နာတာရှည်ဝေဒနာနှင့် ရင်ဘတ်ချင်းမထိကြသေးသော ပြည်သူ့အစိုးရနှင့် အခြေခံ လူတန်းစား





နာတာရှည်ဝေဒနာနှင့် ရင်ဘတ်ချင်းမထိကြသေးသော ပြည်သူ့အစိုးရနှင့် အခြေခံ လူတန်းစား

စောနိုင်(အသုံးချဘောဂဗေဒ) November 24, 2016

နိုင်ငံတွင်းရှိ ဝင်ငွေနည်း၊ ပုံမှန်ဝင်ငွေရ၊ ဆင်းရဲနွမ်းပါးသူတို့ ကာလ ကြာရှည်စွာ ခံစားနေရသည့် နာတာရှည်ဝေဒနာမှာ စီးပွားရေးကျပ်တည်းမှုကို အခြေခံ၍ဖြစ်ပေါ်နေသည့် စိတ်သောက ဖြစ်သည်။ ၎င်းတို့ရရှိသည့် ဝင်ငွေနှင့် မြင့် သထက်မြင့် လာနေသော ကုန်ဈေးနှုန်းကို လိုက်မီစေရန် နေ့စဉ်ဘဝ၌ ပင်ပန်းကြီးစွာ ရုန်းကန် လျက် စီးပွားရေးမွန်းကျပ်မှုဝေဒ နာ ခံစားနေရသည်ကို တွေ့မြင်ရုံ ဖြင့်ပင် အခြေအနေမှာ သိသာလှ သည်။ မြန်မာ့စီးပွားရေး အ ဆောက် အအုံထဲ၌ ကုန်ဈေးနှုန်း ကြီးမြင့်မှု ဖြစ်နေသည်မှာ ကာလ တာ ရှည်ကြာခဲ့လေပြီ။ တပ် မတော်အစိုးရက တာဝန်ယူခဲ့ သည့်ကာလများ၊ ၂၀၁၁ မှ စတင် သည့် ဒီမိုကရေစီအစိုးရတစ်ရပ်၏ ပထမငါးနှစ်သက်တမ်း ကာလ များမှသည် ဒုတိယသက်တမ်း ကာလ ယနေ့အချိန်အထိပင်ဖြစ် ၏။

နိုင်ငံ့တာဝန် ယူခဲ့သည့် ခေတ်အဆက်ဆက် အစိုးရများ သည်လည်း ကုန်ဈေးနှုန်းကျဆင်း ရေးအတွက် နည်းလမ်းအမျိုးမျိုး ဖြင့် ထိန်းကျောင်းမှုများ ပြုလုပ်ခဲ့ ကြဖူးသည်။ သို့သော် အချိန်တို ခဏတာအတွင်းသာ သက်ရောက် မှုရှိခဲ့ပြီး ထင်သလောက် အလုပ် မဖြစ်ခဲ့။ ယခု ပြည်သူရွေးချယ် တင်မြှောက်ခဲ့သည့် ပြည်သူ့ ဒီမို ကရေစီအစိုးရ တာဝန်ယူသည့် အချိန်တွင်လည်း ကုန်ဈေးနှုန်းတို့ သည် အစဉ်အလာမပျက် ဆက် လက် မြင့်တက်လာနေဆဲပင်။

