ပြောင်းလဲသင့်ပြီ ဒို့တိုင်းပြည်





ပြောင်းလဲသင့်ပြီ ဒို့တိုင်းပြည်

ပြောင်းလဲချိန်တန်ပြီဆိုတဲ့ြေ<ွကးကြော်သံအောက်မှာ ကျွန်တော်တို့ပြည်သူတွေ ပြောင်းလဲပေးမယ့်သူ လို့ ယုံကြည်ပြီး ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌ လုပ်နေတဲ့ အဖွဲ့ချုပ်ကို မဲ ပုံအောပေးလိုက်ကြတယ်။ ဒေါ်စုသာ တက်ရင် တကယ်ပြောင်းလဲသွားမှာပဲ။ ငါတို့ကုပ်ပေါ် ခွစီးထားတဲ့ စစ်ဝတ်တွေနဲ့ စစ်အရေချွတ်တွေကို ခါချနိုင်တော့မယ်။ ငါတို့နိုင်ငံ ပိုင် သယံဇာတတွေ၊ သစ်တောတွေကို အာဏာရှင်တွေနဲ့ပေါင်းပြီး သူ့ဘိုးဘွားပိုင်ပစ္စည်းတွေလို 'ခုတ်ထစ်တူးဖော်' အရင်းမစိုက်ရဘဲ ရောင်းစားကြသူတွေ၊ မြန်မာ့စီးပွားရေး တစ်ခုလုံးကို ကိုယ်ကျိုးရှာ လက်ဝါးကြီးအုပ်၊ ယှဉ်ပြိုင်သူမရှိဘဲြ<ွကယ်ဝချမ်းသာလာတဲ့ ခေတ် ပျက်သူဌေး ခရိုနီတွေကို ဒဏ်ခတ်တာတွေ အခွန်မဆောင်ခဲ့တာ တွေကို အရေးယူ နှိပ်ကွပ်နိုင်တော့မယ်လို့ မျှော်လင့်ခဲ့ကြတယ်။
တရားဥပဒေ စိုးမိုးမှုမရှိဘဲ တရားသူကြီးတွေ လာဘ်စားပြီး တရားလိုတွေက တရားခံတွေဖြစ် အပြစ်မရှိသူတွေက ထောင်ကျ၊ ဘိုးဘွားဘီဘင်ကတည်းက ဓားမဦးချ လုပ်ကိုင်ပိုင်ဆိုင်ခဲ့တဲ့ တောင် သူလယ်သမားတွေ မောင်းထုတ်ခံရ၊ တိုင်းနဲ့ ပြည်နယ်အနှံ့ ပေါ် ပေါက်လာတဲ့ မြေပိုင်ရှင်အမည်ခံ ခေတ်ပေါ်မြေယာရှင်တွေကို ဖယ် ရှားနိုင်တော့မယ်။ အာဏာရှင်နဲ့ပေါင်းပြီး မတရားသိမ်းယူထားတဲ့ သူတွေက မူလပိုင်ရှင်တွေကို တရားစွဲ ထောင်ချနေတာတွေ ရပ်တန်း က ရပ်နိုင်တော့မယ်လို့ မျှော်လင့်ခဲ့ကြတယ်။
အာဏာရှင်တွေအလိုကျ ရေးဆွဲထားတဲ့ ၂ဝဝ၈ အခြေခံဥပ ဒေကို ပြင်နိုင်တော့မယ်လို့ မျှော်လင့်ခဲ့ကြတယ်။ အဖိနှိပ်ခံ ပြည် သူတွေ လက်သန်းလေးတွေမှာ မင်အစွန်းခံပြီး လက်သန်းထောင် မော်ြ<ွကား လို့ ရွေးကောက်ပွဲအတွင်း အပျော်များခဲ့ကြတာ အမှန်ပါ။ အခုတော့ အဖွဲ့ချုပ်အစိုးရဖြစ်လာတဲ့အခါ ပြည်သူတွေရဲ့ မျှော်လင့်ချက်တွေဟာ ကတိတွေအတိုင်း ပြောင်းလဲနိုး ပြောင်းလဲနိုး နဲ့ စောင့်စားရင်း ရွေးကောက်ခံရတာ တစ်နှစ် ပြည့်လာတဲ့အခါ တစ်စတစ်စ ခေါင်းတိုင်ကထွက်လာတဲ့ အခိုးအငွေ့တွေလို တလွင့်လွင့် လေထဲမှာ ပျောက်ကွယ်သလို ဖြစ်နေခဲ့ရပါပြီ။ အမြန်တည့် မတ်ပြီး လုပ်သင့်တာတွေကို ပြတ်ပြတ်သားသား လုပ်ပြပြီး ယုံကြည်မှုကို အချိန်မနှောင်းခင် ပြန်လည်ရယူသင့်ပါတယ်။ အမှန်တရားကို လုပ်ဆောင်နေတာကို နောက်ကြောင်းပြန်လှည့်သွားမယ်လို့ စစ် လော်ဘီတွေ ပြောစကားကြောင့် မလုပ်ဘဲ မနေသင့်ပါဘူး။ ပြည် သူက မှန်တာလုပ်နေသမျှ နောက်က ရပ်တည်ပေးမှာ ဖြစ်သလို တပ်မတော်မှ တကယ့်မျိုးချစ်စိတ်ရှိတဲ့ တပ်မတော်သားတွေကလည်း ရပ်တည်အားပေးမှာ အမှန်ပါပဲ။ ပြတ်သားစွာ လုပ်သင့်တာတွေကို တစ်ခုပြီးတစ်ခု မြင်သာအောင် လုပ်ပြနိုင်မယ့်လူတွေကို ရွေးပြီး လုပ် ပြဖို့ လိုနေပါပြီ။
