ဒေါင်းငှက်တွေ ကြောက်တာ အမေရိကန် နှင့် တရုတ် နိုင်ငံတွေလား…..။


 (13 - 7 - 2016)
ပြောင်းလဲချိန် တန်ပြီဆိုတဲ့ ကြွေးကြော်သံတွေနှင့် အညီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ဟာ ပြည်သူတွေရဲ့ မဲတပြားကို အမိအရ ဆုတ်ကိုင်နိုင်ခဲ့ပါတယ်။ လက်ရှိမြန်မာနိုင်ငံမှာရော၊ နိုင်ငံတကာအသိုင်းအ၀ိုင်းမှာပါ ရေပန်းစား နာမည်ကြီးခဲ့ပါတယ်….။ လက်ရှိမြန်မာနိုင်ငံ  ကို  ပြောင်းလဲခြင်းများစွာ ရယူနိုင်မယ်လို့လည်း အများပြည်တွေ   မျှော်လင်းစောင့်ကြည့်နေတာလည်း တိုင်းသိပြည်သိ ဖြစ်မှာပါ အရပ်သားအစိုးရတက်လာရင် တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေး၊ တန်းတူရေး၊ စီပွားရေး၊ ပညာရေး၊ လူမှုရေး၊ ကျန်းမာရေး အဖက်ဖက်က ယိုယွင်း ပျက်စီးနေတဲ့ နိုင်ငံတစ်နိုင်ငံကို ဒီမိုကရေစီ ဆိုတဲ့ အရပ်သားအစိုးရ NLD အစိုးရ တက်လာတဲ့ အမျှ အနည်း နှင့်  အများ ပြောင်းလဲသွားမယ်  လို့လည်း မျှော်လင်း မိတာ….အားကိုးမိတာ အမှန်ပါ။ 

လက်ရှိအချိန်မှာတော့ ပြည်သူတွေ မျှော်မှန်းနေသလိုမျိုး မဖြစ်တဲ့သေးတဲ့ အပြင် အမေရိကန်က လူအခွင့်ရေး ဆိုတဲ့ နာမည်ကို သုံးပြီးတော့ NLD အစိုးရကို ဖိအားပေးနေပါပြီ အမေရိကန်ရဲ့ သံတမန် ဆက်ဆံရေး၊ အမေရိကန် ရင်းနှီးမြှုပ်နှံမှု၊ မြန်မာပြည်သူလူထု ဘဝ ပိုမိုတိုး တက်သာယာရေး အတွက် ပိုမိုတိုးမြှင့်ဆောင်ရွက်မှုတွေဟာ မြန်မာပြည်သူများက လူနည်းစု အပေါ် အနိုင်ကျင့်သတ်ဖြတ်မှု၊ လူမျိုးရေးအရ သွေးခွဲမှု၊ ဘာသာရေးအရ ထိုးနှက်တိုက်ခိုက်မှုတွေနဲ့ မြန်မာပြည်သူတွေကို ပုံစုံအမျိုးမျိုးနဲ့ စွပ်စွဲပြောဆိုမှုတွေဟာ တနေ့တခြား ပိုမိုတိုးတက်လာကိုတော့ တွေ့ရပါတယ်….။ ဒီလိုနဲ့ အမေရိကန်ရဲ့ မြန်မာပြည် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို တဖြည်းဖြည်း တက်လှမ်းလာတာကို ကြိုဆိုပုံရပါတယ်။ ဒီမိုကရေစီ ခေတ်ဆိုတော့လည်း အမြင်မတူတာတွေ ငြိမ်သက်စွာ၊ ငြင်သာစွာ၊ သိမ်မွေ့စွာ ပြောဆိုပုံရပါတယ်။ အမေရိကန်နိုင်ငံမှာလည်း အမေရိကန်နိုင်ငံရဲ့ ဥပဒေရှိသလို သူ့တို့နိုင်ငံရဲ့ ဥပဒေဟာလည်း သူတို့ပြည်သူတွေ သူတို့နိုင်ငံအတွက် ချမှတ်ထားတဲ့ ဥပဒေဖြစ်တယ် အဲဒီဥပဒေတွေကို နောက်နိုင်ငံ တစ်နိုင်ငံက ပြောဆို ထိပါးလာရင် ဆက်ဆက်မခံ ပြန်လည် တုံ့ပြန်တက်တယ်…..သူတို့ပြည်သူတွေကိုထိပါးလာရင်လည်း ဆက်ဆက်မခံ တုံ့ပြန်တတ်ပါတယ်…..ဆိုလိုချင်တာက ….သူတို့နိုင်ငံက ပြည်သူတွေ ဥပဒေကို ကျတော့ တခြားနိုင်ငံက အထိမခံချင်ဘူး သူများနိုင်ငံကြတော့ ၀င်စွပ်ဖက်တာတောင် ခေါင်းငုံ့ခံနေတယ်ဆိုတော့ လက်ရှိအစိုးရဟာ အမေရိကန်ကို ကြောက်တာ ပြည်သူတွေကို မျက်ဝါးထင်ထင် ပြသလိုက်တယ်ဆိုတဲ့ အချက်ပါပဲ…. အမေရိကန်ရဲ့ မြန်မာပြည်အပေါ် ရင်းနှီးမြှုပ်နှံ့မှု အချက်ထဲ တကယ်လက်သံပြောင်ပြောင် ပြည်သူတို့ ရင်ထဲကို ထင်ဟက်စေတဲ့ အချက်က လူ့အခွင့်အရေးဆိုတဲ့ နာမည်အောက်က လူမျိုးရေး၊ ဘာသာရေး သွေးထိုးလှုံ့ဆော်မှု အချက်ပါပဲဆိုတာ ပြေးမလွတ်ဘူးလို့ ထင်မိပါတယ်။

