သမ္မတကြီးပေးတဲ့ ကတိ

2016-03-25

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်၌ သမ္မတသစ်ဦးထင် ကျော်က ၀န်ကြီးဌာနများ လျှော့ ချရခြင်းနှင့်ပတ်သက်၍ လာ ရောက်ရှင်းလင်းတင်ပြခဲ့ရာတွင် ၀န်ကြီးဌာနများကို လျှော့ချသဖြင့် ပိုထွက်လာမည့် ကျပ်ငွေသန်းငါး ထောင်ကျော်ကို ပညာရေး၊ ကျန်း မာရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုး ရေးတို့အတွက် အသုံးပြုသွားမည် ဟု ထည့်သွင်းပြောကြားသွားခဲ့ ပါတယ်။
ဒါ့အပြင် ၀န်ထမ်းများအနေ နဲ့ ၀န်ကြီးဌာနတွေ လျှော့ချလိုက် တဲ့အတွက် စိတ်မပူဖို့နဲ့ ဥပဒေ စည်းမျဉ်း စည်းကမ်းနှင့်ညီညွတ် သော အလုပ်မျိုးကိုသာ လုပ်မယ် ဆိုပါက အလုပ်လက်မဲ့ဖြစ်စရာ လုံးဝမရှိပါကြောင်း သမ္မတသစ် က ၀န်ထမ်းများရဲ့ သောကအ တွက် ကတိပေးခဲ့ပါတယ်။
လွှတ်တော်မှာ သမ္မတသစ် လာရောက်ရှင်းလင်းတင်ပြအပြီး ညနေပိုင်းလောက်မှာပဲ လူမှုကွန် ရက်စာမျက်နှာမှာ သမ္မတရုံး အ ကြံပေးရေးရာဌာနက ဦးစီးအရာ ရှိတစ်ယောက်က သမ္မတသစ် ဦးထင်ကျော်ရဲ့ ပြောဆိုမှုအပေါ် မကျေနပ်လို့ဆိုပြီး အလုပ်မှထွက် စာတင်တဲ့အကြောင်း အလုပ် ထွက်စာမိတ္တူနဲ့အတူ ဖော်ပြလာ တာကို တွေ့လိုက်ရပါတယ်။ ဒီ သတင်းဟာ အတုလား၊ အစစ်အ မှန်လား မသိနိုင်ပေမယ့် လူမှုကွန် ရက်ပေါ်မှာတော့ တော်တော်လေး ကျယ်ကျယ်လောင်လောင် ဖြစ်ခဲ့ ပါတယ်။ အဲဒီဝန်ထမ်းက သူဟာ ၀န်ထမ်းလုပ်သက် ၁၅ နှစ်ရှိပြီး ဘာမှအပြစ်အနာအဆာ မရှိသူ ဖြစ်ကြောင်း၊ ယခုလို သမ္မတသစ် က ဥပဒေစည်းမျဉ်းစည်းကမ်းနဲ့ ညီသော အလုပ်မျိုးကိုသာ လုပ် မယ်ဆိုပါက အလုပ်လက်မဲ့ဖြစ် စရာအကြောင်း မရှိဘူးလို့ပြောဆို တာဟာ ၀န်ထမ်းတွေကို စော်ကားရာကျကြောင်းနဲ့ သူ့လိုဝန်ထမ်းမျိုးအတွက် အလုပ်မရှားတဲ့ အတွက် နုတ်ထွက်ရခြင်းဖြစ်ကြောင်း ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာရေးသားထားပါတယ်။
ဒီလို ပြောဆိုရေးသားမှုတွေ နဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲ မတိုင်မီကလည်း ဒီလိုအပြောအ ဆိုမျိုးကို ကြားခဲ့၊ ဖတ်ခဲ့ရဖူးပြီး သား ဖြစ်ပါတယ်။ ဒေါ်အောင် ဆန်း စုကြည် သမ္မတဖြစ်ရင်ကိုယ့်ကိုယ် ကိုယ်သတ်သေမယ်တို့၊ အင်န် အယ်လ်ဒီပါတီ အနိုင်ရရင် ၀န်ထမ်းအလုပ်က ထွက်မယ်တို့ စသဖြင့်တွေပါ။ ဒီစကားတွေ ရဲ့ အရင်းအမြစ်ကို လေ့လာကြည့် တဲ့အခါမှာ ဘယ်သူတွေ၊ ဘယ် လိုလူမျိုးတွေက ဒီလိုပြောတတ် သလဲဆိုတော့ ဆင်ဖြူမျက်နှာ ဆင်မည်းမကြည့်ဝံ့သူတွေနဲ့ မင်း သားကြီး မလုပ်ရရင် ပတ်မကြီး ထိုးဖောက်မယ်ဆိုတဲ့ သူတွေက သာ ပြောဆိုကြတယ်ဆိုတာကို တွေ့ရပါတယ်။
မြန်မာနိုင်ငံမှာ အစိုးရအ ဆက်ဆက်ရဲ့ အုပ်ချုပ်မှုညံ့ဖျင်းခဲ့ တာကြောင့် အုပ်ချုပ်ရေးယန္တရား ကြီးတစ်ခုလုံးမှာ ခြစားမှု၊ လာဘ် ပေး လာဘ်ယူမှုတွေ ပြည့်နှက်နေ ပြီး တိုင်းပြည်ဟာ ဆင်းရဲတွင်းနက်သထက် နက်လာခဲ့တာပဲ အ ဖတ်တင်ခဲ့ပါတယ်။ အောက်ခြေ က အနိမ့်ဆုံးဝန်ထမ်းဖြစ်တဲ့ ရုံးစေ နဲ့ အပေါက်စောင့်ကစပြီး အထက် ၀န်ထမ်းအကြီးအကဲ အများစုဟာ လာဘ်ငွေမရရင် ဘာအလုပ်မှ လုပ်ချင်စိတ်မရှိကြတော့ပါဘူး။ မဆလ အစိုးရလက်ထက်က လက်ဖက်ရည်ဖိုးလို့ခေါ်တဲ့ လာဘ်ငွေဟာ စစ်အစိုးရလက်ထက်မှာ အိမ်ဖိုး၊မြေဖိုး၊ မော်တော်ကားဖိုး တွေအထိ ဖြစ်ခဲ့တာ ပြည်သူအား လုံးခံစားခဲ့ရတဲ့ အဖြစ်အပျက်တွေ ဖြစ်ပါတယ်။
သမ္မတဦးသိန်းစိန် အစိုးရ သစ်တက်ခါစမှာ သန့်ရှင်းသော အစိုးရလို့ ကြွေးကြော်လိုက်တဲ့အ တွက် ၀န်ထမ်းတချို့လက်တွန့် သွားခဲ့သော်လည်း နောက်ပိုင်းမှာ သမ္မတက သုံးသိန်းအထက် လာဘ်ငွေယူသူကိုသာ လာဘ်စားတယ် လို့သတ်မှတ်မယ်ဆိုတဲ့ စကားအ  မှားတွေကြောင့် ပြန်ပြီးလက်ရဲ ဇက်ရဲနိုင်လာခဲ့ပါတယ်။ ၂၀၁၅ မှာပြည်သူကတစ်ခဲနက် ရွေးကောက်တင်မြှောက်လိုက်တဲ့ လွှတ်တော်
ကိုယ်စားလှယ်များနဲ့ အစိုးရသစ် ဟာ ၀န်ကြီးဌာနများကို လျှော့ချလိုက်သလို၊ ပြည်ထောင်စုဝန်ကြီး ဦးရေ ကျစ်ကျစ်လျစ်လျစ်နဲ့ တိုင်းပြည်ဘဏ္ဍာကို စနစ်တကျ အကျိုးရှိရှိသုံးစွဲသွားမယ်ဆိုတဲ့အတွက် မသမာမှုနဲ့ ကြီးပွားချမ်းသာလာ တဲ့ ၀န်ထမ်းတွေအတွက်တော့ စိတ်ပူစရာဖြစ်လာကြတာ မဆန်း ပါဘူး။