(၁) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရ တက်လာပြီးနောက် ဦးသိန်းစိန်အစိုးရ ထွက်ခါနီးမှာ တက်သုတ်ရိုက်ပြီး မြေတွေ၊ အိမ် တွေကို ပေးပစ်ခဲ့တာတွေကို ပြန်လည်စစ်ဆေးမယ်ဆိုလို့ လူထုက ငါတို့အစိုးရ စလုပ်လာပြီကွ၊ မတရားမှုတွေတော့ ပေါ်တော့မယ်ဆို ပြီး မျှော်လင့်ခဲ့ကြတယ်။ နောက်တော့ ရန်ကုန်တိုင်းဒေသကြီး မြို့ တော်ဝန် ဦးမောင်မောင်စိုးက အားလုံးသော လွှဲပြောင်းပေးမှုတွေ ဟာ တရားဝင်လုပ်ထားတာတွေ ဖြစ်တယ်။ ဘီအိုတီစနစ်အရ မျှတ တဲ့ ဈေးနှုန်းနဲ့ ငှားရမ်းထားတာ တွေ့ရတဲ့အတွက် အရေးမယူဘူး ဆိုတာကို လွှတ်တော်မှာပြောခဲ့တော့ အားခဲစောင့်မျှော်သူတွေ ပက် လက်လန်သွားခဲ့ရပြန်တယ်။
(၂) ထင်ရှားတဲ့ သာဓကတစ်ခုကတော့ အင်းလျား ကြက်ကျွန်း မှာ ကန်လှပသာယာရေးဆိုတဲ့ ပြောလုံးတွေနဲ့ ရှော့ပင်းမောလ်တွေ တည်ဆောက်နေတာ၊ စားသောက်ဆိုင်ခန်းတွေ ဆောက်နေတာ၊ ကန်ထဲကိုဝင်ပြီး ပန္နက်စိုက်နေတာဟာ ဥပဒေကို ကျူးလွန်ဖောက် ဖျက်နေတာဖြစ်ကြောင်း ခိုင်လုံနေလဲ ဘာအရေးယူမှုမှ မတွေ့ရ သေးပါဘူး။
(၃) ရန်ကုန်မှာ အထပ်မြင့်အဆောက်အအုံတွေကို စည်ပင် က ရှစ်ထပ်ထက် ပိုမဆောက်ရတော့လို့ အမိန့်ချမှတ်လိုက်တယ်။ ဆောက်လက်စ အလုပ်တွေ ရပ်ဆိုင်းကုန်တယ်၊ အလုပ်သမားတွေ အလုပ်မရှိတော့ဘူးလို့ ပြောလာတယ်၊ အထပ်မြင့် အဆောက်အ အုံအတွက် လိုအပ်ချက်တွေကို ပြည့်မီအောင် လုပ်ထားရဲ့သားနဲ့ အရပ်ခံရတာ မတရားဘူးလို့ အသံတွေ ထွက်လာတယ်။တကယ် အဆင့်မီ၊ မမီ စစ်ဆေးလား၊ ဘာလားမသိနဲ့ နောက်တော့ လည်း ထုံးစံအတိုင်း ပြန်ဆောက်ခွင့် ပြုလိုက်ရပြန်တယ်။ ပုသိမ်ထောင် နားက အထပ်မြင့် အဆောက်အအုံကို ဆက်မဆောက်နဲ့ ပြောပေ မယ့် စည်ပင်ကအရာရှိက ဆက်ဆောက်တယ်။ ပုသိမ်ထောင်တွင်း ကို အပေါ်စီးက မြင်နေရတဲ့အတွက် ပြန်ဖျက်ရမယ်လို့ ပြောတယ်၊ နောက် ပြန်ဖျက်စရာ မလိုတော့ဘဲ ဒဏ်ပဲရိုက်လိုက်တယ် ကြားရ တယ်။
(၄) ရန်ကုန် ကားလိုင်းကျပ်တာကို အမြန်ဆုံး ဖြေရှင်းမယ် ဆိုပြီး မထသကို ဖျက်သိမ်းမယ်လို့ ဆိုပြန်တယ်။ ထပ်နေတဲ့ကား လိုင်းတွေကို လျှော့ချမယ်တဲ့။ အခုထိ မထသက မဖျက်သိမ်းသေး သလို ကားလိုင်းတွေ ထပ်နေတာလည်း မလုပ်နိုင်သေးပါဘူး။
