊ တစ်ချို့ကတော့ ဦးအေးမောင် (၂၀၁၅) ရွေးကောက်ပွဲမှာ အနိုင်မရခဲ့လို့ ရခိုင်အမျိုးသားပါတီ အတွင်း ပါတီဝင် တစ်ချို့ကို မကျေနပ်မှုတွေ၊ တိုက်ခိုက်မှုတွေ လုပ်နေတယ်လို့ ပြောကြပါတယ်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဖြစ်လာမယ့် ဂွမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးညီပု မှာမူ ရခိုင်အမျိုးသားတစ်ယောက် ဖြစ်ပြီး ရခိုင်ပြည် ၀န်ကြီးချုပ် ဖြစ်လာခဲ့လျှင် ဦးအေးမောင် ဘယ်လို အတိုက်ခံတွေနဲ့ ဘယ်လို ရှေ့ဆက်သွားမှာလည်း ပြည်သူတွေ စိတ်ဝင်စားစရာတွေ ဖြစ်လာပြီး တဖက်မှာလည်း ဦးအေးသာအောင် ဦးဆောင်သော ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) အုပ်စု က သဘောတူ နိုင်ပါ့မလား ဆိုတာကို သုံးသပ် တင်ပြလိုပါကြောင်း။



ရခိုင်ကြယ်စင်


EmoticonEmoticon

Comments system

Flag Counter