ထို့ကြောင့် ပြည်သူများက ၎င်းတို့ ၏ အခက်အခဲပြဿနာကို ၎င်းတို့ အားကိုးတကြီး ရွေးချယ်ခဲ့သော ကိုယ်စားလှယ်များ၊ နိုင်ငံ့အကျိုး ကို အနစ်နာခံ ထမ်းဆောင်မည်ဟု သန္နိဋ္ဌာန် ချထားလောက်သည့် ပညာရှင်များ ပါဝင်ဖွဲ့စည်းထား သော အစိုးရ၏ အားထုတ်ဖေးမ မှုကို မျှော်လင့်နေကြခြင်းဖြစ် သည်။ ပြည်သူများအနေဖြင့် ယခင်အစိုးရများလက်ထက် ကုန် ဈေးနှုန်းတည်ငြိမ်စေရန်၊ ကျဆင်း လာစေရန် မည်သို့မည်ပုံ အား ထုတ်ခဲ့သည်၊ မည်သို့ အားထုတ် သည့်အတွက် အလုပ်မဖြစ်ခဲ့သည် စသည်ဖြင့် အတိတ်ကအကြောင်း များကိုလည်း ပြန်လည်လေ့လာဖို့ စိတ်ကူးမရှိ၊ မည်သို့သော အ ကြောင်းများကြောင့် ဈေးနှုန်းများ မြင့်တက်လာနေသည်၊
 ငွေကြေး ဖောင်းပွလာနေသည် ဟူသော အကြောင်းများနှင့် ပတ်သက်၍ လည်း စိတ်ဝင်စားမှု မရှိပေ။ ၎င်း တို့စိတ်ဝင်စားသည်မှာ ‘အစိုးရက ယခု မည်သို့ပြုလုပ်ပေးမည်နည်း’ ဟူသော မေးခွန်း၏ အဖြေသာ ဖြစ်သည်။

နွမ်းနွမ်းပါးပါးရှိလှသည့် အခြေခံလူတန်းစား ပြည်သူအ များစုတို့ စိတ်ထဲတွင် ယခင်ကာ လများက ကျပ်တည်းနေသော စားဝတ်နေမှု၊ ခက်ခဲနေသော နေ့ စဉ်ဘဝ ရပ်တည်မှုအတွက် ၎င်း တို့ လက်သန်းကလေးများ မင်ပေ ခံကာ ရွေးချယ်ပေးခဲ့သည့် အစိုးရ ၏ အားထုတ်ပေးမှုကို မျှော်လင့် လျက်ရှိနေကြသည်။ သို့သော် အခြေခံ လူတန်းစား အများစု သည် နိုင်ငံရေး၊ စီးပွားရေး ဗဟု သုတ နည်းပါးနိုင်သော်လည်း ဖြတ်သန်းခဲ့သော စနစ်ဆိုးများ အတွင်းမှ ရရှိခဲ့သော သင်ခန်းစာ များကြောင့် နိုင်ငံရေးဆင်ခြင်တုံ တရားမှာလည်း အတိုင်းအတာ တစ်ခုအထိ ရှိနေခဲ့ပြီ။ သူတို့ တောင်းဆိုသမျှ အစိုးရသစ်က ဥုံ ဖွ မန်းမှုတ်၍ ချက်ချင်းလက်ငင်း လုပ်ဆောင်ပေးနိုင်မည် မဟုတ် ကြောင်းကိုလည်း သိကြ၏။