နောက်တစ်ဖက်မှလည်း အိမ်နီးချင်းနိုင်ငံ ဖြစ်တဲ့ တရုတ် ….. တရုတ်ရဲ့ ရင်းနှီမြှုပ်နှံ့မှုဟာ မြန်မာနိုင်ငံမှာ အများဆုံးပါပဲ သစ်ဆိုလည်း တရုတ်ပဲ၊ ကုမ္ပဏီတွေ ဆိုလည်း တရုတ်ပဲ၊ ဓာတ်ငွေ့တို့ ကျောက်စိမ်းတို့ဆိုလည်း တရုတ်တွေပဲ….သို့သော် တရုတ်က စီမံကိန်းတွေ သူတို့စီပွားရေးလုပ်ငန်းတွေကို အထိတော့ လုံးဝ မခံပါဘူး။ လက်ရှိအစိုးရ အနေနဲ့   တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံ့မှု စီးပွားရေးတွေကို ထိခိုက်လာရင် တရုတ်လုပ်ဆောင်ဖို့အတွက် နည်းလမ်းတစ်ခု ရှိပါတယ် အဲဒါကတော့ တိုင်းရင်းသားလက်နက်ကိုင် တစ်ချို့နဲ့ ဖိအားပေးဖို့ ကတော့ သေချာပါတယ်….။ တရုတ်တွေက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD အစိုးရ ကို လက်ရှိမြန်မာနိုင်ငံငြိမ်းချမ်းရေး ဖြစ်စဉ်တွေမှာ ကူညီမယ်၊ ပြည်တွင်းငြိမ်းချမ်းရေး ၊ အမျိုးသားပြန်လည်သင့်မြတ်ရေး ဆိုတဲ့ ခေါင်းစဉ်အောက်မှာ တရုတ်ကတော့ စကားလုံးလှလှတွေကို သုံးပြီး သူတို့ စီးပွားရေး ရင်းနှီးမြှုတ်နှံ့ရေးအတွက် အမျိုးမျိုး အကွက်ချဖန်တီးနေတာပါပဲ … ဒါပေမယ့် တရုတ်ရဲ့ မြန်မာနိုင်ရင်းနှီးမြှုပ်နှံ့မှုတွေကို မထိနဲ့ ထိတာနဲ့ …. တိုင်းရင်းသား လက်နက်ကိုင် တစ်ချို့နဲ့ ထိုးနှက်လာမှာသေချာပါတယ်။ တရုတ်တွေက မြန်မာနိုင်ငံ အပေါ် အပြန်အလှန် လေးစားရေး၊ အပြန်အလှန် နားလည်မှုရှိရေး၊ ငြိမ်းချမ်းရေးရှိရေး ဆိုတာ သူတို့ တရုတ်တွေရဲ့ အကျိုးစီးပွားအပေါ်မှာ မူတည်နေပါတယ်….။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD အနေနဲ့ အမေရိကန်၊ တရုတ်တို့အပေါ် ဘယ်လို တုံ့ပြန်မှုတွေ ဘယ်လို ရင်ဆိုင်မှုတွေ နဲ့ ဆက်လက်ရပ်တည်သွားမယ်ဆိုတာကို ပြည်သူတွေလည်း သိချင်ကြမယ်ဆိုတာ မမှားပါဘူး….။

