”ပြည်သူလူထုတွေ လုံခြုံမှုရှိအောင် အစိုးရက လုပ်ဆောင်ပေးနိုင် ရပါမယ်။ ဒါဟာ ကျွန်မတို့သွားချင်တဲ့စနစ်ဖြစ်ပါတယ်။ လက်ရှိ အချိန်အထိကတော့ သွားချင်တဲ့အထိမရောက်သေးဘူး …”






”ပြည်သူလူထုတွေ လုံခြုံမှုရှိအောင် အစိုးရက လုပ်ဆောင်ပေးနိုင် ရပါမယ်။ ဒါဟာ ကျွန်မတို့သွားချင်တဲ့စနစ်ဖြစ်ပါတယ်။ လက်ရှိ အချိန်အထိကတော့ သွားချင်တဲ့အထိမရောက်သေးဘူး …”



မြန်မာနိုင်ငံ၏ အနောက်ဘက်တံခါးဖြစ်သည့် ရခိုင်ပြည်နယ်တွင် အကြမ်းဖက်ဝင်ရောက်စီးနင်း တိုက်ခိုက်သူများနှင့် တိုက်ပွဲများ ဖြစ်နေသည်မှာ တစ်လခွဲမျှကြာမြင့်သည်တွင် မြန်မာနိုင်ငံ၏ အရှေ့မြောက်တံခါးတစ်ချပ်ဖြစ်သည့် မူဆယ် ၁ဝ၅ မိုင်နယ်စပ်အနီးတွင် KIA/MNDAA/TNLA လက်နက်ကိုင်ပူးပေါင်းအဖွဲ့များက တိုက်ပွဲများ ဆင်လာပြန်သည်။ တစ်ချိန်တည်း လိုလိုမှာပင် ရန်ကုန်မြို့အထင်ကရ ဈေးဝယ်စင်တာကြီးအချို့တွင်လည်း အများသူငါ အထိတ်တလန့်ဖြစ်စေသော ပေါက်ကွဲမှုတို့ ဖြစ်ပွားလာပြန် သည်။ ရည်ရွယ်ချက်ရှိရှိနှင့် ကြံစည်မှုများပေလော၊ ထန်းသီြးေ<ွကခိုက် ကျီးနင်းခိုက် တိုက်ဆိုင်မှုမျိုးပေလောဆိုသည်ကို ကြံစည်ပြုလုပ် သူတို့သာလျှင် သိချေလိမ့်မည်။ သို့ရာတွင် ယင်းဖြစ်ရပ်များအပေါ် နိုင်ငံရေးအတွေ့အကြုံရှိသူတို့၏ အမြင်များကို စောင်းငဲ့ ကြည့်လိုက်သော်….။
ဒေါက်တာ အေးမောင်
(ဥက္ကဋ္ဌ၊ ရခိုင်အမျိုးသားပါတီ)
လက်ရှိ ရန်ကုန်နဲ့ မူဆယ်အပါအဝင် ရခိုင်ဒေသမှာ ဖြစ်ပေါ်နေတဲ့ အခင်းအကျင်းတွေကို သုံးသပ်ရရင် ရန်ကုန်မှာဖြစ် တဲ့ အသေးစားပေါက်ကွဲမှုနဲ့ ရခိုင်မှာဖြစ် တဲ့ ပြဿနာတို့ ဆက်စပ်နိုင်တယ်လို့ မှတ် ချက်ပေးလိုတယ်။ မူဆယ်ကတော့ တပ် မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တို့ ဖြစ်တဲ့ပြဿနာပါ။ ဒီ နှစ်ခုကို ခွဲခြမ်းပြောရ ရင် ရန်ကုန်မှာဖြစ်တဲ့ အသေးစားပေါက်ကွဲ မှုက သတိပေးတဲ့ သဘော။ ကြီးမားတဲ့ဖြစ် စဉ်တွေ ဖြစ်မလာဘူးလို့ မပြောနိုင်ဘူး။ ဒါ့ကြောင့် တာဝန်ရှိတဲ့သူတွေလည်း သတိ ကြီးစွာထားဖို့၊ ပြည်သူလူထုကလည်း သတိနဲ့နေဖို့တိုက်တွန်းလိုပါတယ်။ အစိုးရ ကို တိုက်တွန်းလိုတာကတော့ ကျွန်တော် တို့နိုင်ငံဟာ ဒီမိုကရေစီစစ်စစ်နိုင်ငံ မဟုတ် သေးပါဘူး။ ဒါ့ကြောင့် တာဝန်ရှိသူတွေ အနေနဲ့ လိုအပ်ရင် လိုအပ်သလို၊ ပြည်သူ့ အကျိုးစီးပွားကို ကာကွယ်ဖို့အတွက် စစ် ဆေးသင့်တဲ့သူကို စစ်ဆေးဖို့လိုပါလိမ့် မယ်။ ဒါတွေကိုလည်း လုပ်ဖို့လိုမယ်လို့ ထင်မြင်ယူဆမိပါတယ်။ နောက် တစ်ခုက မူဆယ်မှာ ဖြစ်တဲ့ကိစ္စပါ။ ကျွန်တော်တို့ဟာ မည်သည့် အကြမ်းဖက်တိုက်ခိုက်မှုမျိုးကိုမှ မလိုလားပါဘူး။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့သာ ဖြေရှင်းစေချင်ပါ တယ်။ အဲဒီလိုဖြေရှင်းတဲ့အခါမှာ တစ်ဖက် နဲ့တစ်ဖက်ဟာ လိုအပ်ချက်တွေကို ၁ဝဝ ရာခိုင်နှုန်း အပြည့်အဝရကြမှာတော့ မဟုတ် ပါဘူး။ အပေးအယူ အလျှော့အတင်းတွေ လည်း အများကြီး ရှိဖို့လိုပါတယ်။ အိမ်နီး ချင်းနိုင်ငံတွေ အများကြီးတိုးတက်နေကြပါ ပြီ။ ကျွန်တော်တို့က ငြိမ်းတောင် မငြိမ်း ချမ်းတဲ့နိုင်ငံဖြစ်နေတာတော့ မကောင်းပါ ဘူး။ အားလုံး ပြန်လည်သုံးသပ်ကြပါ။ ပြည်သူတွေကို စာနာပေးကြပါလို့ ပြော ချင်ပါတယ်။
ဦးသုဝေ
(ဥက္ကဋ္ဌ၊ ဒီမိုကရက်တစ်ပါတီ)
ရခိုင်ကိစ္စ၊ မူဆယ်ကိစ္စ၊ ရန်ကုန်မှာ အခုဖြစ်နေတဲ့ အသေးစားပေါက်ကွဲမှုတွေဟာ သေသေချာချာ ပြင်ဆင်ပြီးမှ လုပ်တဲ့အလုပ်လို့ ကျွန်တော်ကတော့ မြင်ပါတယ်။ အစိုးရက အဲဒီကိစ္စရပ်တွေကို ဖြေရှင်းတဲ့ အခါမှာ ဖြစ်စဉ်ကိုသာ ချပြပြီး နောက် နောင်မဖြစ်ပွားအောင် ဘယ်လိုနည်းလမ်း တွေနဲ့ လုပ်ဆောင်သွားမယ်ဆိုတာကို အ ခုအချိန်အထိ ထုတ်မပြောသေးပါဘူး။ ဒါ့ ကြောင့် ပြည်သူတစ်ဦးအနေနဲ့ စိုးရိမ်မိပါတယ်။ အခုလိုမျိုး ရှုပ်ထွေးမှုတွေ၊ မတည် ငြိမ်မှုတွေ ဖြစ်နေတာဟာ နောက်ကြောင်း ပြန်လိုသူတွေက စီမံဆောင်ရွက်နေတယ် လို့ ထင်မြင်ယူဆလိုသူတွေ ရှိနေပေမယ့် ကျွန်တော့်ဆီမှာတော့ အဲဒီအတွေး လုံးဝ မရှိပါဘူး။ ဘာ့ကြောင့် ဒီလိုပြောရလဲဆို ရင် အခုအချိန်မှာ အစိုးရရယ်၊ တပ်မတော် ရယ်ဟာ နီးနီးကပ်ကပ်ရှိနေတာကို တွေ့ နေရပါတယ်။ သီးခြား ခွဲမနေပါဘူး။ အတူ ပူးပေါင်းဆောင်ရွက်နေပါတယ်။ အထူး