လီကွမ်ယု - နားဝင်ချိုသောစကားများ (ဇင်သော်ဝ)


  • လီကွမ်ယု - နားဝင်ချိုသောစကားများ (ဇင်သော်ဝ)
      နိုင်ငံ့ခေါင်းဆောင်ကောင်းဆိုတာ နောင်မွေးဖွားလာမယ့် တိုင်းပြည်ရဲ့  မျိုးဆက်သစ်တွေအတွက်လည်း စနစ်တကျစဉ်းစားတွေးခေါ်ပေးတတ်တဲ့သူမျိုး

    ယခု ဗွီဒီယိုဖိုင်လေးထဲမှာ မစ္စတာလီကွမ်ယုမှ PhD လေ့လာနေတဲ့ ကျောင်းသူလေးတစ်ယောက်ကို အမေးအဖြေတစ်ချို့ လုပ်ထားတာကိုတွေ့ရမှာဖြစ်ပါတယ်။ အွန်လိုင်းမှာ ရယ်ရွှင်စရာအနေဖြင့် ပျံ့ နှံ့နေတာတော့ ပြီးခဲ့တဲ့ အပတ်ကတည်းကပါ။ လီကွမ်ယု မေးတဲ့ မေးခွန်းတွေဟာ တက်ရောက်လာတဲ့ ဧည့်ပရိတ်သတ်တွေအတွက်တော့ တဟားဟားနဲ့ ပွဲကျစရာ ဖြစ်နေခဲ့ပါတယ်။ သူမေးခဲ့တဲ့ မေးခွန်းလေးတွေက ရိုးရှင်းပြီး ရယ်ရွှင်စရာဖြစ်ခဲ့ပေမယ့် နှစ်နှစ်ကာကာ မှတ်သားစရာလေးတွေ ပါဝင်တယ်ဆိုတာ ငြင်းပယ်လို့ မရပါဘူး။

    ကျောင်းသူလေးကို အသက် ဘယ်လောက်ရှိပြီလဲလို့ သူကမေးတယ်။ ကျောင်းသူလေးကလဲ အသက် ၂၇ နှစ်ပါလို့ဖြေတယ်။ PhD လုပ်နေတာလားလို့ သူက ထပ်မေးတယ်။ ကျောင်းသူလေးကလဲ ဟုတ်ပါတယ်လို့ဖြေတယ်။
    ကျောင်းသူလေးကို အိမ်ထောင်ရှိလားလို့ ရုတ်တရက် ကောက်မေးလိုက်တယ်။ တက်ရောက်လာတဲ့ ဧည့်ပရိတ်သတ်တွေ တဟားဟားပွဲကျသွားတယ်။ ကျောင်းသူလေးက အိမ်ထောင်မရှိပါဘူးလို့ ဖြေပြန်တယ်။ PhD ဘယ်တော့ ပြီးမှာလဲလို့ သူက ထပ်မေးတယ်။ နောက်ထပ် နှစ်နှစ်လောက်ဆို ပြီးပါပြီလို့ ကျောင်းသူလေးကဖြေတယ်။ ဒါဆို PhD ပြီးမယ့်အချိန်ဆို အသက် ၂၉ နှစ်ရှိနေပြီ မင်းမှာ ချစ်သူရော ရှိနေပြီလားလို့ ထပ်မေးတယ်။ တက်ရောက်လာတဲ့ ဧည့်ပရိတ်သတ်ကလဲ တဟားဟားပါပဲ။ ချစ်သူလဲ မရှိသေးပါဘူးလို့ သူမကဖြေတယ်။ အဲဒီနောက်မှာတော့ မစ္စတာလီကွမ်ယုက သေချာတွက်ချက်ပြီး ကျောင်းသူလေးကို ရှင်းပြလိုက်ပါတယ်။ အိမ်ထောင်ကျ ကလေးရမယ့်အရွယ်ဆို အသက် ၃၅ နှစ်ဝန်းကျင်တော့ ရှိနေပြီဆိုတဲ့အကြောင်း၊ အသက် ၃၅ နှစ်နဲ့အထက် မိခင်တွေက မွေးဖွားတဲ့ ကလေးတွေဟာ Down Syndrome လို့ခေါ်တဲ့ ဥာဏ်ရည်နိမ့်ပါးတဲ့ ကလေးတွေ ဖြစ်ဖို့ ရာခိုင်နှုန်းမြင့်မားကြောင်း၊ အဲဒါကြောင့် သင့်ရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေကို မဖြုန်းဖို့နဲ့ အဲဒါဟာ PhD ထက်ပိုအရေးပါကြောင်း၊ ချစ်သူမြန်မြန်ရပြီး PhD လဲရသွားပါစေလို့ သူ့အနေဖြင့် ဆန္ဒပြုပါကြောင်း ပြောကြားသွားခဲ့ပါတယ်။

    စလုံးမှာ လက်တွေ့ဖြစ်ပျက်နေတဲ့ သူတို့တွေ အချိန်လွန်မှ အိမ်ထောင်ပြုနေကြတာကို မှတ်သားဖွယ်ရာအဖြစ် ရယ်ရွှင်စရာ ဟာသနှောပြီး ပြောကြားသွားခဲ့တာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်
  •  
  •  CREDIT:
  • ဒေါင်းယူပါ။
  • BOOK Download
  •  
  • BOOK Download
  •  


EmoticonEmoticon

Comments system

Flag Counter