 သို့ သော် ကာလရှည်ခံစားလာခဲ့ရ သော စီးပွားရေးကျပ်တည်းမှု အတွက် အနည်းငယ်မျှ အသက် ရှူ ချောင်လိုချောင်ငြား အစိုးရထံ မှ ကုန်ဈေးနှုန်းကျဆင်းရေးအ တွက် အားထုတ်လုပ်ကိုင်နေ ကြောင်း စကားသံလေးကို ကြား ချင်သည်။ အကယ်၍ စကားသံ ကြားခဲ့ရပါက လက်တွေ့ကျကျ အားထုတ်လုပ်ကိုင်မှု၊ ထို့နောက် (အတိုင်းအတာတစ်ခုအထိ)ထိ ရောက်၍ အကျိုးခံစားနိုင်မည့် ရလဒ်ကောင်းတို့ ဖြစ်ထွန်းလာ ရေးတို့ကို တစ်ဆင့်ပြီးတစ်ဆင့် မျှော်လင့်ချင်သည်။ ကျပ်တည်း စွာ ရုန်းကန်နေရဆဲ စားဝတ်နေ ရေး အခြေအနေမှာပင် အစိုးရ၏ (ပြည်သူအတွက် ဆောင်ရွက်နေ သည့်ဟူသော) အားတက်သရော စကားသံ ကြားရပါက အနာဂတ် အတွက် စိတ်သက်သာရာ ရနိုင် ကြလိမ့်မည်။ ထိုထက်ပို၍ အား ထုတ် ဆောင်ရွက်နေသည်ကို လက်တွေ့ကျကျ ကြားသိမြင်တွေ့ ခဲ့ရပါက အကျိုးသက်ရောက်မှု မခံစားရသေးစေကာမူ ၎င်းတို့၏ စိတ်ဆန္ဒကို ၎င်းတို့ဘာသာ ၎င်း တို့နှစ်သိမ့်ကြပေလိမ့်မည်။ သို့ သော် အခုမှာကား . . .။
၂၀၁၆ နိုဝင်ဘာ ၁၆ ရက်က ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် လွှတ်တော် ကိုယ်စားလှယ်တစ်ဦး မေးမြန်း သည့် ကုန်ဈေးနှုန်း မြင့်တက်မှုနှင့် ပတ်သက်၍ မေးမြန်းမှုကို သက် ဆိုင်ရာဝန်ကြီးဌာန တာဝန်ရှိသူ က အဖြေမဟုတ်သောစကားများ ဖြင့် ဆွေးနွေးဖြေကြားခဲ့သည်။

 မေးမြန်းသည်က ပြည်သူတို့ခံစား နေရသည့် ကုန်ဈေးနှုန်းကြီးမြင့် သည့်ဝေဒနာ သက်သာစေရေး အတွက် အစိုးရ၏ ဆောင်ရွက် နေမှုများနှင့် ပတ်သက်သည်။ ဖြေ ဆိုသည်က ကုန်ဈေးနှုန်းကြီးမြင့် ရသည့်အကြောင်း၊ ကုန်ဈေးနှုန်း ကြီးမြင့်နေသည့် အခြေအနေ ဖြစ် နေသည်။ လူထုရင်ဘတ်ထဲ၌ ရှိ နေသည့် ခံစားမှု၊ လူထုဦးနှောက် ထဲတွင် ရှိနေသည့် အသိတရား နှင့် ဝေးကွာလွန်းလှသော ဘာ သာရပ်ဆိုင်ရာ သီအိုရီများ၊အယူ အဆများနှင့် တုံ့ပြန်ဖြေဆိုခဲ့သည်။ ထို့အပြင် ကိုယ်ချင်းစာနာမှု ဒီဂရီ နည်းပါးသူအချို့၏ တုံ့ပြန်သံများ လည်း ကြားရ၏။ ‘‘ကုန်ဈေးနှုန်း ကြီးတာ၊ ငွေဖောင်းပွနေတာ ဒီ အစိုးရလက်ထက်မှ ကြီးတာ မ ဟုတ်ဘူး’’၊ ‘‘အရင်ကတည်းက ကြီးနေတာပဲ’’၊ ‘‘တာဝန်ယူတာမှ တစ်နှစ်တောင် မပြည့်သေးဘူး’’၊ ‘‘အစိုးရကိုပဲ အပြစ်ပြောဖို့ ကြည့် နေကြတယ်’’စသ ဖြင့် စားဝတ်နေ ရေး ကျပ်တည်းမှုဝေဒနာ ကြီးမား စွာ ခံစားနေရသည့် အခြေခံလူ တန်းစားတို့၏ အစိုးရအပေါ် မျှော်လင့်အားကိုးမှုကို ပြစ်တင် စကားများဖြင့် ချေပကြသည်ကို လည်း စိတ်မကောင်းဖြစ်စွာ သိရ သည်။