သဖြင့် ငြိမ်းချမ်းရေးကိစ္စနဲ့ ပတ်သက်ပြီး သတိထားမိပါတယ်။ နယ်စပ်မှာ ဖြစ်တဲ့ ပြဿနာ၊ အထူးသဖြင့် ရှမ်းပြည်ဘက်မှာ ဖြစ်တဲ့ပြဿနာကိုတော့ ကျွန်တော်က လူတစ်ဦးချင်းစီရဲ့ စိတ်ဓာတ်နဲ့ ဆန္ဒအရ လုပ်တဲ့ အလုပ်လို့ပဲ မြင်ပါတယ်။ ငြိမ်းချမ်း ရေး လိုချင်တဲ့သူဟာ ငြိမ်းချမ်းရေးစကား အများကြီးပြောတယ်၊ ငြိမ်းချမ်းရေးအလုပ် ကို လုပ်တယ်။ မဖြစ်နိုင်တဲ့ ကိစ္စကိုတောင် သူလုပ်တယ်။ ငြိမ်းချမ်းရေး မလိုချင်တဲ့သူ ကတော့ မဟုတ်တာတွေလုပ်တယ်၊ မငြိမ်း ချမ်းအောင် ဖန်တီးတယ်။ ကျွန်တော်ပြော မယ်။ အပစ်ရပ်ချင်တဲ့သူက သူ့ဟာသူ ရပ် အောင်ကို လုပ်တယ်။ အဓိက ကတော့ လူပေါ်ပဲမူတည်ပါတယ်။
ဦးသိန်းညွန့်
(ဥက္ကဋ္ဌ၊ အမျိုးသားဒီမိုကရေစီ ပါတီသစ်)
ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက ကျွန် တော်တို့ပါတီအပြင် မိတ်ဖက်ပါတီတွေဖြစ် တဲ့ ပြည်ခိုင်ဖြိုးပါတီရယ်၊ ပြီးတော့ တခြား သော နိုင်ငံရေးပါတီ ၁ဝ ခုတို့ဟာ ရခိုင် ပြည်နယ်အရေးနဲ့ပတ်သက်ပြီး ကြေညာ ချက်တစ်စောင်ထုတ်ခဲ့ဖူးတာရှိတယ်။ အဲဒီ မှာ ဘာပါသလဲဆိုရင် ကိုဖီအာနန် ခေါင်း ဆောင်တဲ့ကော်မရှင်ကို ဖွဲ့စည်းပြီးနောက် ဖြစ်ပေါ်လာတဲ့ အခြေအနေအရပ်ရပ် အ ကျိုးသက်ရောက်မှုတွေကို အစိုးရဟာ တာ ဝန်ယူရမယ်ဆိုတဲ့ အချက်ပါပါတယ်။ အခု သက်ရောက်မှုတွေကို ရခိုင်ပြည်နယ်မှာ ခံစားနေရပါပြီ။ ဒါ့အပြင် အခုနောက်ပိုင်း ရှမ်းပြည်နယ်၊ ဟောအခု ရန်ကုန်က ကုန် တိုက်အချို့ အသေးစားပေါက်ကွဲမှုတွေ ဖြစ်လာပြီ။ ဒီဖြစ်စဉ်တွေဟာ ဥပဒေအား နည်းလို့လား၊ ဒါမှမဟုတ် လူပုဂ္ဂိုလ်တစ်ဦး တစ်ယောက်ရဲ့စီမံခန့်ခွဲမှု ညံ့ဖျင်းလို့လား စဉ်းစားစရာပါပဲ။ ဒါတွေကို အချိန်တွေက ဆုံးဖြတ်ပေးသွားမှာပါ။ ဒီကြားထဲ အစိုးရ အနေနဲ့ လုပ်သင့်လုပ်ထိုက်တာ တစ်ခုက တော့ နိုင်ငံသူ နိုင်ငံသားတွေရဲ့ အသက် အိုးအိမ်စည်းစိမ် လုံခြုံအောင် ကာကွယ် ပေးဖို့ပါပဲ။ ဒါကိုလည်း အစိုးရသစ်က အ ပြောနဲ့ မဟုတ်ဘဲ လက်တွေ့လုပ်ပေးဖို့လိုပါ တယ်။ နောက်တစ်ခု ပြောချင်တာက လုံ ခြုံရေးဆိုင်ရာ ဥပဒေတွေကို လက်ခုပ်သံ ချူချင်တာနဲ့ အလျင်စလို