The Tashkent Files (2019) မြန်မာစာတန်းထိုး


The Tashkent Files (2019) မြန်မာစာတန်းထိုး

လုံးဝ လက်မလွှတ်သင့်တဲ့ စကားမို့ဘာသာပြန်ဆရာများကို လေးစားတဲ့ အနေနဲ့ တင်ပေးလိုက်တာပါ။


IMDb- 8.1/10
နိုင်ငံတိုင်းမှာ ဖျောက်ဖျက်ခံထားရတဲ့သမိုင်းဆိုတာ ရှိတတ်ကြမယ်ထင်ပါတယ်…
ဒီဇာတ်လမ်းကတော့ အိန္ဒိယနိုင်ငံရဲ့ အမျိုးသားခေါင်းဆောင်ကြီးတွေထဲက တစ်ဦးလို့ ပြောလို့ရတဲ့
ဝန်ကြီးချုပ် လာ ဗဟာဒူး ရှာစရီသေဆုံးခြင်းအကြောင်း စုံစမ်းစစ်ဆေးမှုကို ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ခုပဲဖြစ်ပါတယ်…
လာ ဗဟာဒူး ရှာစရီဟာ အိန္ဒိယနိုင်ငံရဲ့ ဒုတိယမြောက်ဝန်ကြီးချုပ်ဖြစ်ပြီး အင်ဒီ-ပါကစ္စတန်စစ်ပွဲမှာ သူ့ကြောင့် အိန္ဒိယက အနိုင်ရခဲ့တယ်လို့ဆိုပါတယ်…
1966 ခုနှစ် ပါကစ္စတန်နဲ့ သဘောတူစာချုပ်လက်မှတ်ထိုးဖို့ တာရှီကန်မှာ ရှိနေခဲ့တဲ့အချိန်မှာ ရုတ်တရက် သေဆုံးခဲ့ပါတယ်



သူ့ရဲ့သေဆုံးမှုဟာ နှလုံးဖောက်မှုကြောင့် သဘာဝအတိုင်းသေတာလား ..
အဆိပ်ခတ်မှုကြောင့်လား မရေရာဖြစ်ခဲ့ပြီးတော့ နှစ်ပေါင်း ၅၀ကြာတဲ့အထိ သမိုင်းဖျောက်ခံထားခဲ့ရပါတယ်…
အရမ်းကို စိတ်လှုပ်ရှားစရာ စိတ်ဝင်စားစရာကောင်းပြီး နိုင်ငံရေးအချက်အလက်တွေ
သမိုင်းဆိုင်ရာလျှို့ဝှက်ချက်တွေအများကြီးပါတဲ့ ဇာတ်ကားကောင်းတစ်ခုဖြစ်ပါတယ်…
နိုင်ငံရေးစိတ်ပါဝင်စားသူတွေ ကမ္ဘာ့သမိုင်းစိတ်ဝင်စားသူတွေသဘောကျကြမယ့်ဇာတ်ကားဖြစ်ပြီး
ဇာတ်ကားထဲမှာပြောကြတဲ့ ဒိုင်ယာလော့တွေကလည်း မှတ်သားစရာသိပ်ကောင်းတာမို့ ကိုယ်တိုင်ပဲကြည့ှ်ရှုခံစားကြပါ…


CREDIT :


haibeiapp@gmail.com
Privacy Policy
Room 502, Bank of America Tower, No.12 Harcourt Road, Central


EmoticonEmoticon

Comments system

Flag Counter