(၅) အထူးသဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ပန်းခြံ တွေ၊ အားကစားကွင်းတွေကို အာဏာပိုင်တွေနဲ့ပင်းပြီး ရောင်းစား ထားတာတွေ၊ အဆောက်အအုံတွေ တည်ဆောက်ကြတာတွေ အ များအပြား ဖြစ်နေခဲ့ပါတယ်။ ဒါတွေကိုလည်း စိစစ်ပြီး ပြန်လည် ဖော်ထုတ်ပေးရမှာ ဖြစ်ပါတယ်။ မြို့နယ်တိုင်းမှာ အားကစားကွင်း ဆိုတာတွေ၊ အပန်းဖြေ ပန်းခြံတွေဆိုတာ မရှိမဖြစ် လိုအပ်ချက်တွေ ဖြစ်ပါတယ်။ ပဲခူးတိုင်း မြို့နယ်တစ်ခုမှာ အထက်တန်းကျောင်း ဘော လုံးကွင်းကို ကျောင်းသားတွေ ဘောလုံးမကန်ရဘဲ ကျောင်းအုပ် ဆရာမကြီးက လယ်သီးစား ချထားတယ်ဆိုတာ သိခဲ့ရလို့ အံ့အား သင့်ခဲ့ရဖူးပါတယ်။
(၆) ထင်ထင်ရှားရှား ပြတ်ပြတ်သားသား လုပ်နိုင်တဲ့ ကိစ္စတစ်ခုက စက်မှုဇုန်တွေမှာ ဘာစက်မှုလက်မှုမှ မလုပ်ဘဲ အကြံအဖန်လုပ်ပြီး ယူထားတဲ့ မြေကွက်တွေကိစ္စပဲ ဖြစ်ပါတယ်။ ဒီမြေကွက် တွေကို ပြန်ရောင်းစားဖို့၊ ငှားစားဖို့ ဦးထားပြီး အလဟဿဖြစ်နေ တာတွေကို ပြန်သိမ်းမယ်၊ ပြန်သိမ်းမယ်နဲ့ လေသံပစ်ပြီး ဘာမှမလုပ် သေးတာ တွေ့ရပါတယ်။ တိုင်းပြည်အကျိုးအတွက် ဘယ်သူ့မျက် နှာကိုမှ ထောက်နေစရာ မလိုပါဘူး။ ဘာ စက်မှု၊ လက်မှုမှ မလုပ် ရင် ပြန်သိမ်းမယ်ဆိုတဲ့ စကားအတိုင်း ပြန်သိမ်းရပါ့မယ်။ ပြည်ပ အကြီးစား စက်မှု၊ လက်မှု လုပ်ငန်းတွေ လာရောက်ဖို့ကိုပဲ အာရုံ စိုက်မနေဘဲ နိုင်ငံခြား အလတ်စား စက်မှုလုပ်ငန်းရှင်တွေ လာ ရောက် ရင်းနှီးနိုင်ဖို့ကိုလည်း ဦးစားပေးထဲမှာ စဉ်းစားထားသင့်ပါ တယ်။ အလတ်စား လုပ်ငန်းရှင်တွေ လာနိုင်ဖို့ အစိုးရက စက်မှု ဇုန် မြေနေရာတွေကို အလကား ပေးသင့်ပါတယ်။ ဒီလုပ်ငန်းရှင်တွေ တစ်ယောက်ကို ဒေါ်လာနှစ်သန်းကနေ ၁ဝ သန်းအထိ ရင်းနှီးလာ ခဲ့ရင် လုပ်ငန်းရှင် ၁ဝဝ ဆိုရင် သန်း ၂ဝဝ ဝင်လာမှာဖြစ်ပါတယ်။
ပြည်တွင်း ထွက်ကုန်တွေ ထုတ်လုပ်တဲ့ စက်ရုံအလုပ်ရုံ အများအပြား နှစ်တိုတိုအတွင်း ပေါ်ပေါက်လာနိုင်ပြီး မိမိပြည်သူ တွေလည်း အလုပ်အကိုင် ရလာနိုင်မှာ ဖြစ်ပါတယ်။ မြေငှားစားဖို့၊ မတန်တဆဈေးနဲ့ ပြန်ရောင်းဖို့ မြေကွက်တွေကို လောဘတိုက် ရယူထားသူတွေကို ထိထိရောက်ရောက် ဖယ်ရှားပြီး အမှန်တကယ်လုပ် မယ့်သူတွေကို မြေဈေး အနည်းဆုံးနဲ့ ဒါမှမဟုတ် အလကားပေးပြီး စီးပွားရေးကို မြှင့်တင်နိုင်မယ့် စက်ရုံ၊ အလုပ်ရုံတွေကို လမ်းဖွင့်ပေး သင့်ပါတယ်။
