(၁၃) သြဂတ်(စ်) မမေ့အပ် (သို့မဟုတ်) သွေးချောင်းစီးသောနေ့ရက် မမေ့အပ်





(13/08/2018)


(၂၀၁၈) ခုနှစ် သြဂတ်(စ်)လ (၁၃) ရက်နေ့သည် စစ်တွေမြို့ ဆန်ပြဿနာကြောင့် ရခိုင်ပြည်သူလူထု (၃၀၀)ကျော် အသတ်ခံခဲ့ရသော (၅၁) နှစ်ပြည့်နေ့ပင် ဖြစ်ပေသည်။

စစ်အာဏာရှင် ဗိုလ်နေဝင်း အစိုးရလက်ထက် မဆလ တစ်ပါတီအာဏာရှင်စနစ်ဖြင့် တိုင်းပြည်အားဓါးမိုး အုပ် ချုပ်နေချိန် (၁၉၆၇) ခုနှစ်တွင် မြန်မာနိုင်ငံ၌ ဆန်ပြဿ နာ အကြီးအကျယ်ဖြစ်ပွါးခဲ့သည်။
 (၁၉၆၆) ခုနှစ် စိုက်ပျိုးရာသီတုန်းက ရာသီဥတုဖေါက် ပြန်ခဲ့သောကြောင့် ဗမာပြည်တွင်စိုက်ပျိုးဧက(၁၁) သိန်း ကျော် ပျက်စီးခဲ့ရပြီး စပါးတင်းသိန်းပေါင်း (၅၀၀) ကျော် ပျက်စီးခဲ့ရသည်။သို့သော် ဗိုလ်နေဝင်းအစိုးရသည် ပြည် တွင်းစားသုံးမှုကို အလေးမထားဘဲ ဆန်ပြတ်လတ်မှု ဖြစ်မည်ကို သိသိကြီးနှင့် နိုင်ငံခြားဝင်ငွေရရှိရေး အတွ က် ဆန်တန်ချိန် (၁.၁) သန်းကျော်တင်ပို့ရောင်းချခဲ့သ ည်။ ထို့ပြင်အစိုးရက ဆန်ကိုလွတ်လပ်စွာ ရောင်းဝယ် ခွင့်မပေးဘဲ တင်းတင်းကျပ်ကျပ် ချုပ်ကိုင်ထားသည် အတွက် ဆန်ရှားပါးမှု ပြဿနာပိုမိုကြီးထွားလာခဲ့သည်။

“ဘားဘူဟိယင့် ဆန်ရှိယင့်၊ ဒိုင်းကျီဟိယင့် ရေရှိယင့်” ဟူ၍ ရခိုင်ပြည်၏ ဆန်၊ ရေ၊ စပါးပေါများပုံများအား စာဖွဲ့ မှတ်တမ်းတင်ခဲ့သည်။ ရခိုင်ပြည်တွင် ဆန်ရှား၍ အငတ် ဘေးနှင့် ကြုံတွေ့ခဲ့ရသည်ဟု သမိုင်းတလျှောက် မည် သည့်အခါတွင်မှ မတွေ့ဖူး၊ မကြားခဲ့ရဖူးချေ။ နေဝင်း စစ် အုပ်စုလက်ထက် (၁၉၆၇) ခုနှစ်တွင် ရခိုင်ပြည်သူ၊ ပြည် သားများ ပထမဦးဆုံးသော ကြုံတွေ့ခဲ့ရသော အငတ် ဘေးဖြစ်သည်။ ဆန်ရှားပါးမှုကြောင့် ငွေကြေးတတ်နိုင် သူများတောင် ဆန်ကိုဝယ်မရဖြစ်ကြရသည်။