မီးဖိုချောင်တွင် ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်အပါ အဝင် စားသောက်စရာ အပြည့် အစုံရှိနေသော ဆန်ချောကောင်း ကောင်းကို အသုံးပြုထားသည့် ထမင်းကောင်းကောင်း၊ ဟင်း အမည်အမျိုး စုံလင်စွာဖြင့် ပြည့်စုံ သည့်ထမင်းပွဲကို အချိန်မှန်တွေ့ နေရသူများမှာ အမှား၊ အမှန်ကို ဂရုမပြုဘဲ (အားကိုးတကြီး တောင်းဆိုနေသည်ကို အပြစ် တင်နေဟု ယူဆလျက်)နေ့စဉ် ဝမ်းမီး ငြှိမ်းနိုင်ရေးအတွက် ငါးပိ ရည်ကျဲ၊ တို့စရာ၊ ဆန်ကြမ်းတို့ကို ပင် အနိုင်နိုင်ဖြစ်နေရရှာသည့် နွမ်းပါးသူများ၏ အားကိုးသံ၊မျှော်လင့်ချက်တို့ကို ထိုးနှက်ဖျက်ဆီးကြသည်။ အစိုးရထံမှ မျှော်လင့်နိုင်စရာ ဖေးမကူညီမှုအတွက်နွမ်းပါးသည့် လူထု၏ ပြောဆိုပြစ်တင်သံများကို လက်မခံနိုင်ဘဲ ပြန်လည်တုံ့ပြန် အပြစ်တင်သံများမှာ လိုအပ်နေသည့်အဖြေကို မတွေ့နိုင်ဘဲ နှစ်ဖက်မကျေနပ်မှုများနှင့်သာ အဆုံးသတ်သွားကြမည်။
အပြန်အလှန် ဝေဖန်အပြစ် တင်သံများအောက်တွင် ဆင်းရဲ နွမ်းပါးသည့် အခြေခံလူတန်းစား များမှာ ပိုမိုကျပ်တည်းလာသော စားဝတ်နေရေးနှင့် ပိုမိုမွန်းကျပ် လာသော မိသားစုဘဝများကို ပို၍ဆိုးရွားစွာ ရင်ဆိုင်နေကြရသည်။

အစိုးရတစ်ရပ်တွင် ၎င်းတို့ တာဝန်ယူရသည့် နိုင်ငံ၏ အခြေ အနေပေါ်မူတည်၍ ချက်ချင်း အမြန် ကာလတို၊ ကာလလတ်၊ ကာလရှည် အကောင်အထည် ဖော်ပေးရမည့် အစီအစဉ်များရှိ သည်။

ဆယ်စုနှစ်များစွာ နိုင်ငံရေး စနစ်၊ စီးပွားရေးစနစ် မတည် မငြိမ်ဖြင့် ဖြတ်သန်းခဲ့ရသော မြန်မာနိုင်ငံကို တာဝန်ယူရသည့် အစိုးရတစ်ရပ်အနေဖြင့် ပြုပြင် လုပ်ဆောင်စရာများစွာ ရှိနေ သည်ကို အားလုံးသဘောပေါက် သည်။ နိုင်ငံ့စီးပွားရေးနှင့်ပတ် သက်၍ ပျက်စီးနေသော ကုန် ထုတ်လုပ်မှုစနစ်၊ ကျဆင်းနေ သော ကုန်သွယ်ရေး၊ စီးပွားရေး အခြေအနေများ၊ အလုပ်အကိုင် အခွင့်အလမ်းများ မြှင့်တင်ရေး၊ ကုန်ထုတ်လုပ်မှု အခြေခံ အ ဆောက်အအုံများ ဖြည့်ဆည်းနိုင် ရေး၊ ဘဏ္ဍာရေးနှင့် ငွေရေးကြေး ရေးကိစ္စများ စသဖြင့် များပြားလှ သော စီးပွားရေးရာ ဖြေရှင်းစရာ ဝန်ထုပ်ဝန်ပိုးကြီးများက တန်းစီ စောင့်နေသည်။ အချိန်ကာလ အားဖြင့် ငါးနှစ်တာ သက်တမ်း အတွင်း ပိုင်ဆိုင်သည့် ငွေကြေး အရင်းအနှီး၊ လူ့စွမ်းအားအရင်း အမြစ်၊ ကုန်ထုတ်စွမ်းအားစု အရင်းအမြစ်တို့နှင့် ထမ်းဆောင်ရ မည်မှာ မလွယ်ကူလှ။ ထိုအခြေ အနေအပေါ်တွင်လည်း နိုင်ငံသူ နိုင်ငံသား အများစုတို့ကလည်း ကောင်းစွာ နားလည်သဘော ပေါက်ကြ၏။