(၇) ဂျပန်ရောက် မြန်မာတွေက စစ်အစိုးရလက်ထက်မှာ အခွန်မဆောင်ကြဘူး။ သံရုံးက ဘာအကူအညီမှ မပေးဘဲ အခွန်သာ တွင်တွင်တောင်းနေလို့ သံရုံးကို ပြတ်ပြတ်သားသား ဆန့်ကျင်ပြီး အခွန်ရုံးလို့ပဲ ခေါ်ခဲ့ကြတာ ဒီနေ့အထိပါပဲ။ ဒေါ်စုက အရင် အခွန် ဆောင်ခဲ့တဲ့ လူတွေကိုလည်း မျှတအောင် ကြည့်ရမယ်ဆိုပြီး မယုတ်မလွန် ပြောသွားခဲ့တယ်။ ဒီလူတွေဟာ စစ်အာဏာရှင်တွေကို ပြတ် ပြတ်သားသား ဆန့်ကျင်ပြီး အင်န်အယ်လ်ဒီ လွတ်မြောက်နယ်မြေ၊ ကျောင်းသားတပ်မတော်နဲ့ ပြည်တွင်း အင်န်အယ်လ်ဒီပါတီဝင်တွေ ကို နှစ်ပေါင်းများစွာ သူတို့ ပန်းကန်ဆေးလို့ရတဲ့ ငွေတွေနဲ့ ထောက် ပံ့ခဲ့ကြသူတွေပါ။ ဒီလူတွေဟာ ချမ်းသာသူတွေ မဟုတ်ပေမယ့် တိုင်း ပြည်ချစ်စိတ်နဲ့ ဒီမိုကရေစီ အင်အားစုတွေကို မတွန့်မဆုတ် ပံ့ပိုးခဲ့ကြ သူတွေပါ။ ဒီလူတွေ အခွန်မဆောင်တာကလည်း စစ်အစိုးရကို ဆန့် ကျင်မှု တစ်ခုပါပဲ။ စစ်အစိုးရက အခွန်ဆောင်ခိုင်းတာ ပြည်ပရောက် မြန်မာတွေကို လည်မျိုညှစ်ပြီး သူတို့လုပ်အားခကို မတရားယူနေတဲ့ အဓိပ္ပာယ်မဲ့ လုပ်ဆောင်မှုပါ။ အခြား နိုင်ငံသားတွေ ဂျပန်မှာ အလုပ် လုပ်နေပေမယ့် သူတို့နိုင်ငံတွေကို အခွန်မပေးရပါဘူး။ ဂျပန်နိုင်ငံ မှာ အလုပ် လုပ်တဲ့အတွက် ဂျပန်အစိုးရကို အခွန်ပေးရင် ပြီးပါ တယ်။ သူ့မိခင်နိုင်ငံကလည်း တခြားနိုင်ငံမှာ လုပ်နေလို့ ငါတို့ကို အခွန်ပေးရမယ်လို့ မတောင်းဆိုပါဘူး။ လူတစ်ယောက်က နှစ်နိုင်ငံ ကို အခွန်ပေးရမယ်ဆိုတာ မဖြစ်သင့်ပါဘူး။ ဒေါ်စု အင်္ဂလန်မှာ မိသားစုနဲ့ အတူ နေနေတုန်းက မြန်မာအစိုးရကို အခွန်ပေးရတယ် လို့ မကြားဖူးပါဘူး။ ကနေဒါ၊ အမေရိကန်၊ ဗြိတိန်လူမျိုးတွေ ဂျပန် မှာ လာပြီး အလုပ် လုပ်နေပေမယ့် အခွန်ကို သူတို့ အလုပ် လုပ် နေတဲ့ ဂျပန်နိုင်ငံကိုပဲ ပေးရတာပါ။ သူတို့နိုင်ငံကို ပြန်ပေးရတယ် လို့ မရှိပါဘူး။ ဒါကြောင့် နိုင်ငံခြားရောက် မြန်မာတွေကို အခွန် ကောက်တာကို ပြတ်ပြတ်သားသား ရုပ်သိမ်းရပါမယ်။
သူတို့ ပန်းကန်ဆေးလိုရတဲ့ ငွေကို အခွန်ကောက်ရလို့ မြန်မာနိုင်ငံကြီးလည်း စက်မှု၊ လက်မှု နိုင်ငံကြီး ဖြစ်မသွားနိုင်ပါဘူး လို့ ဂျပန်ကလူတွေက ပြောကြတယ်။ ဂျပန်မှာလည်း အလုပ်လုပ် ရင်း အခွန်ပေးရ၊ မြန်မာပြည်ကိုလည်း အခွန်ပေးရနဲ့ အခွန်နှစ်ထပ် ကွမ်း ပေးရသူတွေ မဖြစ်သင့်ပါဘူး။ စစ်အစိုးရ အဆက်ဆက် နိုင် ငံခြား ချေးငွေတွေနဲ့ နိုင်ငံမတိုးတက်ဘဲ ကိုယ်ကျိုးသုံးပြီး နိုင်ငံခြားြေ<ွကးမြီတွေ သန်းချီတင်အောင် လုပ်ခဲ့သူတွေက သန်ြး<ွကယ်သူဌေး တွေဖြစ်သူတို့ လုပ်ခဲ့သမျှကို နောက်ကြောင်းပြန် အရေးမယူရလို့ ၂ဝဝ၈ ဥပဒေအရ ကင်းလွတ်ခွင့်ပေးခဲ့ရပြီး စစ်အစိုးရကို တောက် လျှောက် ဆန့်ကျင်ခဲ့ကြတဲ့ ဒီမိုကရေစီ အင်အားစုတွေကိုတော့ အ ခွန် လျှော်မပေးနိုင်ဘူးဆိုရင် တရားပါ့မလား စဉ်းစားသင့်ပါတယ်။