ဆန်ရှား ပါးမှုကြောင့် ပြိန်းဥနှင့် ချဉ်ပေါင် ကြိုသောက်ရသည်။ အ ကျိုးဆက်အဖြစ် ဝမ်းလျောကာသေသူများသတင်း၊ ရှက် ၍ အဆိပ်သောက် သတ်သေသူများသတင်းကို ရခိုင် ပြည်အနှံ မကြားချင် အဆုံးကြားနေကြရသည်။ စစ်တွေ မြို့လမ်းကြိုလမ်းကြားများတွင်“ထမင်းကျန်ပေးပါ၊ ဟင်း ကျန်ပေးပါ”ဟု တစာစာနှင့် လိုက်လံ တောင်းစားနေကြ သူများကို နေ့တိုင်းလိုလို တွေ့မြင်နေရသည်။ ရင်ခွင်ထဲ တွင်လည်း နို့စို့အရွယ်ကလေးငယ်များကို ချီပွေ့ထားကြ သည်။ ဤကဲ့သို့ မြင်ကွင်းအားရခိုင်ပြည်တွင် မည်သည့် အချိန်အခါမျှမတွေ့မမြင်ခဲ့ရချေ။ မြင်ရသူအပေါင်း ကြေ ကွဲဝမ်းနည်းစရာမြင်ကွင်းဖြစ်သည်။  မိန်းမပျို၊ လူပျိုများ သည်ပင် တောင်းရမ်းစားသောက်ရသည့် အဖြစ် ဖြစ် သည်။ ဆန်ရှားပါးမှုကြောင့်ကျေးလက်များတွင် ချမ်းသာ သော အိမ်များကိုဝင်ပြီး ဆန်လုသည့်အဖြစ်များ ဖြစ်ပွါး လျက်ရှိသည်။ ဗမာအစိုးရသည် ရခိုင်ပြည်သူလူထု ရင် ဆိုင်နေရ သည့် အငတ်ဘေးအား ဖြေရှင်းပေးခြင်းမရှိဘဲ ရခိုင်အချင်းချင်းသတ်ဖြတ်ခြင်းကို အသာတကြည်စောင့် ကြည့်လျက်ရှိသည်။ “ယာလည်း ညက်စေ၊ ကြက်လည်း မောစေ”ဆိုသည့်မူကို လက်ကိုင်ပြုထားသော နေဝင်း  အစိုးရသည် ဆန်လုပွဲ အဖြစ်အပျက်များအား ဥပက္ခာပြု ထားခဲ့သည်။

(၁၉၆၇) သြဂတ်(စ်)လ(၁၁)ရက်နေ့တွင် ခရိုင်လုံခြုံရေး နှင့် အုပ်ချုပ်ရေးကော်မတီ (ခ၊ လ၊ က) ရုံးရှေ့တွင် ဆန် ပြဿနာဖြေရှင်းပေးရေးကိုတောင်းဆိုဆန္ဒပြခဲ့ကြသည်။ ညနေစောင်းလာချိန်တွင် (ခ၊ လ၊ က)မှ တာဝန်ရှိသူ များက အိမ်ပြန်ကြတော့ဟု ပြောသောကြောင့် ဆန္ဒပြ သူများမှာ အိမ်ပြန်ကြရသည်။  နောက်တနေ့ ဩဂတ် (စ်) (၁၂) ရက်နေ့တွင် ခရိုင်လုံခြုံရေးနှင့်  အုပ်ချုပ်ရေး ကော်မတီ (ခ၊ လ၊ က)ရုံးတွင် ဆန်ပြဿနာနှင့် ပတ် သက်၍ မြို့မိ၊ မြို့ဖများကို အစည်းအဝေးကျင်းပလျက် ရှိသည်။ ထိုအစည်းအဝေးတွင် လူတစ်ယောက်ကို တစ် လလျှင် ဆန်နို့ဆီဗူး  (၁၄)ဗူးသာ ရောင်းချမည်ဟု ပြော သည်။ လူတစ်ယောက်သည်မနက်တဗူး၊ ညတဗူး တနေ့ အနည်းဆုံး(၂)ဗူး တစ်လလျှင်  အနည်းဆုံး ဆန်နို့ဆီဗူး (၆၀) ဗူးလိုအပ်သည်။ ဆန်ဂိုဒေါင်များတွင် ဆန်များ အ ပြည့်ရှိပြီး  နိုင်ငံခြားသို့တင်ပို့ ရောင်းချသည်။ ဤသို့ဆိုပါ က ငတ်၍ သေရန်သာကျန်တော့သည်။ ဆန်လုံးဝမရှိ၍ ငတ်၍ သေရမည်ဆိုလျှင် ဟုတ်သေးသည်။ ဆန်ဂိုဒေါင် များတွင် ဆန်များအပြည့် ရှိနေပါလျှက် ရခိုင်ပြည်သူများ ၏ အငတ်ဘေးကို ဗမာစစ်အစိုးရ အဘယ်ကြောင့် မဖြေ ရှင်းပေးပါသနည်း။