မည်သို့ပင်ဖြစ်စေ နိုင်ငံ့တာဝန်ယူထားသည့် အစိုးရ တစ်ရပ်အနေဖြင့် ရှိသမျှစွမ်းအား ဖြင့် အားကုန်အင်ကုန် ဆောင် ရွက်ရန်သာဖြစ်သည်။ မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် အချိန်ယူ ၍ ကာလရှည်အကောင်အထည် ဖော် လုပ်ဆောင်ရမည့် လုပ်ငန်း များရှိသကဲ့သို့ ဖြစ်နိုင်သလောက် အချိန်တိုအတွင်း အကောင်အ ထည် ဖော်ပေးရမည့် ကိစ္စရပ်များ ရှိနေသည်။ တိုနိုင်သမျှ တို တောင်းသည့်အချိန်အတွင်း မြန် နိုင်သမျှ မြန်မြန် လုပ်ဆောင်ရ မည့် ကိစ္စမှာ ကုန်ဈေးနှုန်းအခြေ အနေကို ထိန်းကျောင်းနိုင်ရေး ဖြစ်သည်။ ထိုကိစ္စသည် စီးပွား ရေး ကိစ္စသက်သက်ဟု သဘော မထားဘဲ နိုင်ငံရေးရှုထောင့်မှ လည်း ရှုမြင်လုပ်ဆောင်ရန်လို လာသည်။ ထို့အပြင် ထိုလုပ် ဆောင်မှုတွင် ကုန်ဈေးနှုန်းတည် ငြိမ်ရေး၊ ကျဆင်းရေးဟု အမည် တပ်ထားသော်လည်း ဆက်စပ် နေသည့် အခြားသော စီးပွားရေး ကဏ္ဍများကိုပါ တစ်နွယ်ငင်တစ် စင်ပါ ပြုပြင်ဆောင်ရွက်စရာများ ရှိလာမည်။ ကဏ္ဍများစွာ အပြန် အလှန် ဆက်နွှယ်ပတ်သက်လျက် ရှိသည့်အတွက် အချိန်ယူရမည်။ မှန်မှန်ကန်ကန် စနစ်တကျ အ ကောင်အထည် ဖော်နေပြီ ဖြစ်ပါ က အချိန်ကာလ ကြာမြင့်သည် နှင့်အမျှ ပြည်သူတို့ စီးပွားရေး အခြေအနေ ပိုမိုအဆင်ပြေလာ မည်ဖြစ်သည်။