(၈) တိုင်းပြည်တည်ထောင်ဖို့ အခွန်ကို စနစ်တကျကောက် ရမယ်ဆိုတာ ချွတ်ယွင်းချက်မရှိ လက်ခံပါတယ်။ အခွန်ကို စနစ် တကျ ကောက်နိုင်အောင် အခွန်စနစ်မှာ အခွန်မှူးတွေကို လူတွေ့ စစ်ဆေးခံပြီး ပေးရတာမျိုးထက် အီလက်ထရွန်းနစ်စနစ်က တစ်ဆင့် လူချင်း တွေ့စရာမလိုဘဲ စက်ကနေ အလိုအလျောက်ပေးတဲ့ စနစ် ကို ပြုလုပ်ပေးနိုင်ရင် အခွန်ရှောင်တာတွေ၊ အခွန်လျှော့ယူဖို့ ဈေး ဆစ်တာတွေ၊ လာဘ်ပေးလာဘ်ယူမှုတွေကို ရှောင်ရှားနိုင်မှာ ဖြစ် ပါတယ်။ နိုင်ငံခြားမှာ အခွန်မှူးတွေနဲ့ လူချင်းတွေ့စရာ၊ ညှိစရာ မလိုပါဘူး၊ လူချင်းတွေ့ရတာတွေ၊ ညှိရတာတွေ၊ ဈေးဆစ်ရတာ တွေက လာဘ်ပေးလာဘ်ယူမှုရဲ့ အဓိက မြစ်ဖျားခံရာ နေရာပါ။ အခွန်ပေးသူက သူဘယ်လောက် မြတ်တယ်ပြောပြော ဘယ်လောက် ရှုံးတယ်ပြောပြော အခွန်မှူးတွေက မယုံပါဘူး။ အထောက်အထား စာရွက်စာတမ်းပြလည်း ပေးရမယ့်အခွန်အခထက် နှစ်ဆချပြီး အဲဒီကမှ အခွန်မှူးနဲ့ ဈေးဆစ်ကြရပါတယ်။ ရှုံးတဲ့သူတွေကလည်း မြတ်တဲ့နှစ်အတိုင်း အခွန်ပေးဆောင်ရတာတွေ ရှိတယ်လို့ ပြောကြ ပါတယ်။ အခွန်စနစ်ကို အမြန်ဆုံး မပြင်နိုင်ရင် ကြားလူစားပြီး တိုင်း ပြည်ရဲ့ဘဏ္ဍာငွေ ဆုံးရှုံးနေရမှာပဲ။
(၉) ခေတ်အဆက်ဆက် ပြည်သူ့ကျန်းမာရေးနဲ့ ပတ်သက် လို့ လျစ်လျူရှုထားခဲ့တာက ပြည်သူတွေ စားသုံးနေတဲ့ အခြေခံအစားအစာတွေဟာ ဘေးဥပါဒ် ကင်း၊ မကင်းတာ အစိုးရက စစ်ဆေးမှု မရှိခဲ့တာတွေကြောင့် ကင်ဆာရောဂါတွေ၊ အဆုတ်နာရောဂါတွေ၊ အသည်းရောဂါတွေ ဖြစ်ပွားပြီး ပြည်သူတွေ သေကျေပျက်စီးနေတာပါ။ အစိုးရက ဒီလိုနေရာမျိုးတွေမှာ ထိထိရောက်ရောက် အရေး ယူမှုတွေ၊ ပညာပေးမှုတွေ၊ ကာကွယ်ပေးမှုတွေ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ဒီလိုဖြစ်နေတာတွေကို လျင်လျင်မြန်မြန် လုပ်ပြနိုင်ဖို့ လိုပါတယ်။ ဥပမာ လူတိုင်း စားသုံးနေတဲ့ ငါးပိထဲမှာ ယူရီးယား ဓာတ်မြေသြဇာတွေထည့်ပြီး မြန်မြန်နှပ်အောင် လုပ်ထားတာ၊ ငရုတ် သီးမှုန့်တွေမှာ ကင်ဆာဖြစ်စေတဲ့မှိုတွေ၊ Aflatoxcin B1 တွေ ပါနေ တယ်လို့ FDA က ပြောလာတာ၊ မိရိုးဖလာ စားသုံးနေတဲ့ မုန့်ဟင်း ခါး မုန့်ဖတ်တွေမှာ မသိုးအောင် ဖော်မလင်တွေ ထည့်ထားတာတွေကို လူထုကျန်းမာရေးအတွက် အမြန်ဆုံးရပ်တန့်ပြီး အရေးယူရပါမယ်။ FDA က အစားအစာနဲ့ ပတ်သက်တာကိုပဲ တင်ပြနိုင်မှာပါ။ ဒီ အ စားအစာတွေကို ရောင်းတဲ့သူတွေကို အရေးယူဖို့ အစားအစာတွေကို သိမ်းဆည်းဖို့က အစိုးရက အာဏာသုံးပြီး ဖယ်ရှား အရေးယူ ရမှာပါ။ ဥပမာ လက်လီလက်ကားဆိုင်တွေမှာ ရောင်းတဲ့ အစား အစားတွေကို သိမ်းဆည်းတဲ့အခါ ရောင်းနေတဲ့သူတွေလည်း မနစ်နာရအောင် ဒီအစားအစာ ထုတ်လုပ်တဲ့သူတွေကိုသာ တိုက်ရိုက် အရေးယူပြီး သူ့ထံက ဝယ်ယူသူတွေကို ပညာပေးရင်း မူလထုတ် လုပ်သူကနေ လျော်ကြေးငွေ ပြန်အမ်းစေတဲ့ ဥပဒေ သတ်မှတ်ပေးရင် ဝယ်ထားတဲ့ဆိုင်တွေကလည်း လိုလိုချင်ချင် အန္တရာယ်ရှိတဲ့ အစား အစာတွေကို အပ်ကြမှာ ဖြစ်ပါတယ်။ ဒါတွေက ဆိုင်းငံ့မထားသင့် တဲ့ ချက်ချင်း အရေးယူ ဆောင်ရွက်ရမယ့် အလုပ်တွေပါ။ နေ့စဉ် စားသုံးနေသူ လူများစု အသက်အန္တရာယ်ရှိတာကြောင့် ဖြစ်ပါတယ်။ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာသန်းထွဋ်က အစားအသောက် ထုတ်လုပ်သူတွေကို သူတို့ထုတ်လုပ်တဲ့ အစားအစာတွေ ထုတ်လုပ်တဲ့ ရက်စွဲ၊ သက်တမ်း၊ ကုန်ဆုံးရက်၊ ကုမ္ပဏီလိပ်စာနဲ့ တယ်လီဖုန်းနံပါတ် ထည့်ပေးဖို့ ညွှန် ကြားမယ်။ အစားအသောက်တွေကိုလည်း ဘေးအန္တရာယ် ကင်း၊ မကင်း စစ်ဆေးပြီးမှ ရောင်းခွင့်ပြုမယ်လို့ ပြောသွားတာကို ကြိုဆို ပါတယ်။ ဒါပေမဲ့ မေးစရာရှိတာက အိမ်နီးချင်း တရုတ်၊ အိန္ဒိယနဲ့ ထိုင်းနိုင်ငံတွေက စားကုန်တွေ အထူးသဖြင့် ကလေးသရေစာတွေ ကို ဘယ်လို စစ်ဆေးမလဲဆိုတာပါ။
(၁ဝ) နောက်တစ်ချက်က ကျောင်းသားရေးရာ ကိစ္စပါ။ စစ် အစိုးရလက်ထက်မှာ တက္ကသိုလ်ကျောင်းသားတွေကို ရန်သူလို့ သတ် မှတ်ပြီး ကျောင်းတွေကို သူပုန်နယ်မြေတွေအဖြစ် ရှုမြင်ခဲ့ပါတယ်။ အဲဒီအမြင်ကြောင့် ကျောင်းသားတွေ မစုစည်းနိုင်အောင် အင်အား တွေ ပြိုကွဲအောင် တက္ကသိုလ်တွေ၊ ကောလိပ်တွေကို မြို့တွေကနေ ဝေးလံသီခေါင်တဲ့ နေရာတွေမှာ ရွှေ့ပြောင်းဆောက်လုပ်ခဲ့ပြီး မဲဇာ ကိုပို့ ညီညွတ်ရေးကို ဖြိုခွဲခဲ့ကြတာကြောင့် ဒီနေ့ ကျောင်းသားလူ ငယ်တွေ ကျောင်းတက်တဲ့အခါ အသွားအပြန် အနည်းဆုံး လေး နာရီလောက် တန်ဖိုးရှိတဲ့ အချိန်တွေ၊ ကားခတွေ အလဟဿ ကုန် ဆုံးနေရတာ ဒီနေ့အထိပါပဲ။ ဒါကြောင့် ပြန့်ကျဲနေတဲ့ သင်ထောက် ကူပစ္စည်း မစုံလင်တဲ့ တက္ကသိုလ်၊ ကျောင်းအမည်သာသာရှိတဲ့ နယ် ဝေးကျောင်းတွေကို စွန့်ပစ်ထားခဲ့ပြီး အရင်တက္ကသိုလ်တွေမှာ နေရာ ပြန်လည်ချထားသင့်တာ၊ ပညာရေး တိုးတက် အောင်မြင်ရေး အ တွက် ဦးစားပေးလုပ်ရမယ့် ကိစ္စကြီးဖြစ်ပါတယ်။ မြန်မာပြည်က တက္ကသိုလ်ကျောင်းသားတွေ တက္ကသိုလ်အဆင့်အတန်းနဲ့ သင်ကြား ခွင့်ကို ရထိုက်ကြပါတယ်။