တစ်ရက်က စာရေးသူနေ ထိုင်တဲ့ ရပ်ကွက်ကို မြို့တော်စည် ပင်က၀န်ထမ်းတစ်ဦးရောက်ရှိ လာပြီး လာဘ်ငွေလိုက်တောင်း တယ်လို့ ကြားလိုက်ရပါတယ်။ စာရေးသူနေထိုင်တဲ့ ရပ်ကွက်မှာ အဆောင်တွေပေါများပါတယ်။ တချို့အဆောင်တွေဟာ စည်ပင် သာယာက ထုတ်ပြန်ထားတဲ့ စံ  ချိန်စံညွှန်းနဲ့ ညွှန်ကြားချက်တွေနဲ့ မကိုက်ညီသော်လည်း နားလည် မှုနဲ့ လိုင်စင်ထုတ်ပေးထားတာ ဖြစ်ပါတယ်။ အဲဒီနားလည်မှုဆို တဲ့ စကားရဲ့ အဓိပ္ပာယ်ကလည်း လာဘ်ငွေကို ဆိုလိုတာပါ။
လာဘ်ငွေကို တစ်နှစ်တစ် ကြိမ် လာတောင်းနေကြဖြစ်ပေ မယ့် အခုလို အစိုးရသစ်အပြောင်း အလဲကာလမှာဆိုတော့ အ ဆောင်ပိုင်ရှင်တွေက မပေးချင် ကြပါဘူး။ အဲသလို အင်တင်တင် ဖြစ်နေကြတာကြောင့် လာဘ်ငွေ လာတောင်းတဲ့ ပုဂ္ဂိုလ်ဟာ မနေ သာတော့ဘဲ ရှင်းရှင်းပဲ ဖွင့်ပြော လိုက်ပါတော့သတဲ့။ ‘‘ကျွန်တော် ဒီတစ်ခါ နောက်ဆုံးလာတောင်း တာပါ။
  နောက်အစိုးရ တက်ရင် မလာတော့ပါဘူး။ သူတို့တောင် အစည်းအဝေးလုပ်ရင် ရေသောက်လုပ်နေတာဆိုတော့ ကျုပ်တို့ဘာ သွားစားရတော့မှာလဲ’’လို့ဆိုပါသ တဲ့။ သူဆိုလိုတာက အင်န်အယ် လ်ဒီက လွှတ်တော်ကိုယ်စားလှယ်  တွေ အစည်းအဝေးလုပ်ရင် ရေ သန့်ဘူးရှေ့ချပြီး ဘာအစားအ သောက်မှ မပါဘဲအလုပ်လုပ်တာ ကို ဖြစ်မှာပါ။
သူပြောတာ သေချာလား၊ မသေချာလားသိလိုတာကြောင့် နာရေးတစ်ခုကို လိုက်အပို့မှာ အင်န်အယ်လ်ဒီက တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တစ်ဦး နဲ့ အတွေ့မှာ ‘‘ခင်ဗျားတို့ ရေ သောက်ပြီးအစည်းအဝေး လုပ် ကြတယ်ဆိုတာဟုတ်လား’’လို့ မေးမိပါတယ်။ ထိုသူက ဟုတ်ပါ တယ်တဲ့။ ရေဘူးချပေးတာတောင် လွှတ်တော်အစည်းအဝေးနဲ့ လွှတ် တော်ရေးရာ အစည်းအဝေးတွေ မှာပါတဲ့။ ပါတီအစည်းအဝေးဆို ကိုယ့်ရေဘူးနဲ့ ကိုယ်လာရပါသတဲ့။
ထိုသူနဲ့ စကားစမြည်ပြော ရင်း လွှတ်တော်ထဲမှာရှိတဲ့ ရေးရာ ကော်မတီများခံစားခွင့်အကြောင်း ရောက်သွားပါတယ်။ ပြည်သူ့ လွှတ်တော်၊ အမျိုးသားလွှတ် တော်များမှာလိုပဲ တိုင်းဒေသကြီး နဲ့ ပြည်နယ်လွှတ်တော်များမှာ သူ နဲ့ သက်ဆိုင်တဲ့ရေးရာ ကော်မတီ များ ရှိကြပါတယ်။ တိုင်းဒေသ ကြီးနဲ့ ပြည်နယ်လွှတ်တော်ရေးရာ ကော်မတီဝင်များဟာ အစည်းအ ဝေးကျင်းပတဲ့နေ့မှာ အသုံးစရိတ် အဖြစ် လစာအပြင် တစ်နေ့တစ် သောင်းကျပ် နိုင်ငံ့ဘဏ္ဍာက ထောက်ပံ့တယ်လို့ ဆိုပါတယ်။