(၁၃)ရက်နေ့လည် (၁) နာရီခန့်တွင် ဆန္ဒပြရန် ပြင်ဆင်ကြသည်။ “နှာခေါင်းပိုင်း နေဝင်းအစိုး ရ … အလိုမရှိ။” “မဆလအစိုးရ … အလိုမရှိ။”  “ဆန်ပြ ဿနာ … ဖြေရှင်းပါ။” “ရခိုင့်အရေးတော်ပုံ … အောင်ရ မည်။” ကြွေးကြော်သံများဖြင့် စတင်ကာ ဆန္ဒပြခဲ့ကြ သည်။ ထိုအချိန်တွင်ဗိုလ်မှူးစောဖြူရောက်ရှိလာပြီး ဆန္ဒ ပြ လူအုပ်ထဲမှတဦး ထွက်လာပါဟု ခေါ်ယူလိုက်သည်။ ရှေ့ဆုံးတန်းမှ တဦးထွက်သွားပြီး ဗိုလ်မှူးစောဖြူဆီသို့ သွားခဲ့သည်။ ဗိုလ်မှူးစောဖြူသည် ထိုသူအားစာရွက် တ ရွက်ပေးအပ်လိုက်သည်။ ထိုစာရွက်သည် ပုဒ်မ(၁၄၄) ပင်ဖြစ်သည်။ ပုဒ်မ(၁၄၄) ဆိုသည်မှာ ညမထွက်ရ၊ လူ (၅) ဦးထက်ပိုမစုရ အမိန့်ဖြစ်သည်။ ထိုအမိန့်စာအား ဖတ်ပြနေစဉ်မှာပင် ဆန္ဒပြလူအုပ်သည် ရှေ့သို့တဖြည်း ဖြည်း ပို၍ ဖိ၍ သိပ်သည်းလာနေသည်။ ထိုအခါ ဗိုလ်မှူး စောဖြူက“ရဲဘော်တို့ရဲဘော်တို့တောင်းဆိုသော ဆန်ဗူး (၆၀) ကို ပေးမည်ဟု ကတိပေးသည်။ လူအုပ်က ရှေ့သို့ တရွေ့ရွေ့တိုးဝှေ့လာပြီး ငပိသိပ်၊ ငချဉ်သိပ်သလို သိပ် သည်း လာခဲ့သည်။