နောက်ပြီး ကျောင်းသားတွေဟာ မြန်မာ့နိုင်ငံရေးမှာတပ် ဦးက ပါခဲ့တဲ့သူတွေ ဖြစ်တယ်။ ဒေါ်စုအဖေလည်း ဗိုလ်ချုပ်အောင် ဆန်းလို့ နာမည်မကြီးခင် ကျောင်းသားသမဂ္ဂ ခေါင်းဆောင်တစ် ယောက်အဖြစ် လူသိများခဲ့၊ လေးစားခဲ့ကြလို့ ဂျပန်မှာ စစ်ပညာ သွားသင်တဲ့အခါ ခေါင်းဆောင် ဗိုလ်ချုပ်ဖြစ်လာခဲ့တာပါ။ ကျောင်း သားသမဂ္ဂ ကျေးဇူးကြောင့်သာ ထင်ပေါ်ခဲ့တာကို မမေ့သင့်ပါဘူး။ ဒါကြောင့် ကျောင်းသားသမဂ္ဂတွေ ပေါ်ပေါက်လာဖို့ ကျောင်းတိုင်း မှာ တည်ရှိလာဖို့ကို တက်ြ<ွကစွာ အားပေးသင့်ပါတယ်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို တည်ထောင်တော့ ခွပ်ဒေါင်းကို ဂုဏ်ပြုတဲ့ အနေနဲ့ အဖွဲ့ချုပ် အမှတ်အသားပြုခဲ့တာကြောင့် ကျောင်းသားအ ရေးကို မမေ့သင့်ပါဘူး။ ဒီနေ့အထိ ဒေါ်စုအနေနဲ့ ကျောင်းသားသမဂ္ဂ အဆောက်အအုံကြီး ပြန်လည်တည်ဆောက်ပေးရေးတို့၊ ကျောင်း သားသမဂ္ဂတွေ ပေါ်ပေါက်လာအောင် အားပေးဖို့ဆိုတာ စိုးစိမှ မပြောတော့ဘဲ ရေငုံနှုတ်ပိတ်နေခဲ့တာ စိတ်မကောင်းစရာပါ။ ကျောင်း သားသမဂ္ဂ အဆောက်အအုံကြီး ပြန်လည်တည်ဆောက်ရေးအတွက် အလှူငွေ ထည့်ကြပါဆိုရင် ပြည်တွင်းပြည်ပက အလှူရှင်တွေ အများအပြား ပေါ်ပေါက်လာပြီး အစိုးရကို ထောက်ခံမှုတွေ ပိုရလာမှာ ဖြစ်ပါတယ်။ ဖေဖေတည်ထောင်ခဲ့တဲ့ တပ်မတော်မို့လို့ ကျွန်မ လေး စား တန်ဖိုးထားပါတယ်လို့ ပြောသလိုပဲ ဒီကျောင်းသားသမဂ္ဂ အ ဆောက်အအုံကြီးဟာ ဖေဖေ့ကို မြေတောင်မြှောက်ပေးခဲ့တဲ့ အ ဆောက်အအုံကြီး ဖြစ်တယ်။ ဒီလိုအဆောက်အအုံမျိုးကို အနာဂတ် မျိုးဆက်တွေအတွက် ရှိသင့်ပါတယ်လို့ ပြောပြီး တည်ဆောက်ပေး သင့်ပါတယ်။ ဒီလို ကျောင်းသားသမဂ္ဂ အဆောက်အအုံကြီးကို ဆောက် ပေးလိုက်ရင် ကျောင်းသားထုရဲ့ ထောက်ခံမှုကို ခိုင်ခိုင်မာမာ ရရှိနိုင် ပါလိမ့်မယ်။
(၁၁) စီးပွားရေး တိုးတက်လာဖို့ ခရိုနီတွေကို မိတ်ဖက် စီးပွား ရေးသမားတွေလို့ ပြောပြီး စည်းရုံးတာကို မပြောလိုတော့ပါ။ အဲဒီ လိုပဲ ဦးနေဝင်းအစိုးရလက်ထက်က မတရား ပြည်သူပိုင် အသိမ်း ခံခဲ့ရတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေပိုင် အဆောက်အအုံတွေ၊ မြေ တွေ၊ အိမ်ရာတွေကို စိစစ်ပြီး မူလပိုင်ရှင်တွေထံ ပြန်ပေးမယ်ဆိုရင် ဒီလူတွေကလည်း အစိုးရကို မိတ်ဖက်အဖြစ် မြင်လာပြီး စီးပွားရေး လုပ်ငန်းတွေကို အများကြီး ကူညီနိုင်ပါတယ်။ နဂိုကတည်းက စီးပွား ရေးအမြင် ရှိသူတွေဖြစ်လို့ သူတို့ကိုလည်း တရားမျှတအောင် လုပ် ပေးသင့်ပါတယ်။ ပြည်တွင်းမှာ မတရားသိမ်းခံထားရတဲ့ အိမ်ခြံ ပိုင်ရှင်တွေ၊ အလုပ်ရုံ ပိုင်ရှင်တွေ အများကြီး ရှိနေပါတယ်။ သူတို့ ကို တရားမျှတစွာ ပြန်ပေးပြီး အကျိုးတူ မိတ်ဖက်တွေအဖြစ် ဖန် တီးနိုင်ပါတယ်။