ယခု အစိုးရသစ် တာဝန်ယူ ခဲ့သည့် ၂၀၁၆ ဧပြီမှစ၍ ရှစ်လ တာ အချိန်တိုအတွင်း ကုန်ပစ္စည်း အများစု၏ ဈေးနှုန်းများ တည် ငြိမ်မှုမရှိသည့်အပြင် သိသာစွာ ပင် မြင့်တက်လာခဲ့ပြန်သည်။ကုန် ပစ္စည်း တစ်မျိုးနှစ်မျိုးသာ ဈေး နှုန်းမြင့်နေခြင်းမဟုတ်၊ ကုန်ပစ္စည်း အမျိုးအမည်ပေါင်းများစွာ မြင့် တက်နေခြင်းဖြစ်သည်။ စီးပွား ရေး ဘာသာရပ် သဘောတရား များအရ အထွေထွေကုန်ဈေးနှုန်း မြင့်တက်နေသည့် အခြေအနေမျိုး ဖြစ်သည်။ ယခု အခြေခံလူတန်း စားတို့နှင့် အနီးကပ်ဆုံးရှိသော လွှတ်တော် ကိုယ်စားလှယ်များ မေးမြန်းနေသည့် မေးခွန်းများ၊ အခြေခံ လူတန်းစားတို့ထံမှ ကျယ်လောင်စွာ ကြားနေ ရသော ကုန်ဈေးနှုန်းကြီးမြင့်သည့် ဝေဒ နာသံများမှာ ရွှေဈေးနှုန်း၊ ဒေါ် လာဈေးနှုန်း၊ မော်တော်ကားဈေး နှုန်းများ တက်ခြင်းကို ဦးတည်၍ ဖြစ်ပေါ်လာခြင်းမဟုတ်။ နေ့စဉ် သုံးစွဲနေရသော ဆန်၊ ဆီ အပါအဝင် မီးဖိုချောင်ထဲက ကုန် ပစ္စည်းများ၊ သားငါး၊ ဟင်းသီး ဟင်းရွက် စသဖြင့် စားသောက် ကုန်၊ လူသုံးကုန်ပစ္စည်း အများစု ဈေးနှုန်းများ တက်နေခြင်းကြောင့် ဖြစ်သည်။ ဝတ်စရာ၊ နေစရာ အတွက် မစဉ်းစားအား။ မိသားစု ကျန်းမာရေး၊ သားသမီးများ၏ ပညာရေးကို ဂရုမစိုက်နိုင်။နေ့စဉ် အစာအိမ် ဝမ်းမီးတောက် ငြိမ်းစေ ဖို့အတွက်သာ နည်းလမ်းအမျိုး မျိုးဖြင့် ရုန်းကန်နေကြရသည်။ အခြေခံလူတန်းစားတို့ စားဝတ် နေမှု မပြေလည်မှုနောက်တွင် ဥပဒေစိုးမိုးမှုကို အားနည်းလာ စေခြင်း၊ ရာဇဝတ်မှုများ ထူပြော လာခြင်း၊ လူ့အဖွဲ့အစည်းအတွင်း မတည်မငြိမ် ဖြစ်လာခြင်းကိုပါ နောက်ဆက်တွဲဖြစ်လာစေသည် ကိုလည်း တာဝန်ရှိသူတို့ သတိပြု သင့်သည်။

ထို့ကြောင့် သိကြား မင်းဆင်း၍ ဈေးကွက်ထဲ ဝင် ရောက် စွက်ဖက်ခြင်း မပြုရဟု တားလာသည့်တိုင် ဂရုမစိုက်နိုင် ဘဲ ဈေးကွက်ထဲ ဝင်ရောက်ပတ် သက်သင့်ပြီ၊ ဈေးကွက်အခြေ အနေကိုလေ့လာ၍ အခြေခံလူ တန်းစားတို့အတွက် ကူညီသင့်ပြီ၊ ဆေးမြီးတို ကုထုံးဖြင့် အခြေခံ လူတန်းစား ပြည်သူများကိုကာလ ရှည်ဝေဒနာ ယာယီသက်သာစေ ရေး ကုသပေးချိန်တန်ပြီဖြစ်သည်။
ဈေးကွက်စီးပွားရေးစနစ်၌ ဈေးကွက်အတွင်း အစိုးရ ဝင် ရောက်စွက်ဖက်ခြင်းနှင့် ပတ် သက်၍လည်း ဈေးနှုန်းသည် ဝယ် လိုအားနှင့် ရောင်းလိုအားပေါ် မူတည်၍ သူ့သဘောသူဆောင်၍ ပြောင်းလဲနေကြောင်း အစိုးရ ဝင် ရောက်စွက်ဖက်၍မရ၊ ထိန်းချုပ် ၍ မရဟု ဆိုသူကဆိုသည်။ ကိုယ် ကျိုးအခြေခံထားသော လူဆို သည့် သတ္တဝါတို့ ကျင်လည်နေ သည့် ဈေးကွက်ယန္တရားသည် မကြာခဏ အားနည်းချက်များ ပေါ်တတ်သည်မှာ သဘာဝသာ ဖြစ်သည်။ ဈေးကွက်အားနည်း ချက် ရှိလာသည့်အခါ၊ ဈေးကွက် ယန္တရားလည်ပတ်မှု ပုံမှန်မရှိ သောအခါ ဝင်ရောက်စွက်ဖက်ရ မည်မှာ အစိုးရ၏ ကိစ္စဖြစ်သည်။ ကမ္ဘာပေါ်တွင် အစိုးရ လုံးဝမပတ် သက်ဘဲ ဈေးကွက်ယန္တရား အ ဆက်မပြတ် လည်ပတ်နေသည့် စီးပွားရေးစနစ် ကျင့်သုံးသော နိုင်ငံမရှိသည်ကို သတိထားသင့် သည်။