ရုပ်သိမ်းလိုက်တာ ဟာ အခုအချိန်မှာ မှားသွားတယ်လို့ ပြော ချင်ပါတယ်။ ဒီအချိန်မှာ လုံခြုံရေးအပိုင်း က အရေးကြီးသွားပြီဗျ။ ဧည့်စာရင်းမရှိ၊ ဘာမရှိနဲ့။ ဝင်ချင်တဲ့သူဝင်၊ ထွက်ချင်တဲ့ သူထွက် ဒီလိုတွေဖြစ်နေကြတယ်။ လက်ရှိ အနေအထားကို ကြည့်တတ်ဖို့ လိုပါတယ်။ ကျွန်တော်တို့ နိုင်ငံရဲ့ အခင်းအကျင်းဟာ သူများတွေလို မဟုတ်သေးဘူး။ လုံခြုံရေး ဆိုင်ရာ အသိမရှိဘဲနဲ့ လုပ်ချင်တာတွေ လျှောက်လုပ်လို့ မရပါဘူး။ ခံရရင် ပြည်သူ တွေပဲ ခံရမှာပါ။
ဒေါ်ပြုံးကေသီနိုင်
(ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
ပြည်သူလူထုတွေ လုံခြုံမှုရှိအောင် အစိုးရဟာ လုပ်ဆောင်ပေးနိုင်ရပါမယ်။ ဒါဟာ ကျွန်မတို့သွားချင်တဲ့စနစ် ဖြစ်ပါ တယ်။ လက်ရှိအချိန်ကတော့ သွားချင်တဲ့ အထိ မရောက်သေးဘူး။ အဲဒီအချိန်မှာ တော့ လတ်တလော အဖြစ်အပျက်တွေကို တော့ ကြုံတွေ့နေရဦးမှာပဲ။ နိုင်ငံ့ဝန်ထမ်း တွေအနေနဲ့ ကိုယ်ယူရမယ့်တာဝန်ကို တာ ဝန်ကျေကျေ ရယူပြီး လုပ်ရမယ့် အလုပ် တွေကို ပြတ်ပြတ်သားသား ဆောင်ရွက် မယ်ဆိုရင်တော့ ခုနက ရင်ဆိုင်ရမယ့်ပြဿ နာတွေဟာ လျော့ပါးသက်သာသွားပါလိမ့် မယ်။ လက်ရှိကြုံတွေ့နေရတဲ့ အဖြစ်အပျက် အခင်းအကျင်းအချို့တွေဟာ ကောင်းတဲ့ အဖြစ်အပျက် အခင်းအကျင်းတွေ မဟုတ် တဲ့အတွက် လွှတ်တော် ကိုယ်စားလှယ်တစ်ဦးအနေနဲ့ စိတ်မကောင်းပါဘူး၊ စိတ်လည်း ထိခိုက်မိပါတယ်။ ကျွန်မတို့ ဥပဒေပြုရတဲ့ လွှတ်တော်ဟာ ပြည်သူလူထု အကျိုးရှိစေ မယ့်၊ နိုင်ငံအကျိုးရှိစေမယ့် ကိစ္စရပ်တွေကို ဦးစားပေးပြီး ဆောင်ရွက်နေပါတယ်။ အဲ ဒီအခါမှာ ဥပဒေပြုရေး၊ ပြင်ဆင်ရေးနဲ့ပတ် သက်လို့ ပြောလိုတာက၊ ဥပဒေတိုင်းဟာချို့ယွင်းအားနည်းချက်တွေ ရှိတတ်ကြပါ တယ်။ ကျွန်မတို့ဘက်ကတော့ အကောင်း နဲ့အဆိုး ဘယ်ဟာ ပိုများသလဲ။ အကောင်း များပြီး အဆိုးနည်းနိုင်တယ်လို့ သတ်မှတ် လိုက်ရင် အဲဒီ ဥပဒေတွေဟာ ပြင်တာတို့၊ ဖြည့်စွက်တာတို့၊ အသစ်ရေးဆွဲတာတို့ လုပ်ပါတယ်။ ဧည့်စာရင်း မတိုင်ရတော့တဲ့ ဥပဒေပုဒ်မကို ရုပ်သိမ်းလိုက်တာက အဲဒီ လိုပဲ အဆိုးနည်းတာတွေကို ရွေးလိုက်တာ ပါ။ ကျွန်မတို့ဟာ ပြည်သူလူထုတွေကို ဖိနှိပ်ဖို့ ဥပဒေ မပြုဘူး။