 စစ်သားများက ကာဆီးထားသော သံဆူးကြိုးများကို ဘယ်ညာ တစ်ခုစီခွဲ၍ဖယ်ရှားလိုက် ကြသည် “ပုဒ်မ (၁၄၄) ကိုရုတ်သိမ်းလိုက်ပြီ” ဆိုသော အမိန့်ကိုလည်းမကြားလိုက်ရ။ သံဆူးကြိုးများကို ဖယ် ရှားလိုက်သောကြောင့် အကန့်အသတ်မရှိ စည်းလွတ် ကမ်းလွတ် ဖြစ်သွားပြီး လူအုပ်သည် ပြေးတက်သွားသ လိုဖြစ် သွားခဲ့သည်။ ထိုအချိန်တွင်စစ်တပ်မှစည်း (၃) တန် သတ်မှတ်ထားသောနေရာ  အမှတ်အသားကို မ ရောက်ခင်မှာပင် သေနတ်သံသည် မိုးယံသို့လျှံထွက် သွားခဲ့သည်။ ထို့ နောက် အဆက်မပြတ် ထွက်ပေါ်လာ သောသေနတ်သံ ဆန္ဒပြသူများထဲတွင် ကျည်ထိမှန်၍ လဲကျသူ လဲကျ ကစဉ်ကလျား ထွက်ပြေးသူပြေးဖြင့် အခြေအနေ တရပ်လုံးသည် ရုတ်ခြည်း ပြောင်းလဲသွားခဲ့ သည်။ အူအပွတ်လိုက် ထွက်နေသည်ကို လက်နှင့်ဖုံး အုပ်ကာ ဝေဒနာခံစားနေရသူများ၊ မျက်လုံးမှိတုတ် မှိတ် တုတ်ဖြင့် ပက်လက်လန်နေသူများ၊ မြေကြီးပေါ်တွင်ဝပ် နေရာမှ ကုန်ရုန်း ပြေးသူများကိုတွေ့ရသည်။ ထွက်ပြေး သူများသည် ဆန်စက် အနီးမှစီးဆင်းလျက်ရှိသော ဆတ်ရိုးကျချောင်း ကိုဖြတ်၍ ကမ်းတဖက်သို့ထွက်ပြေး ရန် ရေထဲသို့ ခုန်ဆင်းကြသည်။ ထိုသို့ထွက်ပြေးနေသူ များကိုပင် စစ်သားများသည် အလွတ်လုံးဝမပေးချေ။ တံတားအနီး အုတ်ခံပေါ်မှနေ၍ ချောင်းတွင်ကူးခတ်နေ သူများအား စိတ်ရှိ လက်ရှိ လူများအား တိရိစ္ဆာန်များ သ ဖွယ်ပစ်သတ်နေကြသည်။

 ဆတ်ရိုးကျ ချောင်းရေသည် သွေးများရဲရဲဖြင့် သွေးချောင်းဖြစ်သွားခဲ့ရသည်။ ဩဂတ် (စ်)လ (၁၃)ရက်နေ့သည် ဗုဒ္ဓဘာသာဝင်တို့ အထွဋ်အ မြတ်ထားရာ ဥပုပ်နေ့ဖြစ်သည်။ သက်ကြီး ရွယ်အိုများ သည် ဆန်ရှားပါမှု၏ ဒုက္ခများကိုပြေပျောက်စေရန် ဗုဒ္ဓ တရား တော်အား နာကြားရန်အတွက် အတုလမာရဇိန် ပြည်လုံး ချမ်းသာဘုရားကြီးတွင် ဥပုပ်ဆောက်တည်ကာ တရားတော်အား နာကြား၍မပြီးဆုံးမှီ ကြားလိုက်ရသည့် သေနတ်သံကြောင့် ရုတ်တရက် လန့်ဖြန့်သွားကြသည်။ အန္တရာယ်တခုခုကျရောက်နေပြီဟု သိရှိကာ စိုးရိမ်စိတ် ဖြင့် မိမိသား၊ သမီးများအသတ်ခံနေရသလား၊ ဒုက္ခ ရောက်နေသလား ဆိုသည့်စိုးရိမ်စိတ်ဖြင့် ပြေးသွားကြ ခြင်းဖြစ်သည်။ ရောက်ရှိသွားချိန်တွင်ကား လူအများအ စုလိုက်အပြုံလိုက်သေဆုံးနေလေပြီ။ မသေဆုံးသူများ၏ ညဉ်းညူသံများလည်းကြားနေကြသည်။ သို့သော် ရှေ့မ တိုး ရဲကြချေ။ ရုတ်တရက်မြင်လိုက်ရသော မြင်ကွင်း ကြောင့် မင်သက်သက်ဖြစ်သွားသူများ၊ သတိလစ်သွား သူများ၊ ငိုကြွေးသူများ၊ ငိုကြွေးနေသူများ၊ မည်သည့်အ ခါမှ မမြင်ဖူးသောမြင်ကွင်း၊ အစုလိုက်အပြုံလိုက် ပစ် သတ်ခံရသည့် မြင်ကွင်းကိုမြင်တွေ့ကြရသည်။ အာဏာ ပိုင်များက စစ်တွေဆန်ပြဿနာကြောင့် လူ (၂၄)ဦးသာ သေဆုံးခဲ့သည်ဟု ပြောကြားခဲ့ပြီး စစ်တွေ ဆန်ပြဿနာ သည် ဗမာပြည်ကွန်မြူနစ်ပါတီ၏ လှုံဆော်သွေးထိုးမှု ကြောင့်ပြောကြားခဲ့သည်။