ယခု အခြေအနေတွင် လည်း ကုန်စည်ဈေးကွက်များ အတွင်း အစိုးရ ဝင်ရောက်ပတ် သက်၍ လုပ်စရာရှိသည်များ လုပ်ဆောင်ရန် လိုအပ်နေပြီ။ မြန်မာ့စီးပွားရေး အဆောက်အအုံ အတွင်း ကုန်ဈေးနှုန်းများ မြင့် တက်နေခြင်းသည် ဈေးကွက် သဘောသဘာဝအရ ဖြစ်နေခြင်း မဟုတ်ဘဲ ကုန်ထုတ်လုပ်မှုကဏ္ဍ၊ ငွေကြေးကဏ္ဍအပါအဝင် စီးပွား ရေးကဏ္ဍများ ကာလရှည် အား နည်းမှုများကြောင့် ဖြစ်သဖြင့် ကာလရှည် ဆောင်ရွက်စရာအစီ အစဉ်များ စနစ်တကျ ရေးဆွဲပြီး အချိန်ကာလအလိုက် တစ်ဆင့်ပြီး တစ်ဆင့် အကောင်အထည်ဖော် ရန် လိုအပ်သည်။ ထို့အတူ တစ် ချိန်တည်းမှာပင် အခြေခံလူတန်း စားတို့၏ ပြင်းထန်သော ဝေဒနာ ခဏာတာ သက်သာမှု ရစေရေး အတွက်လည်း သင့်လျော်သည့် ဆေးမြီးတို ကုသချက်များဖြင့် လုပ်ဆောင်ပေးရန် အချိန်တန်နေ ပြီဖြစ်သည်။ တိုက်ရိုက်ဟုပင်ဆို စေ၊ သွယ်ဝိုက်ပင်ဖြစ်စေ အစိုးရ အဖွဲ့အတွင်းရှိ သက်ဆိုင်သည့် ဌာနများပူးပေါင်း၍ ကုန်ဈေးနှုန်း အခြေအနေကို ထိန်းကျောင်းအားထုတ်သင့်သည်။ UMFCCI အဖွဲ့ကြီးနှင့် ပူးပေါင်း၍လည်း ဒေသအသီးသီးရှိ ကုန်သည်များ၊ စိုက်ပျိုးထုတ်လုပ်သူများနှင့် ဆွေးနွေးခြင်း၊ သယ်ယူပို့ဆောင်ရေး ကိစ္စများကို ထိထိရောက်ရောက် ကြပ်မတ် ကိုင်တွယ်ခြင်း တို့ကိုလည်း ပြုလုပ်ရမည့် အခြေအနေမျိုးဖြစ်သည်။