ဦးလင်းဇော်ထွန်း
(ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊
ပြည်ခိုင်ဖြိုးပါတီ)
လုံခြုံရေးအဆင့်အတန်းကို တိုးမြှင့်ဖို့ လိုနေပြီလို့ ကျွန်တော် ပြောလိုပါတယ်။ အခုလိုမျိုး လုံခြုံရေးအဆင့်အတန်းတိုးမြှင့် မှုကို အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ ပြည်သူတို့အားလုံး ပူးပေါင်းဖို့လိုပါတယ်။ နောက်တစ်ခုက အခု အစိုးရ သွားနေတဲ့ ငြိမ်းချမ်းရေးလမ်းစဉ်ကို မလိုက်ချင်တဲ့ တိုင်းရင်းသား အဖွဲ့အစည်းအချို့တွေရှိနေ ပါတယ်။ ဒါတွေကိုလည်း အစိုးရအနေနဲ့ ပြတ်ပြတ်သားသား ပြောဖို့လိုနေပါပြီ။ ရခိုင်ဒေသကိုလည်း အလားတူပါပဲ။ အစိုး ရအနေနဲ့ ပြတ်ပြတ်သားသား လုပ်သင့်တာ ကို လုပ်ဖို့လိုပါတယ်။ ဒီအခါမှာ အစိုးရအ နေနဲ့ ကြုံလာနိုင်တာကတော့ လူ့အခွင့်အ ရေးဆိုတဲ့ လူတွေပါပဲ။ သူတို့ပြောတာကို လိုက်လုပ်မလား၊ ကိုယ့်နိုင်ငံရဲ့ အကျိုးစီး ပွားကို ကြည့်မလား။ ဒါတွေတော့ ရှိတာ ပေါ့လေ။ နောက်တစ်ခုကတော့ လွှတ် တော်။ ဖျက်လိုက်တဲ့ ဥပဒေအချို့တွေထဲမှာ လုံခြုံရေးနဲ့ ပတ်သက်တဲ့ဥပဒေတွေ ရှိပါ တယ်။ ဒါတွေကို ပြန်လည်စဉ်းစားသုံးသပ် ဖို့ လိုနေပါပြီ။ တပ်မတော်နဲ့ ရဲကလည်း လုံခြုံရေး အဆင့်အတန်းကို ပိုပြီး တိုးမြှင့် ပေးပါ။ ခုလိုမျိုး အားစမ်းမှုတွေ၊ ခုလိုမျိုး ဖျက်လိုဖျက်ဆီးတွေ ဆက်ပြီး လုပ်လာကြ ဦးမယ်လို့ ကျွန်တော်ထင်တဲ့အတွက် ခုလို မျိုး လုံခြုံရေးအဆင့်အတန်း တိုးမြှင့်ဖို့ တောင်းဆိုတာပါ။ ခုဖြစ်နေတဲ့ ရခိုင်အခင်း အကျင်း၊ မူဆယ်အခင်းအကျင်း အပါ အဝင် ရန်ကုန်မှာ ဖြစ်ပေါ်နေတဲ့ အသေး စားပေါက်ကွဲမှုတွေဟာ လက်ရှိသွားနေတဲ့ နိုင်ငံတော်အစိုးရရဲ့ လမ်းကြောင်းကို ပြတ် သွားအောင် ကိုယ်ကျိုးရှာ အမြတ်ထုတ်လို သူတွေက လုပ်ဆောင်ဖန်တီးနေတယ်လို့ တော့ ကျွန်တော်မြင်ပါတယ်။




ပေါ်ပြူလာနယူးစ်အဖွဲ့



 http://www.popularmyanmar.com/popularnews/archives/26324





EmoticonEmoticon

Comments system

Flag Counter