(၁၂) စစ်အစိုးရအဆက်ဆက် သတင်းအချက်အလက်တွေ ပွင့်လင်းမြင်သာမှု ရှိဖို့မပြောနဲ့ ပြည်သူတွေ သိပိုင်ခွင့်တောင် မရှိ ပါဘူး။ ဒါကြောင့် ပြည်သူ့အစိုးရလက်ထက်မှာ အရင်က ကျင့်သုံး နေတဲ့ သတင်းအချက်အလက် မှောင်ချထားမှုတွေကို ဖွင့်ပေးဖို့ လိုပါတယ်။ စစ်အစိုးရလက်ထက်မှာ သတင်းရသူ၊ သိခွင့်ရသူတွေ က လက်ဦးမှုယူပြီး အမြတ်ထုတ် ကိုယ်ကျိုးရှာခဲ့ကြတာ လူတိုင်း သိကြပါတယ်။ ဒါကြောင့် သတင်းအချက်အလက်များကို ပြည်သူ များက သိပိုင်ခွင့် လျှောက်ထားကြည့်ရှုခွင့်ကို ဥပဒေပြဋ္ဌာန်းပေးဖို့ လိုပါတယ်။
(၁၃) နောက်တစ်ခုက စင်ကာပူနိုင်ငံကနေ မြန်မာနိုင်ငံက သဲ တွေကို တစ်တန် တစ်ဒေါ်လာနှုန်းနဲ့ဝယ်ပြီး သူတို့ကျွန်းမှာ လေ ယာဉ်ပြေးလမ်းကို ပင်လယ်ထဲအထိ လူလုပ်ကျွန်းအနေနဲ့ လုပ်နေ တာ နှစ်နဲ့ချီ ရှိနေပါပြီ။ မြန်မာနိုင်ငံက လှပတဲ့ သဲသောင်တွေ အ များကြီး ပျောက်ကွယ်ပျက်စီးနေခဲ့တာ ဦးသိန်းစိန် မတိုင်မီကတည်း က ဖြစ်ပါတယ်။ အခု ဒေါ်စုအစိုးရလက်ထက်မှာ ဆက်လက်ရောင်း ချဖို့ သဘောတူလိုက်တယ်ဆိုတဲ့သတင်း တွေ့လိုက်ရတော့ အတော့ ကို အံ့သြ စိတ်ပျက်ခဲ့ရ ပြန်ပါတယ်။ သဲတစ်တန်ကို တစ်ဒေါ်လာနဲ့ သဲတန်ချိန် တစ်နေ့ကို တန်ချိန်ငါးသောင်းကနေ တစ်သိန်းကြား မြိတ်ကျွန်းစုက သဲသောင်တွေကို စုပ်ယူနေတာကြောင့် လှပပြေ ပြစ်တဲ့ ကမ်းခြေတွေမှာ ချောက်ကြီးတွေဖြစ်၊ လူတွေအတွက် အ သက်အန္တရာယ် ဖြစ်လာတဲ့အပြင် သဘာဝပတ်ဝန်းကျင် ပျက်စီးခဲ့ ရပါတယ်။ ဒီလို သင်္ဘောကြီးတွေနဲ့ စုပ်ပိုက်ကြီးတွေချပြီး စုပ်ယူ လာတဲ့ သဲတွေကို စင်ကာပူနိုင်ငံက ရောက်တာနဲ့ သဲနမူနာတွေကို ယူပြီး ဓာတ်ခွဲကြည့်ကြတယ်လို့ ဒီအလုပ်ကို ကိုယ်တိုင်လုပ်ကိုင်ခဲ့ တဲ့ သင်္ဘောသားအရာရှိတစ်ယောက်က ပြောပြလို့ သိခဲ့ရဖူးပါတယ်။ အခု ဒေါ်စုအစိုးရလက်ထက်မှာ ဆက်လက်ရောင်းချဖို့ ခွင့်ပြုလိုက် တယ်ဆိုတာ မဖြစ်သင့်တော့ပါဘူး။ ဒီသဲတွေထဲမှာ ရွှေ၊ ငွေ၊ စိန်၊ ဝူဖရန်၊ တင်း၊ တန်စတန်တွေ ပါနိုင်ပြီး ပလေစာအနယ်ကျ သတ္တု သိုက်တွေ ရှိနိုင်ပါတယ်။ စင်ကာပူက ကျွန်းလုပ်ရုံသက်သက် ဖြစ်ချင် မှ ဖြစ်မှာပါ။ သူတို့နိုင်ငံက တိုးတက်တဲ့အတွက် နည်းပညာရှင်တွေ ရှိပြီးသားပါ။ အဲဒီလိုပဲ ဖားကန့် ကျောက်စိမ်းတွင်းတွေ အလွန်အ ကျွံထုတ်ပြီး ကန်ပိုင်တီလမ်းကနေ တရားမဝင် သယ်နေတာတွေကို ချက်ချင်း ရပ်ဆိုင်းရပါမယ်။




http://yangonmedia.com/…/6594-%E1%80%B1%E1%80%BB%E1%80%95%E…





EmoticonEmoticon

Comments system

Flag Counter