စစ်တွေဆန်ပြဿနာနှင့် ပတ် သက်၍ ပီကင်း အသံလွှင့်တခုသာ ထုတ်လွှင့်ခဲ့သည်။ ဗ မာစစ်အစိုးရမှ လူ (၂၄)ဦးသေဆုံးခဲ့သည်ဟု ပြောကြား ခဲ့သော်လည်း ရခိုင်ပြည်သူလူထုတရပ်လုံးက လူပေါင်း (၃၀၀)ကျော် သေဆုံးခဲ့သည်ဟု လက်ခံယုံကြည်ကြ သည်။ ပစ်သတ်မှုကြောင့် အခင်းဖြစ်ပွါးရာနေရာတွင် ပွဲချင်းပြီး သေဆုံးသူများရှိသလို၊ မသေဘဲဝေဒနာပြင်း ထန်စွာ ခံစားနေရသူများ၊ ခြေထောက်၊ လက်တို့တွင် ကျည်ထိမှန်၍ မပြေးနိုင် သူများသည်စုပြုံကျန်ခဲ့သည်။ ထိုသူများအား စစ်တပ်မှကားများဖြင့် သိမ်းကျုံးတင် ဆောင်ကာ တနေရာတည်းတွင်ကျင်းတူး၍ မြေမြုတ်သ ဂြိုလ်ခဲ့ကြသည်။

စာရေးသူ၏ အမြင်သဘောထား…..

ဤဆောင်းပါးကို ရေးသားရခြင်း၏ ရည်ရွယ်ချက်မှာ ဗမာအစိုးရ နေ၀င်းလက်ထက် ရခိုင်ပြည်၏ ဆန်ရှားပါးမှုကြောင့် အငတ်ဘေးရောက်နေချိန်တွင် ဆန်ပြဿနာကို ဖြေရှင်းမပေးသည့် အပြင် ရခိုင် ပြည်သူ(၃၀၀)ကျော်ကိုလည်း မတော်မတရား ရက်ရက်စက်စက် သတ်ပြတ်ခဲ့ပြီး တစ်နေရာတည်းတွင် ကျင်းတူး၍ မြေမြုပ် သဂြိုလ်ခဲ့ခြင်း တို့ကို နောက်လာမယ့် အနာဂါတ်မျိုးဆက်သစ် လူငယ်များအား သိထားသင့်သည်ဟု ယူဆမိပါကြောင့်။



ထက်မြတ်ခိုင် (ဘူးသီးတောင်)



ကျွန်တော်သည် ဤဆောင်းပါးအား ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များအစည်းအရုံး All Arakan Students'  and Youths' Congress ( AASYC )မှ  သြဂတ်(စ်) (၁၃) မမေ့အပ် စာအုပ်မှ ကိုးကား ကောက်နုတ် ရေးသားခြင်းဖြစ်သည်။




EmoticonEmoticon

Comments system

Flag Counter