အခြေခံလူတန်းစား ဝင်ငွေ နည်းသူများ၊ ပုံမှန်ဝင်ငွေရ အစိုး ရ ဝန်ထမ်း၊ ပုဂ္ဂလိကကဏ္ဍ လုပ် ငန်းများမှ ဝန်ထမ်းများ စားဝတ် နေရေး အခက်အခဲများ ရင်ဆိုင် နေကြရသည်။ လက်လုပ်လက် စား ပျံကျအလုပ်သမားများဆို လျှင် ထိုအခြေအနေထက် ဆိုးပေ လိမ့်မည်။ ၎င်းတို့ အားကိုးစိတ် ဖြင့် ရွေးချယ်ခဲ့သည့် ယခုအစိုးရ လက်ထက်၌ ၎င်းတို့၏ ကာလ ရှည်ဝေဒနာများ ပြေလည်စေချင် သည့် ဆန္ဒဖြစ်ပေါ်နေသည်မှာ မှားယွင်းသော အတွေးအခေါ်ဟု ဆိုနိုင်မည်လား။ ပြည်သူများ၏ ဆန္ဒမှာ ယခုမှပေါ်လာခြင်းမဟုတ်။ ၎င်းတို့၏ ရင်ဘတ်များထဲ ကိန်း အောင်းနေခဲ့သည်မှာ ကြာခဲ့ပြီ။ ရင်းနှီးခဲ့ရသည့် အချိန်ကာလများ မည်မျှ ကြာမြင့်ခဲ့သည်ကိုလည်း ကြီးရင့်လာသော အသက် အရွယ်များက သက်သေပြနေကြပြီ။ဘဝသက်တမ်းအတွင်း ရည်မှန်းချက်များ မျှော်လင့်ရင်း၊ ဆုံးရှုံးရင်းဖြင့် တစ်ရက်ပြီးတစ်ရက် သေဆုံးရမည့် အချိန်နှင့်လည်း နီးကပ်လာနေလေပြီ။ အားလုံးမှာ ဆင်ခြင်တုံတရား လက်ကိုင်ထားလျက် မတတ်နိုင်၍သာ စိတ်ဖြေသိမ့်နေရသော်လည်း ဖြစ်နိုင်လျှင် ယခုဘဝ မသေခင်အချိန်လေး၌ ခံစားချင် သူချည်းပင်ဖြစ်သည်။ လူအချို့ ပြောသကဲ့သို့ ဈေးကွက်ထဲ ဝင်ထိန်းစရာမလို၊ ဈေးကွက် ယန္တရားသည် အချိန်ကာလတစ်ခု တွင် သူ့အလိုလောက် ဖြေရှင်းပြီး လိမ့်မည်။ မည်သည့်အချိန်တွင် ဖြစ် နိုင်မည်နည်း။ ဖတ်ရှုခဲ့ဖူး သည့် စီးပွားရေးပညာရှင် ကိန်းစ် ၏ In the long run we are all dead ဆိုသည့် မှတ်ချက်စာသား တိုလေးကို သတိရမိသည်။

သေချာသည်မှာ အခြေခံ လူတန်းစားတို့နှင့် ပြည်သူ့အစိုးရ တို့ ခံစားချက် ထပ်တူမကျသေး၊ ရင်ဘတ်ချင်း မနီးကပ်သေးသလို ခံစားနေရခြင်းဖြစ်သည်။ ဤအ ခြေအနေတွင် ပြည်သူတို့ ဝေဒနာ သံကို ကြားလွယ်သောနား၊ အခက်အခဲဒုက္ခကို လက်တွေ့သိမြင် ခံစားတတ်သော မျက်လုံး၊ ပြ ဿနာကို အမြော်အမြင်ကြီးစွာ ဖြေရှင်းတတ်သော ဦးနှောက်၊ အားကိုးတကြီး ရွေးချယ်တာဝန် ပေးခဲ့သော ပြည်သူတို့ကို သနား ကြင်နာတတ်သော၊ အနစ်နာခံ တတ်သောနှလုံးသားဖြင့် ထွေး ပွေ့ကူညီနိုင်ပါစေဟုသာ ဆု တောင်းရုံသက်သက် . . .၊ ကျန်ရှိ နေသည့် သက်တမ်းအတွင်း စီး ပွားရေး ကျပ်တည်းမှုဝေဒနာ သက်သာစွာဖြင့် အသက်ဆက် ရှင်သန်နိုင်ရေး ခပ်ရေးရေး မျှော် လင့်မိရုံမှတစ်ပါး . . .။ ။


The People's Library



EmoticonEmoticon

Comments system

Flag Counter