စာရေးသူအမြင်မှာတော့ နိုင်ငံတစ်နိုင်ငံမှာ အားသာချက်တွေ ရှိသလို၊ အာနည်းချက်တွေလည်း အများကြီးပါပဲ … ဒါတွေကို ခုတုံ့လုပ် အမြတ်ထုတ်နေတာလို့ မြင်တယ် နိုင်ငံတစ်နိုင်ငံရဲ့ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ တရားဥပဒေစိုးမိုးရေး၊ လူမျိုးဘာသာ၊ ကျား-မ၊ တန်းတူအခွင့် အရေး ဆိုတာ ရှိပါတယ်။ အားနည်းချက်တွေ၊ အားသာချက်တွေ၊ ဆိုးကွက်၊ ကောင်းကွက်တွေကို ကိုယ့်နိုင်ငံအကျိုးအတွက် အခွင့်အလမ်းတရပ်ဖြစ်အောင် တစ်ခါတစ်လေမှာ မှန်ကန်တဲ့ နည်းလမ်းနဲ့ အသုံးချတတ်ဖို့ အရေးကြီးပါတယ်လို့ မြင်မိပါတယ်။

ဒါပေမယ့် အမေရိကန်နဲ့ တရုတ်တွေရဲ့ ကြီးစိုးမှုတွေဟာ ဆက်ဆံမှုတွေဟာ လက်ရှိအာဏာရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အစိုးရသစ်ကို ကူညီပေးမယ့် အရေးတွေဟာ…..မြန်မာအစိုးရနဲ့ မြန်မာနိုင်ငံသားတွေအပေါ်မှာ ဥပဒေ လက်တလုံးကြားလုပ်နေတယ်ဆိုတာ ထင်ထင်ရှားရှားတွေ့မြင်ရမှာ သေချာနေပါတယ်။ အမေရိကန်က လူ့အခွင့်အရေးဆိုတဲ့ ဆိုင်းဘုတ်ချိတ်ပြီး ဘာသာရေး၊ လူမျိုးရေး ပြဿနာတွေကို အစချီပြီးတော့ ချဉ်းကပ်လာသလို၊ တရုတ်ကလည်း ငြိမ်းချမ်းရေး၊ အမျိုးသားပြန် လည် သင့်မြတ်ရေးဆိုတဲ့ တိုင်းရင်းသားလက်နက်ကိုင် တစ်ချို့ကို လက်ကိုင်ထားပြီး ချဉ်းကပ်လာပါတယ်။

ဒါတွေကို တွန့်လှန်ပြီးတော့ တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေး၊ တန်းတူရေး၊ စီပွားရေး၊ ပညာရေး၊ လူမှုရေး၊ ကျန်းမာရေး အဖက်ဖက်က ယိုယွင်း ပျက်စီးနေတဲ့ နိုင်ငံတစ်နိုင်ငံကို ဒီမိုကရေစီ ဆိုတဲ့ အရပ်သားအစိုးရ အနေနဲ့ တိုးတက်ကောင်းမွန်အောင် ဘယ်လို လုပ်ဆောင်မှာလဲဆိုတဲ့အပေါ် … ဒေါင်းငှက်တွေ ကြောက်တာ အမေရိကန် နှင့် တရုတ် နိုင်ငံတွေလား…..ဆိုတဲ့ဆောင်းပါးကို သုံးသပ် တင်ပြရင်း ………။
                                                                    




                                                                                              ရခိုင်ကြယ်စင် 


EmoticonEmoticon

Comments system

Flag Counter