ယခုလက်ရှိ ဒုတိယအကြိမ် လွှတ်တော်မှာ ရေးရာကော်မတီ ကိုယ်စားလှယ်များအနေနဲ့ အ စည်းအဝေးကျင်းပတဲ့နေ့များမှာ သာ နေ့တွက်စရိတ်ထုတ်ယူကြ သော်လည်း ပထမအကြိမ် လွှတ် တော်များကျင်းပစဉ်က ရေးရာ ကော်မတီဝင်များကတော့ ရေးရာ ကော်မတီအစည်းအဝေး ကျင်းပ သည်ဖြစ်စေ၊ မကျင်းပသည်ဖြစ် စေ စနေ၊ တနင်္ဂနွေပါမချန် နေ့ တွက်စရိတ်ထုတ်ယူကြကြောင်း တွေ့ရှိရတယ်လို့ ဆိုပါတော့ တယ်။  သြော် ... နိုင်ငံအပေါ်စေ တနာ မထားကြတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေရှိခဲ့ပါလားလို့ သာ ညည်းတွားမိပါတယ်။
လွှတ်တော်မှာ သမ္မတသစ် ဦးထင်ကျော်ရဲ့ ရှင်းလင်းတင်ပြ မှုမှာပါတဲ့ နိုင်ငံ့ဝန်ထမ်းအပေါ် ထားတဲ့ စေတနာဟာ ခြိမ်းခြောက် မှု မဟုတ်ပါဘူး။ နိုင်ငံတော်ရဲ့ ချီး မြှင့်တဲ့စရိတ်ကို ရရှိသူတိုင်းဟာ ၀န်ထမ်းမဟုတ်ရင်တောင် နိုင်ငံ တော်ရဲ့ ကျေးဇူးသစ္စာကို စောင့် သိရမှာဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့ ကျေးဇူးသစ္စာဆိုရာမှာလည်း နိုင်ငံတော်အကြီးအကဲရဲ့ ကျေးဇူး သစ္စာမဟုတ်ပါဘူး။ နိုင်ငံသူ၊ နိုင်ငံသားအားလုံးရဲ့ ကျေးဇူးသစ္စာကို စောင့်သိရမှာ ဖြစ်ပါတယ်။
နိုင်ငံအတွင်း နေထိုင်ကြတဲ့ ပြည်သူအားလုံးဟာ နိုင်ငံတော်က ပြဋ္ဌာန်းထားတဲ့ဥပဒေကို လိုက်နာ ကြရသလို နိုင်ငံ့ဝန်ထမ်းများဟာ လည်း ၀န်ထမ်းစည်းမျဉ်း၊ စည်း ကမ်းများကို မလွဲမသွေလိုက်နာ ကြရမှာ ဖြစ်ပါတယ်။ နိုင်ငံဖွံ့ဖြိုး တိုးတက်မှ နိုင်ငံသူ၊ နိုင်ငံသား၊ နိုင်ငံ့ဝန်ထမ်းအားလုံး ဖွံ့ဖြိုးတိုး တက်မှာ ဖြစ်ပါတယ်။ စာရေးသူ ကို နိုင်ငံဟာ အရာရာဖွံ့ဖြိုးမှု နောက်ကျနေတဲ့အတွက် ဗိုလ်ချုပ် အောင်ဆန်းပြောသလို သူများခြေ တစ်လှမ်းလှမ်းရင် ကိုယ်ကလေး ငါးဆယ်လှမ်း လှမ်းနိုင်မှ တန်ကာ ကျမှာပါ။ ယခင်က အရိုးစွဲနေတဲ့ အကျင့်ဆိုး၊ အကျင့်ယုတ်တွေကို စွန့်လွှတ်ပြီး တိုင်းပြည်အကျိုး ၀ိုင်း ၀န်းသယ်ပိုးကြမယ်ဆိုရင် အလုပ် လက်မဲ့မဖြစ်ရုံသာမက ယခုထက် ၀န်ထမ်းအခွင့်အရေးများ ရရှိနိုင် မှာဖြစ်ကြောင်း အသိပေးလိုက်ရ ပါတယ်။    ။





 http://www.7daydaily.com/story/61158


EmoticonEmoticon

Comments system

Flag Counter